Part 8❤️

1.7K 204 13
                                    

   Perth ကအခန်းထဲကနေကျောင်းယူနီဖောင်းဝတ်ပြီးထွက်
လာခဲ့တယ် Saint ကအောက်ထပ်မှာကျောင်းသွားဖို့ဆိုင်
ကယ်ပေါ်ရောက်နေပြီ Perth ကသူ့ကိုမြင်တာနဲ့အရင်လိုအ
တင်းခေါ်သွားဖို့မပြောဘဲရှောင်ထွက်သွားတယ်
Saint : Perth မင်းဘယ်သွားမှာလဲ
   Saint ခေါ်နေလည်းမကြားချင်ယောင်ဆောင်ပြီးထွက်သွား
ဖို့လုပ်လိုက်တယ်
Saint : ဟဲ့ကောင်
   သူ့အကိုစိတ်ဆိုးတော့မယ်ဆိုတာသိလို့ သူအနောက်ကို
လှည့်ကြည့်လိုက်တယ်
Perth : ဟုတ်ကဲ့
Saint : မင်းကိုငါခေါ်နေတာမကြားတာလား
Perth : ကျွန်တော် တစ်ခုခုကိုတွေးနေလို့ပါ
Saint : ထားလိုက်တော့ တက်
  Saint ကသူ့ဆိုင်ကယ်အနောက်ကိုမျက်စပြစ်လိုက်တယ်
Perth : ကျွန်တော်ဒီနေ့ သူငယ်ချင်းနဲ့ချိန်းထားလို့ ဒီတိုင်း
          သွားလိုက်ပါမယ်
  ဒီကောင်တော်တော်လျှာရှည်တာပဲ မင်းကိုခေါ်မလာရင်
Sunny စိတ်ဆိုးမှာစိုးလို့အတင်းခေါ်နေတာ ခေါ်ချင်လို့ခေါ်နေတယ်များမှတ်နေတာလား
Saint : တက်ဆိုတက်လိုက်
Mom : သားတို့မသွားသေးဘူးလား
Saint : ကျွန်တော်ခေါ်သွားမယ်ဆိုတာကို မလိုက်ဘူးလုပ်
         နေတယ်
  အမေက Perth ကိုစိတ်ဆိုးပြီးကြည့်လိုက်တယ်
Mom : အကိုကခေါ်နေတာကို အမေမကြိုက်ဘူးနော် Perth
Perth : ဟုတ် အမေ
  Perth ကဖြည်းဖြည်းချင်းပြန်လျှောက်လာပြီး ဆိုင်ကယ်
အနောက်မှာထိုင်လိုက်တယ်
Mom : ကောင်းကောင်းသွားကြနော်
    Saint ကအရင်တိုင်းပဲဆိုင်ကယ်မောင်းတာကြမ်းတမ်းတယ် Perth ရဲ့လက်ကသူ့ပခုံးကိုပဲညင်ညင်သာသာလေးကိုင်
ထားတယ်
Saint : မင်းပြုတ်ကျချင်လို့လား သေချာကိုင်ထား
    Perth ကအဲ့လိုပြောတော့မှ Saint ရဲ့ခါးကိုဖက်ထား
လိုက်တယ်
Mean : ဟိုမှာလာပါပြီ
Sunny : ဒီနေ့တော့ခေါ်လာသားပဲ
Mean : နင့်ကိုမခေါ်စေချင်လို့ အဲ့လိုလုပ်တာအသိသာကြီး
             မဟုတ်ရင်သူလား Perth ကိုဂရုစိုက်မှာ
Sunny : တိုးတိုးပြော သူတို့လာနေပြီ
Saint : မင်းတို့ကဘာရပ်လုပ်နေတာလဲ
Mean : မင်းတို့ကိုစောင့်နေတာလေ
Sunny : စာမေးပွဲကသန်ဘက်ခါနော် Perth စာရပြီလား
Perth : ရနေပါပြီ ကျွန်တော် scholarship ရအောင်ကြိုးစား
             ဖြေမှာပါ
Saint : ငါ့အဖေကလည်းမင်းကိုကျောင်းထားပေးနိုင်ပါတယ်
            အဲ့လောက်မလိုဘူး
Sunny : Saint ဘယ်တူမလဲ ဒါကြိုးစားမှုရဲ့ရလဒ်လေ
             ကြိုးစားထားနော်
Saint : အတန်းတက်ရတော့မယ် မင်းညနေဆိုင်ကယ်နား
             မှာပဲစောင့်နေ ကြားလား
Perth : ဟုတ်
    သန်ဘက်ခါစာမေးပွဲအတွက် တစ်နေ့တာသင်ကြားမှုတွေ
