Part 11 ❤️

1.7K 207 14
                                    

        အနားမှာမင်းရှိနေတာစိတ်သက်သာရာရတယ် Sunny
ရှိနေတာထက်မင်းရှိနေတာငါ့အတွက်ခွန်အားပိုဖြစ်စေတယ်
Perth ဒါကြောင့်ငါ့အနားမှာပဲနေပေးပါလား
Perth : အကိုဘာပြောမလို့လဲ
    Saint ဆီကဘာစကားလေးများထွက်လာမလဲလို့ဆိုပြီး
မျှော်လင့်တကြီးစောင့်နေခဲ့တယ် သူ့အကိုသူ့ကိုဘာများပြောမလဲဆိုပြီးစောင့်နေတာ
Saint : မင်း မင်း
Mom : Perth ဘာလုပ်နေကြတာလဲ
   အမေ့အသံကြောင့်နှစ်ယောက်လုံးလန့်သွားတယ်
Perth : ဟုတ် အမေ အခုပဲလာတော့မလို့
Mom : ကြာလို့အမေကလာကြည့်ရတယ် လာ
  Perth ကအမြန်သူ့အမေလက်ကိုချိတ်ပြီးသွားလိုက်တယ်
အနောက်ကသူ့အကိုကိုလည်းလှည့်ကြည့်လှည့်ကြည့်နဲ့
Mom : Saint နဲ့အနောက်မှာထိုင်လိုက်နော်
Perth : ဟုတ် အမေ
   Saint က Perth အတွက်အမြန်တံခါးကိုဖွင့်ပေးလိုက်တယ်
Saint : တက်လေ
Perth : ကျေးဇူးပါ
Mom : သားစာမေးပွဲဖြေနိုင်လား
Saint : ဟုတ်ကဲ့ ဖြေနိုင်ပါတယ်
Mom : သားအဖေကိုစိတ်ချမ်းသာအောင် စာမေးပွဲအောင်မှ
         ဖြစ်မှာနော်
Saint : ဟုတ်
   Saint နဲ့ အမေနဲ့စကားပြောနေတုန်းဘာလို့ Perth ကထိုင်ရ
တာအဆင်မပြေဖြစ်နေတာလဲ သူ့ကြည့်ရတာကြောက်နေတဲ့
ပုံပဲ
Mom : ခဏနော် အမေဝယ်စရာရှိလို့
Perth : P Saint ဘာလုပ်တာလဲ အမေမြင်ရင်ပြသနာ
   Saint ကသူ့လွယ်အိတ်ကိုကာထားပြီး Perth လက်ကိုကိုင်
ထားတာကို  Perth ကလန့်နေတော့သူကရီလိုက်တယ်
Saint : မင်းကစလို့ကောင်းသားပဲ
Perth : နောက်နေတာလား P Saint
Saint : inn မင်းအမေရှေ့ဘယ်လိုနေမလဲနောက်ကြည့်တာ
    သူ့ကိုနောက်တာတဲ့လား အကိုလက်ကိုင်တာကိုမပြောနဲ့
မျက်လုံးချင်းဆုံကြည့်ရင်တောင်ရင်ခုန်နေရတာကို ဘာလို့
ဒီလိုလူကိုနောက်ရတာလဲ
   ရုတ်တရက်ပါးကိုလာထိတဲ့နှုတ်ခမ်းဖျားလေးကြောင့် Perth
အသက်ရှူဖို့တောင်သတိရလိုက်ပါ့မလား သူပါးကိုကိုင်ပြီးသူ့
အကိုဘက်လှည့်ကြည့်လိုက်တယ်
Saint : ဘာကြည့်တာလဲ ငါမင်းကိုနမ်းတာထူးဆန်းလို့လား
