Perth : ဆရာဝန်နဲ့ဆွေးနွေးဖို့နောက်မှပြန်လာကြမယ်လေ
အရင်ဆုံးကျွန်တော့်အခန်းမှာပဲနေပါ
Saint ကခေါင်းညိမ့်ပြီးသူ့ဘေးကအထုပ်ကိုသယ်လိုက်တယ်
Perth : အဲ့ဒါဘာလုပ်တာလဲ
Saint : ပြန်ကြမယ်လေ သယ်ဖို့ပေါ့ အိမ်ပြန်မယ်ဆို
Perth : ထားလိုက် ကျွန်တော့်ဘာသာသယ်မယ်
Perth တစ်ယောက်ထဲသယ်ရမှာများနေတော့သူလည်းကူ
ပေးချင်တယ်
Saint : Perth ငါအဲ့လောက်မဆိုးသေးပါဘူး နေကောင်းနေ
ပါပြီ
Perth : မရဘူး ဒဏ်ထပ်ဖြစ်ရင်ဘယ်လိုလုပ်မလဲ
စိတ်မကောင်းဘူး အရင်ကဆို Perth ရဲ့ပစ္စည်းတွေသူက
သယ်ပေးနေကြ အခုတော့ perth ကသူ့ကိုပြန်ဂရုစိုက်နေရ
တယ် ဒီအခြေအနေကြီးကိုမုန်းလိုက်တာ
မိုးတွေကသည်းကြီးမည်းကြီးကိုရွာချနေပါလား ရာသီဥတု
ကလည်းအေးနေတော့ Saint ချမ်းနေတာကို Perth တွေ့
လိုက်တယ် မတတ်နိုင်ဘူး သူမိုးရေထဲဖြတ်ပြီးကားသွားထုတ်
မှပါပဲ
Saint : ဘယ်သွားမှာလဲ မိုးဒီလောက်သည်းနေတာကို
Perth : ဒီမှာပဲနေခဲ့ ကားသွားယူပြီးပြန်လာခဲ့မယ်
သူမသွားခင်ပြန်လှည့်ပြီး Saint ကိုသူ့အနွေးထည်ချွတ်ပြီး
ခြုံပေးခဲ့လိုက်တယ် မိုးသည်းထဲကိုထွက်ပြေးသွားတော့တာပဲ
Saint ကအနွေးထည်ကနေ Perth ရဲ့ကိုယ်သင်းနံ့လေးကိုရလို့အရမ်းပျော်နေမိတယ် သူ Perth ကိုဘယ်လိုနားလည်ရမလဲ Perth ကသူ့ကိုချစ်တာလား မုန်းတာလား သူ့အပြုအမူ
တွေကတစ်ခါနဲ့တစ်ခါမတူညီဘူးခံစားရတယ်
Perth : ချမ်းလိုက်တာ
သူ့အကိုချမ်းနေမှာစိုးလို့ ကားအပူပေးစက်ကိုဖွင့်ပေးလိုက်
တယ်
Perth : မြန်မြန်တက်ခဲ့
Saint : Perth တစ်ကိုယ်လုံးစိုရွှဲနေပြီ
Saint ကလက်နဲ့မျက်နှာကိုသုတ်ပေးဖို့လုပ်လိုက်ပေမယ့်
Perth ကရှောင်လိုက်တယ်
Perth : ရတယ် အိမ်ရောက်မှသုတ်လိုက်မယ်
Saint ကထပ်ပြီးသူ့ကိုယ်ပေါ်ကအနွေးထည်ကိုခြုံပေးဖို့
လုပ်ပေမယ့် Perth ကဖယ်ချလိုက်တယ်
Perth : ကို့ဘာသာ ခြုံထား ဒီအတိုင်းဘာမှမလုပ်ဘဲထိုင်နေ
ပါ
လေဆိပ်ကနေ Perth အမေက Saint ဖေဖေကိုတွဲပြီးပြန်
လာခဲ့တယ်
Dad : မင်းလည်းဟိုမှာတစ်လလောက်နေရတော့ Perth ကို
လွမ်းနေမှာပေါ့ သူ့ဆီမသွားဘူးလား
Mom : သွားမှာပေါ့ သားကအမေကိုမျှော်နေမှာ မနက်ဖြန်ပဲ
သွားကြည့်လိုက်မယ်
Dad : သွားရင်းနဲ့ Saint ကိုပါကြည့်ခဲ့ပါဦး
အမေကပြုံးပြီးခေါင်းညိမ့်ပြလိုက်တယ်
Perth ချောင်းဆိုးပြီးညည်းသံက ကုတင်အပေါ်မှာအိပ်နေတဲ့
Saint ကိုတောင်ကြားစေနိုင်တယ်
Saint : Perth နေမကောင်းဘူးလား
