( 11 )

892 130 5
                                    

Yuri : နင်ဘာလို့ဒီမှာထိုင်နေတာလဲ Perth ဆီမသွားဘူး
လား
အခန်းရှေ့ကခုံမှာထိုင်နေတဲ့ Saint အနားကို Yuri သွား
လိုက်တယ်
Yuri : Saint သူနင့်ကိုလိုအပ်နေတယ် ငါပြန်လိုက်တော့မယ်
သွားလိုက်ဦးနော်
Yuri ပြန်သွားပြီးခဏကြာတဲ့ထိ အဲ့အခန်းထဲကိုဝင်ဖို့အင်
အားမရှိခဲ့ပါဘူး သူ့အပေါ်မှာအားနာမိတယ် သူအခုလိုဖြစ်ခဲ့ရ
တာကျွန်တော့်ကြောင့်ပါ ဘယ်လိုလုပ်ပြီးသူ့ကိုမျက်နှာပြရမလဲ ဘယ်လိုလုပ်ရမလဲ
" ခွမ်း " အခန်းထဲကနေအသံတစ်ခုကိုကြားလိုက်တာနဲ့
Saint စိတ်ပူပြီးအထဲပြေးဝင်သွားလိုက်တယ် Perth ထိုင်နေတဲ့ဖန်ကွဲစတွေကိုတွေ့လိုက်ရတယ် ဒါပေမယ့် Perth ကတော့သူ့ကိုပြုံးကြည့်နေခဲ့တယ်
Saint : ဘာလုပ်တာလဲ Perth
Perth : ဒီလိုအသံကြားရင် အကိုရောက်လာမယ်ဆိုတာသိ
လို့တမင်ပြစ်ခွဲလိုက်တာ တကယ်ရောက်လာတယ်
Saint : Perth မင်းတော်တော်ဆိုးတာပဲ အကိုဘယ်လောက်
စိတ်ပူသွားလဲသိရဲ့လား
Perth : ကုတင်ပေါ်ပို့ပေးပါလား
Saint က Perth ကိုပွေ့ချီလိုက်တယ်
Perth : ကျွန်တော်မှ အကို့ဆီမလာနိုင်တာ အကိုကျွန်တော့်
ဆီလာတာကိုပဲစောင့်နေရတာ ဒါကြောင့် နောက်ဆို
အခန်းရှေ့မှာပဲထိုင်ငိုမနေပါနဲ့ ကျွန်တော့်ရင်ခွင်ထဲမှာ
ငိုလို့ရပါတယ် ကျွန်တော်မြင်ရတဲ့နေရာမျိုးမှာပဲနေပါ
Saint : အင်းပါ
Perth ကိုကုတင်ပေါ်မှာ ချပေးပြီးစောင်ခြုံပေးလိုက်တယ်
Saint : Perth
Perth : တောင်းပန်တယ်လို့မပြောပါနဲ့ အကိုမှားတာတစ်ခုမှ
မရှိဘူး
Perth ကသူ့လက်တွေကိုဖြန့်ကားပေးလိုက်ရင်းပြုံးနေခဲ့တယ်
Perth : ခုနကပဲပြောထားတယ်လေ ငိုချင်ရင်ကျွန်တော့်ရင်
ခွင်ထဲမှာပဲငိုပါလို့ပြောထားတယ်လေ
Saint ကရှေ့ကိုတိုးသွားလိုက်ပြီး Perth ရင်ခွင်ထဲဝင်ပြီး
ဖက်ထားလိုက်တယ်
Saint : အကိုတောင်းပန်ပါတယ် မင်းကိုကာကွယ်ဖို့အမြဲ
နောက်ကျနေခဲ့တယ် အကို့ကိုခွင့်မလွှတ်ပါနဲ့ Perth
Saint ကသူ့ရင်ခွင်ထဲမှာကလေးတစ်ယောက်လိုငိုချလိုက်
တယ်
Saint : အကို့ကိုကြိုက်တဲ့အပြစ်သာပေးပါ အကို့ကိုခွင့်မ
လွှတ်ပါနဲ့
Perth : အပြစ်လား အကို့ကိုအပြစ်ပေးလို့ရတာလား ဒါဆို
ကျွန်တော့်ကို နမ်းပါ
Saint ကအံ့သြမှင်သက်ပြီး Perth ကိုမော့ကြည့်လိုက်တယ် သူငိုနေလည်း Perth ကတော့ပြုံးနေဆဲပဲ
Perth : အပြစ်ပေးနေတယ်လေ ကျွန်တော့်ကိုမနမ်းသေးဘူး
လား
သူဝမ်းနည်းနေတာကိုသိလို့ Perth ကအခုလိုပြုံးပြနေတော့ပိုပြီး ဝမ်းနည်းရတယ် ငါကဒီလိုကောင်လေးနဲ့မထိုက်တန်