ပြီးသွားပါပြီ စာကိုပဲစိတ်ရောက်နေလို့ P Saint နဲ့ပြန်ဖို့နောက်
ကျနေမှန်းအခုမှသိတယ် စာကြည့်တိုက်ကနေပစ္စည်းတွေအ
မြန်ကောက်သိမ်းပြီးအမြန်ပြေးထွက်လာတယ် ဘာလို့လဲမသိ
ဘူး P Saint စိတ်ဆိုးမှာကိုကြောက်နေမိတာအကျင့်လိုဖြစ်
နေပြီ
Saint : ဒီကောင်နောက်ကျနေတာပဲ အားလုံးတောင်ပြန်သွား
            ကြပြီ
   Saint ကဆိုင်ကယ်ပေါ်ထိုင်ပြီးနာရီတကြည့်ကြည့်နဲ့ Perth
ကိုစောင့်နေလေရဲ့ နာရီဝက်လောက်ကြာပြီဆိုတော့ကျောင်း
သားတွေလည်းအိမ်ပြန်ကုန်ကြပြီ
   Perth ကအမောတကောနဲ့မလှမ်းမဝေးနေရာကနေ Saint
ကိုမြင်လိုက်လို့ပြေးလာတယ် ဒါပေမယ့် သူခဏတာရပ်လိုက်
ပြီးသေချာကြည့်လိုက်တယ်
Perth : အနောက်မှာ
   Perth ရဲ့အော်သံကြောင့် Saint ကလူတစ်ယောက်အ
နောက်ကနေတုတ်နဲ့ရိုက်မှာကိုရှောင်လိုက်နိုင်တယ် Perth
လည်းချက်ချင်းပြေးတက်လာခဲ့တယ်
Saint : မင်း
B   : မှတ်မိလား မင်းထိုးခဲ့တဲ့ကောင်လေ
   တစ်ဖက်ကလူက Sunny ကိစ္စထဲကမကျေနပ်ခဲ့တာတွေ
ကြောင့် Saint ကိုအားပြင်းပြင်းနဲ့တစ်ချက်ရိုက်ဖို့ပြင်လိုက်
ချိန်မှာ Perth ကသူ့မှီရာလက်တစ်ဖက်ကိုခံထားလိုက်တယ်
Saint : Perth
   အမြဲတမ်းကြောက်လန့်နေတဲ့ကောင်လေးက ဘာလို့သူ့
အတွက်အစားဝင်ခံပေးရတာလဲ
B  : မင်းကဘာလဲ ဟမ်
  ဒေါသကြီးနေတဲ့ကောင်လေးကဘာမှမမြင်နိုင်တော့ဘူး
သူ Perth ကိုဆွဲထိုးလိုက်တယ်
Saint : ခွေးကောင်
  Saint နဲ့တစ်ဖက်ကလူနဲ့ရန်စဖြစ်ပြီးထိုးကြိတ်ကြတယ်
B  : မင်းဆီငါပြန်လာဦးမယ်
  ထိုကောင်လေးကကျိန်းမောင်းပြီးထွက်ပြေးသွားတယ်
Saint : Perth မင်းလက်
   Perth ရဲ့လက်တစ်ပြင်လုံးကညိုမည်းနေတာပဲ သူအထိုး
ခံထားရလို့လည်းမျက်နှာကဖူးယောင်သွားတယ်
Saint : နာနေလား
Perth : Arrr
   Saint ဖြေးဖြေးလေးထိလိုက်တာတောင်သူ့လက်ကနာနေ
တယ်
Saint : ထ ဆေးရုံသွားမှဖြစ်မယ် ဖြည်းဖြည်းထ
   အမေနဲ့အဖေကဆေးရုံခန်းထဲကိုဝင်လာတာနဲ့ အမေက
Perth ကိုပြေးဖက်လိုက်တယ်
Mom : သားလေး ရရဲ့လား
  အမေကသူ့သားရဲ့လက်ကကျောက်ပတ်တီးကိုကြည့်ပြီး
ခံစားရတယ် Saint အဖေကဘာတစ်ခွန်းမှမပြောဘဲ Saint
ကိုထိုးလိုက်တယ်
Perth : အဖေ
Dad : မင်းပြသနာထဲဘာလို့ Perth ကိုဆွဲထည့်တာလဲ သူအ
        ခုစာမေးပွဲဘယ်လိုဖြေမလဲ
   Perth ရဲ့ညာဘက်လက်ထိသွားတော့သူစာမေးပွဲဘယ်လို
ဖြေတော့မလဲ သူအရမ်းဖြစ်ချင်ခဲ့တာကိုဘယ်လိုဆက်လုပ်မ
လဲ ဒါငါ့ကြောင့်
Saint : တောင်းပန်ပါတယ်
Sunny : Perth ရရဲ့လား Saint ဒါဘယ်လိုဖြစ်တာလဲ
Dad : စိတ်မပူနဲ့ Perth မင်းကိုနိုင်ငံခြားကျောင်းမှာထားပေး
        မယ်
   အားလုံးက Perth အနားမှာဝိုင်းအုံနေတော့ Saint ကအပြင်ကိုထွကိသွားလိုက်တယ် သူ့အကိုကိုကြည့်ပြီး သနားမိတယ်