Saint ကကုတင်ပေါ်ကဆင်းပြီးမီးဖွင့်လိုက်တယ် Perth
ဖျားနေတာပဲ သူကိုယ်တွေအရမ်းပူနေတယ်
Perth : အကို
Saint : ငါ့ကိုခေါ်တာလား ပြောလေ မင်းနေအရမ်းမကောင်း
ဘူးဖြစ်နေတာလား ခဏလေး ဆေးရှာကြည့်ဦးမယ်
Perth က Saint လက်ကိုဖမ်းဆုပ်ထားလိုက်တယ် Saint
ထသွားဖို့မသွားနိုင်တော့ဘူး Perth ကအခုချိန်သူ့ကိုအနားမှာ
ရှိနေစေချင်ပုံပဲ
Saint : Perth ငါမင်းအတွက်တစ်ခုခုလုပ်ပေးမှရမယ်လေ
မင်းအရမ်းဖျားနေတယ်
သူ့ကြောင့်ဖြစ်တာဆိုတော့ Saint စိတ်မကောင်းဘူး သူ
အိမ်ရှေ့ကိုပြေးသွားပြီး ဆေးရှာကြည့်ပေမယ့် ဘာဆေးမှလည်းမရှိဘူး ဆေးရုံပို့ဖို့လည်းသူ Perth ကိုမသယ်နိုင်ဘူး ဘာလုပ်ရမလဲမသိတော့ဘူး
Perth ခေါင်းကိုမပြီးသူ့လက်မောင်းပေါ်တင်လိုက်တယ်
Saint : ချွေးတွေလည်းထွက်နေတာပဲ
Saint က Perth ရဲ့အပေါ်အင်္ကျီကိုချွတ်ပြီး ရေဘက်ဝတ်နဲ့
သုတ်ပေးဖို့လုပ်လိုက်ပေမယ့် Perth ရဲ့ပခုံးမှာဒဏ်ရာလိုအမာရွတ်တစ်ခုကိုတွေ့လိုက်တယ်
Saint : ဒါဘာဖြစ်တာလဲ Perth မှာအရင်ကဒဏ်ရာမရှိပါဘူး
ဒီအမာရွတ်ကအပူလောင်ထားတာလား
Perth ကအတိတ်ကသူနဲ့ Saint ရဲ့ပျော်စရာအမှတ်တရပုံ
ရိပ်တွေကိုမြင်ယောင်နေတယ် Saint ကိုအရမ်းသတိရနေခဲ့
တာ အခုချိန် Saint ကသူ့ရှေ့မှာ အကို့ကိုဒီအချိန်မှာတော့
ဘာမှမစဉ်းစားနိုင်ဘဲ နမ်းသာနမ်းလိုက်ချင်တယ်
Perth ရဲ့မျက်နှာနားကပ်လာတဲ့ Saint ရဲ့မျက်နှာကိုကိုင်
လိုက်ပြီး ရုတ်တရက်ဆွဲနမ်းလိုက်တဲ့အထိအတွေ့ကြောင့်
Saint မျကိလုံးပြူးရလောက်အောင်အံ့သြနေမိတယ် Perth
ကယောင်ကတမ်းတွေဖြစ်နေပြီးသူ့ကိုနမ်းနေတာလား သူက
သာလန့်နေတာ Perth ကမျက်လုံးတောင်ဖွင့်မကြည့်ဘဲသူ့
နှုတ်ခမ်းတစ်စုံကိုအတင်းစုပ်ပြီးတော့ကိုနမ်းနေတယ်
စိုးရိမ်နေမိတာက Perth ဘာမှမသိဘဲမနက်နိုးလာမှာကိုပဲ ဒီ
အနမ်းကိုမမှတ်မိဘဲနိုးလာမှာကိုကြောက်မိတယ်
မနက်ရောင်ခြည်သမ်းတာနဲ့ Perth နိုးလာခဲ့တယ် Saint
ကိုနမ်းလိုက်မိတာအိမ်မက်လားသေချာပြန်စဉ်းစားနေရတယ်
သူဘာတွေလုပ်ခဲ့တာလဲ တကယ်ဆိုဘာဆက်လုပ်ရမလဲ သူကပဲရှောင်ပြေးနေခဲ့ပြီး သူပဲအတင်းပြန်တိုးဝင်သလိုဖြစ်နေ
တော့မယ် အိမ်မက်ပဲဖြစ်ပါစေ
Saint : နိုးလာပြီလား
Saint ကဆေးတစ်ခွက်ယူလာပြီးသူ့ရှေ့မှာထိုင်လိုက်တယ်
Saint ကိုမေးလည်းမေးချင်တယ် ဒါပေမယ့် ဘယ်လိုမေးရမလဲ မျက်နှာချင်းတောင်မဆိုင်ရဲဘူး မသိချင်ယောင်ဆောင်ပြီး
မေ့ထားတာအကောင်းဆုံးပါပဲ
