Zawgyi
ထုံးစံအတိုင်းပဲ ဒီကလေးကကျွန်တော့်ထပ်နောက်ကျမှ
အမြဲနိုးတယ် နောက်တစ်နာရီလောက်ထိတော့အိပ်လို့ရပါသေးတယ် အလုပ်သွားဖို့အချိန်လိုသေးတယ်
ညကတော့ အပူရှိန်တွေနဲ့ပူလောင်နေတယ်ခံစားရတာ အခု
တော့ Air Con ကအေးနေတော့ သူ့ကိုစောင်သေချာခြုံပေး
လိုက်တယ်
Saint : အိပ်နေတာလေးက ချစ်စရာလေး
Perth အိပ်ပျော်နေတာကိုကြည့်ပြီး သဘောတွေကျနေ
လိုက်တာ ဒီတိုင်းထိုင်ကြည့်နေလို့မဖြစ်သေးပါဘူး Perth အ
တွက်တစ်ခုခုသွားချက်ပေးမှပါ သူနိုးလာရင်အဆင်သင့်စား
ပြီးအလုပ်သွားရအောင်လေ
လှေကားထစ်မဆင်းခင်လျှောက်လှမ်းကိုရောက်တော့မှ နံရံ
မှာချိတ်ထားတဲ့မိသားစုဓာတ်ပုံလေးကို ရပ်ကြည့်ပြီးပြုံးနေမိ
တယ်
Saint : ကျေးဇူးတင်ပါတယ် အဖေ့ကြောင့်သာမဟုတ်ရင်
Perth နဲ့ဆုံခဲ့ရမှာမဟုတ်ဘူး သားဘဝမှာလည်းဒီလို
ပျော်ရွှင်စရာနေ့ရက်တွေ ရှိလာမယ်မထင်ဘူး အဖေ
လည်း အခုထိရှိနေသေးရင် ပျော်မိမယ်ထင်တယ်
မျက်ဝန်းမှာမျက်ရည်စလေးတွေဝဲနေပြီ ဆက်မတွေးဘဲ
ပျော်ပျော်ဖြတ်သန်းရအောင်
Saint : ဒီနေ့ဘာမုန့် လုပ်ပေးရင်ကောင်းမလဲ
ခဏကြာတော့ Perth ဆင်းလာတော့မှ Saint ကတစ်
ယောက်ထဲအောက်မှာအလုပ်တွေရှုပ်နေတော့တာပဲ
Saint ကိုကြည့်ရင်းသက်ပြင်းသာချနေမိတယ်
Perth : P Saint .....
Saint : နိုးလာပြီလား အကိုလာနှိုးတော့မလို့ပဲ ထိုင်လေ
Perth : P ပင်ပန်းတာတွေမလုပ်ဖို့ပြောလည်းမရဘူးနော်
အပြင်မှာထွက်စားမှာပေါ့ အဒေါ်ကြီးလည်းမရှိဘဲနဲ့
အေးဆေးနေပါ
Saint : အကို့အမေပြောဖူးတယ် အိမ်မှာစားရတဲ့မနက်စာ
လောက်ဘာမှအရသာမရှိဘူးတဲ့
ထိုင်ခုံမှာထိုင်နေတဲ့ Perth ရဲ့ပါးလေးကိုလက်နှစ်ဖက်နဲ့
ညှစ်လိုက်တယ်
Perth : ဘာလုပ်တာလဲ
Saint : အရသာရှိတဲ့မနက်စာကို အတူစားကြမယ် ဒီမှာ
Perth အတွက် Coffee ဒါကအကို့ Coffee
Perth : ကျေးဇူးပါပဲ P Saint
Saint : စားပါ ပြီးရင် အလုပ်သွားရမယ်မလား
Perth : ဟုတ်တယ် ဒါနဲ့ မနက်ဖြန်ပိတ်ရက်လေ P ဘယ်သွား
ချင်လဲ တစိနေကုန်သွားလို့ရတယ်
Saint : တကယ်လား မနက်ဖြန်တစ်နေကုန်အားတာလား
Perth : ဒါပေါ့ အားလုံးဖြတ်လိုက်မယ် အကိုနဲ့လျှောက်လည်
ဖို့
Saint ကပြုံးပြုံးကြီးနဲ့ စဉ်းစားနေလိုက်တယ် သူဘယ်သွား
ရင်ကောင်းမလဲလို့ပေါ့
Saint : အာ ရုပ်ရှင်အသစ်တင်ထားတာ အကိုကြည့်ချင်တယ်
ချစ်သူတွေလိုသွားကြည့်ရအောင်
Perth : inn လက်မှတ်ဝယ်ထားလိုက်မယ် ပြီးတော့ရော
Saint : ပြီးတော့.......Shopping ထွက်ချင်တယ်
Perth : ရတာပေါ့ ပြီးတော့ရော .....
