( 15 )

1K 135 12
                                    

Irin ကသူ့ကားကိုအရှိန်နဲ့ကိုမောင်းချလာခဲ့တယ်
Saint ရုံးခန်းထဲကို အတင်းကိုဝင်ချလာတယ်
Saint : Irin ဒါဘာဖြစ်လာတာလဲ
Irin : စေ့စပ်ပွဲအတွက် ဝတ်စုံရွေးဖို့ဘာလို့မလာခဲ့တာလဲ
Saint : ငါအလုပ်တွေရှုပ်နေခဲ့တာ
Irin : အလုပ် အလုပ်ကဘာတွေများအရေးကြီးနေတာလဲ
   Irin ကစကားပြောရင်းကျယ်ကျယ်လာတော့ Saint ကအ
နားကိုသွားလိုက်တယ်
Saint : Irin မင်းဘာလို့စကားကိုအဲ့လောက်အကျယ်ကြီး
          ပြောနေရတာလဲ ဒါငါ့ရုံးခန်းနော်
Irin : ဟုတ်ပါပြီ ကျွန်မထပ်မအော်ရဲပါဘူး စေ့စပ်ပွဲကနောက်
       အပတ်ထဲမှာဆိုတာမေ့မနေနဲ့ဦး  
  Irin ကအခန်းထဲကနေစိတ်ဆိုးမာန်စိုးပြန်ထွက်သွားတယ်
မမေးချင်ဘူး တကယ် Perth ကိုချစ်တာလားဆိုတာမမေးချင်
ဘူး အဲ့လိုမေးလိုက်လို့ သူ့ဘက်ကချစ်တယ်လို့ပြောလာခဲ့မှာ
ကိုမခံစားချင်ဘူး ငါသိတာတစ်ခုပဲ ငါသူ့ကိုပိုင်ဆိုင်ချင်တယ်
အဲ့လိုလည်းမကြာခင်ဖြစ်လာတော့မယ် ကိစ္စတစ်ခုကိုကြီးကြီး
မားမားမလုပ်ဘဲ ဒီအတိုင်းလိုက်လျောညီထွေနေတာငါ့အ
တွက်သူ့ကိုပိုင်ဆိုင်ရဖို့ အကောင်းဆုံးနည်းလမ်းပဲ
Yuri : ဘာ နင်သူ့ကိုသွားပြောခဲ့တယ်
   Sunny ကစိတ်ပျက်လက်ပျက်နဲ့ ခေါင်းညိမ့်ပြလိုက်တယ်
Yuri : အဲ့တော့ သူကဘာပြန်ပြောလဲ
Sunny : မလွယ်ဘူး တကယ်မလွယ်ဘူး အဲ့မိန်းမကလေ ရုပ်
               ကလေးကြည့်ရင်တော့ဘာမှမသိ ရိုးတဲ့ပုံမျိုးနဲ့ သေ
            ချာကြည့်တော့မှ သူကမြွေဆိုးတစ်ကောင်ပဲ
Yuri : ဘာပြောလို့လဲ
   Sunny က Irin အနားကိုတိုးတိုးလေးကပ်ပြောလိုက်ပြီး
ခဏကြာတဲ့ထိ Irin ကဒီတိုင်းကြည့်နေခဲ့တယ်
Sunny : နင်နားလည်တယ်မလား နင်သိချင်ရင်တိုက်ရိုက်
           ရှင်းလို့ရတယ် ဘာကြောင်ကြည့်နေတာလဲ ငါပြော
               တာကြားလား
   Irin ကနှုတ်ခမ်းကိုရွဲ့ပြီးတာနဲ့ ထရီလိုက်တယ်
Sunny : နင်ဘာရီတာလဲ
Irin : Saint နဲ့ Perth ကချစ်သူတွေတဲ့လား ဖြစ်နိုင်ပါတယ်
           Saint ကသူနဲ့ပတ်သတ်ရင်အသည်းအသန်ပဲ ဒါပေ
           မယ့် ငါစိတ်မဝင်စားဘူး
Sunny : ဘာ
