" Saint Suppapong , ကျောင်းအုပ်အခန်းထဲကိုလာပါ "
" Saint Suppapong , ကျောင်းအုပ်အခန်းထဲကိုလာပါ "
ကျောင်း speaker ကအသံကတစ်ကျောင်းလုံးကိုပြန့်သွား
တယ်
Sunny : Saint ပဲလား အဲ့ကောင်ဘာပြသနာရှာပြန်ပြီလဲ
ကျောင်းအုပ်ကစားပွဲခုံကိုလက်ထဲကဖိုင်နဲ့ရိုက်ချလိုက်တယ်
P : Saint မင်းအဖေနဲ့ငါကခင်လွန်းလို့ မင်းကိုကျောင်းမ
ထုတ်တာ မင်းဒီလိုခဏခဏရန်ဖြစ်နေရင်တကယ်ထုတ်
ရလိမ့်မယ်
ကျောင်းအုပ်ပြောနေလည်း Saint ကခပ်တည်တည်ပဲ
အင်္ကျီကြယ်သီးကိုလည်းသုံးလုံးစာလောက်ဖြုတ်ထားပြီး
ဆံပင်ကေကလည်းထောင်ထားသေးတယ် ခြေထောက်က
လည်းချိတ်ထိုင်ထားတယ် အချိုးကိုမပြေတဲ့လူဆိုးလေး......
Saint : ထုတ်လိုက်လေ ရတာပဲ ဒါဆို ကျွန်တော့အဖေကို
လိုက်ပိုးနေတဲ့အကြောင်း တစ်ကျောင်းလုံးကိုဖော်
ကောင်လုပ်မှာ
ကျောင်းအုပ်က Saint အနားကပ်သွားပြီးပါးစပ်ကိုလက်နဲ့
ပိတ်လိုက်တယ်
P : တိုးတိုးပြောစမ်းပါ
Saint ကလက်ကိုအတင်းဖယ်လိုက်တယ်
Saint : တစ်ခုလိုချင်တစ်ခုကိုပေးရမှာပေါ့
P : ဆရာမပြောချင်တာကလေ ရန်မဖြစ်ဖို့ပါ သားကိုဝိုင်းအ
နိုင်ကျင့်ရင် လာတိုင်လို့ရတာပဲကို
Saint : သူတို့ကိုသက်သက်ရန်စတာမဟုတ်ဘူးလေ သူတို့
ကအရင်စပြသနာရှာလို့ ပြန်ဆော်လိုက်တာ
Saint ကလက်သီးကိုတစ်ချက်လောက်ဝှေ့ပြီးပြောလိုက် တယ်
P : ဟဲ့ ဒါကျောင်းအုပ်ရုံးခန်းနော် နင့်လက်ဝှေ့ထိုးတဲ့နေရာ
များမှတ်နေလား
Saint : ကျောင်းအုပ်ကြီးကပိုင်ပါတယ် ဒီတစ်ခါလည်းကြည့်
လုပ်ပေးလိုက်ပါ
ကျောင်းအုပ်က Saint ခေါင်းကိုတစ်ချက်ထုချလိုက်တယ်
Saint :Arrr နာတယ် ကျောင်းအုပ်ကြီးရဲ့
P : ရန်ဖြစ်တော့မနာဘူးလား မပြောလိုက်ချင်ဘူး သွား
နောက်တစ်ခါဆိုခွင့်မလွှတ်ဘူးနော် ကြားလား
Saint : ဟုတ်ကဲ့
Mean က Saint ဆီကိုပြေးလာတယ်
Mean : ဟေ့ကောင် ဘယ်လိုလဲ
Saint ရုပ်ကိုကပြုံးဖြီးဖြီးနဲ့ဆိုတော့ Mean ကသိလိုက်တာ
ပေါ့
Mean : မင်း ok လာတယ်မလား ဒါမှငါ့သူငယ်ချင်းကွ
အနောက်ကနေသူတို့နှစ်ယောက်ပခုံးကိုပုတ်လိုက်လို့နှစ်
ယောက်လုံးလှည့်ကြည့်လိုက်တယ် Sunny ကသူတို့နှစ်
ယောက်လုံးခေါင်းကိုရိုက်လိုက်တယ်
" Arrr Sunny " နှစ်ယောက်လုံးအသံကတစ်ထပ်ထဲပဲ
Sunny : နင်တို့နှစ်ယောက် ပြသနာမရှာဘဲမနေနိုင်ဘူးလား
Mean : Sunny ငါတို့ဘက်ကစပြီးဘယ်တုန်းကရန်ဖြစ်ဖူး
လို့လဲ
Suuny :Aww ဟုတ်လား သေတော့မယ်
Saint : Sunny နင်ကငါ့ကိုစိတ်ပူလို့လား
Saint က Sunny ပခုံးလေးကိုဖက်ပြီးပြောလိုက်တယ်
Sunny : ဟဲ့ နင့်လက်ကိုဖယ်မှာလား မဖယ်ဘူးလား
Saint : အေးပါဟာ စိတ်ကြီးပဲ ဒါနဲ့ နင်ကလွယ်အိတ်ကြီး
လွယ်လာပြီးဘယ်သွားမလို့လဲ ကျောင်းလစ်ဖို့လား
Sunny : နင့်လိုများထင်နေလား ဒီနေ့အသံစစ်ဖို့ရှိတယ် ဖယ်
Sunny ကနှစ်ယောက်လုံးကိုတွန်းပြီးထွက်သွားလိုက်တယ်
ကျွန်တော်တို့သုံးယောက်ခင်တာနှစ်နှစ်ပဲရှိသေးပေမယ့် သံ
ယောဇဉ်ကပိုကြပါတယ် Sunny ကိုစတွေ့တုန်းကဆိုအရမ်း
စိတ်ထားလှတဲ့မိန်းကလေးဆိုတာ ခံစားရတယ် ဒါကြောင့်
ကျွန်တော့်ရဲ့တစ်ဦးထဲသောမိန်းကလေးသူငယ်ချင်းဖြစ်နေ
တာပေါ့
လွန်ခဲ့သောနှစ်နှစ်........
