Part 17 ❤️

1.4K 185 14
                                    

       Perth ကငယ်ငယ်ထဲကအရမ်းလိမ္မာပြီး ကြောက်လန့်နေ
တတ်တဲ့ကလေးတစ်ယောက်ပါ ဒါပေမယ့် အခုတော့သူက
အရက်တွေလည်းသောက်တတ်နေပြီ ကောင်မလေးတွေနဲ့
လည်းတွဲတတ်နေပြီ မထင်ထားခဲ့ဘူး သူဒီလိုတွေပြောင်းလဲနေမယ်ဆိုတာ
     အရင်ကဆိုမျက်မှန်လေးနဲ့ အဝတ်အစားတွေကအစပုံတုံးတုံးခပ်ရိုးရိုးပဲဝတ်စားတတ်တဲ့သူက အခုတော့ မျက်ကပ်မှန်နဲ့
စတိုင်ကျတဲ့သူအဖြစ်ပြောင်းလဲနေပြီ
   ကျောင်းတုန်းကဆို စာနဲ့ဂီတကလွဲရင်ဘာမှမသိတဲ့ကလေး
ကအခုတော့ စာမေးပွဲရှိတာတောင်ကောင်မလေးကိုအိမ်ခေါ်လာတတ်နေပြီ
   ငါစတွေ့ခဲ့တုန်းက Perth ဘယ်မှာလဲ သူဘယ်ရောက်နေတာလဲ အခုမြင်နေရတာ Perth လို့လက်မခံနိုင်သေးဘူး
Perth ရဲ့ခြေလှမ်းတွေက Saint တည့်တည့်ကိုရဲရဲဝံ့ဝံ့လျှောက်လာခဲ့တယ်
G   : သူတို့ကဘယ်သူတွေလဲ သူငယ်ချင်းတွေလား
  Perth ကအဲ့ကောင်မလေးရဲ့ပခုံးကိုဖက်ထားလိုက်ပြီး ပြုံးပြီး
ပြောလိုက်တယ်
Perth : ဟုတ်တယ် သူငယ်ချင်းတွေ ဘယ်လိုလုပ်ကြမလဲ
            ဒီညပျော်လို့မရနိုင်တော့ဘူး
G   : နှမြောစရာပဲ မနက်မှကျောင်းမှတွေ့ကြတာပေါ့
    ဒီညပျော်ချင်တယ်တဲ့လား Perth ဘာတွေလုပ်နေတာလဲ
အဲ့စကား အဲ့အပြုံးတွေကငါ့ကိုထိတ်လန့်စေတယ်
Perth ကကောင်မလေးလက်ကိုနမ်းလိုက်တယ်
Perth : See you
   Saint လုံးဝဆွံ့အသွားခဲ့ပြီ သူဘာမှမပြောနိုင်တော့ဘူး
အဲ့အနမ်းကနှုတ်ဆက်တဲ့အနေနဲ့ဆိုရင်တောင် မကြိုက်ဘူး
Sunny : Saint ရောက်နေတယ်
   Perth ကခဏလောက် Saint ကိုကြည့်နေလိုက်တယ်
နှစ်ယောက်လုံးဘာစကားမှမပြောဘဲ မျက်လုံးချင်းပဲဆုံ
ကြည့်လိုက်တယ် " အကို ဘယ်လိုရောက်လာတာလဲ ကျွန်
တော်အကို့ကိုသတိရနေတာ လွမ်းနေတာ နေကောင်းရဲ့လား" ကျေးဇူးပြုပြီးအဲ့လိုမေးခွန်းလေးတွေမေးပေးပါလား
Perth ရယ်
  Perth ဆီကစပြောလိုက်မယ့်စကားလေးကိုမျှော်နေတာ
သူဘာများပြောမလဲလို့ပေါ့
Perth : သိတယ်လေ မြင်နေရတာပဲကို
   မျှော်လင့်ချက်တွေကိုဒီလိုပဲရိုက်ချိုးရလား Perth ငါမျှော်
လင့်နေခဲ့တာ မင်းဆီအပြေးလာဖို့ငါအများကြီးကြိုးစားခဲ့ရတာ
အဲ့အတွက်ရလဒ်ကဒီတစ်ခုထဲလား ဒီစကားတစ်ခွန်းပဲလား
Perth ကအခန်းနံပတ်ကိုထည့်လိုက်တယ်
Perth : ဝင်ကြလေ
Sunny : မဝင်တော့ဘူး ငါပြန်တော့မယ်
  Sunny ကစိတ်ဆိုးနေပုံနဲ့ချက်ချင်းထွက်သွားလိုက်တယ်
Perth ကအခန်းထဲကိုဝင်သွားတော့ Saint လည်းအထုပ်တွေကိုသယ်ပြီးဝင်သွားလိုက်တယ်