Irin : ယောကျာ်းချင်းအနေနီးလို့ကြိုက်တာ မြဲမယ်ထင်လား
          အခု Saint ကိုငါပိုင်တော့မယ် သူလည်းငါ့ကိုပဲချစ်လာ
          စေရမယ်
Sunny : နင် နင့်မှာအရှက်သိက္ခာဆိုတာမရှိတော့ဘူးလား
Irin : မရှိဘူး ပြီးတော့ ဒီကိစ္စကိုလည်းငါမသိသလိုပဲနေမှာ
           ငါနဲ့ Saint ပြသနာတက်ဖို့သွေးလာမထိုးနဲ့
   Irin အဲ့လိုပြန်ပြောခဲ့မယ်လို့မထင်ခဲ့ဘူး Yuri တောင်ခဏတာကြောင်သွားမိတယ်
Yuri : Perth ကိုဘယ်လိုလုပ်ရမလဲ သူ့မှာမျှော်လင့်ချက်တွေ
           နဲ့ အားခဲနေရတာ
Sunny : အမှန်ကိုပြောလိုက်
Yuri : မလုပ်နိုင်ပါဘူး သူ့ကိုသတ်သလိုဖြစ်မှာပေါ့
Sunny : ဘယ်အချိန်ထိဖုံးကွယ်လို့ရနိုင်မှာလဲ မဖြစ်နိုင်ဘူးဆို
               တာနင်လည်းသိနေမှာပဲ ကြာလာလို့သိမှပိုဆိုးသွား
                လိမ့်မယ်
Yuri : ဒါပေမယ့်လည်း
  Sunny ကတုန်ရီနေတဲ့ Yuri လက်ကိုဆုပ်ကိုင်လိုက်တယ်
Sunny : Yuri နင်ရော ငါရော Perth ကိုချစ်တဲ့သူတွေကြီးပါ
               ငါတို့သူ့ကိုပြောသင့်တယ်ဆိုတာ နင်လည်းနားလည်
                မှာပါ စေ့စပ်ပွဲကနောက်အပတ်ထဲမှာနော် ငါတို့
                Perth ကိုအဲ့အချိန်မတိုင်ခင် အားပေးနေရမယ်
    Irin ကဝတ်စုံတွေစိတ်ကြိုက်ရွေး လက်ဝတ်ရတနာကအစ
စိတ်ကြိုက်ရွေးနေလိုက်တော့တယ် Saint ပါပါမပါပါ သူဂရုမ
စိုက်တော့ဘူး
Girl : မမလေးက အရမ်းလှတဲ့သတို့သမီးလေးဖြစ်နေမှာပဲ
Irin : ဒါပေါ့ ငါကအရမ်းလှနေရမှာ
Girl : ဒါသတို့သားအတွက် ဝတ်စုံပါ
    Saint အတွက် Coat အနက်နဲ့အဖြူကိုသေချာရွေးရင်းပြုံး
နေမိတယ်
Irin : Saint ကအသားဖြူတော့ ဘာနဲ့မဆိုလိုက်ဖက်နေမှာ
   Perth နိုးလာတဲ့အထိ နှစ်ယောက်လုံးဘေးမှာထိုင်စောင့်
နေခဲ့တယ်
Yuri : နိုးလာပြီလား ဖြည်းဖြည်းထ
Perth : နင်တို့မနားကြဘူးလား ဘာလို့ဒီမှာလာထိုင်နေတာ
             လဲ
Yuri : Perth ငါတို့ ပြောစရာရှိတယ်
    နှစ်ယောက်လုံးကိုကြည့်ရတာတော့ မျက်နှာမကောင်းကြဘူး တစ်ခုခုဖြစ်နေလို့များလား
Perth : ဘာဖြစ်လို့လဲ ပြောပါ
    Yuri ကပြောမထွက်ခဲ့ဘူး သူဘယ်လိုမှ Saint တို့အကြောင်းကိုပြောမရခဲ့ဘူး