သူ့အမှားလို့တွေးနေတော့မှာပဲ သူ့အနားမှာလည်းဘယ်သူမှ
မရှိတော့အမြဲအထီးကျန်နေမှာပဲ သူလည်းအချစ်ကိုလိုချင်
မှာပေါ့
Sunny : Perth မပူနဲ့ အမနဲ့မင်းနဲ့ အတူကျောင်းသွားတက်
            လို့ရအောင်စီစဉ်ကြည့်မယ် ဒါဆို မင်းတစ်ယောက်
            ထဲမဟုတ်တော့ဘူးပေါ့
Perth : ဟုတ် ကျေးဇူးပါ
Mom : Sunny နဲ့ဆိုသားအတွက်ပူစရာမရှိပါဘူး
Dad : သားတက်ချင်တဲ့ကျောင်းကိုသာရွေးလိုက် အကုန်စီ
        စဉ်ပေးမယ် သားတော်တာကိုသိတယ်
  ဒီလိုမျိုးနွေးထွေးမှုကိုဘာလို့ P  Saint ကိုမပေးနိုင်ရတာလဲ
သူတောင့်တနေတာကိုမသိကြတာလား လျစ်လျူရှုထားကြ
တာလား
Mean : Perth ကမင်းအပေါ်အရမ်းကောင်းတာပါ မင်းလည်း
          သိနေရဲ့သားနဲ့
Saint : စိတ်မကောင်းဘူး အားနာမိတယ်
Mean : မင်းသူ့ကိုအကောင်းမြင်ပေးလိုက်ပါ အားလုံးပြစ်ပယ်
          ထားတဲ့မင်းကိုသူပဲကြည့်နေခဲ့တာ မလား
     Perth အပေါ်သူလုပ်ခဲ့တာတွေ အော်ခဲ့တာတွေကိုအခုမှ
ပြန်တွေးမိတယ် Perth ရဲ့အကြည့်တွေကနက်ရှိုင်းနေတာကို
လည်းအခုမှသတိထားမိတယ်
    Saint ချက်ချင်းပြေးထွက်သွားတယ် သူအခုရင်ထဲမှာခံစားချက်တွေရှုပ်ထွေးနေတယ် သူ့နှလုံးသားကချက်ချင်း
Perth ဆီကိုသွားလို့ပဲစေခိုင်းနေတယ်
   သူအခန်းတံခါးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့
Perth ကအိပ်ပျော်နေတယ် သူအနားကိုဖြည်းဖြည်းချင်းကပ်
သွားပြီး Perth ရဲ့လက်ကိုကိုင်လိုက်တယ်
Perth : P Saint
Saint : နိုးသွားတာလား
     Saint ကလည်း Perth အရှေ့မှာထိုင်လိုက်တယ်
Saint : အကိုတောင်းပန်ပါတယ်
Perth : မဟုတ်ဘူး မတောင်းပန်ပါနဲ့ အကို့ကိုကျေးဇူးတင်ရ
         မှာ
Saint : မင်းအခုလိုဖြစ်နေတာငါ့ကြောင့်လေ
Perth : ကျွန်တော်ကအမြဲလန့်နေတာ ဒီနေ့မှတစ်ခါမှမရဖူး
          တဲ့သတ္တိတွေကိုရခဲ့တာ အဲ့ဒါအကို့ကြောင့်လေ
   ငါ့ကိုဘာလို့အပြစ်မတင်ဘဲ နှစ်သိမ့်ပေးနေတာလဲ မင်းငါ့ကိုအဲ့လောက်ချစ်တာငါမသိခဲ့ဘူး Saint က Perth ရဲ့ပါးတစ်
ဖက်ကိုကိုင်လိုက်တယ်
Saint : မင်းကငါ့အတွက်လက်ဆောင်တစ်ခုလိုခံစားလိုက်
         ရတယ် ကျေးဇူးပါ Perth 
    Saint ရဲ့မျက်နှာက Perth အနားကိုဖြည်းဖြည်းချင်းကပ်
သွားတယ် ဘာလို့လဲမသိတော့ဘူး ဒါပေမယ့် ဒီကောင်လေး
ကိုအခုနမ်းချင်စိတ်ကထိန်းမရတော့ဘူး
   Saint ရဲ့နှုတ်ခမ်းတစ်စုံက Perth ရဲ့နှုတ်ခမ်းတွေကိုနမ်း
လိုက်တယ် ဒါနှစ်ယောက်လုံးအတွက်တော့ပထမဆုံးအနမ်း
တစ်ပွင့်ဖြစ်ခဲ့တယ်
                                    Part 8 ( the end )

Hello, My Brother(completed)Where stories live. Discover now