( 10 )

922 132 11
                                    

     လောကမှာအမုန်းဆုံးအရာဆိုတာရှိတယ် မကြားချင်ဆုံးအရာဆိုတာလည်းရှိတယ် အဲ့လိုမမြင်ချင် မကြားချင်တဲ့အရာ
ကိုကြုံလိုက်ရတဲ့အချိန်က ကို့ကိုယ်ကိုမုန်းတီးမိမယ့်အချိန်ပဲ
  မမြင်ချင်ဆုံးအရာက Perth ရဲ့အားငယ်နေတဲ့မျက်နှာ မ
ကြားချငိဆုံးအသံက သူ့ကိုလှောင်ရီနေတဲ့အသံ
ဘာလို့ Perth ကိုအပြင်ခေါ်ထုတ်မသွားတာလဲ ဘာလို့ သူ့ကို
အိမ်ထဲမှာပဲထားရတာလဲ အဖြေကတစ်ခုထဲပါ
သူ့ကိုလူတွေက မသန်မစွမ်းဒုက္ခိတတစ်ယောက်ဆိုပြီး လှောင်ရီနေတာမျိုး သူ့ကိုဖြစ်မှဖြစ်ရလေဆိုတဲ့စိတ်နဲ့သနားသလို
ကြည့်တာမျိုးကိုမမြင်ရက်ဘူး မကြည့်ရက်ဘူး ဒါကြောင့်
Perth ကိုအိမ်မှာပဲအမြဲစိတ်ချမ်းသာအောင်ထားခဲ့တာ အခု
တော့ ကျွန်တော်ထင်တဲ့အတိုင်းပဲ သူ့ကိုလူတစ်စုကလှောင်ရီ
နေတာကိုသူငြိမ်ခံနေရတယ် သူ့မျက်နှာမှာဝမ်းနည်းမှုတွေကို
အပြည့်မြင်လိုက်ရတဲ့ အချိန် ဘယ်လိုမှစိတ်မထိန်းနိုင်ခဲ့ဘူး
Yuri : Saint လွှတ်ထားလိုက်
   Yuri သာမတားခဲ့ရင် အဲ့ကောင်တွေကိုစုတ်ပြတ်သတ်သွား
တဲ့ထိထိုးလိုက်ချင်တာ သူတို့ကိုအမြန်ထွက်သွားဖို့လမ်းရှင်း
ပေးလိုက်တယ် မဟုတ်ရင် သူ့စိတ်ကိုထပ်ထိန်းထားနိုင်မှာမ
ဟုတ်ဘူး
   " ဖြန်း " Yuri ကချက်ချင်းဆိုသလို Irin ရဲ့ပါးကိုရိုက်လိုက်
တယ်
Irin : နင် နင်အခုဘာလုပ်တာလဲ ငါ့ပါးကိုရိုက်ရဲတယ်
Yuri : မရိုက်ရဲရအောင် နင်ကဘာမို့လို့လဲ
Saint : Yuri
Yuri : ငါ့ကိုမတားနဲ့ Saint ခုနကကောင်တွေရဲ့အမှားမဟုတ်
        ဘူး တကယ်တမ်းမှားတာက
  Yuri က Irin ကိုလက်ညိုးနဲ့ထိုးပြီးတည့်တည့်စိုက်ကြည့်
လိုက်တယ်
Yuri : နင်ပဲ
Perth : တော်တော့
Yuri : မတော်နိုင်ဘူး ဒီမိန်းမကြောင့်
Perth : တော်တော့........
