Perth ကသူ့အခန်းထဲမှာအဝတ်တွေကို Luggage ထဲကိုထည့်နေတာ မြင်လိုက်ရတဲ့အချိန်ရင်နာနေမိတာ
Saint ပဲလေ Perth လည်းအဝတ်တွေသာထည့်နေရတယ်
သူ့စိတ်သူပြတ်သားရဲ့လားသေချာပြန်မေးကြည့်ရတယ်
Saint ကိုသူချစ်တယ် ဒါပေမယ့် အကိုတစ်ယောက်အနေနဲ့တွဲ
ဖို့ လူကြားထဲချပြဖို့ ရင်ဆိုင်ဖို့သတ္တိတွေပျောက်ဆုံးနေတယ်
ငါတကယ်ပြတ်သားနိုင်ရဲ့လား လို့အကြိမ်ကြိမ်တွေးခဲ့တယ်
ဒါပေမယ့် မဖြစ်နိုင်တဲ့အရာကိုဆက်ပြီးမကပ်တွယ်တော့တာပို
မကောင်းဘူးလား အကို့အတွက်ရော သူ့အတွက်ပါအကောင်းဆုံးကိုလုပ်ခဲ့တယ်လို့တွေးမိတယ်
အတွေးတွေလွန်နေတုန်း အနောက်ကနေမိုးပြီးအဖက်ခံ
လိုက်ရလို့လန့်သွားမိတယ်
Perth : P Saint လွှတ်ပါ
Perth ကရုန်းပေမယ့် Saint ကမလွှတ်ဘဲပိုပြီးဖက်ထား
လိုက်တယ်
Saint : ခဏလေးပါ ခဏလောက်ပဲဖက်ထားလို့မရဘူးလား
Saint အသံအေးအေးလေးကအခုချိန်ကြားလိုက်ရတော့
ဘယ်လိုဝမ်းနည်းမိမှန်းကိုမသိဘူး ဒါကြောင့်ဘာမှမပြောဘဲ
ငြိမ်ငြိမ်လေးပဲနေပြီးအကို့ဆီကစကားကိုပဲနားထောင်နေခဲ့
တယ်
Saint : ငါမှားတာကိုသိပါတယ် ငါလွန်တာကိုလည်းသိပါ
တယ် ငါချစ်လို့သဝန်တိုတာ ချစ်လို့အော်မိတာပါ မင်း
ကြိုက်သလောက်စိတ်ဆိုးပါ ဒါပေမယ့် လမ်းခွဲဖို့တော့
မပြောပါနဲ့လား
Perth လည်းအရမ်းဝမ်းနည်းရပါတယ် အစထဲကမဖြစ်နိုင်
တဲ့အရာကိုသူမလုပ်ခဲ့သင့်ဘူး အခုတော့အချစ်တွေဖြစ်ပေါ်
လာပြီ ဘာဆက်လုပ်ရမလဲမသိတော့ပါဘူး
" ဒေါက် ဒေါက် " တံခါးခေါက်သံကြားတာနဲ့ Perth လန့်ပြီး
တံခါးကိုဖြည်းဖြည်းလေးဖွင့်လိုက်တယ်
Mom : သား အမေနဲ့အဖေညစာစားပွဲရှိလို့အိမ်အပြန်နောက်
ကျမယ်နော် အိမ်မှာပဲနေ
Perth : ဟုတ် အမေ
သူ့အမေထွက်သွားတော့မှ Perth လည်းသက်ပြင်းချနိုင်
တော့တယ် P Saint ရှိနေတာသိသွားရင်ပြသနာတက်မှာ
Saint : Perth
Perth : P Saint ကို့အခန်းကိုပြန်ပါတော့နော်
Saint : ဘာလို့ငါ့ကိုအတင်းနှင်လွှတ်နေတာလဲ ငါမင်းနားမှာ
နေချင်နေတာမင်းမသိဘူးလား ငါမင်းကိုချစ်လွန်းတာ
မသိဘူးလား
Saint က Perth ကိုအတင်းဆွဲလှုပ်ပြီးကိုဒေါသတကြီးပြော
လိုက်တယ်
Perth : လွှတ်ပါ P Saint
Saint : မလွှတ်နိုင်ဘူး ငါမင်းကိုလက်မလွှတ်နိုင်ဘူး
Saint က Perth ခါးကိုအတင်းဆွဲပြီးနှုတ်ခမ်းကိုစုပ်နမ်း
လိုက်တယ် Perth မလိုချင်ဘူး ဒီလိုကြမ်းတမ်းပြီးသူမပေးချင်
