Ending

173 8 1
                                    

      " တရားရုံးက ဆင့်ခေါ်စာတဲ့လား ..... Perth Tanapon ကအရေးမပါတာတွေကိုလုပ်နေတာပဲ
ငါတစ်နေရာကိုသွားရမယ် ..... ကားပြင်ထားလိုက် "

Perth ကိုမျှော်နေခဲ့တာ ဘယ်လောက်ကြာမှန်းတောင်မသိနိုင်အောင်အချိန်တွေကကြာလွန်းတယ်
သူဘယ်တော့ရောက်လာမှာလဲ ......
     " Saint ..... သားလေး ..... ဆေးသောက်ချိန်ရောက်
ပြီလေ ...... "

ကျွန်တော်မုန်းတီးခဲ့တဲ့အမေက .... Perth အစား
ကျွန်တော့်ကိုခွန်အားတွေပေးခဲ့တယ်
     " ဟုတ် .... ကဲ့ "
စကားလံုးတွေကိုဖြည်းဖြည်းချင်း ရေရွတ်ဖို့တော်
တော်ကြိုးစားရတယ် .....
ကောင်လေးရောက်လာခဲ့ရင် သူ့ကိုပြောချင်တာတွေ
အများကြီးရှိနေလို့လေ ..... အဲ့စကားတွေကိုပြောနိုင်မှရမယ်
      " perth ..... "
သူ့နာမည်ကိုရေရွတ်လိုက်တာနဲ့ အမေကကျွန်တော့်ကို
ထွေးပွေ့ပေးထားတယ်
     " အင်အားတွေသိပ်မသံုးပါနဲ့ သားလေး .....
သူရောက်လာမှာပါ ..... သူ့အမှားတွေကိုပေးဆပ်ပြီးရင်သားဆီအပြေးရောက်လာမှာပါ .....
ညီလေးက သားကိုအရမ်းချစ်တာပါ ... အရမ်းပါ
ဒါကြောင့် သားကနေကောင်းဖို့ပဲကြိုးစားရမယ်နော် "

ရုတ်တရက်တံခါးဝကိုလှမ်းမြင်လိုက်တာနဲ့ ကျွန်တော်
တုန်လှုပ်သွားမိတယ် ....
သူဒီကိုဘာလာလုပ်တာလဲ

      " ကြည်နူးစရာမြင်ကွင်းလေးပဲ ..... "
      " ဒီကိုဘာလာလုပ်တာလဲ ထွက်သွားပေးပါ ....
မဟုတ်ရင် ရဲခေါ်ရလိမ့်မယ် "
        " ကို့တူလေးကိုလာကြည့်တာလေ ..... Saint က
သူ့အဒေါ်ကိုမျှော်နေမယ်ထင်လို့လေ "

ဆက်ပြီးရန်တံု့ပြန်မယ့်အမေ့လက်ကိုဖမ်းဆုပ်ထားခဲ့
တယ် ....
ခဏရှောငိပေးဖို့တောင်းဆိုမှုကို အမေလဲကောင်းကောင်းနားလည်ပံုပါပဲ .....
အခန််းထဲက ချက်ချင်းရှောင်ပေးခဲ့တယ်

       " ဘယ်လိုဖြစ်ရတာလဲ ..... ငါ့တူကအဲ့လောက်
ပျော့ညံ့နေမယ်လို့ မထင်ထားဘူး
ဒီလောက်ထိသူ့ကိုကာကွယ်ပေးချင်တာလား .....
Saint ..... မင်းသိလား
မင်းကလေ လောဘကြီးလွန်းတယ် ..... လိုချင်စိတ်
ကြီးလွန်းတယ်
အဲ့အပြစ်တွေကအခုမင်းကိုဖြည်းဖြည်းချင်းသတ်
နေတာပဲ "

ငိုလို့မရဘူး ..... ထိုးနှက်တဲ့စကားလံုးတွေမို့ ယိုင်လဲ
သွားလို့မဖြစ်ဘူး Saint

Hello, My Brother(completed)Where stories live. Discover now