( 3 )

1.1K 131 8
                                    

      " ဒေါ်လေး " လို့အော်ခေါ်ပြီးအိမ်ထဲပြေးဝင်လာတဲ့ကောင်
မလေးကိုမြင်တာနဲ့ အိမ်အကူအဒေါ်ကြီးကပြုံးလိုက်မိတယ်
W  : ပြန်ရောက်လာပြီလား သမီး
     Luggage ကိုဆွဲပြီးဝင်လာတာ Yuri ဖြစ်နေတယ်လေ
Yuri : ဟုတ်ကဲ့ Saint ရော ရုံးသွားပြီလား
W  : inn အစောကြီးထွက်သွားတယ်
Yuri : Perth ရော အိပ်တုန်းလား
W  : ဟုတ်မယ် သမီး အခုထိ Bell မတီးသေးဘူး
     လက်ပတ်နာရီကိုကြည့်လိုက်တော့ မနက် ၈ ခွဲနေပြီ
Yuri : 8 ခွဲနေပြီ အခုထိသူအိပ်နေတာလား အရင်ကဆို 7 ခွဲ
        လောက်ဆိုနိုးနေပါပြီ
W  : မနေ့ကလည်းထတာနောက်ကျတယ်
Yuri : သွားကြည့်ဦးမှပါ
    Yuri ကစိတ်မတင်မကျဖြစ်လို့ အပေါ်ကိုချက်ချင်းပြေး
တက်သွားတယ် အခန်းတံခါးကိုဖြည်းဖြည်းလေးဖွင့်ပြီး
ချောငိးကြည့်လိုက်တော့ Perth ကကုတင်ပေါ်မှာအိပ်နေဆဲ
ဒီကောင်လေးရဲ့မျက်နှာလေးကအိပ်နေရင်တောင် ပြည့်စုံ
လွန်းပြီးချောမောနေတယ် အဲ့မျက်နှာလေးကို Yuri ကကုတင်
ဘေးအောက်လေးမှာထိုင်ချပြီး အနီးကပ်ကြည့်နေလိုက်တယ်
Yuri : ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ
    Yuri က Perth ရဲ့မျက်နှာလေးကိုလက်လေးနဲ့ထိကိုင်
လိုက်တယ် အသားကိုထိတွေ့လိုက်လို့ Perth နိုးပြီးမျက်လုံး
တွေဖွင့်ကြည့်လိုက်တယ် Yuri ကိုမြင်လိုက်တာနဲ့သူပျော်
မိတယ်
Perth : Yuri
Perth ကထထိုင်ဖို့လုပ်လိုက်တော့Yuri ကထူပေးလိုက်တယ်
Yuri : ဖြည်းဖြည်းထ
Perth : ဘယ်လိုရောက်လာတာလဲ ဖုန်းလည်းကြိုမဆက်ဘူး
          အမေ့ဈာပနရော အဆငိပြေတယ်မလား
Yuri : အားလုံးပြီးခဲ့ပါတယ် နင့်ကိုအံ့သြစေချင်လို့ဖုန်းမဆကိ
           တာ
Perth : တောင်းပန်ပါတယ် ငါလာပြီးဝိုင်းမကူပေးနိုင်တာ
   Perth အဲ့လိုနှိမ့်ချပြီး သူ့အကြောင်းသူသိလို့ အားငယ်စိတ်
ဝင်တဲ့အချိန်ဆို သူ့မျက်နှာလေးကအရမ်းသိသာတာပဲ
အရင်လိုလွတ်လွတ်လပ်လပ်မဟုတ်ဘဲ ဒီအတိုင်းနေနေရတဲ့
ဘဝကြီးကိုသူစိတ်ကုန်နေတာ သူ့ကိုသူကြည့်ပြီးအားမရတာ
စိတ်ပျက်နေတာ ဘေးလူကတောင်သိနိုင်တယ်
Yuri : Perth ငါကိုးရီးယားကဆရာဝန်နဲ့တိုင်ပင်ထားတယ်
Perth : တော်ပါတော့ဟာ P Saint ကလည်းငါ့ကိုမကြာခင်
              ခွဲစိတ်မှုလုပ်တော့မယ် ဒါပေမယ့် မသေချာဘူးလေ
Yuri : မလုပ်ကြည့်သေးဘဲနဲ့ နင်ဘာလို့စိတ်ဓာတ်ကျနေရ
        တာလဲ နင့်ကိုနင်အားတင်းထားမှဖြစ်မှာပေါ့ ဒီခွဲစိတ်မှု
           ပြီးရင် နင့်ကိုလမ်းလျှောက်ကျင့်ဖို့ငါလုပ်ပေးမယ်