Perth : ဒီမှာအေးဆေးနားလို့ရတယ် ဘယ်သူမှမရှိဘူး
  Perth ကသူ့လွယ်အိတ်ထဲအဝတ်အစားတစ်စုံနဲ့ စာအုပ်တွေထည့်ရင်းပြောလိုက်တယ် Saint ကိုမျက်နှာချင်းတောင်ဆိုင်ပြီးလှည့်မပြောဘူး Perth ဘာလို့အဲ့ဒါတွေထည့်နေရတာလဲ
Saint ချက်ချင်းထိုင်နေရာကထလိုက်တယ်
Saint : ဘာလို့အဲ့ဒါတွေကိုထည့်နေရတာလဲ
Perth : အေးဆေးအိပ်ပါ ကျွန်တော်သူငယ်ချင်းအိမ်သွားနေ
          မလို့
Saint : နေဦး Perth  
   Perth ကတံခါးနားရောက်ခါနီးမှာရပ်လိုက်တယ်
Saint : ငါပြောဖို့မေ့နေတာ ငါဟိုတယ်မှာသွားတည်းမလို့
         မင်းအခန်းမှာငါမနေနိုင်ဘူး ငါကကောင်းတာမှကြိုက်
            တာသိတယ်မလား
  Perth ကသူရှိနေလို့ ထွက်သွားမယ်ဆိုတာ Saint သိတာပေါ့ မနက်ဖြန်စာမေးပွဲလေ ဒီကောင်လေးကိုမနှောင့်ယှက်ချင်
ဘူး သူ့ကြောင့်စာမေးပွဲထပ်မဖြေနိုင်တာမျိုးမဖြစ်စေချင်ဘူး
Saint : မနက်ကောင်းကောင်းဖြေခဲ့နော် အဖေကမင်းအ
         တွက်အရမ်းဂုဏ်ယူနေတာ သွားတော့မယ်နော်
  Saint ထွက်သွားခါနီးထိ Perth ကဘာမှပြန်မပြောခဲ့ဘူး
အကို မသွားပါနဲ့လို့ကြားချင်လို့မျှော်လင့်တကြီးစောင့်နေပေ
မယ့် Perth ကသူ့ကိုတစ်ချက်တောင်မကြည့်ဘဲခေါင်းကိုပဲငုံ့
ထားလိုက်တယ် နောက်ဆုံးအချိန်ထိသူမတားခဲ့တော့ သူမ
မြင်နိုင်အောင်ပဲမျက်ရည်တွေနဲ့အိမ်ကထွက်လာခဲ့တယ်  
   Saint အရမ်းပင်ပန်းနေပြီ သူထင်ထားတာတွေကတစ်ခြား
စီဖြစ်နေခဲ့ပြီ တင်းထားသမျှမာန်တွေကိုအခုလျှော့ချလိုက်ရပြီ
လမ်းဘေးပလတ်ဖောင်းပေါ်ထိုင်ချလိုက်ပြီးရှိုက်ကြီးတငင်ကို
ငိုချလိုက်တော့တာပဲ
Perth : ပြောတော့ ဟိုတယ်မှာနေမှာဆို ဒါဟိုတယ်လား
          ဆိုးမိုက်ခဲ့တဲ့လူဆိုးကဒီလိုမျက်ရည်လွယ်လွယ်ကျရ
          လား
   Saint မသိတာက Perth ကကားပေါ်ကနေသူ့ကိုစောင့်
ကြည့်နေတယ်ဆိုတာပဲ သူမသိဘဲနဲ့ငိုနေခဲ့တာကလေးတစ်
ယောက်လိုပဲ
   ရုတ်တရက်လူတစ်ယောက်ကသူ့လွယ်အိတ်ကိုဆွဲလုပြီး
ထွက်ပြေးသွားတယ်
Saint : ဘာလုပ်တာလဲ ရပ်လိုက် ဟေ့ကောင်
  Saint ကအနောက်ကနေပြေးလိုက်ခဲ့တယ် ဒါပေမယ့် ထူး
ဆန်းတာတစ်ခုကသူ့ခြေထောက်တစ်ဖက်ကဘာဖြစ်တာလဲ
ပြေးတာကြာလာတော့ သူ့ခြေထောက်ကထော့နဲ့ထော့နဲ့ဖြစ်
လာပြီးချော်လဲကျသွားတယ်
Saint : Arrr နာလိုက်တာ
  Saint ကသူ့ခြေထောက်ကိုကိုင်ပြီးနာကျင်လို့မလှုပ်နိုင်တော့
ဘူး
   ခါးပိုက်နှိုက်က Saint လွယ်အိတ်ကိုဖွင့်ကြည့်ဖို့လုပ်နေတုန်းမှာပဲ ဘေ့စ်ဘောတုတ်တစ်ချောင်းကသူ့ခေါင်းနားရောက်
လာတယ်
