Saint မနိုးခင်ထဲက Perth ကနိုးပြီးဘေးလေးကနေကြည့်
နေခဲ့တယ် Saint အပေါ်ဖြာကျလာတဲ့နေရောင်ခြည်လေးကို
လက်နဲ့တတ်နိုင်သလောက် ကာပေးထားလိုက်တယ်
Saint ကနိုးထခါနီးမှာလက်တွေခြေတွေကိုအရင်ဆန့်လိုက်
တယ် Saint နည်းနည်းလေးလှုပ်လာတာနဲ့ Perth ကပြန်ပြီး
သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်
Saint : အား မနက် 8 တောင်ထိုးနေပြီပဲ
Saint နာရီကိုကြည့်ပြီးထဲက ကမန်းကတမ်းကောက်ထလိုက်တယ် အလုပ်သွားဖို့နောက်ကျနေပြီမို့လို့ အရင်လိုနိုးထခါစ
ငါးမိနစ်လောက်တောင် Perth ကိုမကြည့်နိုင်ဘဲ ထပြီးဝတ်
ရမယ့်အင်္ကျီတွေကိုထုတ်ပြီး ရေချိုးခန်းထဲတန်းဝင်သွားတယ်
သူလုပ်စရာရှိတာတွေအမြန်လုပ်ပြီးတာနဲ့ အပြင်ကိုထွက်ဖို့
ခြေလှမ်းတွေကိုပြင်ခါနီးမှာပဲ Perth ကိုသတိရလိုက်တယ်
အချိန်ကလည်းနောက်ကျနေပေမယ့် သူလုပ်နေကျနေ့စဉ်
တာဝန်တစ်ခုကိုတော့ မပျက်ကွက်ချင်လို့ Perth အိပ်နေတဲ့ကုတင်ဆီတံခါးဝကနေအမြန်ပြန်လှည့်လာခဲ့တယ်
Saint : တောင်းပန်ပါတယ် အကိုနောက်ကျနေလို့နိုးတာမ
စောင့်တော့ဘူးနော်
Saint က Perth ရဲ့နဖူးလေးကို နမ်းလိုက်ပြီးတာနဲ့ထွက်
သွားတယ် အခန်းထဲကထွက်သွားတော့မှပဲ Perth လည်း
မျက်လုံးတွေကိုဖွင့်ပြီး ထိုင်နေလိုက်တယ်
သူ့ခေါင်းအုံးအောက်ကဖုန်းကိုထုတ်ယူလိုက်တယ်
Perth : Yuri ဘယ်မှာလဲ ငါ့ဆီလာလို့ရမလား
Perth ခေါ်လိုက်တာနဲ့ Yuri ကချက်ချင်းအပြေးရောက်
လာတာနာရီဝက်တောင်မကြာပါဘူး
Yuri : Hey Do You Miss me ??? ပြော အရေးကြီးလို့လား
Perth : Yuri ငါ့ကိုစုံစမ်းပေးပါ
Yuri : ဘာကိုလဲ
Perth : P Saint အလုပ်မှာအဆင်ပြေလား သူဘာတွေလုပ်
နေတာလဲသိချင်တယ်
Yuri : နငိဘာလို့စိတ်အပင်ပန်းခံပြီးသိချင်နေတာလဲ
Perth : Yuri ငါဘယ်လောက်စိတ်ဓာတ်ကျနေလဲသိလား
P Saint ကငါ့ကိုလိုလေးသေးမရှိထားပေမယ့် ငါ့ခြေ
ထောက်တွေကိုကြည့်ပြီး မပျော်နိုင်ဘူး သူ့ပုံကိုကြည့်
ရတာအဆငိမပြေသလိုထင်ရတယ် ဒါကြောင့် ငါသိ
ချင်တယ် သူအလုပ်မှာအဆင်ပြေရဲ့လားဆိုတာ
Perth ဆီကကျဆင်းလာတဲ့ဝမ်းနည်းမျက်ရည်တွေကို
Yuri ကပါထပ်တူခံစားပြီး လိုက်ငိုမိတယ်
Yuri : Perth
Perth : မုန်းတယ် ငါ့ခြေထောက်တွေကိုမုန်းတယ် သူရှိနေရင်
တောင်သူ့ကိုသွားမဖက်နိုင်တဲ့ ငါ့ကိုငါမုန်းတယ် သူ
