အချိန်နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ကျွန်တော့်ခြေထောက်
တွေကအကောင်းကြီးတော့မဟုတ်ပေမယ့် အနည်းငယ်တော့လမ်းပြန်လျှောက်လာနိုင်ပါပြီ
ပြန်ပြီးစတင်နိုင်တဲ့ခြေလှမ်းတွေနဲ့ ပထမဆုံးလာရတာဒီနေရာ
ဖြစ်မယ်လို့မထင်ခဲ့ဘူး အိမ်မက်တောင်မမက်ခဲ့မိပါဘူး
Yuri : အဆင်ပြေရဲ့လား
ကျွန်တော့လက်ကိုတွဲထားတာ P Saint မဟုတ်ဘဲ Yuri
အဖြစ်ပြောင်းလဲသွားပါပြီ ဒီအချိန်လေးအတွင်းမှာအရင်က
ထားခဲ့တဲ့အချစ်တွေ မေတ္တာတွေအားလုံးကအရောင်တွေ
ပြောင်းသွားပြီ ထွက်မသွားပါနဲ့လို့ ဒူးထောက်ရုံမတတ်
တောင်းပန်ခဲ့တယ် ဒါပေမယ့် သူရအောင်ကိုထားခဲ့တယ်
ဒီနေရာကိုအဝင်ဝကနေ စလှမ်းလျှောက်လာထဲက ဖြစ်ခဲ့သမျှ
အရာအားလုံး ခံစားခဲ့ရသမျှအရာအားလုံး ကိုမေ့ပြီးလက်ရှိ
ဘဝမှာအကောင်းဆုံးနေဖို့ဆုံးဖြတ်ထားတယ်
ဒီနေ့ကနောက်ဆုံးကျွန်တော့်အတွေးမှာ P Saint ရှိနေတာပါ
နောကိနေ့ကစပြီး သူ့ကိုမေ့ပြစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ
ကျွန်တော်လျှောကိလာတဲ့လမ်းတစ်လျှောက်မှာ ကော်ဇောနီ
ကိုချခင်းထားတယ် ဘေးပတ်လည်မှာနှင်းဆီပန်းအဖြူတွေ
ကိုပန်းအိုးအရှည်တွေနဲ့အလှဆင်ထားတယ် တစ်နေရာလုံးကအဖြူရောင်လေးတွေကြီးပဲသုံးထားတယ်
အခန်းတစ်ခန်းထဲကို ကျွန်တော်နဲ့ Yuri အတူဝင်ခဲ့ကြတယ်
တံခါးကိုကျောပေးပြီး ထိုင်ခုံမှာထိုင်ပြီးအလှပြင်နေတဲ့မိန်းက
လေးတစ်ယောက် သူမကရွှေအိုရောင်ဂါဝန်ရှည်ကိုဝတ်
ထားတယ် မှန်ကနေ ကျွန်တော်တို့နှစ်ယောက်ကိုမြင်လိုက်
လို့ သူထပြီးကျွန်တော်တို့နားကိုလျှောက်လာခဲ့တယ်
သူ့နာမည်က Irin
Irin : အစောကြီးရောက်လာသားပဲ
ကျွန်တော်လက်ထဲကတောက်လျှောက်ကိုင်လာတဲ့ နှင်းဆီ
ပန်းစည်းကို Irin လက်ထဲကိုထည့်ပေးလိုက်တယ်
Irin : လှလိုက်တာ ကျေးဇူးပါပဲ Perth ဒီနေ့မင်းတို့ကအရမ်း
လိုက်ဖက်နေတယ်
Yuri : ကျေးဇူးပါပဲ
ကျွန်တော်အနာကျင်ဆုံးခံစားနေရပေမယ့် ပြုံးပဲနေခဲ့တော့
တယ် မပြောချင်ဆုံးစကားတစ်ခွန်းကိုနှုတ်ဖျားကနေပြောခဲ့
ရတယ်
Perth : စေ့စပ်ပွဲအတွက် ဂုဏ်ပြုပါတယ်
တံခါးဖွင့်ပြီးဝင်လာတဲ့ ခြေသံကြောင့်လှည့်ကြည့်လိုက်မိတယ်
Irin : ရောက်လာပြီလား
ကျွန်တော်မျှော်လင့်ထားတဲ့သူပါပဲ အရမ်းချစ်ခဲ့ရတဲ့ ကျွန်
တော့်ရဲ့အကိုပါ သူအရမ်းစမတ်ကျနေတယ် အနောက်တိုင်း
ဝတ်စုံအနက်လေးနဲ့လေ
Irin : ဘယ်လိုလဲ ကျွန်မလှရဲ့လား Saint
Saint : အင်း လှတယ်
Irin : Perth နဲ့ Yuri ကခုနကရောက်နေတာလေ
Perth : ဂုဏ်ပြုပါတယ် အကို မိန်းမချောလေးကိုရလိုက်
တာပဲ
ကျွန်တော်နောက်ဆုံးအကြိမ်အနေနဲ့ ဒီအချိန်နှစ်နှစိအတွင်းက ကျွန်တော်တို့ရဲ့အချိန်တွေကို ပြန်စဉ်းစားနေမိပြန်တယ်
Part 1 ( the end )
အားလုံးပဲ Update မျှော်နေမယ်မလား ဒါပေမယ့် ဒီ Fic
လေးကို Mood ဝင်မှရေးချင်တာမို့လို့ ကြာလည်းစောင့်နေပေးမယ်မလား ❤️❤️❤️
Hello My Brother Season 2 is official release
plz wait for new update 😘😘😘😘