Saint : မသိသေးဘူး Perth သွားချင်တဲ့နေရာရှိရင်လည်း
သွားကြမယ်လေ
ရုံးကိုတန်းမသွားဘဲ Perth ကကားကိုရပ်ပြီးလက်ဝတ်ရတနာဆိုင်တစ်ဆိုင်ထဲဝင်သွားလိုက်တယ်
" မင်္ဂလာပါ ဘာများကြည့်ချင်လို့ပါလဲ "
Perth : လက်စွပ်ကြည့်ချင်လို့ပါ
" စုံတွဲလက်စွပ်လား ဒီဘက်မှာပါ "
Perth : ဟုတ်ကဲ့
" ချစ်သူကိုပေးဖို့လား "
Perth : လက်ထပ်ခွင့်တောင်းချင်လို့ပါ ဒါလေး ပြပေးပါလား
" ဟုတ်ကဲ့ ဒီလိုဒီဇိုင်းမျိုးရောမကြိုက်ဘူးလား ဒါနောက်ဆုံး
ဝင်ထားတာပါ "
Design ကတော့လှပါတယ် ဒါပေမယ့် သူထုတ်ပြတာကစိန်
တစ်ပွင့်ထဲဆိုတော့ မိန်းကလေး Design ကြီး
Perth ကရီနေလိုက်မိတယ်
Perth : လှပါတယ် ဒါပေမယ့် ကျွန်တော်လက်ထပ်ခွင့်
တောင်းမှာက ယောကျာ်းလေးပါ
" ရှင် ..... အာ ဟုတ်ကဲ့ ဒါဆို ဒီ Design လေးတွေပြပေး
ပါ့မယ် "
Perth : ကျေးဇူးပါ ဒါလေးလှတယ် ဒါလေးပေးပါ
ရုံးကိုရောက်တာနဲ့ အလုပ်မလုပ်နိုင်ဘူး Lap top ကိုဖွင့်ပြီး
Bangkok ကအလှဆုံးနေရာနဲ့ ဆိုင်တွေကိုလိုက်ရှာတော့တာ
ပဲ
Perth : Hello ဟုတ်ကဲ့ ကျွန်တော်မနက်ဖြန်ညအတွက်
booking လုပိချင်လို့ပါ နှစ်ယောက်ထဲပါ ဒါပေမယ့်
တစ်ဆိုင်လုံးကို booking လုပ်ချင်တာပါ အလှဆုံး
ပြင်ထားပေးလို့ရတယ်မလား ဟုတ်ကဲ့ပါ
ဒေါက် ဒေါက် ......
Perth : ဝင်လာခဲ့ပါ ဘာကိစ္စလဲ
" မနက်ဖြန်အရေးကြီးအစည်းအဝေးအတွက် စာတမ်းလာ
တင်တာပါ "
Perth : မနက်ဖြန်ငါမအားဘူး ဖျက်လိုက်ပါ
" ဒါပေမယ့် .... "
Perth : ဘာပဲဖြစ်ဖြစ် ဖျက်လိုက်ပါ မနက်ဖြန် အဲ့ထပ်ပိုအရေး
ကြီးတဲ့နေ့မို့လို့ပါ
Saint ကဗီဒိုကိုဖွင့်ပြီးအင်္ကျီတွေတစ်ထည်ပြီးတစ်ထည်
ထုတ်လိုက် မှန်ရှေ့မှာကပ်ကြည့်လိုက်နဲ့ အကျီင်္ီတွေသာအများကြီးပုံသွားတယ် အခုထိဘာဝတ်ရမယ်ဆိုတာမသိ
သေးတဲ့ပုံပဲ
Saint : ငါဘာဝတ်ရမလဲ အဖြူလား အမဲလား Perth ကအမဲ
ရောင်ဝတ်မယ်ထင်တယ်
ပြသနာတွေ အခက်အခဲတွေ အလုပ်တွေရှုပ်ယှက်ခက်
နေတာနဲ့ပဲ ဒီလိုမျိုးအပြင်ထွက်မလည်ရတာဘယ်လောက်
ကြာခဲ့ပြီလဲ ဒီနေ့လေးကိုဘာလို့မှန်းမသိဘူး ရင်ခုန်နေမိတယ်
ကားနားမှာစောင့်နေတဲ့ Perth ကနာရီတကြည့်ကြည့်နဲ့
Perth : P Saint မဆင်းလာသေးဘူးလား
Saint ထွက်လာတာနဲ့ Perth ကိုပြုံးကြည့်နေလိုက်တယ်