Saint : Perth ဆေးသောက်လိုက်ဦး တောင်းပန်ပါတယ်
Perth : ဘာကိုလဲ
Saint : ငါမင်းကိုဆေးခန်းခေါ်သွားပေးချင်တာ ဒါပေမယ့်
Saint ကသူ့ခြေထောက်ကိုကြည့်လိုက်တယ် အားငယ်မိ
တယ် ဒါကြောင့်သူ Perth ကိုဒီအတိုင်းပဲကြည့်နေနိုင်တယ်
Perth : ကျွန်တော် ဆေးရုံဆေးခန်းသွားရတာမကြိုက်ဘူး
ခေါ်မသွားတာပဲကျေးဇူးတင်တယ်
Saint ကိုနှစ်သိမ့်ပေးနိုင်တဲ့စကားကိုစဉ်းစားပြီးပြောလိုက်ရတယ်
Saint : ဒါနဲ့ ညက
Perth : ကျွန်တော်ဘာမှမသိဘူး ညကဘာဖြစ်လဲ မသိဘူး
Saint : Perth ငါဘာမှမပြောရသေးဘူးလေ
ရှောင်တိမ်းချင်ဇောနဲ့အမြန်ပြောလိုက်တာ လစ်ဟာသွား
တယ် ရူးချင်တာပဲ
Saint : ငါက မင်းပခုံးကဒဏ်ရာအကြောင်းမေးမလို့ပါ ဘာ
ဖြစ်တာလဲ မင်းမှာအရင်ကမရှိပါဘူး
Perth ကသူ့ပခုံးကိုကိုင်ပြီးစဉ်းစားလိုက်တယ် အကိုဒါကို
ဘယ်လိုတွေ့သွားရတာလဲ
Perth : အားကစားလုပ်ရင်းခိုက်မိထားတာ
Saint : aww ဂရုစိုက်မှပေါ့ ငါမင်းအတွက်လုပ်ပေးနိုင်တာဘာ
မှမရှိခဲ့ဘူးပဲ တောင်းပန်ပါတယ် Perth ငါမင်းကိုအကို
တစ်ယောက်အနေနဲ့ မကာကွယ်နိုင်ဘူး
Saint ရဲ့အားငယ်စိတ်ဝင်နေတဲ့မျက်နှာလေးကသူ့ကိုပါ
ဝမ်းနည်းသွားစေတယ် ဒီမှာဆက်ထိုင်နေရင်သူ Saint ကိုထပ်နမ်းမိလမ့်မယ် ထွက်သွားတာပဲကောင်းတယ်
Perth ကရုတ်တရက်မတ်တပ်ရပ်ပြီးသူ့လွယ်အိတ်ကိုကောက်ယူလိုက်တယ်
Saint :နေမကောင်းဘဲဘယ်သွားဖို့လဲ
Perth : ဒီနေ့အရေးကြီးပရောဂျက်ရှိတယ် မသွားလို့မရဘူး
Saint : Perth တစ်ခါထဲဆေးခန်းဝင်ပြလိုက်နော်
ဒီကောင်လေးကတစ်ဇွတ်ထိုးသွားပြန်ပြီ နေမကောင်းဘဲနဲ့
အမေဆိုတဲ့ဖုန်းဝင်လာလို့ Perth ကကိုင်လိုက်တယ်
Mom : သားလေး အမေအခုပဲထိုင်းကထွက်လာပြီ မနက်ဆို
ရောက်မယ် အမေ့ကိုလာကြိုနော်
Perth : အမေဘာလို့လာမှာလဲ
Mom : ကို့သားလေးကိုသတိရလို့ပေါ့ မနက်ရောက်ရင်ဖုန်း
ထပ်ဆက်လိုက်မယ် ချစ်တယ် သားလေး
အိမ်တံခါး Bell သံကြောင့် Saint ပြုံးပြုံးနဲ့တံခါးသွားဖွင့်
လိုက်တယ် Perth ပြန်လာပြီပေါ့ ဒါပေမယ့် သူမျှော်နေတဲ့သူ
မဟုတ်ဘူး ကောင်မလေးတစ်ယောက်ပါလား ဒီကိုးရီးယားမ
လေးကဘယ်သူပါလဲ
Yuri : Perth မရှိဘူးလား ရှင်ကဘယ်သူလဲ
Saint : Perth မရှိဘူး မင်းကရော ဘယ်သူလဲ
Yuri : Perth ရဲ့ကောင်မလေးပါ သူ့သူငယ်ချင်းလား တွေ့ရ
တာဝမ်းသာပါတယ် Yuri ပါ
ဘာအဓိပ္ပာယ်လဲ Perth ရဲ့ကောင်မလေးတဲ့လား ဒါတကယ်ပဲလား
Part 21 ( the end )