Part 12

1.7K 207 12
                                    

     Perth က Saint ပေးထားတဲ့ T Shirt ကိုဝတ်ပြီးဆင်းလာ
တော့ Saint ကပြုံးကြည့်နေမိတယ် သူပျော်မိတယ်လေ
Perth ကသူ့ကိုအလေးအနက်ထားလို့ လူတိုင်းကသူ့ကိုလူ
ဆိုးလူမိုက်လို့ခေါ်နေပေမယ့် ဒီကောင်လေးကတော့စတွေ့ထဲကသူ့အပေါ်နွေးထွေးမှုပေးနိုင်ခဲ့တဲ့သူပါ
Perth : အကို ဘာကြည့်နေတာလဲ
Saint : ဘာမှမဟုတ်ပါဘူး ပေး ငါသယ်ပေးမယ်
    Saint က Perth ရဲ့အင်္ကျီထုပ်ကိုသယ်ပေးပြီးကားနောက်
ခန်းထဲထည့်လိုက်တယ်
Mom : Saint ကားသေချာမောင်းနော် သားတို့ရောက်တာနဲ့
          ဖုန်းဆက်နော်
Saint : ဟုတ်ကဲ့ တက်လေ
   စာမေးပွဲပြီးသွားတော့သူငယ်ချင်းသုံးယောက်ခရီးထွက်မ
လို့ကို Perth ကိုပါခေါ်သွားခဲ့တယ် သူတို့အိမ်ကိုနှုတ်ဆက်ပြီး
ထွက်သွားလိုက်တယ်
Saint : မင်းဘာလို့အနောက်ခန်းမှာသွားထိုင်တာလဲ
   Saint ကဘက်ကြည့်မှန်ကနေကြည့်လိုက်တော့ Perth က
သူ့ကိုမကြည့်ရဲဘဲ ဘာမှလည်းပြန်မပြောတော့သူကားကိုရပ်
လိုက်တယ်
Saint : အရှေ့ကိုလာထိုင်
Perth : ဒီမှာပဲထိုင်လိုက်ပါ့မယ်
  စိတ်မရှည်တော့ဘူး သူ့အနားမှာလာထိုင်စေချင်တာကိုငြင်း
ဆန်ချင်နေတယ် သူ့အနားမလာမှတော့သူက Perth အနား
သွားရုံပဲရှိတော့တာပေါ့
   Saint ကဆင်းပြီးအနောက်ခန်းမှာသွားထိုင်လိုက်တယ်
Perth : အကိုဘာလုပ်တာလဲ ကားမမောင်းဘဲနဲ့
Saint : မင်းမှငါ့အနားမလာတာ ငါလာရတာပေါ့
Perth : P Saint ကျွန်တော့်ကိုနောက်မနေပါနဲ့တော့
  Saint က Perth ကိုဖက်လိုက်တယ် ရုတ်တရက်လုပ်လိုက်
တဲ့အပြုအမူတွေက Perth ကိုရင်ခုန်စေတယ်
Perth : အကိုဘာလုပ်တာလဲ လွှတ်ပါ
Saint : အခုလိုမှမင်းကိုအေးဆေးစကားပြောနိုင်တော့မယ်
            ငါပြောတာကိုငြိမ်ငြိမ်လေးနားထောင်ပေးပါ
   အကိုဘာပြောချင်တာလဲဆိုတာကို သူနားထောင်နေလိုက်
တယ်
Saint : ဘာလို့လဲမသိဘူး ငါမင်းကိုချစ်မိနေပြီထင်တယ်
Perth : P Saint
Saint : မဖြစ်သင့်တာသိပေမယ့် မင်းကိုအနားမှာပဲနေစေချင်
         တယ် ငါမင်းကိုချစ်မိနေပြီ Perth
   ကျွန်တော်လည်း အကို့ကိုအရမ်းချစ်ပါတယ် အကို့ဆီကဒီ
စကားကိုလည်းမျှော်နေခဲ့တာပါ
Saint : မင်းကဖြူစင်လွန်းတယ် ငါ့အပေါ်လည်းချစ်ပေးတယ်
            ဒါတွေကြောင့်လည်းငါမင်းကိုချစ်မိသွားတယ်ထင်
         တယ် ငါ့ကိုပြန်ချစ်ပေးနိုင်မလား
   Saint က Perth ကိုတည့်တည့်ကြည့်ပြီးအတည်တကျပြော
လိုက်တယ်
Saint : ငါတို့ ချစ်သူတွေဖြစ်လို့ရမလား
    Perth ကပြုံးပြလိုက်ပြီး Saint ကိုခေါင်းညိမ့်ပြလိုက်တယ်
Saint : မင်းလက်ခံတယ်လား တကယ်လား
Perth : အင်း
  Saint က Perth ရဲ့နဖူးကိုရွှတ်ခနဲနမ်းလိုက်တယ်