သူထင်တဲ့အတိုင်းပဲလေ Perth ကအနက်ပဲဝတ်မှာ
အနက်နဲ့အဖြူဆိုတာ အလိုက်ဖက်ဆုံးတွဲစပ်မှုလို့ထင်တယ်
ဒါကြောင့် ကျွန်တော်အဖြူလေးကိုဝတ်လာခဲ့တာ
Perth : အရမ်းချောနေတယ်
Saint : ဘာလဲ P ကိုလာမြှောက်နေတယ် သွားကြမယ်
ရုပ်ရှင်ကြည့်နေရင်း Perth ရဲ့လက်မောင်းကိုချိတ်ပြီး Perth ပခုံးပေါ်မှီထားလိုက်တယ် တစ်ခြားချစ်သူစုံတွဲတွေ ချိန်းတွေ့တယ်ဆိုတာ ဒီလိုခံစားချက်မျိုးလား
ကျွန်တော်ရုပ်ရှင်ကြည့်ရတာကိုလာခံစားတာမဟုတ်ဘူး
တစ်ခြားချစ်သူတွေလို ခံစားချက်မျိုးကိုခံစားချင်လို့ လာခဲ့တာ
Perth : ဘယ်လိုလဲ ကြည့်လို့ကောင်းလား
Saint : မပြောတတ်ဘူး ရုပ်ရှင်ကြည့်တာမှမဟုတ်တာ Perth
ကိုပဲကြည့်နေတော့ ဘယ်သိမလဲ
Perth : ဟမ်
Saint : လာပါ ဈေးသွားဝယ်ရအောင်
ဈေးဝယ်မယ်ဆိုပြီး P Saint ဘာလို့ပရိဘောဂဆိုင်ကိုလာ
တာလဲ ကျွနိတော့်လက်ကိုအတင်းဆွဲပြီးဆိုင်ထဲကိုအတင်းဝင်
သွားတော့တာပဲ
Saint : ဒါဝယ်ချင်တယ်
သူပြလို့ကြည့်လိုက်တော့ နှစ်ယောက်အိပ်ကုတင်လား
Perth ထရီလိုက်မိတယ်
Perth : P အိမ်မှာလည်းရှိတာပဲကို ဘာလို့ဝယ်မှာလဲ
Saint : အဖြူရောင်လေးကိုကြိုက်လို့ တို့နှစ်ယောက်အိပ်ဖို့
အိစက်နေတာပဲ ဝယ်ရအောင် နော် အကိုလိုချင်
တယ် အိမ်ကမွေ့ရာကနည်းနည်းမာတယ် ဒါကပိုပြီး
နူးညံ့တယ်
Perth က Saint နားကိုကပ်ပြီးတီးတိုးပြောလိုက်တယ်
Perth : တစ်ညလုံးမထချင်ရင် ဘယ်လိုလုပ်ရမလဲ
သူ့နားကပ်နေတဲ့ ကောင်လေးကိုတွန်းထုတ်လိုက်တယ်
Saint : Perth ဘာတွေတွေးနေတာလဲ
Perth : ဟင်း .... မသိရင်ကျွန်တော်ကပဲ တစ်ယောက်ထဲ
တွေးနေသလိုပဲ အကိုကပိုဆိုးတာ
Saint : တော်ပါတော့ ဝယ်မယ်မလား
Perth : ဝယ်လေ ရှာနေသမျှပိုက်ဆံ အကို့အတွက်ကြီးပဲ
Saint : ဟုတ်ကဲ့ပါ ချစ်လိုက်တာ များများရှာနော် တစ်နေ့ကို
ကုတင်တစ်လုံးလဲပြစ်မယ်
P Saint ကကြည့်လေ ချစ်ဖို့ကောင်းလေပဲ စားသောက်ဆိုင်ကနေရာလေးက အဆင်သင့်ဖြစ်နေပြီ ကျွန်တော့်အိတ်ကပ်
ထဲကလက်စွပ်လေးကလည်း သူ့ပိုင်ရှင်ဆီသွားချင်နေရှာပြီ
တစ်ဘဝလုံးစာ အကိုကကျွန်တော်ပိုင်တယ်ဆိုတာ အော်
ပြောနိုင်ဖို့ အခွင့်အရေးကနာရီပိုင်းအတွင်းကျွန်တော့်ဆီရောက်လာတော့မယ် .......
Part 4 ( the end )