            ငါတို့ နှုတ်ခမ်းချင်းတောင်နမ်းပြီးပြီလေ
  P Saint ဆီကဒီလိုမျိုးကြားရမယ်မထင်ထားဘူး ညီအကိုချင်းပြီးတော့ ယောကျာ်းလေးချင်းဒီစကား ဒီအပြုအမှုကအရမ်းမြန်လွန်းတယ်လေ ပြီးတော့ အကိုကဘယ်တုန်းကလူတစ်
ယောက်ကိုဂရုစိုက်ပေးဖူးလို့လဲ
Saint : ဘာကြည့်နေတာလဲဆို
Perth : အကို ဘာလုပ်လိုက်တာလဲ
Saint : မင်းကိုအသဲယားလို့ နမ်းလိုက်တာ   
    P Saint ကကျွန်တော့်ထက်တောင်ပိုအသဲယားပြီးချစ်ဖို့
ကောင်းတာကိုသိရဲ့လား ကျွန်တော်ကအရင်ရင်ခုန်ခဲ့ရတာကိုရောသိရဲ့လား
Saint : ငါ့အနားမှာပဲ
Perth : မေမေလာပြီ
   Perth ကတံခါးနားကိုအတင်းကပ်နေလိုက်တယ်
Arr စိတ်ရှုပ်လိုက်တာ သူ့ကိုအနားမှာပဲနေပေးပါလို့ပြောဖို့ကို
ဘယ်တော့မှပြောရမှာလဲ အဲ့စကားကိုပြောဖို့လည်းဘာလို့
နမ်းလိုက်တာထက်တွန့်ဆုတ်နေရတာလဲ
Perth : သားသွားနားတော့မယ်နော်
   Perth ကချက်ချင်းအပေါ်ထပ်ကိုတက်ပြီးအခန်းတံခါးကို
လော့ချလိုက်တယ် သူရင်ဘတ်ကိုဖိထားပြီးအသက်မှန်မှန်ရှူ
လိုက်တယ်
Saint : Perth Perth
    P Saint ရဲ့အသံကိုကြားပေမယ့်ပြန်မထူးနိုင်ဘူး အဖြစ်အ
ပျက်ကမြန်ဆန်တယ်ဆိုတာထက်မယုံကြည်ရဲဘူး သူ့အကိုရဲ့
အကျင့်ကိုသိလို့ဒါကိုချက်ချင်းလက်မခံရဲဘူး
Saint : မင်းအိပ်နေတာလား
    Saint ကသူ့လက်ထဲကအိတ်ကိုအခန်းရှေ့ချထားလိုက်
တယ်
Saint : ငါမင်းအတွက်အင်္ကျီဝယ်လာတာ ထားခဲ့တယ်နော်
  Saint ရဲ့အသံကိုဆက်မကြားရတော့လို့ အခန်းတံခါးလေးကိုဖြည်းဖြည်းလေးဖွင့်ကြည့်လိုက်တယ် အခန်းရှေ့မှာဘယ်သူ့ကိုမှမတွေ့တော့ဘူး အောက်ကိုကြည့်လိုက်တော့
အိတ်တစ်အိတ်ကိုတွေ့လို့ဖွင့်ကြည့်လိုက်တယ်
T shirt လေးကိုမြင်လို့သူပြုံးပြီးအခန်းထဲယူသွားလိုက်တယ်
Saint : သဘောကျလို့တော်သေးတာပေါ့
   Saint က Perth သူ့ကိုလန့်လို့ထွက်မလာတာကိုသိတာ
ပေါ့ ထောင့်လေးကနေ Perth ကိုခိုးကြည့်နေခဲ့တာ Saint ဆီ
ကလည်းအဲ့လိုအပြုံးမျိုးကိုမမြင်ရတာတော်တော်ကြာနေပြီ
Perth ကအထဲက T shirt ကိုထုတ်ပြီးသူ့ကိုယ်မှာကပ်တိုင်း
လိုက်တယ် မှန်ကိုကြည့်လိုက် ရီလိုက်နဲ့သူပျော်နေတာ