Perth : Yuri ဘာဖြစ်နေတာလဲ ပြောလေ
Sunny : Saint နောက်အပတ်ထဲစေ့စပ်တော့မယ်
   Yuri ပြောမထွက်တဲ့စကားကို Sunny ကပဲပြောလိုက်ရတော့တယ် နှစ်ယောက်လုံးရဲ့အကြည့်က Perth ဆီကမခွာခဲ့
ဘူး
Perth : ဘာတွေပြောနေတာလဲ နားကြားမှားသွားလား
   Sunny ကဖိတ်စာကို Perth ဆီကမ်းပေးလိုက်တယ်
Saint နဲ့ Irin ရဲ့စေ့စပ်ပွဲတဲ့လား
Perth : ဒါဘာလဲ ငါမေးနေတယ်လေ ဒါဘာတွေလဲလို့ Yuri
              နင်ဖြေ ဒါဘာလဲ
Yuri : အမှန်ပဲ Perth ငါ ငါတောင်းပန်ပါတယ် ငါဘယ်လိုမှ
          ပြောမထွက်ခဲ့ဘူး ငါ တောင်းပန်ပါတယ်
  Perth ကမျက်ရည်တွေအတိုင်းအဆမရှိကျဆင်းလာခဲ့တယ်
ဒါပေမယ့် လက်မခံနိုင်သေးဘူး မယုံကြည်နိုင်သေးဘူး
သူအတင်းစောင်ကိုဖယ်ပြီး ထသွားဖို့ကြိုးစားလိုက်တယ်
Sunny : Perth
Perth : လွှတ် ငါ့ကိုလွှတ် ငါသူ့ဆီသွားရမယ်
    ဘယ်လိုပဲသူနေကောင်းနေတယ်ပြောပါစေ ခွဲစိတ်ထားတာ
မကြာသေးဘူး ဒဏ်ထပ်ဖြစ်လို့မရဘူး အဲ့အတွက်သူ့ကိုမထ
သွားအောင်ထိန်းထားရမှာပဲ ဒါပေမယ့် Perth ကငိုပြီးအတင်းကိုရုန်းကန်ခဲ့တယ် နောက်ဆုံး မမြင်နိုင်တဲ့အဆုံး Sunny ကသူ့ပခုံးတွေကိုသေချာဖိကိုင်ပြီး သူ့ကိုစိုက်ကြည့်ခဲ့တယ်
Sunny : နင်ထသွားစရာမလိုဘူး Saint ကိုတွေ့ချင်တာမ
              လား ငါခေါ်ပေးမယ် Yuri Perth ကိုသေချာကြည့်
              ထားလိုက်
   Sunny ကအခန်းပြင်ကိုထွက်ပြီး Saint ဆီဖုန်းဆက်လိုက်တယ်
Sunny : Saint နင်တစ်ခုခုတော့လာပြောသင့်တဲ့အချိန်ရော
               က်နေပြီ
     အကိုမလာခင်အထိ သူကိုယ်တိုင်မပြောခင်အထိ လက်မခံ
ချင်ဘူး ဒါလိမ်ညာနေကြတာ အကိုကသူ့ကိုထားပြီးထွက်သွား
မယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး
Perth : အကို
   Saint က Perth ကိုလုံးဝမျက်နှာချင်းဆိုင်မကြည့်ရဲဘူး
သူအေးဆေးပဲလျှောက်လာပြီး Perth ကုတင်ဘေးကခုံမှာ
ထိုင်လိုက်တယ် Saint ထိုင်လိုက်တာနဲ့ Perth ကလှမ်းဖက်
ထားလိုက်တယ်
Perth : သတိရနေတာ အရမ်းတွေ့ချင်ခဲ့တာ
Saint : Perth အဲ့လိုမဖက်ပါနဲ့
Perth : ဘာလို့လဲ ဘာလို့မဖက်ရတာလဲ ကျွန်တော်တို့က
