( 8 )

909 127 6
                                    

Saint : Perth အကိုပြန်ရောက်ပြီ
   အကိုကအရင်နဲ့မတူဘူး ပြုံးရွှင်ပြီးတော့ကိုပြန်လာတာသူ့
မှာပျော်စရာကိစ္စတစ်ခုခုရှိလာတာပဲဖြစ်မယ်
Perth : အကို ပျော်စရာတစ်ခုခုရှိလို့လား
    Saint ကချက်ချင်းပဲ Perth ထိုင်နေတဲ့ကုတင်ပေါ်ပြေး
တက်ပြီး Perth ကိုအတင်းပါးတွေရော နဖူးကိုရောဖက်နမ်း
လိုက်တော့ Perth တောငိကြောင်တောင်တောငိဖြစ်သွား
တယ်
Perth : ဘာဖြစ်လာတာလဲ
Saint : Perth Perth
  Perth နာမည်ကိုအော်ခေါ်ပြီးပဲ အတင်းအကျပ်ဖက်ထား
လိုက်တယ်
Perth : အကို နေပါဦး ကျွန်တော်အသက်ရှူတောငိကျပ်
          တယ် ဘာဖြစ်လာတာလဲပြောပါဦး
Saint : အကိုနာမည်ကြီး လုပ်ငန်းစုနဲ့စပ်တူလုပ်ခွင့်ရလာပြီ
           သတင်းကောင်းပဲလေ
Perth : ဘယ်လုပ်ငန်းစုလဲ
Saint  : Mr.Pe တဲ့ ထိုင်းနိုင်ငံမှာတော့သူ့ရဲ့လုပ်ငန်းကအများ
           ကြီးပဲ အကိုသူနဲ့တွေ့လာတာ
Perth : aww အကိုကစပ်တူလုပ်ချင်တာလား ဒါပေမယ့်
           ကျွန်တော်ကတော့မလုပ်စေချင်ဘူး
Saint : ဘာလို့လဲ
Perth : တစိယောက်ထဲရပ်တည်တာကအကောင်းဆုံးပဲထင်
             တယ် အကို ကျွန်တော်ကတော့အဲ့လိုစပ်တူရတာမျိုး
           ကိုမလိုချင်ဘူး
   Saint ကချက်ချင်းမျက်နှာပြောင်းလဲသွားတယ် သူ့ရဲ့ပြုံးနေတဲ့မျက်နှာလေးကဘယ်ရောက်သွားတာလဲ
Saint : Perth မင်းအလုပ်အကြောင်းကိုဘာသိလို့လဲ အကိုပဲ
             အားလုံးလုပ်လာရတာလေ အဲ့ဒါကိုဘာလို့တားနေရ
           တာလဲ
Perth : ကျွန်တော်ကစေတနာနဲ့ပါ
Saint  : တော်တော့ Perth ငါ့ကိုခဏလေးတောင်ပျော်ရွှင်ခွင့်
          မပေးဘူး အလုပ်တွေကပင်ပန်းနေလို့အခုအောင်မြင်
           မှုအတွက် ခဏလေးတောင်ပြုံးလို့မရဘူးလား
Perth လည်းသူပြောလို့မရတဲ့အဆုံး သူ့အကိုအကြိုက်ကိုပဲ
လိုက်ပေးဖို့ဆုံးဖြတ်လိုက်ရတော့တယ် မဟုတ်ရင် သူတို့ရန်
ထပ်ဖြစ်ရလိမ့်မယ်
Perth : ကျွန်တော်မှားသွားပါတယ် အကို စိတ်မဆိုးနဲ့နော်
         အလုပ်အကြောင်းဘာမှမသိဘဲ ဝင်ပြောမိတာတောင်း
             ပန်ပါတယ် ကျွန်တော်မပြောတော့ဘူးလေ
Saint : အကိုရှာသမျှအရာအားလုံးက မင်းအတွက်ကြီးပါပဲ
အဲ့ဒါကိုသိတယ်မလား
Perth : အင်း သိပါတယ်
Saint : အကို မင်းကိုအရမ်းချစ်တာလည်းသိတယ်မလား
Perth : သိတာပေါ့ ကျွန်တော်လည်းအကို့ကိုအရမ်းချစ်တယ်