သူဒီတိုင်းနေလို့တော့ဘယ်ရမလဲ သူ့အကိုကိုကျေးဇူးတင်
ကြောင်းတော့ပြောသင့်တာပေါ့
Perth : P Saint အခန်းထဲမှာလား
   Saint ကတံခါးကိုဖွင့်ပေးလိုက်တယ်
Perth : ကျွန်တော် ကျေးဇူးတင်ကြောင်းလာပြောတာပါ
Saint : ဘာအတွက်လဲ
    T shirt ပေးလို့ကျေးဇူးတင်တာသိရဲ့သားနဲ့အဲ့လိုတည့်တိုး
ကြီးမေးတော့ဘယ်လိုပြန်ဖြေရမလဲတောင်မသိတော့ဘူး
Saint : T Shirt အတွက်လား
Perth : ဟုတ်ကဲ့
Saint : ငါလျော့ဈေးရလို့ ဝယ်လာတာ ကျေးဇူးတင်ဖို့မလိုပါ
          ဘူး
Sunny : Saint Saint  
   Sunny ရဲ့အသံကြားလို့ Saint က Perth ရဲ့လက်ကိုဆွဲပြီး
သူ့အခန်းထဲအတင်းခေါ်လိုက်တယ်
Sunny : Saint
   Sunny က Saint အခန်းထဲဝင်သွားပေမယ့် Saint ကိုမတွေ့ဘူး
Sunny : သူဘယ်သွားတာလဲ အပေါ်မှာရှိတယ်ဆိုပြီးတော့
    Sunny ကကုတင်ပေါ်မှာထိုင်ပြီးဘေးနားကစာအုပ်ကို
ကောက်ယူပြီးဖက်လိုက်တယ်
Saint က Perth ကိုအသံမထွက်အောင်ပါးစပ်ကိုလက်နဲ့ပိတ်ထားလိုက်တယ် သူတို့နှစ်ယောက်ကအရမ်းနီးကပ်လွန်းနေတယ်   Sunny ထိုင်နေတဲ့ရှေ့ကမတ်တပ်ဗီဒိုကသူတို့နှစ်ကိုယ်စာအတွကိအဆငိမပြေတော့နှစ်ယောက်ပူးကပ်ပြီးနေနေရတယ်စကားလည်းမပြောနိုင် အသံလည်းထွက်လို့အဆင်မပြေတော့တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းပဲစကားပြော နိုင်တယ်လေ
    Saint ကသူ့လက်ကိုဖယ်ပေးလိုက်တယ် အထဲကပူတဲ့
ဒဏ်ကြောင့်အသက်ရှူသံပြင်းပြင်းကိုအနီးကပ်ဆုံးကြားနေရ
တယ် Saint ကချွေးတွေထွက်နေတာကြောင့် Perth ကသူ့
ပါးပေါ်ကချွေးစေးတွေကိုလက်နဲ့သုတ်ပေးလိုက်တယ်
သူ့ပါးကိုလာထိတဲ့ Perth ရဲ့လက်ကို Saint ကဖမ်းဆွဲပြီးကိုင်
လိုက်တယ်
   Perth ကသူ့လက်ကိုရုန်းနေပေမယ့် Saint ကပြန်မလွှတ်
တော့ဘူး ရုန်းနေရင်းနဲ့ပဲလက်ကိုဆွဲလိုက်တဲ့အားကြောင့်
Saint မျက်နှာကသူ့မျက်နှာနားပိုကပ်လာတယ် သူဆက်
မရုန်းနိုင်အောင်ကို Saint ရဲ့အကြည့်တွေကညို့အားကောင်း
လွန်းတယ်
    ဘာလို့သူ့အနားရောက်နေရင်စိတ်ကိုထိန်းချုပ်ဖို့ခက်ခဲနေ