Saint တစ်ယောက်သူ့အမေရဲ့ဈာပနအခမ်းအနားမှာအော်
ငိုနေခဲ့တယ် သူဒူးခေါင်းတွေကိုစုထောင်ထားပြီးခေါင်းငုံ့ပြီးကို
ငိုနေခဲ့တယ်
Sunny : မငိုပါနဲ့
ညင်သာလွန်းတဲ့အသံကြောင့်သူ့ခေါင်းကိုမော်ကြည့်လိုက်
တယ် တစ်ခါမှမမြင်ဖူးတဲ့ကောင်မလေးတစ်ယောက်ကသူ့ကို
ပြုံးပြပြီးလက်ကိုင်ပဝါလေးကိုကမ်းပေးနေတယ်
Sunny : နင်ငိုနေရင် နင့်အမေကဘယ်စိတ်ကောင်းမလဲ
အဲ့အချိန်ထဲကသူမကကျွန်တော့်ရင်ထဲနေရာယူလာခဲ့ပါတယ်
............
အမျိုးသမီးကြီးတစ်ယောက်ကသူ့သားကိုကျောင်းထိပ်ကို
ပို့ပေးခဲ့တယ် ကားပေါ်ကနေဆင်းလာတဲ့ကောင်လေးက မျက်
မှန်လေးနဲ့ ခပ်တုံးတုံးပုံလေး
Mom : Perth အမေညနေမှလာကြိုမယ်နော်
Perth : ဟုတ်ကဲ့ အမေ
Saint ကကျောင်းအနောက်ဖက်မှာထိုင်ပြီး Mean ကိုစောင့်
နေခဲ့တယ် သူအနားကိုရောက်လာတဲ့ကောင်လေးသုံးယောက်ကြောင့်သူထကြည့်လိုက်တယ်
B : မတွေ့ရတာကြာပြီပဲ Saint
Saint : Hi မင်းတို့ငါ့ကျောင်းထဲဘယ်လိုဝင်လာတာလဲ
B : မင်းကိုတွေ့ချင်တော့လည်း ရောက်အောင်လာရတာပေါ့
လူသုံးယောက်ကသူ့အနားကိုဖြေးဖြေးချင်းကပ်လာတော့
Saint တစ်ဖက်လှည့်နဲ့ထွက်ပြေးသွားတယ်
B : ဘာလုပ်နေကြတာလဲ လိုက်လေ
Saint ထွက်ပြေးရင်းနဲ့ Perth နဲ့ဝင်တိုက်မိတယ်
Saint : မျက်လုံးကန်းနေလား
ဟိုသုံးယောက်ကလည်းသူ့နောက်ကိုလိုက်လာနေတော့
Perth အနောက်မှာရှိတဲ့ချုံပုတ်ကိုကွယ်ပြီးပုန်းလိုက်တယ်
B : ဟေ့ ဒီနားမှာအသားဖြူဖြူနဲ့ကောင်ကိုတွေ့လား
Perth ကသူ့ခေါင်းကိုအတင်းရမ်းခါလိုက်တော့ သူတို့လည်း
တစ်ခြားဘက်ကိုထွက်သွားလိုက်တယ်
Saint : တော်ပါသေးရဲ့ ဒီကောင်တွေကတော့
Perth ကသူ့ကိုကြောင်တောင်တောင်ကြည့်နေတယ်
Saint : ဘာကြည့်တာလဲ
Perth : မကြည့် မကြည့်ပါဘူး
Perth ကကြောက်ကြောက်နဲ့ အမြန်တစ်ဖက်လှည့်ပြီးထွက်
သွားလိုက်တယ်
Saint : ဘယ်လိုကြောင်တောင်တောင်ကောင်လဲ
Part 1 ( the end )
Intro ရေးထားတာပါ ကောင်းမကောင်းပြောပေးပါဦး❤️