သူတို့တစ်ယောက်ကိုတစ်ယောက်တင်းတင်းကြပ်ကြပ်
ဖက်ထားလိုက်တယ်
Saint : စိတ်ချပါ မင်းရောဂါပြန်ကောင်းလာစေရမယ် အကိုက
ဘယ်လောက်ကုန်ကုန်မင်းကိုကုပေးမယ် ပြီးရင် အ
ကိုတို့ဘဝလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ်
Perth : အဲ့ရက်လေး အခုရောက်လာရင်သိပ်ကောင်းမှာပဲ
Saint : မကြာခင် ရောက်လာတော့မှာပါ စိတ်မပူနဲ့
Perth : အကို့ကိုပြောစရာရှိတယ်
Saint : ဘာလဲ ကြိုက်တာပြော
Perth ကသူ့ဘေးက Ipad ကိုထုတ်ပြလိုက်တယ်
Perth : ကျွန်တော်ဒီကိုသွားချင်တယ် အတူသွားရအောင်
Saint : Basket ball ပြိုင်ပွဲလား ဘာလုပ်ဖို့လဲ
Perth : ကျွန်တော်အိမ်မှာနေရတာပျင်းနေပြီ ဒီအားကစားက
အရင်ကကျွန်တော်ဆော့ခဲ့တာလေ ကျွန်တော်သွား
ကြည့်ချင်တယ်
Saint : Perth အကိုပြောချင်တာကလေ မင်းနောက်တစ်
ပတ်လောက်ဆိုခွဲစိတ်ရမှာ အဲ့တော့မင်းဖျားတာတစ်
ခုခုဖြစ်ရင်ခံနိုင်ရည်မရှိမှာစိုးရတယ် ဒါကြောင့် အိမ်
မှာပဲသက်တောင့်သက်သာနေပါ
Perth : အကိုကစိုးရိမ်လွန်နေတာပါ ကျွန်တော်အဲ့လောက်နဲ့
တော့ ဘာမှမဖြစ်ပါဘူး
Saint : အကို့စကားကိုတစ်ခါလောက်ပဲနားထောင်ပါနော်
အကိုက မင်းကိုချစ်လို့ပါ
အမြဲတမ်းအဲ့ဒီ ချစ်တယ်ဆိုတဲ့စကားနဲ့ပဲအနိုင်ယူခဲ့တယ်
ချစ်တယ်လို့ပြောပြီးပဲ ကျွန်တော့်ကိုအရာရာအနိုင်ယူခဲ့တယ်
Perth : အင်း အကို့သဘောပါ
Mr.Pe ကရုံးခန်းထဲမှာအလုပ်တွေလုပ်နေတုန်း သူ့အတွင်း
ရေးမှူးကစကားအရင်စလိုက်တယ်
S : သူဌေး ဘာလို့အဲ့ကောင်လေးကိုပံ့ပိုးဖို့ဆုံးဖြတ်လိုက်တာ
လဲ ကျွန်တော့်အတွက်ထူးဆန်းနေလို့ပါ
Pe : ငါကအကျိုးအမြတ်မရှိဘဲ ဘာမှမလုပ်ဘူး
S : ဟုတ်ကဲ့ သိပါတယ် ဒါပေမယ့် အဲ့လုပ်ငန်းလေးကဘာအ
ကျိုးအမြတ်ရမှာမို့လို့လဲ
Pe : Irin အတွက်လေ ငါ့သမီးကအဲ့ကောင်လေးကိုကြိုက်နေ
တာသေချာတယ် ဒါပေမယ့် သူ့ပုံကတော့ Irin ကိုလုံးဝ
စိတ်ဝင်စားပုံမရဘူး သူ့ကို Irin စိတ်ချမ်းသာဖို့ရည်ရွယ်
ထားတာ
Saint ကားကခြံထဲကိုအစောကြီးဝင်လာတော့ အိမ်အကူ
အဒေါ်ကြီးတောင် အံ့သြလို့တံခါးဝကိုထွက်ကြည့်မိတယ် ပုံမှန်ဒီအချိန်ဆို Saint ကပြန်လာနေကြမဟုတ်ဘူး
ဒါပေမယ့် သူနဲ့အတူကောင်မလေးတစ်ယောက်ပါလာပါလား
တစ်ခါမှလည်းမတွေ့ဖူးဘူး သူကဘယ်သူလဲ
Irin : ရှင့်အိမ်ကအရမ်းလှတယ်နော် တစ်ယောက်ထဲနေတာ
ပဲလား
Saint : inn တစ်ယောက်ထဲပဲ ဒေါ်လေး ကော်ဖီဖျော်ပေးပါ
W : အေး သား
Saint : သူ့နာမည်က Irin တဲ့ ကျွန်တော်နဲ့လုပ်ငန်းအတူလုပ်
