Part 22❤️

1.4K 173 14
                                    

Yuri : Perth ပြန်မရောက်သေးတာလား ရှင်က
Saint : Saint ပါ
Saint ဆိုတဲ့နာမည်ကြောင့် Yuri ကသေချာကြည့်ပြီးရီ
လိုက်တယ်
Yuri : Saint လား ဒါဆို Perth ရဲ့အကိုပေါ့
Saint : ငါ့ကိုသိတယ်လား
Yuri : ဒါပေါ့ ရှင်ကနာမည်ကြီးပဲ
Yuri ဘာကိုဆိုလိုချင်တာလဲ သူ့ကြည့်ရတာ Perth ရဲ့အ
ခန်းကိုခဏခဏရောက်နေကျထင်တယ် အခန်းထဲကပစ္စည်း
ထားတဲ့နေရာတိုင်းကိုသူသိတယ်
Yuri : သောက်ပါဦး တံခါး Bell သံပဲ Perth ပြန်လာပြီထင်
တယ်
Saint ကသွားဖွင့်ပေးချင်ပေမယ့် Yuri ကပြေးပြီးဖွင့်ပေး
လိုက်တော့သူမတတ်နိုင်ဘူး ဒီတိုင်းကြည့်နေရုံပဲလေ
Perth : Yuri ဘယ်တုန်းကပြန်ရောက်နေတာလဲ
Yuri : Long Time no see Perth
Yuri က Perth ကိုဖက်ထားလိုက်တယ် Perth သတိထား
မိလိုက်တာက Saint သူတို့ကိုကြည့်နေတာပဲ သူရုန်းဖို့ပြင်
လိုက်ပေမယ့် ဒီအတိုင်း Saint မြင်တာကြာရင်သူ့ကိုပိုမုန်း
သွားမှာပါဆိုတဲ့အသိနဲ့ပြန်ဖက်ထားလိုက်တယ်
Perth : မိတ်ဆက်ပြီးပြီလား ဒါငါ့အကိုလေ
Yuri : မိတ်ဆက်ပြီးပြီ ငါက Yuri ပါ
   Yuri ကပြုံးစိစိနဲ့ Perth လက်မောင်းကိုချိတ်ထားလိုက်ပြီး
ချစ်စရာမျက်နှာလေးနဲ့ Perth ကိုကြည့်လိုက်တယ်
Yuri : Perth ဆိုတဲ့အာရှသားလေးရဲ့ ချစ်သူ နင့်ခယ်မပေါ့
    Saint စိတ်ထဲမှာဖြစ်လာတဲ့ခံစားချက်တွေကသူ့ကိုရူးသွပ်
သွားစေသလိုပဲ စိတ်တိုတယ် ဝမ်းနည်းတယ် ခံစားရခက်တယ် ဒါတွေကိုသိရဲ့လား Perth
Yuri : Perth မျက်နှာမှာတစ်ခုခုပေနေလို့လား ဘာလို့စိုက်
        ကြည့်နေတာလဲ
    Yuri အခုလိုပျော်ပျော်ရွှင်ရွှင်နဲ့သူ့ကိုလက်ခံစကားပြောနေ
တာကိုကြည့်ရင်းနဲ့ ပိုမခံစားနိုင်တော့ဘူး
Saint : Sunny အိမ်ခဏသွားဦးမယ် 
    Saint ချက်ချင်းသူ့ခေါင်းကိုငုံ့ပြီးထွက်သွားလိုက်တယ် သူ
ငိုတာကို Perth မြင်မှာစိုးရိမ်မိတယ် Yuri က Saint ထွက်သွားတာနဲ့ Perth လက်ကိုလွှတ်ပြီးဆိုဖာပေါ်ပြန်ထိုင်
လိုက်တယ်
Yuri : သူဝမ်းနည်းသွားပုံပဲ ဒါနဲ့ ငါနင်ခေါ်လို့ကိုရီးယားက
           ချက်ချင်းပြန်လာရတယ် ဘာကိစ္စဖြစ်လို့လဲ
Perth : သူပြန်ရောက်လာပြီ Yuri ငါတို့အစီအစဉ်အတိုင်း
             ဆက်လုပ်ကြရအောင်
Yuri : Saint ကိုရော
   Yuri မေးတာကိုဘယ်လိုပြန်ဖြေရမလဲမသိတော့ဘူး သူတို့
လုပ်မယ့်အရာတွေက Saint ကိုနာကျင်စေလိမ့်မယ် အဓိကက Saint ရှေ့မှာ Yuri နဲ့တွဲတာကသူ့ကိုပိုနာကျင်စေလိမ့်မယ်
Perth : အားလုံးသူ့အတွက်ကြီးပါပဲ Yuri ရာ အားလုံးက
             Saint ဆိုတဲ့ကောင်လေးအတွက်ပါပဲ ငါ့ဖို့မဟုတ်ဘူး
             သူ့အတွက်
   Perth ကပြောနေရင်းနဲ့ကိုမျက်ရည်တွေတသွင်သွင်စီးကျ