  Nurse မလေးကအခန်းတံခါးကိုခေါက်ပြီးဝင်လာခဲ့တယ်
Nurse : မင်္ဂလာပါ Yuri
Yuri : ငါအောက်ထပ်ကိုဆငိးလိုက်ဦးမယ် ပြီးမှပြန်လာခဲ့မယ်
Yuri ကထထွက်သွားခါနီး Nurse နားကိုကပ်ပြောလိုက်တယ်
Yuri : သူ့ကိုဂရုစိုက်တဲ့နေရာမှာ အမှားအယွင်းမရှိပါစေနဲ့
Nurse : ဟုတ်ကဲ့
    Yuri လည်း Perth အားငယ်နေတဲ့မျက်နှာမျိုးကိုမကြည့်
ချင်လို့အောက်ထပ်ကိုပြန်ဆင်းလာခဲ့တယ်
Yuri : အခုချိန် Saint ကဘယ်ရောက်နေတာလဲ
   Saint ကရူံးခန်းထဲကိုဒေါသတကြီးဝင်လာပြီးစားပွဲကိုလက်
နဲ့ထုချလိုက်တယ်
Mean : Saint စိတ်လျော့လေကွာ
Saint : ငါ့အဖေလက်ထက်ကလူတွေက ငါ့ကို CEO နေရာ
             ကဆွဲချဖို့သက်သက်ကြံရွယ်နေတာပဲ
Mean : မင်း Mr.Pe နဲ့တွေ့ဖို့ရော ချိန်းပြီးပြီလား သူသာ
            အထောက်အပံ့ပေးရင် မင်းကိုလက်ခံလာကြလိမ့်မယ်
   အတွင်းရေးမှူးကတံခါးဖွင့်ပေးလိုက်တော့ ရှယိယာရှင်တစ်
ဦးကဝင်လာခဲ့တယ်
Saint : အန်ကယ်ရောက်လာပြီလား ထိုင်ပါ
Man :  ဘာအတွက်တွေ့ချင်တာလဲ
Saint : အခု Company တွင်းဖြစ်နေတဲ့ပြသနာတွေကို အန်
            ကယ်လည်းသိမှာပါ အဖေ့လက်ထက်ထဲကအန်ကယ်  
             ကအကြီးဆုံးရှယ်ယာဝင်တစ်ယောက်ပါ ဒါကြောင့်
Man : မင်းဘက်ကနေပေးဖို့ ပြောချင်တာလား Saint လုပ်
           ငန်းတစ်ခုလုပ်တာထင်သလောက်မလွယ်ဘူး မင်းအ
         ကြောင်းကိုအန်ကယ်ကအသိဆုံးပါ မင်းကျောင်းတောင်
           ပြီးအောင်မတက်ခဲ့ဘဲနဲ့ လွယ်ကူပါ့မလား အဲ့အစား
            Perth ကိုခေါ်ခဲ့ရင်ပိုအဆင်ပြေမယ်
    Saint ကအဲ့စကားကိုကြားတာနဲ့ ထရီလိုက်တယ်
" ဟား ဟား ဟား "
Saint : ကျွန်တော်တုံးအတဲ့သူမဟုတ်ဘူး လက်စသတ်
            တော့ ကျွန်တော့်ကိုဆွဲချပြီး Perth ကို CEO ဖြစ်စေ
            ချင်နေတာပဲ အဖြေကအဲ့ဒါလား
Man : အပွင့်လင်းဆုံးဆိုအဲ့ဒါအားလုံးလိုချင်တဲ့အရာပဲ
            Perth ဆီမှာအရည်အချင်းကောင်းတွေအများကြီးရှိ
            တာသိတယ် သူကအရမ်းတော်တဲ့လူငယ်လေးလေ
Saint : သူနေမကောင်းဘူးလေ
Man : ကောလဟာလတွေကဘာပြောလဲသိလား မင်းကမင်း
            အဖေရဲ့အရာအားလုံးကိုပိုင်ချင်လို့ အမေနဲ့ညီကိုဒုက္ခ
            ရောက်အောင်လုပ်ထားတဲ့ဆိုတဲ့အသံမျိုးတွေ
   ကောလဟာလဆိုတာသိနေပေမယ့် အဲ့လိုမျိုးကိုတိုက်ရိုက်
ကြားလိုက်ရတဲ့အချိန်ရင်ထဲမှာဒေါသမီးကဗလောင်ဆူနေပြီ
Perth ကိုဘယ်လောက်ထိချစ်ရလဲ ဘယ်လောက်ထိစောင့်
ရှောက်ပေးနေရလဲ သူ့အပေါ်မှာဘယ်လောက်ထိဂရုစိုက်နေ
ရလဲဆိုတာမသိကြဘဲနဲ့ လွယ်လွယ်ပြောထွက်ကြတဲ့စကား