Perth : P Saint
Saint : ငါပျော်လို့ပါ အရမ်းပျော်တယ် လာ အရှေ့ကိုလာ
          ထိုင်
  Perth ကအရှေ့ခန်းမှာလိုက်ထိုင်တော့ Saint ကကားကို
ဆက်မောင်းလိုက်တယ် ကားမောင်းနေရင်း Perth ရဲ့လက်ကိုကိုင်ထားလိုက်တယ် ဒီအချိန်လေးကိုရပ်တန့်ထား
ချင်လိုက်တာ ကြည်နူးဖို့ကောင်းလွန်းလို့လေ
Mean :  မင်းတို့ကလည်း နောက်ကျလိုက်တာ
Saint : တက်ကြလေ
Sunny : သွားကြမယ်
   တစ်လမ်းလုံးသီချင်းတွေဆို ရီမောပြီးတော့ သူတို့ပိုင်တဲ့အပန်းဖြေအိမ်လေးကိုရောက်လာကြတယ်  Perth ကကားပေါ်က
ဆင်းပြီးတာနဲ့လှလွန်းတဲ့ရူခင်းကြောင့်စိတ်ထဲကြည်နူးမိတယ်
Sunny : လှတယ်မလား ဒီခြံကတောင်ကုန်းပေါ်မှာဆိုတော့
               လေကလည်းသန့်ရှင်းတယ် ရူခင်းလည်းလှတယ်
            နေလို့ကောင်းတယ်မလား
Perth : ဒါကအမအိမ်လား
Sunny : အင်း အဖွားကအမနာမည်နဲ့ဝယ်ပေးခဲ့တာ လာလေ
               အိမ်ထဲဝင်ရအောင်
Mean ကခြံထဲမှာအကင်တွေကိုကင်ပေးနေတယ်
Sunny : သောက်ကြမယ် ပြီးတာနဲ့ မူးမူးနဲ့အိပ်ကြမယ်
Mean : ok cheer
Saint ကမသိမသာ Perth လက်ထဲကိုစက္ကူစလေးလိုမျိုး
ထည့်ပေးလိုက်တယ် ဘာပါလိမ့် Perth ကမသိမသာခုံအောက်ကနေစာရွက်လေးကိုကြည့်လိုက်တယ်
" ငါဒီညမင်းနဲ့လာအိပ်လို့ရမလား "
စာကိုဖတ်ပြီးတာနဲ့ " အဟွတ် အဟွတ် " Perth ချောင်းထဆိုးတော့တာပဲ
Saint : ဘယ်လိုဖြစ်တာလဲ ရော့ ရေသောက်
ဘာဖြစ်တာလဲဆိုပြီးတော့ရေခွက်ပေးနိုင်သေးတယ်နော်
ဒီမှာတော့သူ့စာကြောင့်လန့်နေတာကို
Perth : ကျွန်တော် အရင်အိပ်နှင့်တော့မယ်နော် ပင်ပန်းနေ
လို့
Perth ကချက်ချင်းကိုထသွားလိုက်တယ် သူလန့်နေတာလေ
သူ့ခါးကိုလာဖက်တဲ့အထိအတွေ့ကြောင့်လန့်ပြီးထလိုက်
တယ် ဘေးကနာရီကိုကြည့်လိုက်တော့ ၁၂ နာရီကျော်နေပြီ
P Saint ဘေးရောက်နေတာကိုအိပ်နေလို့မသိလိုက်ဘူး
ဘယ်တုန်းကရောက်နေတာလဲ
Perth : P Saint ဘယ်လိုရောက်လာတာလဲ
Saint : ဒီညမင်းနဲ့လာအိပ်မယ်လို့ပြောသားပဲ
Perth : Sunny  နဲ့ Mean သိသွားရင်
    Perth ကိုစကားတောင်ဆုံးအောင်မပြောခိုင်းဘူး အတင်းပ
ခုံးကိုဆွဲချပြီးသူ့ရင်ခွင်ထဲအတင်းအိပ်ခိုင်းလိုက်တယ်
Saint : ကို့ကိုယုံကြည်လိုက်ပါ ဖက်ထားပြီးအိပ်ရုံလေးပါ
            ဘာကိုလန့်နေတာလဲ
Perth : မလန့်ပါဘူး သူများတွေမြင်သွားမှာစိုးလို့ပါ
Saint : သူတို့ကမူးနေရင်အကြာကြီးအိပ်တာ မနက်မိုးလင်း
            ရင်တောင်တော်တော်နဲ့နိုးမှာမဟုတ်ဘူး မပူနဲ့
   သူတို့ကမျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုတစ်ယောက်
ဖက်ထားလိုက်တယ်
Saint : ဘာတွေနဲ့များဖမ်းစားထားတာလဲ
Perth : ဘာကိုလဲ
