Part 28❤️

1.5K 189 10
                                    

      Yuri ကလေ့ကျင့်ရတော့မယ်ဆိုတော့ အကြောဆန့်လေ့
ကျင့်ခန်းလုပ်နေရင်းနဲ့ ဖြတ်သွားတဲ့ Perth ရဲ့အမေကိုတွေ့
လိုက်ရတယ် မသိချင်ယောင်ဆောင်ပြီးသူ့မျက်နှာကိုတစ်
ဖက်ခြမ်းလှည့်လိုက်တယ် Perth ကိုလှမ်းပြောရမယ်
Perth : inn Yuri
Yuri : နင့်အမေ ရောက်နေတယ်
   အမေရောက်နေတယ်ဆိုတဲ့စကားကြားထဲက Saint နဲ့ခပ်
ဝေးဝေးမှာစကားသွားပြောလိုက်တယ်
Yuri : ငါထင်တာတော့ ငါတို့ကိုလာ check တာပဲဖြစ်မယ်
Perth : သေချာလား
Yuri : တကယ်မြင်လိုက်တယ် နင် Saint ကိုခေါ်လာလို့မ
         ဖြစ်ဘူး
Perth : inn နားလည်ပြီ
       အမေဒီရက်ထဲသတင်းမကြားဘဲပျောက်နေထဲကတစ်ခုခု
ကိုစိတ်ထဲထင့်နေခဲ့တာ ဘယ်လိုပဲဖြစ်ဖြစ် Sunny နဲ့ပေးစား
မှာပဲ P Saint ကိုလည်းဒုက္ခပေးလိမ့်မယ် ဘာဆက်လုပ်ရမလဲ Yuri ကိုငါ့ကောင်မလေးဖြစ်ကြောင်းတစ်ခါထဲယုံမှဖြစ်မှာ
အဲ့ဒါကြောင့် Saint ကိုဒီနေ့ခေါ်လို့မဖြစ်ဘူး 
ကစားပွဲရပ်နားချိန်မှာ Yuri ကအနားကိုလာပြီးချွေးသုတ်ပေး
လိုက်တယ်
Perth : သူ့ကိုထပ်တွေ့သေးလား
Yuri : ရှစ်နာရီ ကိုကြည့်
    Perth ကနာရီလက်တံအတိုင်းကြည့်လိုက်တယ် တကယ်
ရောက်နေတာပဲ ဘာအကြံအစည်နဲ့လဲ သေချာတာကတော့
Yuri နဲ့ သူ့ကိုလာအကဲခတ်နေတာပဲ
Perth : Yuri ကူညီပေးပါ ဒီနေ့မှတစ်ခုခုမလုပ်နိုင်ရင် Sunny
             ကိစ္စတွေရှုပ်လာလိမ့်မယ် ပြီးတော့ ငါနဲ့ Saint ကို
             လည်းသံသယတွေထပ်ဝင်လာလိမ့်မယ် Saint မှာ
              အန္တရာယ်ပိုများလာမယ်
   " ပြန်စကြမယ် " နည်းပြကခေါ်တာနဲ့သူသွားရတော့မယ်
Yuri က Perth ကိုအဆင်ပြေတယ်ဆိုတဲ့သဘောနဲ့ခေါင်း
ညိမ့်ပြလိုက်တယ်
Sunny ကိုယုံကြည်လိုက်မိတာကျွန်တော်မှားခဲ့တာပဲ တစ်ည
တာတောင်ကုန်ဆုံးပြီးသားချစ်သူတွေကြားမှာ ဒီလိုမမျှော်လင့်တဲ့အနမ်းကိုမြင်လိုက်ရတာ P Saint ဘယ်လောက်ထိကြေ
ကွဲနေရမလဲနားလည်လိုက်မိတယ် ဒါပေမယ့် ဒါတွေအားလုံး
ကလည်းအကို့အတွက်ကြီးပါပဲ
     Saint ကပွဲခင်းထဲကနေချက်ချင်းထွက်ပြေးသွားတယ်
Perth ချက်ချင်းလိုက်သွားမလို့လုပ်လိုက်ပေမယ့် Yuri ကသူ့