   Perth ကအသံကျယ်ကျယ်နဲ့အော်လိုက်တယ် သူအရမ်း
စိတ်ရှုပ်နေပြီ
Saint : အိမ်ရောက်မှပြောကြမယ် Irin မင်းပါလိုက်ခဲ့
   ကားတစ်စီးမှာအတူစီးလာကြပေမယ့် တစ်ယောက်ဆီကမှ
ဘာအသံမှမကြားခဲ့ဘူး Saint ကကားမောင်းနေရင်းဘက်
ကြည့်မှန်ကနေပဲ Perth မျက်နှာကိုလှမ်းလှမ်းကြည့်နေခဲ့
တယ် Perth မျက်ဝန်းစလေးမှာ မျကိရည်တွေဝိုင်းနေတာကို
သူသတိထားမိတယ် ဘယ်လိုလုပ်ရမလဲ ဒီကောင်လေးစိတ်
ဓာတ်ကျပြီး နေမကောင်းထပ်ဖြစ်မှာကိုစိုးရိမ်လွန်းလို့ဘယ်လို
လုပ်ရမလဲ
Yuri : ငါအခန်းထဲမှာ Perth ကိုစောင့်နေပေးမယ် ဒီမိန်းမ
        မျက်နှာကိုငါမကြည့်ချင်ဘူး 
   Yuri ကအပေါ်ထပ်ကိုချက်ချင်းပြေးတက်သွားတယ်
Irin က Saint လှညိ့ကြည့်လိုက်တာနဲ့ သူ့ခေါင်းကိုငုံ့ထား
လိုက်တယ် Saint ကဘာမှလည်းမပြောဘဲ သူ့ကိုစိုက်ကြည့်
နေတော့ပိုပြီးထိတ်လန့်စေတယ် Saint ညိုငြင်မှာကိုအရမ်းစိုး
ရိမ်မိတယ်
Irin : တောင်း တောင်းပန်ပါတယ် ကျွန်မက
   Saint က Irin ကိုအနောက်ကနံရံနဲ့ကပ်နေအောင်ဆောင့်
တွန်းလိုက်တယ် သူ့ကိုပြန်မတွန်းကန်နိုင်အောင် Irin ရဲ့ပခုံးကိုလက်နဲ့ဖိကိုင်ထားလိုက်တယ်
Saint : မင်းငါ့ကိုသဘောကျတာလား
   Saint အဲ့လိုမေးလိုက်တာက ကျွန်မကိုအနုနည်းနဲ့သတ်
လိုက်သလိုပါပဲ
Irin ကပြန်မဖြေဘဲ ဒီတိုင်းကြောင်ကြည့်နေမိတာမျက်တောင်တောင်မခတ်နိုင်ဘူး Saint မျက်နှာကသူ့အနားကိုပိုကပ်
လာခဲ့တယ် Saint ရဲ့အသက်ရှူသံကအစကြားနေနိုင်တယ်
Saint : မေးနေတယ်လေ ငါ့ကိုသဘောကျတာလား ဒါမှမ
          ဟုတ် Perth ကိုသဘောကျတာလား
   Saint ရဲ့မျက်ဝန်းတွေကအရောင်တွေတောက်ပနေတယ်
Irin : ဘာလို့ကျွန်မကိုအခုလိုမေးရတာလဲ ရှငိမသိဘူးလား
        ကျွန်မအဖေနဲ့ဘာလို့ ရှင့်ကိုမိတ်ဆက်ပေးခဲ့လည်းဆို
        တာ ကျွန်မရှင့်နောက်ကိုဘာလို့လိုက်နေရလည်းဆိုတာ
       ရှင်မသိဘူးလား  
  Perth ကထိုင်နေရင်းနဲ့ကို စိတ်ထဲမှာငိုချင်နေမိတယ်
Yuri ကသူ့ဘေးမှာထိုင်ပြီး သူ့လက်တစ်စုံကိုဆုပ်ကိုင်ထား
ပေးလိုက်တယ်
Yuri : Perth အဲ့လိုဝမ်းမနည်းရဘူး စိတ်ဓာတ်မကျရဘူးလေ
Perth : ငါ ငါကိုယ့်ကိုကိုယ်မုန်းမိတယ်
Yuri : အဲ့လိုမဖြစ်ရဘူး နင်ခွဲစိတ်မှုကဒီတစ်ခါကျိန်းသေ
        အောင်မြင်မှာ အဲ့အတွက်နင်အားတင်းမှရမယ် ငါ့ကို  
        ကြည့် Perth
Perth ရဲ့မျက်ရည်စတွေပြည့်နေတဲ့မျက်ဝန်းတစ်စုံက Yuri
ကိုအားကိုးရာအဖြစ် ကြည့်လိုက်တယ်
Yuri : ငါကနင့်ဘေးမှာ အမြဲရှိနေပြီး နင့်လက်ကိုထာဝရဆုပ်
           ကိုင်ထားပေးမယ် နင်ဘာမှအားငယ်ဖို့မလိုဘူး နား
         လည်တယ်မလား
Perth : P Saint ရော