Saint : မင်းအနားမှာပဲကပ်နေချင်လို့လေ ဘယ်လိုလုပ်ရမလဲ
Perth : ဒါဆိုခွာနေပေါ့
Saint : လာနောက်နေတာလား
    Saint က Perth ခါးကိုကလိထိုးလိုက်တယ်
Perth : P Saint မလုပ်ပါနဲ့
Saint : မင်းကစလို့ကောင်းတယ်
Perth : အိပ်ချငိနေပြီ မအိပ်သေးဘူးလား
Saint : အင်း အိပ်မယ်လေ
   Saint က Perth ရဲ့နဖူးလေးကိုနမ်းလိုက်တယ် Perth က
လည်းသူ့ကိုပြုံးပြီးကြည့်နေလိုက်တယ်
Saint : ကောင်းသောညပါနော်
Perth : အိမ်မက်လှလှမက်ပါစေ
    မင်းအနားမှာသာရှိရင်အိမ်မက်တိုင်းကလှပနေမှာသေချာ
ပါတယ် သိလား မင်းကငါ့ကိုနူးညံ့လာအောင်ပြောင်းလဲပေးခဲ့
တဲ့သူဆိုတာကို
    တစ်ယောက်နဲ့တစ်ယောက်အနီးကပ်ဆုံးဖက်ထားလိုက်ပြီး
တစ်ညတာကိုအတူဖြတ်သန်းလိုက်တယ်
      Saint မနက်မိုးလင်းတော့နိုးလာတယ် နာရီကြည့်တော့
7 နာရီပဲရှိသေးတယိ Perth ကိုမတွေ့ရတော့ဘူး သူဘယ်
သွားနေတာလဲ အစောကြီးကို တစ်ခြားအခန်းတွေကြည့်တော့
Sunny နဲ့ Mean ကအိပ်မောကျနေတုန်း
Saint : Perth 
    အောက်ထပ်မှာလည်းသူ့ကိုမတွေ့ဘူး ခြံထဲမှာလည်းပတ်
ရှာနေတာမတွေ့ရဘူး ဒီကောင်လေးဘယ်များရောက်နေတာ
လဲ Saint ပူပန်ပြီးကားတစ်စီးနဲ့တောင်ပတ်လမ်းကိုလိုက်ရှာ
လိုက်တယ် Perth တစ်ယောက်ထဲလမ်းလျှောက်လာတာကို
သူမြင်လိုက်တယ်
Saint : Perth မင်းဘယ်တွေသွားနေတာလဲ ငါဘယ်လောက်
            စိတ်ပူနေလဲသိရဲ့လား ဟမ် မေးနေတာဖြေလေ
   Saint ကသူ့ပခုံးကိုအတင်းကိုင်ထားပြီးဆက်တိုက်မေးနေ
တော့ဘာပြန်ဖြေရမလဲတောင်မသိနိုင်တော့ဘူး
Saint : ဖြေလေ မင်းဘယ်သွားတာလဲလို့
Perth : ဒီနားလေး လမ်းလျှောက်နေတာပါ ကျွန်တော်ကမ
             နက်တိုင်းစောစောထပြီးလမ်းလျှောက်လေ့ရှိတယ်
    အခုမှ Perth ကိုသေချာကြည့်လိုက်မိတယ် သူအားကစား
ဝတ်စုံနဲ့လမ်းလျှောက်နေတာပဲ အခုမှ Saint လည်းရင်အေး
ပြီးသေချာစဉ်းစားနိုင်တော့တယ် သူခုနကထူပူသွားမိတာ
Saint : ဒါဆိုလည်း မင်းတစ်ခုခုတော့ပြောခဲ့မှပေါ့
Perth : အကိုအိပ်နေလို့ တံခါးမှာစာတစ်စောင်ကပ်ခဲ့တယ်
             လေ မမြင်တာလား
    ဒါဆိုသူစိုးရိမ်စိတ်များပြီးတံခါးကစာကိုတောင်မမြင်ခဲ့တာ
ပေါ့ Saint က Perth ကိုဖက်ပြီးတော့မှသက်ပြင်းချလိုက်
တယ်
Saint : ငါစိုးရိမ်သွားတာ မင်းထွက်သွားမှာကိုကြောက်နေ
            တာ တစ်ခုခုဖြစ်မှာကိုလန့်နေမိတာ
Perth : အကိုရှိနေတာပဲလေ ဘာမှမဖြစ်နိုင်ပါဘူး
      Perth လည်း Saint ကိုပြန်ဖက်ထားလိုက်တယ် အခုဆို
Saint ရဲ့ရင်ခွင်ကသူ့အတွက်လုံခြုံတယ်လို့ခံစားရတယ်လေ
ကျေးဇူးပါပဲ  p Saint
                                   The End

Hello, My Brother(completed)Where stories live. Discover now