လာတော့ Yuri ကသူ့ပခုံးကိုကိုင်ထားပြီးအားပေးလိုက်တယ်
Sunny : Yuri ဆိုတဲ့ကောင်မလေးနဲ့တွေ့လာတာလား
    Saint ကစိတ်ပျက်လက်ပျက်နဲ့တိုင်ကိုမှီပြီးမျက်နှာကြက်
ကိုပဲငေးကြည့်နေမိတယ် ငိုစရာမျက်ရည်လည်းမရှိတော့ဘူး
Saint : ကောင်မလေးကချစ်စရာလေး ချောတယ် ပညာတတ်
            မယ့်ပုံလေး
Sunny : Saint နင်ငါ့ကိုအမှန်အတိုင်းဖြေ နင်နဲ့ Perth ကြိုက်
              ခဲ့တယ်မလား
   Sunny ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ် ငါတို့
ကြိုက်ခဲ့တာတဲ့လား မဖြေတတ်ဘူး ငါတော့သူ့ကိုချစ်တယ်
သူတော့ငါ့ကိုချစ်မချစ်မသိတော့ဘူး
Sunny : Perth က
    သူပြောနေရင်းကနေရပ်လိုက်တယ် Sunny ဘာကိုပြော
ချင်နေတာလဲ
Saint : Perth ဘာဖြစ်လို့လဲ
Sunny : သူဘာလို့ပြောင်းလဲသွားလဲမသိဘူး ဒါပေမယ့် ငါ့အ
              တွက်သေချာတာတစ်ခုတော့ရှိတယ် Saint
      Saint အိမ်ကိုအလောတကြီးပြန်လာခဲ့တယ် သူအင်အား
ရှိသလောက် ပြေးလာခဲ့တယ် Perth ဘာတွေလုပ်ဖို့စဉ်းစား
နေတာလဲ သူငါ့ကိုချစ်နေသေးတာလား ဒါဆိုဘာလို့ရှောင်
ပြေးချင်နေရတာလဲ 
    " သေချာတာကသူနင့်ကိုချစ်နေတယ် နင်ဆေးရုံတက်တုန်းကသူနင့်အတွက်ငိုနေခဲ့တာ Perth ကနင့်ကိုချစ်နေသေး
တယ်ဆိုတာအကြွင်းမဲ့ယုံကြည်တယ် Saint "
     တကယ်သာ Sunny ပြောပုံအရဆို Perth ကငါ့ကိုချစ်နေ
သေးတယ် ဒါဆိုဘာလို့သူဒီလိုလုပ်နေတာလဲ တစ်ခါတစ်လေ
သူငါ့အတွက်စိတ်ပူတာတွေက ချစ်နေသေးတယ်လို့ခံစားရ
တယ် ဒီကိစ္စကိုဒီနေ့မေးရမှဖြစ်မယ်
Yuri : ဒီလောက်ဆိုအဆင်ပြေလား
   Yuri က Shower သဘက်ကိုပဲပတ်ထားပြီးအပေါ်ပိုင်းက
ဘာမှမဝတ်ထားဘူး
Yuri : ငါ့ခန္ဓာကိုယ်ကသိပ်လှတာပဲ
   သူ့ကိုသူမှန်ရှေ့မှာဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့
ကြည့်ရတဲ့ Perth တောင်ခေါင်းမူးမိတယ်
Perth : Yuri လာထိုင်ပါ ငါခေါင်းမူးလို့
Yuri : Yarrr ငါကနင့်ကိုလာကူညီတာနော် စကားပြောတာ
          ဆင်ခြင်
Perth : ဟုတ်ကဲ့ပါ မမလေး
     " တီ တောင်........ " နှစ်ယောက်လုံးတံခါးကိုလှည့်ကြည့်
လိုက်တယ် သူတို့စောင့်နေတဲ့သူလာပြီပေါ့
Yuri က Perth ခါးကိုဖက်ထားလိုက်ပြီးတံခါးကိုအတူဖွင့်
လိုက်ကြတယ် နှစ်ယောက်လုံးရီမောနေပြီးတော့  ဒါပေမယ့်
သူတို့စောင့်နေတဲ့သူရောဟုတ်ပါ့မလား တံခါးရှေ့မှာရပ်ကြည့်
နေတာက Saint လေ
   ကို့မျက်လုံးကိုတောင်မယုံနိုင်ဘူး ကန်းသွားပြီးဘာမှမမြင်
တော့တဲ့အထိဖောက်ထုတ်လိုက်ချင်တယ် သူတို့ကအတူနေ
တဲ့ပတ်သတ်မှုအဆင့်တောင်ရောက်သွားပြီလား လုံးဝမဖြစ်
နိုင်ဘူး သူမြင်နေရတာ Perth ဟုတ်ရဲ့လား
     ရုတ်တရက်ဆိုတော့ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့
ဘူး အကိုထင်နေသလိုမဟုတ်ပါဘူးလို့ဘယ်လိုပြောရမလဲ