Saint : ငါတို့က ငါတို့ကညီအကိုတွေပဲ
    Perth ဆီကမျက်ရည်တွေက Saint နဲ့တွေ့တော့ထပ်ပြီး
ကျလာပြန်တယ်
Perth : တကယ်ကြီးလား အဲ့စေ့စပ်ပွဲက ဘာလို့အဲ့လိုလုပ်ရ
              တာလဲ
Saint : ငါ ငါ့ဘဝကောင်းစားဖို့ကြည့်ခဲ့တယ် ငါမဆင်းရဲချင်
              ဘူး နောက်နေ့ကစပြီး ငါတို့ကဘာမှမသက်ဆိုင်
             တော့ဘူး
Perth : လိမ်ညာနေတာ ကျွန်တော့်ကိုအကိုလာလိမ်နေတာ
              ဘာလို့ကျွန်တော့်ကိုကြည့်ပြီးမပြောရတာလဲ အကို
               ငိုမိမှာစိုးလို့လား
Saint : မင်းကြိုက်တာထင်ပါ မင်းငါ့ကိုချစ်တယ်ဆိုရင် ငါ့ဘ
             ဝအတွက်ကောင်းတာဖြစ်လာမှာကိုဂုဏ်ပြုပေးသင့်
             တယ် မဟုတ်ဘူးလား
Perth : ဂုဏ်ပြုပေးရမှာလား
    Saint ကမနေနိုင်တဲ့အဆုံး ချက်ချင်းထလိုက်တယ်
Saint : ငါတို့ပြောသင့်တာပြောပြီးပြီ ငါသွားတော့မယ်
    Saint ကအမြန်ပြေးထွက်သွားပြီး ကားပေါ်ရောက်မှအော်
ငိုချလိုက်တယ်
Saint : တောင်းပန်ပါတယ် Perth အကိုမင်းကိုမချစ်လို့မ
            ဟုတ်ပါဘူး ချစ်လွန်းလို့ပါ
   Perth ကခဏတာတော့မျက်ရည်ကျနေခဲ့ပေမယ့် ချက်ချင်း
သူ့မျက်ရည်တွေကိုသုတ်လိုက်တယ်
Sunny : အဆင်ပြေရဲ့လား
Perth : Sunny Yuri
Yuri : ပြောလေ
Perth : အခုချိန်ကငါခံစားနေရမှာမဟုတ်ဘူး ငါငိုနေရမယ့်အ
              ချိန်မဟုတ်ဘူး ငါသူ့ကိုဂုဏ်ပြုဖို့ပြင်ဆငိထားရမှာ
Sunny : Perth
Perth : ဟုတ်တယ် Irin လိုလူနဲ့ယူလိုက်တာသူ့ဘဝလေး
          သာယာနေမှာပေါ့
   Perth သူ့စိတ်ကိုသူလျော့ချပြီးပြောနေတယ်ဆိုတာသိပ်သိ
သာတာပဲ သူအားလုံးကိုလက်လျော့ချလိုက်ပြီလား အရမ်းခံ
စားနေရမယ်လို့ထင်ခဲ့တာ အခုတော့လည်းသူ့စိတ်ကိုလျော့
နိုင်သွားတာပဲ လောကဓံကိုနှစ်နှစ်ဝန်းကျင်လောက်ခံစားရပြီး
ထဲက သူအရမ်းစိတ်ဓာတ်တွေမာကြောလာပြီပဲ
ဒီနေရာကိုအဝင်ဝကနေ စလှမ်းလျှောက်လာထဲက ဖြစ်ခဲ့သမျှ
အရာအားလုံး ခံစားခဲ့ရသမျှအရာအားလုံး ကိုမေ့ပြီးလက်ရှိ
ဘဝမှာအကောင်းဆုံးနေဖို့ဆုံးဖြတ်ထားတယ်
ဒီနေ့ကနောက်ဆုံးကျွန်တော့်အတွေးမှာ P Saint ရှိနေတာပါ