တဲ့အနမ်းကိုရယူနေတာကိုမကြိုက်ဘူး
ငြင်းဆန်နေပေမယ့် သူမရုန်းနိုင်ဘူး Saint ကအတင်းစုပ်
ယူပြီးနမ်းနေတာသူ့နှုတ်ခမ်းတွေတောင်ပေါက်ထွက်တော့မ
လားထင်မိတယ် Saint ရဲ့ရင်ဘတ်ကိုထုပြီးသူငြင်းဆန်တယ်
ဒါပေမယ့် Saint က Perth ကိုဘေးကကုတင်ပေါ်ပြစ်ချလိုက်
တယ်
Perth : မလုပ်ပါနဲ့
Saint ကသူ့ခန္ဓာကိုယ်နဲ့ Perth ကိုမလွတ်နိုင်အောင်ဖိထားလိုက်ပြီး လက်တွေကိုပါချုပ်ကိုင်ထားတယ်
Saint : ငါ့နားကလွဲရင်မင်းသွားခွင့်မရှိဘူး မင်းကငါ့အပိုင်ပဲ
ဖြစ်ရမယ်
P Saint ကိုခုနကထိသနားမိတယ် ဒါပေမယ့် အခုသူကျွန်
တော့်ကိုအတင်းနမ်းနေမှသိလိုက်ရတာက သူအရမ်းအတ္တ
ကြီးလွန်းတယ် သူပိုင်ချင်တာပဲသိတယ် ငါ့ခံစားချက်ကိုနားမ
လည်ပေးဘူး Perth မျက်ရည်တောင်ကျမိတယ်
Saint : မင်းဘယ်လိုပဲထင်ထင် ငါကတော့ရယူမှာပဲ ဒါမှမင်း
အမြဲငါ့အတွက်ဖြစ်နေမှာ
Perth : P Saint အဲ့လိုမလုပ်ပါနဲ့
Saint က Perth လည်တိုင်ကိုနမ်းရှိုက်ရာကနေ သူ့လကါ
က Perth ရဲ့ဘောင်းဘီနားကိုရောက်လာပြီ P Saint ရဲ့တပ်
မက်စိတ်ကမအေးနိုင်တော့ဘူးဆိုတာသိနေတယ် သူငြင်းဆန်လည်းမရနိုင်တော့ဘူး အသက်ရှူမရနိုင်အောင်မွန်းကြပ်နေ
ပြီ နောက်ဆုံးရှိတဲ့အားနဲ့ Saint ကိုတွန်းထုတ်လိုက်တယ်
Saint : မင်းဘာလို့ငါ့ကိုငြင်းဆန်နေတာလဲ ဘာလို့လဲ
Saint ကအသံကျယ်နဲ့အော်နေပေမယ့်လည်း သူ့မျက်ရည်
တေံကအတိုင်းသားပဲ
Perth : ကျွန်တော်မလိုချင်ဘူး အဲ့အနမ်းတွေ အချစ်တွေဘာ
ကိုမှမလိုချင်တော့ဘူး
Perth ကအခန်းထဲကချက်ချင်းပြေးထွက်သွားလိုက်တယ်
Saint : ငါအတ္တကြောင့် ငါလိုချင်တာကြောင့်မဟုတ်ပါဘူး
ငါမင်းကိုချစ်လို့ပါ
Saint လည်းအခန်းထဲမှာပင်ထိုင်ပြီးငိုနေခဲ့တယ်
W : သား အသံတွေကြားလို့အခုပဲတက်ကြည့်မလို့ ဘာဖြစ်
တာလဲ
အဒေါ်ကြီးမေးတာတောင် Perth ပြန်မဖြေနိုင်ဘဲငိုပြီးအိမ်
ထဲကထွက်သွားတယ်
စိတ်တွေအရမ်းမွန်းကြပ်နေပြီ အရင်ကသူ့ဆီကမေတ္တာ စေတနာ အချစ်တွေကိုလိုချင်ခဲ့တယ် အရမ်းလိုချင်ခဲ့လို့အတင်း
လိုက်ယူခဲ့တာကျွန်တော်မှားတာပဲ အစထဲကသံယောဇဉ်မ
တွယ်ခဲ့သင့်ဘူး အခုတော့အားလုံးကပြန်ပြင်လို့မရနိုင်တော့
ဘူး သူလည်းကျွန်တော့်ရဲ့အကိုတစ်ယောက်လိုသတ်မှတ်ဖို့မ
လွယ်ကူတော့ဘူး
Sunny : Perth ဘာကိစ္စလဲ မင်းငိုနေတာလား