ဘူးလို့တောင် တွေးပစ်လိုက်တယ်
Perth : အကို
Perth ခေါ်လို့သူ့ကိုထပ်မော့ကြည့်လိုက်ပေမယ့် Perth က
ကျွန်တော့်ပါးကနေကိုင်ပြီး ကျွန်တော့်နှုတ်ခမ်းတွေကိုလာစုပ်
နမ်းလိုက်တယ် ကျွန်တော်လည်းသူ့ကျောပြင်တွေကိုဖက်ပြီး
ပြန်နမ်းလိုက်တယ် ဒါပေမယ့် ဒီအနမ်းတွေမှာဝမ်းနညိးမှု
ပူဆွေးမှုတွေအများကြီးပါနေတယ်
Perth : နောက်ဆို တစ်ယောက်ထဲရှောင်ပြေးဖို့မတွေးပါနဲ့
အကိုအရမ်းပင်ပန်းလို့ မခံစားနိုင်တော့လို့ငိုချချင်
တယ်ဆိုရင်တောင် ကျွန်တော့်ရင်ခွင်ထဲမှာပဲငိုပါနော်
Perth ကိုကျွန်တော်တင်းတငိးကြပ်ကြပ်ဖက်ထားလိုက်တယ်
Saint : ကျေးဇူးပါပဲ ကျေးဇူးအရမ်းတင်ပါတယ် Perth
Perth : နောက်တစ်ပတ် ခွဲစိတ်မှုကျရင် ကျွန်တော်အားတင်း
ထားမယ် အဲ့ကျရင် ကျွန်တော်ကိုယ်တိုင်အကို့ဆီ
လျှောက်လာပြီး အကို့မျက်ရည်တွေကိုသုတ်ပေးမယ်
Saint : ကျိန်းသေပေါက် မင်းအကို့ဆီလျှောက်လာနိုင်အောင်
လုပ်ပေးမယ် ရအောင်ကုသပေးမယ်
Irin ကသူ့စိတ်ကိုသူဖျောက်ပြီးအိမ်အောက်ထပ်ကိုဆင်း
လာတော့ သူ့အဖေနဲ့လူကြီးလူကောင်းတစ်စုကစကားဝိုင်းဖွဲ့
ပြောနေကြတယ်
Irin : ဘယ်သူတွေလဲ
သူတို့လုပ်ငန်းကသူတွေလည်းမဟုတ်ဘူး ဒီလူတွေကဘယ်သူတွေလဲ သိချင်စိတ်နဲ့အောက်ကိုထပ်ဆင်းသွားလိုက်
တယ်
Boy : အပေါ်ပြန်တက်ပါ မမလေး
Irin : ဘာလို့လဲ ဘာလို့ငါ့ကိုတားနေတာလဲ
Boy : သူဌေးကြီးက အနားကိုဘယ်သူမှလာခွင့်မပေးထားလို့
ပါ လုပ်ငန်းအကြောင်းဆွေးနွေးနေကြလို့ပါ
Irin : ဒီလူကြီးတွေကို တစ်ခါမှမတွေ့ဖူးဘူး ငါတို့ရဲ့ရှယ်ယာ
ဝင်တွေလည်းမဟုတ်ဘူးလေ ဘယ်သူတွေလဲ
Boy : ကျွန်တော်လည်းသေချာမသိပါဘူး သိရရင်ပြောပြပါ့
မယ် မမလေးအပေါ်သာပြန်တက်နေပါ
Irin ကအပေါ်ကိုတက်နေပေမယ့်လည်း သူ့မျက်လုံးတွေ
ကသူ့အဖေဆီပဲရောက်နေတယ် သူ့အဖေဘယ်သူတွေနဲ့စ
ကားပြောနေလို့ သူ့ကိုတောင်အနားမလာခိုင်းရတာလဲ
Sunny :Inn Mean မတွေ့တာကြာပြီ နင်ရောက်ပြီလား
ငါလာကြိုမယ်လေ
Sunny နဲ့ Mean ကဘားတစ်ခုမှာထိုင်ပြီး အတူသောက်နေကြတယ်
Sunny : ဒါဆို Saint အဆင်မပြေဘူးလို့ပြောချင်တာလား
Mean : ဟုတ်တယ် နင်သိတဲ့အတိုင်းပဲလေ သူကအရင်က
ဆိုးခဲ့တာဆိုတော့ ပြီးတော့ စာကလည်းမတော်ခဲ့ဘူး
လေ သူ့ကိုရှယ်ယာရှင်တွေကမယုံကြည်ကြဘူး
Sunny : Perth ရော နေကောင်းရဲ့လား
Mean : သူလည်းစိတ်ဓတ်ကျနေတာပေါ့ ဒါပေမယ့် Perth
က Saint အတွက်တော်တော်အားတင်းထားတာ
နင်ရော ပြန်လာဖို့စိတ်မကူးသေးဘူးလား
Sunny က Mean ကိုပြုံးကြည့်နေလိုက်တယ်