တာလဲ သူကဘာတွေနဲ့များဖမ်းစားထားတာလဲ သူ့နှုတ်ခမ်း
ဖျားလေးကအရမ်းချိုမြိန်လွန်းတာကို ဘယ်လိုမှမရှောင်နိုင်
တော့ဘူး Saint က Perth ရဲ့နှုတ်ခမ်းကိုချက်ချင်းနမ်းလိုက်
တယ် အရင်လိုထိရုံလေးဆိုပေမယ့် တဖြည်းဖြည်းနဲ့သူ့နှုတ်
ခမ်းကိုဖိစုပ်ထားတာကို Perth ခံစားရတယ် ရုန်းထွက်ချင်ပေ
မယ့်ဘာလို့သူကိုယ်တိုင် Saint ခါးကိုဖက်ပြီးပြန်နမ်းနေမိ
တာလဲ Saint ရဲ့အနမ်းကပိုပိုပြီးပြင်းလာတယ် သူ့ရဲ့လျှာက
ပါးစပ်အတွင်းထဲထိထိုးပြီး ကျွန်တော့်လျှာကိုပါစုပ်ယူနေတာ
ခံစားရတယ် တစ်ခါမှဒီလိုမနမ်းဖူးတော့ကျွန်တော့်အနမ်းက
ရောအကို့အတွက်အရသာရှိပါ့မလား တွေးပူမိတယ်
မျက်လုံးစုံမှိတ်ပြီးတော့သာ သူ့ကိုပြန်နမ်းနေမိတယ် လက်က
လည်းအလိုအလျှောက်သူ့ကိုပြန်ပြီးတင်းတင်းကြပ်ကြပ်ဖက်
ထားမိတာကိုမသိလိုက်ဘူး
   ကျွန်တော်တို့နီးကပ်လွန်းနေတော့ P Saint ရဲ့အောက်ပိုင်း
ကပါပိုပြီးကပ်လာတယ် သူ့ရဲ့ဟာကမာပြီးလာထိနေတဲ့အထိပါခံစားရတယ် Saint ရဲ့နှုတ်ခမ်းကကျွန်တော့်လည်ပင်းထိပါ
လာပြီးစုပ်နမ်းနေတယ် ရင်ထဲမှာခံစားချက်ကဟာတာတာနဲ့
အသံထွက်မိမှာစိုးလို့ အကိုရပ်ပါတော့လို့တောင်မပြောနိုင်ဘူး
ဒါပေမယ့် ရပ်စေချင်နေပြီ သူ့စိတ်ကိုလည်းသူမထိန်းနိုင်တော့
ဘူး ဒီထက်ပိုလွန်ကဲလာမှာကိုလန့်နေမိတယ်
Sunny : အခုထိမတွေ့ဘူး ဘယ်ရောက်နေတာလဲ 
   Sunny အောက်ဆင်းပြီးအခန်းတံခါးပိတ်သွားတာကိုမြင်
တော့သူရုန်းထွက်လိုက်တယ်
Perth : P Saint တော်ပါတော့
   Perth ကအပြင်ကိုပြေးထွက်သွားပြီး သူ့အခန်းထဲဝင်လိုက်
တယ် သူ့စိတ်ကိုသူထိန်းလိုက်ပြီးအသက်ကိုပုံမှန်ရှူလိုက်တယ် ငါတို့ဘာတွေလုပ်နေမိတာလဲ
Saint : ငါဘာလို့အဲ့လောက်လွန်သွားမိတာလဲ
   Saint လည်းအတွေးပေါင်းစုံနဲ့ထိုင်ပြီးစဉ်းစားနေမိတယ်
ဒါပေမယ့် Perth ရဲ့အနမ်းကိုပဲပြန်တွေးနေမိတယ် သူ့အတွက်ချိုမြန်လွန်းတယ်လေ အဲ့ဒါကိုပဲတွေးပြီးသူပြုံးနေမိတယ်
                                 The End

Hello, My Brother(completed)Where stories live. Discover now