ငါ့ဆီလာတဲ့ထိစောင့်နေရတာကိုပိုမုန်းတယ် သူ့ရင်ခွင်
ထဲမှာခိုလှုံချင်ရင်တောင်စောင့်စားနေရအောင်လုပ်တဲ့ဒီ
ခြေထောက်တွေကို မုန်းလွန်းတယ်
အတိုင်းအဆမရှိကျဆင်းလာတဲ့မျက်ရည်တွေကို ဘယ်လို
နှစ်သိမ့်ပေးနိုင်မလဲ သူသာဆက်ငိုနေရင် Perth လည်းဝမ်း
နည်းနေမိလိမ့်မယ်
Yuri : အေးပါ ငါစုံစမ်းပေးမယ်နော် စိတ်ပူမနေနဲ့တော့
Yuri ကကုတင်ပေါ်မှာထိုင်လိုက်ပြီး Perth ကိုဖက်ထား
လိုက်တယ် Perth ရဲ့ကျောပြင်လေးကိုပွတ်သပ်ပေးနေတယိ
Yuri : အားလုံးလုပ်ပေးမယ် ဒီကောင်လေးလိုချင်တာအား
လုံးဖြစ်အောင်လုပ်ပေးမယ် ဒါကြောင့် မငိုနဲ့တော့နော်
Saint ကအပြင်ကနေ မောမောနဲ့ပြန်လာပြီး သူ့ခုံမှာထိုင်ချ
လိုက်တယိ မျက်လုံးကိုစုံမှိတ် နဖူးပေါ်လက်တင်ပြီးကိုစဉ်းစား
လိုက်နေတော့တယ်
Mean : အဆင်မပြေခဲ့ဘူးလား
Saint : သူကဘယ်သူနဲ့မှ လက်ခံစကားမပြောဘူးတဲ့ မလွယ်
ဘူးကွာ
Mean : ထိုင်းရဲ့အအောင်မြင်ဆုံးသူဌေးတစ်ယောက်ပဲ အဲ့
လောက်တော့အပင်ပန်းခံရမှာပေါ့
Saint : ငါလည်းသောကတွေတော်တော်များနေပြီ ဘာမှကို
အဆင်မပြေဘူး
Mean : မင်း Perth ကိုခေါ်လာသင့်တာ
Perth နာမည်ကိုထုတ်ပြောတာနဲ့ Saint ကခပ်တည်တည်
Mean ကိုပြန်ကြည့်လိုက်တယ်
Saint : Perth ကငါ့ကြောင့်အခုလိုဖြစ်နေရတာ အဲ့ဒါကိုငါ
အလုပ်အဆင်ပြေဖို့သူ့ကိုဆက်အသုံးချရမယ်ဆိုရင်
ငါ့ကိုငါ လူမဆန်တဲ့ကောင်လို့သတ်မှတ်မှရတော့မယ်
Mean : အေးပါကွာ ငါကမင်းပူပန်နေရတာကိုမကြည့်ရက်
လို့ပါ
Saint : ငါ့ဘဝပူလောင်နေပါစေ Perth ကအခုကစပြီးအေး
ချမ်းနေရမယ် ငါသူ့ကိုပိုးမွေးသလိုမွေးထားတော့မှာ
သူ့ဘဝလေးကအပူပင်ကင်းနေရမယ်
Perth ကအင်တာနက်ကနေ စာတွေကိုလိုက်ရှာဖွေကြည့်
နေတယ်
Saint : Perth
Saint အခန်းထဲကိုဝင်လာလို့ လက်ထဲကဖုန်းကိုချပြီးအကိုကိုဆီးကြိုလိုက်တယ် Saint ကထိုင်နေတဲ့ Perth ကိုရင်ခွင်
ထဲထည့်ပြီးဖက်ထားလိုက်တယ် Perth ရဲ့လက်ကလည်း
Saint ခါးကိုအလိုက်သင့်ဖက်ပြီးသားပဲ
Saint : တောငိးပန်ပါတယ် အကိုနောက်ကျသွားလို့
Perth : ရပါတယ် အကိုကအလုပ်လုပ်နေတာလေ
Saint : မနက်ရုံးပိတ်တယ်ဆိုတော့ Perth ဘာလုပ်ချင်တာ
ရှိလဲ အပြင်ထွက်လည်ချင်လား
Perth : မထွက်ချင်ဘူး အိမ်ထဲမှာပဲနှစ်ယောက်အတူနေကြ
မယ်လေနော်
သူ့ကိုကပ်ချွဲနေတဲ့ကောင်လေးကြောင့် စိတ်မထိန်းနိုင်ဘဲ