Sunny : ငါက သူတို့ကြားထဲမှာ လူပိုတစ်ယောက်ပါဟာ
ငါချစ်တဲ့သူထွက်သွားတာ သိသိရက်နဲ့ ငါမတားနိုင်
ခဲ့ဘူး အခုတော့သူကအောက်ပိုင်းသေနေရပြီ
  ငါအရမ်းချစ်တဲ့သူကိုတောင် မကာကွယ်နိုင်ခဲ့ဘူး
Mean : Sunny အဲ့လိုမတွေးနဲ့လေ သူအခုလိုလုပ်မယ်လို့
နင်ဘယ်တွေးမိမှာလဲ
Sunny : သူတို့ငါ့ကို လိုအပ်လာတဲ့အချိန် ငါပြန်လာခဲ့မယ်
နင်ကငါ့ကို သူတို့သတင်းကိုမပြတ်ပြောပြပေးပါ
" ဒုန်း " Saint ကအစည်အဝေးခန်းမက စားပွဲကိုအားနဲ့ထိုးချလိုက်တယ် သူ့မျက်နှာမှာဒေါသအရိပ်ယောင်တွေတွေ့ရတယ်
Saint : ဒါဘာလုပ်ကြတာလဲ လုပ်ငန်းနှစ်ခုကိုပေါင်းစည်းစေ
ချင်လို့အားလုံးဆန္ဒအတိုင်းလုပ်ခဲ့တယ် အခုကဘာ
ဖြစ်ပြန်တာလဲ ဘာလို့ရှယ်ယာတွေကိုပြန်ထုတ်ဖို့
ပြောနေတာလဲ
Pe : Saint
Mr.Pe အစည်းအဝေးခန်းထဲဝင်လာတာနဲ့ အားလုံးကရှောင်
ထွက်သွားကြတယ်
Pe : ထိုင်ပါ စကားအေးဆေးပြောကြတာပေါ့
Saint : အခု ကျွန်တော့်လူတွေကို ထိန်းချုပ်ထားတာလား
Pe : သူတို့အားလုံးကငါနဲ့မကင်းတဲ့သူတွေကြီးပဲ မင်းဆီသွား
မလား ငါ့ဆီလာမလား နှစိလမ်းထဲကသူတို့ဘာကိုရွေး
မယ်ထင်လဲ
Saint : ဘာလို့လဲ ဘာလို့ကျွန်တော့်ကိုဒုက္ခပေးချင်ရတာလဲ
Pe : မင်းမှာလမ်းတစ်လမ်းတော့ရှိတယ်
Saint : ဘာကိုလဲ
Pe : ငါ့သမက်လုပ်ပါ
Saint ကခဏတာမှငိသေနေပြီးတော့မှ အကျယ်ကြီးထရီ
လိုက်တယ်
Saint : အော် လက်စသတ်တော့ အပေးအယူလာလုပ်နေ
တာပဲ တောင်းပန်ပါတယ် ကျွန်တော်ကကုန်ပစ္စည်း
မဟုတ်ဘူး
Saint ကထသွားပြီးအခန်းအပြင်ကိုထွက်သွားဖို့ တံခါးကို
ဆွဲလိုက်ချိန်မှာပဲ
Pe : ချစ်ဖို့ကောင်းပြီး အရမ်းထက်မြတ်တဲ့ညီလေးက
အောက်ပိုင်းသေနေတာမလား
Perth အကြောင်းကိုပြောနေလို့ သူပြန်လှည့်ကြည့်လိုက်
တယ်
Pe : အံ့သြနေတာလား ငါမသိတဲ့အရာမရှိဘူး မင်းညီလေးကို
ပျောက်အောင်ကုပေးချင်နေတာမလား Saint မင်းမှာ
ရွေးချယ်စရာနှစ်လမ်းပဲရှိတယ် Irin လား Perth လား
မင်းသာငါ့သမက်ဖြစ်လာရင် Perth နဲ့ဒီလုပ်ငန်းကြီးအ
တွက်ဘာမှပူစရာမရှိတော့ဘူး အဲ့လိုမဟုတ်လို့ Perth
နဲ့ပဲနေမယ်စိတ်ကူးထားရင် မင်းကဘာမှမဖြစ်ရင်တောင်
မင်းညီက တစ်သက်လုံးဒီတိုင်းထိုင်နေရလိမ့်မယ်
Saint : Perth အကြောင်းကို ဘယ်လိုသိနေတာလဲ
Pe : လွယ်ပါတယ် ငယ်ငယ်ကသူပြန်ပေးဆွဲခံရဖူးတယ်မ
လား အဲ့တုန်းက သူနဲ့ Irin လေ သူမမှတ်မိတာဖြစ်မယ်
Saint : ဘာ ဒါဆို Perth နဲ့ Irin ကသိနေပြီးသားလား
Part 11 ( the end )

Hello, My Brother(completed)Where stories live. Discover now