Perth : မင်းမနာချင်ရင် ဒီအိတ်ကိုပိုင်ရှင်ကိုပြန်ပေးလိုက်
         မဟုတ်ရင် ထောင်ထဲပို့ပြစ်လိုက်မယ် နားလည်လား
  Saint ထိုင်နေရင်းနဲ့ပဲဘယ်သွားပြီး ဘာလုပ်ရမလဲမသိတော့ဘူး
Saint : Mean ငါ့ကိုပိုက်ဆံနည်းနည်းလွှဲပေးပါလား ငါ့အိတ်
         အလုခံလိုက်ရလို့
   Saint ဖုန်းပြောနေတုန်းပဲ ခါးပိုက်နှိုက်ကပြေးပြီးသူ့အိတ်ကိုသူ့ဘေးပြန်ပြစ်ချလိုက်တယ် Saint ကအိတ်ကိုမြင်တော့
ယူပြီးဖွင့်ကြည့်လိုက်တယ် ဘာပစ္စည်းမှမပျောက်သွားဘူး
Saint : တော်သေးတာပေါ့ ဘာလို့ပြန်လာထားသွားတာလဲ
   Saint ကလွယ်အိတ်ကိုဖက်ထားပြီးပျော်နေတယ်
Perth : ဘာတွေများပါလို့လဲ ဒီလောက်ထိပျော်နေတာ
  Saint နောက်ဆုံးဟိုတယ်ထဲဝင်သွားတဲ့အထိနောက်ကနေလိုက်ကြည့်နေခဲ့တယ် အချိန်တော်တော်ကြာတဲ့အထိမပြန်
ဘဲစောင့်ကြည့်နေခဲ့တယ်
Saint : ဟုတ်တယ် သူစာမေးပွဲပြီးမှအေးဆေးစကားပြောရ
         မယ် အားလုံးအဆင်ပြေမှာပါ
  Saint ကအိပ်နေရင်းသူ့ရင်ဘတ်ကိုသူပုတ်ပြီးတွေးနေတယ်
အားလုံးအဆင်ပြေမယ်ဆိုတာကိုပဲယုံကြည်နေတော့တယ်
Sunny : Perth မင်းဖြေနိုင်တယ်မလား
Perth : ဖြေနိုင်ပါတယ်
Sunny : Saint နဲ့အတူနေတာလား
Perth : မသိဘူး အတူမနေတာတော့သေချာတယ်
   Sunny က Perth ကိုစိတ်ပျက်နေတဲ့ပုံနဲ့
Sunny : မင်းအကိုကမင်းဆီလိုက်လာတာလေ မင်းသူနဲ့နေ
           ရမှာပေါ့
Perth : သူကဧည့်သည် အချိန်တန်ပြန်မှာ
   Perth ကလွယ်အိတ်ကိုလွယ်ပြီးထွက်သွားလိုက်တယ်
ဒီကလေးဘာတွေဖြစ်နေတာလဲ
Perth ကျောင်းပါကင်ကိုသွားဖို့လမ်းလျှောက်နေတုန်း မထင်
ထားဘဲ Saint အပြင်မှာထိုင်စောင့်နေတာတွေ့လိုက်တယ်
သူဒီကိုဘာလာလုပ်တာလဲ
Saint : Perth
Perth : ဘာလို့ဒီကိုရောက်နေတာလဲ
Saint : မင်းစာမေးပွဲဖြေနိုင်လားမေးချင်လို့ပါ
   ဒါလေးမေးဖို့ဒီမှာထိုင်စောင့်နေရလား P Saint
Perth : တော်ပြီးသားဆိုတော့ဖြေနိုင်ပါတယ်
Saint : ငါသိပါတယ် မင်းကအရမ်းတော်တာကို
Perth : ကားပေါ်တက်လေ နေတဲ့နေရာကိုပို့ပေးမယ်
   Perth ကချက်ချင်းဟိုဘက်တံခါးကဝင်လိုက်တော့သူလည်းကားပေါ်မှာထိုင်လိုက်တယ် မေးချင်တဲ့မေးခွန်းတွေ ပြော
ချင်နေတဲ့စကားတွအများကြီးကိုဘယ်ကနေစပြောရပါ့မလဲ
ဘာလို့ငါကဒီနေရာမှာသတ္တိကြောင်နေရတာလဲ ငါသူ့ကိုချစ်
နေဆဲပဲဆိုတာပွင့်ပွင့်လင်းလင်းပဲပြောလိုက်ချင်ပြီ
                                     Part 17 ( the end )

Hello, My Brother(completed)Where stories live. Discover now