လောလောဆယ်တော့သူတို့ဒီတံခါးဝမှာဆက်ရပ်နေလို့်မရဘူး
Perth : P Saint အထဲကိုအရင်ဝင်ပါ
    Perth ကခေါ်ပေမယ့် Perth ရဲ့လက်ကိုအတင်းလွှတ်ချ
လိုက်တယ် Saint မျက်လုံးထဲကဒီလိုစူးရှတဲ့အကြည့်မျိုးမြင်
ဖူးတာဒါပထမဆုံးပဲ သူတကယ်စိတ်ထိခိုက်သွားပုံပဲ
Saint : လွန်လွန်းတယ် မင်းတကယ်လွန်တယ်
    Saint ကထွက်သွားဖို့လုပ်ပေမယ့် Perth ကအတင်းဆွဲ
ထားလိုက်တယ်
Perth : နားထောင်ဦး ကျွန်တော်ပြောတာနားထောင်ပါ
   Perth ကအော်လိုက်တော့မှ Saint ခဏမှင်သက်သွား
တယ်
Yuri : Saint အထဲကိုခဏလောက်ဝင်နေလို့မရဘူးလား
        တောင်းပန်တာပါ အခုချိန်ရှင်ထွက်သွားလို့မရဘူး
        ကျွန်မတို့နှစ်ယောက်ကရိုးရှင်းတယ်
   Saint ကသက်ပြင်းချပြီးရီလိုက်ရုံကလွဲရင်မတတ်နိုင်
တော့ဘူး
Saint : ဒီအခြေအနေက ရိုးရှင်းတယ်တဲ့လား လွှတ်လိုက်ပါ
          ငါမရှိလည်းနေလို့ဖြစ်နေတာပဲ မင်းမှမလိုအပ်တာ
  Saint ကလက်ကိုရုန်းပြီးထွက်သွားလိုက်တယ်
Yuri : သူ့နောက်မလိုက်သွားဘူးလား Perth
Perth : ဒီအခြေအနေလေးက ငါတို့အတွက်ကောင်းတယ်
          လို့ထင်တယ် သူလည်းငါ့ကိုမုန်းသွားတာပေါ့
   လုပ်ရက်တယ် တကယ်လုပ်ရက်နိုင်တယ် ဘာလို့လဲ အစ
ထဲကမချစ်ခဲ့ရင်ဘာလို့ငါ့အနားကိုရောက်အောင် တိုးဝင်လာ
ခဲ့ရတာလဲ ဘာလို့ငါ့ရင်ထဲကိုနေရာအပြည့်ယူလိုက်ရတာလဲ
ဒါနောက်ဆုံးပဲ Perth အတွက်မျက်ရည်ကျတာနောက်ဆုံးပဲ
ဘာကိုမှမခံစားတော့ဘူး သူ့အတွက်မခံစားနိုင်တော့ဘူး
နောက်နေ့ရောက်တာနဲ့ငါပြန်တာပဲကောင်းတယ် ထိုင်းကိုပဲ
ပြန်မယ် ပြန်ပြီးအားလုံးမေ့လိုက်တာအကောင်းဆုံးပဲ
    ကျော့မော့လွန်းတဲ့အမျိုးသမီးကြီးက အခန်းတံခါး bell ကို
နှိပ်လိုက်တယ် တံခါးလာဖွင့်တဲ့သားကိုတွေ့လိုက်ရလို့ပျော်
ပေမယ့် ဘေးကဖက်ထားတဲ့မိန်းကလေးကဘယ်သူလဲ
Perth : မတွေ့ရတာကြာပြီနော် အမေ
Yuri : Yuri ပါ Perth ရဲ့အမေကချောသားပဲနော်
    Perth ရဲ့အမေကသူ့လက်သီးကိုကျစ်နေအောင်ဆုပ်
ထားလိုက်တယ် Perth အတွက်မိန်းကလေးဆိုတာ Sunny
ပဲဖြစ်ရမယ် ဒီမိန်းကလေးကဘယ်သူလဲ
Perth : ကျွန်တော်တို့ပျော်နေတာ အမေဒီနေ့လာမှာမေ့သွား
          တယ်
   " ဖြန်း " သူ့အမေက Perth ရဲ့ပါးကိုရိုက်ချလိုက်တယ်
Mom : Saint ပြီးတော့ အခုနောက်တစ်ယောက်လား နင်က
             ငါ့သားရောဟုတ်ရဲ့လား ငါ့သားလေးကအရမ်းအမေ့
             စကားနားထောင်တာ
Perth : ကျွန်တော်ကလည်း အမေ့ကိုအမေလို့တောင်မခေါ်
            ချင်တာသိတယ်မလား ကျွန်တော်ကလည်းအမေ့သား
             မဟုတ်တာတော့ကြာပါပြီ
                                    Part 22 ( the end )

Hello, My Brother(completed)Where stories live. Discover now