နောကိနေ့ကစပြီး သူ့ကိုမေ့ပြစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ
ကျွန်တော်လျှောကိလာတဲ့လမ်းတစ်လျှောက်မှာ ကော်ဇောနီ
ကိုချခင်းထားတယ် ဘေးပတ်လည်မှာနှင်းဆီပန်းအဖြူတွေ
ကိုပန်းအိုးအရှည်တွေနဲ့အလှဆင်ထားတယ် တစ်နေရာလုံးကအဖြူရောင်လေးတွေကြီးပဲသုံးထားတယ်
အခန်းတစ်ခန်းထဲကို ကျွန်တော်နဲ့ Yuri အတူဝင်ခဲ့ကြတယ်
တံခါးကိုကျောပေးပြီး ထိုင်ခုံမှာထိုင်ပြီးအလှပြင်နေတဲ့မိန်းက
လေးတစ်ယောက် သူမကရွှေအိုရောင်ဂါဝန်ရှည်ကိုဝတ်
ထားတယ် မှန်ကနေ ကျွန်တော်တို့နှစ်ယောက်ကိုမြင်လိုက်
လို့ သူထပြီးကျွန်တော်တို့နားကိုလျှောက်လာခဲ့တယ်
သူ့နာမည်က Irin
Irin : အစောကြီးရောက်လာသားပဲ
    ကျွန်တော်လက်ထဲကတောက်လျှောက်ကိုင်လာတဲ့ နှင်းဆီ
ပန်းစည်းကို Irin လက်ထဲကိုထည့်ပေးလိုက်တယ်
Irin : လှလိုက်တာ ကျေးဇူးပါပဲ Perth ဒီနေ့မင်းတို့ကအရမ်း
         လိုက်ဖက်နေတယ်
Yuri : ကျေးဇူးပါပဲ
    ကျွန်တော်အနာကျင်ဆုံးခံစားနေရပေမယ့် ပြုံးပဲနေခဲ့တော့
တယ် မပြောချင်ဆုံးစကားတစ်ခွန်းကိုနှုတ်ဖျားကနေပြောခဲ့
ရတယ်
Perth : စေ့စပ်ပွဲအတွက် ဂုဏ်ပြုပါတယ်
တံခါးဖွင့်ပြီးဝင်လာတဲ့ ခြေသံကြောင့်လှည့်ကြည့်လိုက်မိတယ်
Irin : ရောက်လာပြီလား
    ကျွန်တော်မျှော်လင့်ထားတဲ့သူပါပဲ အရမ်းချစ်ခဲ့ရတဲ့ ကျွန်
တော့်ရဲ့အကိုပါ သူအရမ်းစမတ်ကျနေတယ် အနောက်တိုင်း
ဝတ်စုံအနက်လေးနဲ့လေ
Irin : ဘယ်လိုလဲ ကျွန်မလှရဲ့လား Saint
Saint : အင်း လှတယ်
Irin : Perth နဲ့ Yuri ကခုနကရောက်နေတာလေ
Perth : ဂုဏ်ပြုပါတယ် အကို မိန်းမချောလေးကိုရလိုက်
          တာပဲ
   Irin ကသူ့နှုတ်ခမ်းကိုရွဲ့လိုက်တယ် သိနေလို့ကိုတမင်အ
ပြုံးလေးနဲ့ကြိုဆိုနေတာ
မထင်ထားဘူး Perth အခုလိုအေးအေးဆေးဆေးနေနိုင်ပြီးဒီ
ပွဲကိုလာမယ်လို့တကယ်မထင်ခဲ့ဘူး Perth တစ်ခုခုကိုကြံစည်
နေပြန်တာလား ဒါမှမဟုတ် သူတကယ်ပဲစိတ်ရင်းမှန်နဲ့နေနိုင်
သွားပြီလား ?????????????
                              Part 15 ( the end )

Hello, My Brother(completed)Where stories live. Discover now