Yuri : သူဟိုကောင်မလေးကို ပြောနေတာဖြစ်မှာပေါ့
Perth : သူ့အပြစ်မဟုတ်ပါဘူး သူကငါသွားချင်လို့ပို့ပေးတာ
          ပါ သူကလူကောင်းပါ
Yuri : Perth လူတိုင်းကိုနင့်စိတ်နဲ့ယှဉ်တွေးလို့မရဘူးလေ
        လူတိုင်းကနင့်လိုဖြူစင်တာမဟုတ်ဘူး သူက Saint ကို
         ကြိုက်နေတာဆို ဘယ်လိုလုပ်မလဲ
  P Saint ကိုကြိုက်တာတဲ့လား
Irin : အခုကျွန်မ မျက်ရည်တွေကျနေတယ် ရှင်ကျွန်မကိုသ
           နားစိတ်လေးဝင်မိရဲ့လား
  Saint ကအနားကိုကပ်ပြီး ပြုံးပြလိုက်တယ်
Saint : မသနားနိုင်ဘူး ငါက Perth လိုမဟုတ်ဘူး ငါ့မှာသ
          နားစိတ် ကြင်နာစိတ်မရှိဘူး
Irin : Saint
Saint : ငါအခုမင်းကို မေးနေတယ်ဆိုတာ မင်းငါ့ကိုသဘော
          ကျလို့ရတယ် ဒါပေမယ့် Perth ကိုတော့သဘောကျ
          လို့မရဘူး
Irin : Saint ရှင်ဘယ်လိုတောင်သွေးအေးတဲ့သူလဲ
Saint : ဟုတ်တယ် ငါကသွေးအေးတယ် ခံစားချက်မဲ့တယ်
          ဒါပေမယ့် ငါ့မှာသနားစိတ် ကြင်နာစိတ်ပေးနိုင်တဲ့သူ
         တစ်ယောက်ပဲရှိတယ် အမြဲတမ်းမှတ်ထား အဲ့ဒါငါ့ညီပဲ
  Saint ပြောလိုက်တဲ့စကားတစ်ခွန်းဆီတိုင်းက ဆက်မကြား
ချင်လောက်အောင်ခံစားရတယ် သူ့ကိုချစ်မိနေတဲ့ ငါ့အပေါ်မှာအဲ့လောက်တောင် ပြစ်ပြစ်ခါခါဘာလို့ပြောရက်ရတာလဲ
Saint : နောက်ဆို ငါ့ညီနားမလာနဲ့ မင်းအဖေကြောင့်မင်းကို
             သည်းခံခဲ့တယ် ဒါပေမယ့် ဒီနေ့ကိစ္စကတော့မရဘူး
          ငါ့ညီကိုထိတာ ငါ့ကိုထိတာထက်ပိုနာတယ် သူ့ကို
          လူတွေဝိုင်းလှောင်နေတဲ့အချိန်မှာ မင်းကိုဘယ်
          လောက်တောင်စိတ်တိုမိလဲသိရဲ့လား
Irin : ရှင့်ညီက ရှင့်အတွက်အဲ့လောက်အဖိုးတန်တာလား
Saint : အဖိုးတနိတာမဟုတ်ဘူး အဖိုးမဖြတ်နိုင်တာ Perth
              ကငါ့ဘဝရဲ့အလင်းရောင်ပဲ ဒါကြောင့် မြဲမြဲမှတ်ထား
              နောက်ဆို ငါ့ညီနားမလာပါနဲ့ မင်းသွားလို့ရပြီ
   Saint ကနောက်ကိုတောင်လုံးဝလှည့်မကြည့်ဘဲ အပေါ်ထပ်ကိုတက်သွားလိုက်တယ် Irin ကတော့အခုနေရာမှာပဲငို
ကြွေးနေခဲ့တယ်
သူအိမ်ပြန်ရောက်တာနဲ့ သူ့အဖေကိုရှောင်ပြေးပြီးသူ့အခန်းထဲပြေးဝင်လိုက်တယ်
Pe  : Irin သမီး ငိုလာတာလား 
   ရှောင်ပြေးလည်းအဖေကသိနေပြီဆိုတော့ ဖွင့်ချပြီးသူ့အဖေကိုဖက်ပြီးငိုချလိုက်တော့တယ်
Pe  : သမီး ဘာဖြစ်တာလဲ ပြောလေ
Irin : အဖေ သမီး Saint ကိုပိုင်ဆိုင်ချင်တယ် သူချစ်တာသ
        မီးကိုပဲဖြစ်စေချင်တယ် ကူညီပေးပါ သူ့ကိုရအောင်ကူ
        ညီပေးပါ
                                Part 10 ( the end )

Hello, My Brother(completed)Where stories live. Discover now