Saint က Perth နှုတ်ခမ်းလေးကိုထိနမ်းလိုက်တယ်
Saint : ဟင် ဘာတွေကြည့်နေတာလဲ
Perth ချထားတဲ့ဖုန်းကို Saint ကကောက်ကိုင်ကြည့်ပြီး
မေးလိုက်တယ်
Saint : ဂိမ်းစက်လား မိုက်တယ်နော်
Perth : ဒီလိုပဲ ရှာကြည့်တာပါ
Saint : အပျင်းပြေကစားချင်လား လိုချင်လို့ကြညိ့နေတာမ
လား အကိုဝယ်ပေးမှာပေါ့
Perth : မရလောက်တော့ဘူး အဲ့ဒါ limited ထုတ်တာ ကုန်
လောက်ပြီပေါ့
Saint : ရှိနိုင်သေးတာပဲ အခုတောင်ဝယ်လို့ရနိုင်သေးတယ်
စောင့်နေနော် အကိုသွားဝယ်လာမယ်
Saint က Perth ဖုန်းကိုချခဲ့ပြီး ကားသော့ကိုဆွဲယူပြီးအပြင်
ပြေးထွက်သွားလိုက်တယ်
Saint ကားတစ်စီးနဲ့ ဆိုင်တိုင်းပတ်ရှာခဲ့ပေမယ့် ပစ္စည်းကကုန်
နေပြီ ကံကောင်းချင်တော့ နောက်ဆုံးတစ်ဆိုင်မှာအဲ့စက်လေးထောင်ထားတာကိုပြေးမြင်လိုက်တယ်
Saint : တွေ့ပြီ
စက်ကိုယူဖို့လက်လှမ်းကိုင်လိုက်တာနဲ့ တစ်ခြားတစ်
ယောက်ရဲ့လက်တစ်စုံက သူနဲ့အတူစက်ကိုကိုင်လိုက်တယ်
မထင်ထားတဲ့လက်ကိုမြင်လိုက်တော့ တစ်ယောက်နဲ့တစ်
ယောက်ကြည့်လိုက်မိတယ် သူ့ဘေးကကောင်မလေးတစ်
ယောက်ပဲ ရုပ်ရည်ကသာမန်လောက်ပဲ ဒါပေမယ့် တစ်ကိုယ်
လုံးဝတ်ထားတဲ့ပစ္စည်းတွေက Brand တွေကြီးပဲမို့လို့သူဌေး
သမီးတစ်ယောက်ဆိုတာတော့ သေချာတယ်
Irin : ဒါကျွန်မယူထားတာနော်
Saint : ဘာလို့လဲ ငါအရင်ကိုင်တာလေ
Irin : ကျွန်မအရင်ကိုင်တာ ရှင်ကနောက်မှရောကိလာတာ
နှစ်ယောက်သားအပြိုင်ငြင်းခုံနေတာကြောင့် ဝန်ထမ်း
ကောင်မလေးတောင်ဘာဝင်ပြောရမလဲမသိတော့ဘူး
Saint : ဒီမှာ ဒါရှိသေးလား
Girl : ဒါနောက်ဆုံးအလုံးပါ
Irin : ကျွန်မဟာ
Saint : ငါယူမှာ
ဒီလုနေတဲ့ပြသနာကို ဘယ်လိုရှင်းရမလဲ တစ်ယောက်မှ
အလျော့ပေးမယ့်ပုံလည်းမပေါ်ဘူး
Irin : ဒါဆို ကျောက်တုံး ကတ်ကြေး စက္ကူကစားမယ် နိုင်သူ
ရမယ် ဘယ်လိုလဲ
Saint : ကောင်းပြီလေ
ဒီစက်ကို Perth အတွက်ရအောင်ယူမှာလို့ ပိုင်းဖြတ်လိုက်
လို့ ကစားတဲ့နေရာမှာနိုင်ခဲ့တယ်
Irin : ဟာ
Saint : Yes နိုင်ပြီကွ ဒီမှာ ဒါလေးဘယ်လောက်လဲ
Saint ကပျော်မြူးပြီး သူ့ပစ္စည်းလေးကိုတယုတယကိုင်
သွားရှာတယ် Irin ကအနောက်ကနေကြည့်နေပြီးကြိတ်ရီ
နေမိတယ်
Irin : အရူး ငါတမင်အရှုံးပေးလိုက်တာမသိဘူးပဲ
ဒါကျွန်တော်နဲ့ Irin စတင်ဆုံတွေ့ခဲ့တဲ့အချိန်ပဲလေ
Part 4 ( the end )