Perth : ကျွန်တော်နဲ့ဒီကအတူထွက်သွားရအောင် အမ
Sunny : ဘာတွေဖြစ်လာတာလဲ
Perth : ဒီကပဲထွက်သွားရအောင်
အဝေးဆုံးကိုထွက်ပြေးချင်နေပြီ သူ့ရဲ့ပူလောင်တဲ့အချစ်
တွေကြားမှာမနေနိုင်တော့ဘူး ကျွန်တော်လိုချင်တာဒီလိုအ
ချစ်မျိုးမဟုတ်ဘူး ကျွန်တော်သာအဝေးဆုံးကိုထွက်ပြေးသွား
ရင်အချိန်တွေကြာလာတာနဲ့သူလည်းမေ့သွားလိမ့်မယ်
နှစ်ယောက်လုံးကောင်းဖို့ချလိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါ
Sunny နဲ့ Perth အိမ်ထဲအတူပြန်ဝင်လာတာတွေ့တော့ Saint ဒေါသထွက်မိတယ်
Sunny : Saint ငါသူ့ကိုစာလာကူလုပ်ပေးတာ
Saint : inn
Perth ထပ်ပြီးစိတ်ဆိုးနေမှာစိုးလို့ သူသည်းခံလိုက်တယ်
Mom : သား သွားမယ်ဆိုလို့အမေပျော်ပေမယ့် ဘာလို့ချက်
ချင်းကြီးသွားချင်ရတာလဲ
Perth : ဒီလိုပါပဲ အတွေ့အကြုံစောယူတာကောင်းတာပေါ့
Mom : inn Sunny လည်းပါတော့စိတ်ချပါတယ် သားအကို
တောင်မသိသေးဘူး
Perth : သား အကို့ကိုမပြောတော့ဘူးလုပ်ထားတယ် သူက
စိတ်ဝင်စားမှာတောင်မဟုတ်ပါဘူး အစောကြီးအိပ်
ရေးပျက်နေပါဦးမယ်
Mom : ဟုတ်ပါတယ်လေ မနက်အစောကြီးထရမှာအိပ်တော့
Perth : ဟုတ်ကဲ့
Saint တစ်ညလုံးအိပ်မရဘူး ဟိုဘက်လှိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့ သူ Perth ငိုနေတဲ့မျက်နှာကိုအခုထိမြင်ယောင်နေ
တုန်းပဲ တောင်းပန်ပါတယ် Perth ကျေနပ်အောင်တောင်းပန်
ချင်တယ် Perth အခန်းရှေ့သွားပြီးတံခါးခေါက်လိုက်တယ်
အထဲကပြန်ထူးတာမကြားရဘူး
Saint : သူအိပ်နေတာလား
W : သား ဘာလုပ်နေတာလဲ
Saint : Perth ကိုမေးစရာရှိလို့ပါ
W : Perth အခုပဲသွားပြီလေ သားမသိဘူးလား
Saint လေဆိပ်ကိုမှီရာကားနဲ့ကိုအပြေးလိုက်သွားတယ်
သူ့အဖေနဲ့အမေကိုတွေ့လိုက်တော့ သွားဖို့ဆုံးဖြတ်လိုက်ပေ
မယ့် မသိမသာလေးပဲခိုးကြည့်ပြီးခံစားနေခဲ့တယ်
Perth ရီနေတယ် သူပျော်နေတယ် ငါ့ကိုထားခဲ့ရတာပျော်နေ
တယ်ပေါ့ ငါ့အမှားတွေကိုပြုပြင်ပြီးမင်းပြန်လာမယ့်နေ့ကိုစောင့်နေယုံကလွဲပြီးဘာတက်နိုင်မှာလဲ Perth ဒါမင်းကိုချစ်လို့
လက်လွှတ်ပေးလိုက်တာပါ
အရာရာတိုင်းကကျွန်တော်ပျော့ညံ့နေခဲ့လို့ သတ္တိမရှိခဲ့လို့
ဖြစ်ခဲ့တာချည်းပဲ ဒါကြောင့် ဒီနေ့ကစပြီးအင်အားတွေမွေးပြီး
အကောင်းဆုံးလူတစ်ယောက်ဖြစ်တဲ့အချိန်မှပြန်လာခဲ့မယ်
The End