သံတွေကိုမုန်းမိတယ်
Man : ဒါဆို သွားလိုက်ပါဦးမယ်
Mean : Saint
    သူငယ်ချင်းကိုဘယ်လိုနှစ်သိမ့်ပေးရမလဲတောင် မသိနိုင်
တော့ဘူး စကားစတောင်ရှာမရနိုင်တော့ဘူး
Saint : ငါအိမ်ပြန်တော့မယ်ကွာ
   Saint ကသူ့အိတ်တွေကိုယူပြီး ချက်ချင်းထွက်သွားတယ်
Nurse ကရေနွေးခွက်ကိုယူပြီး Perth အခန်းထဲဝင်လာတယ်
Nurse : ရေနွေး ရပါပြီ
Perth : ကျေးဇူးပါ အမ
    Nurse ကရေနွေးကို အိုးထဲကနေငှဲ့ပေးလိုက်ရင်းမတော်
တဆ Perth ရဲ့လက်ပေါ်ကိုဖိတ်ကျမိသွားတယ်
Perth : Arr
Nurse : တောင်း တောင်းပန်ပါတယ်
   Nurse မလေးကအရမ်းလန့်သွားတယ် Perth ရဲ့လက်ကို
ဘေးကအဝတ်နဲ့အမြန်သုတ်ပေးလိုက်တယ်
Saint : ဒါဘာလုပ်တာလဲ
    Saint ကစိတ်ဆိုးမာန်ဆိုးနဲ့အော်ပြီး Perth လက်ကိုအမြန်
ပြေးပြီးကိုင်ကြည့်လိုက်တယ် လက်ကအပူလောင်ပြီးအနီရောင်တောင်သန်းသွားတယ်
Saint : ဘယ်လိုတောင် နမော်နမဲ့နိုင်ရတာလဲ ပြောလေ
   Saint ကအတင်းအော်ပြောနေတော့ Nurse မလေးကလန့်
ပြီးဘာမှတောင်ပြန်မပြောနိုင်ရှာဘူး
Perth : P Saint ကျွန်တော်အဆင်ပြေပါတယ် အဲ့လောက်မ
            အော်ပါနဲ့
    Saint ပြန်ပြီး Perth ကိုလှည့်ကြည့်လိုက်တဲ့အကြည့်က
မထင်ထားဘဲကြောက်ဖို့ကောင်းတယ်
Saint : မင်းကဘာကိုအဆင်ပြေတာလဲ မင်းကိုဘယ်သူက
             ဘာပဲလုပ်လုပ် အဆင်ပြေနေတာပဲလား
    Saint တစ်ခါလောကိအော်လိုက်တော့မှ Perth လည်းဘာ
မှဝင်မပြောဘဲငြိမ်သွားတော့တယ်
Saint : ငါ့ညီ အသားကိုပူအောင်လုပ်တာ ငါ့ကိုပူအောင်လုပ်
            တာနဲ့အတူတူပဲ ထွက်သွား နောကိနေ့ကစပြီးအလုပ်
            ဆငိးဖို့မလိုဘူး ချက်ချင်းထွက်သွား
   Nurse မလေးလည်းငိုပြီးပြေးထွက်သွားတယ်
Perth : P Saint အလုပ်မှာစိတ်ညစ်စရာများရှိလာလို့လား
    Saint က Perth ထိုင်နေတဲ့ရှေ့မှာဒူးထောက်ချလိုက်ပြီး
Perth ခါးကိုဖက်ပြီးခေါင်းလေးမှီထားလိုက်တယ်
Saint : အကို့ကိုယုံတယ်မလား
Perth : အကို ဘာဖြစ်လာတာလဲ
Saint : ဖြေပေးပါ
     Perth ကသူ့ရင်ခွင်ထဲက Saint ကိုပြန်ပြီးအပေါ်ကနေ
ဖက်ထားလိုက်တယ်
Perth : ယုံကြည်တာပေါ့ ကျွန်တော့်ဘဝကိုတောင်အကို့
            လက်ထဲပုံအပ်ပြီးသားပါ ယုံကြည်ပြီးချစ်လို့ပါ
Saint : ကျေးဇူးပါပဲ Perth တကယ်ကျေးဇူးပါပဲ
     ကျွန်တော့်ရဲ့အပြုံးတွေက ဒီရင်ခွင်ထဲရောက်မှ ပြန်အသက်ဝင်လာနိုင်တာပါ
                                      Part 3 ( the end )

  

Hello, My Brother(completed)Where stories live. Discover now