တာ နောက်ဆို Yuri လိုပဲဝင်ထွက်လို့ရတယ်
W : အေးပါ သား ဒေါ်လေးကော်ဖီယူခဲ့မယ်နော်
Irin ကသူ့တစ်အိမ်လုံးကိုပတ်ကြည့်ပြီးတော့ ဆိုဖာပေါ်မှာ
ထိုင်လိုက်တယ်
Saint : အခု မင်းစိတ်တိုင်းကျအိမ်ကိုကြည့်ပြီးပြီမလား ခဏ
နေပြန်ရအောင် ငါအလုပ်တွေရှိသေးတယ်
Irin : Saint ရှင်ကလည်း ခဏနေပါဦး ထိုင်ရုံပဲရှိသေးတယ်
ဒါနဲ့ အပေါ်ထပ်ကိုမကြည့်ရသေးဘူး
Irin ကအပေါ်တက်ဖို့ထလိုက်ချိန်မှာပဲ Saint ကသူ့လက်ကိုဖမ်းဆုပ်ထားလိုက်တယ်
Saint : အပေါ်မှာ ဘာမှကြည့်စရာမရှိဘူး ပြန်ထိုင်လိုက်
Irin : အင်းပါ ရှင်ကလည်းစိတ်ကြီးပဲ အပေါ်ထပ်မှာရွှေတွေ
         များဖွက်ထားလို့လား
  Irin ကကော်ဖီသောက်နေရင်းပဲ အပေါ်ထပ်ကိုပဲ ကြည့်
နေမိတယ် အမြဲတမ်းမလုပ်နဲ့ဆိုတဲ့အရာတစ်ခုကိုလုပ်ချင်တာ
သူ့စိတ်ပဲလေ Saint ပြောရင်းကြည့်လိုက်တဲ့မျက်ဝန်းတွေက
လေးနက်တယ် ကျိန်းသေတာတော့အပေါ်ထပ်မှာလူသိမခံစေချင်တဲ့တစ်ခုခုရှိကိုရှိရမယ်
Irin : ပြန်မယ်လေ ကျွန်မပြန်တော့မယ် ရှင်လညိးအလုပ်ပြန်
          သွားရမယ်မလား
Saint : ပြောတော့နေဦးမယ်ဆို
Irin : အင်း ဒါပေမယ့် ပျင်းလာပြီလေ အပြင်မှာကျွန်မလူ
          စောင့်နေတယ် ရှင်လည်းအလုပ်ပြန်လိုက်တော့လေ
        ကျွန်မဘာသာပြန်လိုက်မယ်
  Saint ကားခြံထဲကထွက်သွားတဲ့ထိ သူ့ကားပေါ်မှာစောင့်
နေဆဲပဲ
Girl : မမလေး ဘာလုပ်ဖို့လဲ
Irin : ငါအရမ်းသိချင်နေတာရှိလို့
  Saint ကားထွက်သွားတာနဲ့ သူအမြန်ကားပေါ်ကဆင်းပြီး
အိမ်ထဲဝင်သွားလိုက်တယ်
W   : သမီး မပြန်သေးဘူးလား ဘာလုပ်နေတာလဲ
Irin : အဒေါ်ကြီး သမီးဖုန်းကျန်နေခဲ့လို့ပြန်လာရှာတာ ရှာ
        လိုက်ဦးမယ်နော်
  အဒေါ်ကြီးအနောက်ဖက်ကိုဝင်သွားတာနဲ့ သူအပေါ်ထပ်ကို
တက်သွားလိုက်တယ် အခန်းတွေကတော့သုံးခန်းလောက်ရှိ
ပေမယ့် အရင်ဆုံးတွေ့တဲ့အခန်းကိုဖြည်းဖြည်းချင်းဖွင့်ကြည့်
လိုက်တယ် တစ်ခုခုရှိလို့ Saint ကမသွားစေချင်ဘူးထင်ခဲ့တာ
ဒါပေမယ့် မထင်ထားဘဲတွေ့လိုက်ရတာက ကုတင်ပေါ်မှာ
အိပ်နေတဲ့ကောင်လေးတစ်ယောက် 
ကောင်လေးကအိပ်နေလို့သူဝင်လာတာကိုမသိဘူးထင်တယ်
ဒါဘယ်သူလဲ ဆိုတဲ့သိချင်စိတ်နဲ့ကုတင်ဘေးမှာထိုင်ပြီး
Perth မျက်နှာကိုအနီးကပ်ကြည့်လိုက်တယ်
Irin : ဒီကောင်လေးက Saint နဲ့ဘာပတ်သတ်တာလဲ
                              Part 8 ( the end )

Hello, My Brother(completed)Where stories live. Discover now