ခါးကိုလှမ်းဖက်ထားလိုက်တယ် ဒါသူ့ကိုမသွားဖို့တားလိုက်
တာပဲ
Yuri : နင့်အမေကြည့်နေတယ်
     Perth ကတကယ်ဒီကောင်မလေးကိုကြိုက်နေတာပဲ
Saint ကိုမဟုတ်တာသေချာသွားပြီပေါ့
Saint က Taxi ပေါ်မှာထိုင်လိုက်သွားပြီးတော့ကိုငိုချလိုက်
တယ် မထင်ထားဘူး Perth ဘာလို့အဲ့လိုလုပ်ရက်ရတာလဲ
ထပ်မယုံကြည်ချင်တော့ဘူး
     Perth ကကားဘေးဘောင်ကိုအားနဲ့အဆက်မပြတ်ထု
ရိုက်လိုက်တယ်
Yuri : စိတ်လျော့ပါ Perth
Perth : Sunny ကအမေ့လက်ထဲရောက်သွားပြီ သူငါတို့ကို
             ဘယ်လိုတောင်လုပ်ရက်လိုက်တာလဲ
Yuri : သူနင့်ကိုကြိုက်လို့ဆိုတာရှင်းနေတာပဲ
Perth : P Saint ဘယ်ရောက်နေလဲမသိဘူး
   Yuri ကထိုင်ခုံခါးပတ်ကိုပတ်ထားလိုက်တယ်
Yuri : နင့်အိမ်ကိုအရင်သွားကြည့်ရအောင် 
    Sunny ကယိုင်တိုင်တိုင်နဲ့ကိုလမ်းလျှောက်လာတယ် သူ
လုပ်လိုက်တာမှန်လား မှားလားမစဉ်းစားနိုင်တော့ဘူး Perth
ကိုပိုင်ဆိုင်ချင်တာတစ်ခုထဲပဲလေ အခုတော့ သူ့ကိုပိုမုန်းအောင်လုပ်မိသလိုဖြစ်သွားပြီလား ကျေးဇူးပြုပြီးငါ့ကိုမမုန်းပါနဲ့
Perth ရယ် တောင်းပန်ပါတယ်
Perth ကတံခါးကိုတွန်းဖွင့်လိုက်တယ် အထဲမှာဘယ်သူမှမရှိ
ဘူး Saint အိမ်ကိုပြန်မလာသေးဘူး
Perth : သူမရှိဘူး
Yuri : သူဒီမှာနေရာတော်တော်များများကိုသွားနိုင်မှာမဟုတ်
          ဘူး နင်ရှာတွေ့နိုင်မယ့်နေရာများမရှိဘူးလား
Perth : ငါ့ခေါင်းတွေကိုက်နေပြီ ဘာမှမစဉ်းစားတတ်တော့
             ဘူး  
   Saint ကသစ်ပင်ကြီးတစ်ပင်အောက်မှာတစ်ယောက်ထဲ
ထိုင်နေတယ်
Saint : သူငါ့ကိုမချစ်ပါဘူး
   အဲ့စကားကိုပဲထပ်တလဲလဲပြောနေမိတယ် ဘာလုပ်ရမှန်းမသိအောင်ကိုအသက်မဲ့နေလို့ဒီမှာပဲအကြာကြီးထိုင်နေမိတယ်
ကလေးလေးတွေကမီးပန်းတွေနဲ့အနားမှာလာဆော့နေကြ
တယ် မီးဆိုတာကိုမြင်ရင်တောင်ခေါင်းကိုက်မိတယ် လန့်မိ
တယ်
     ရုတ်တရက်ကလေးကဘာလို့ထငိုရတာလဲ ကလေးလေး
လက်ကိုအပူလောင်သွားတော့ အမေကပြေးလာပြီးပွေ့ချီ
လိုက်တယ် သူ့အတွေးထဲကပျောက်နေတဲ့ပုံရိပ်ကဖြည်းဖြည်း
ချင်းအစပြန်ပေါ်လာတယ်
   " အကို ကျွန်တော်ပြောတာကြားရလား P Saint " သူမြင်
လိုက်ရတဲ့ဝိုးတိုးဝါးတားပုံရိပ်ထဲမှာရှူးဖိနပ်တစ်စုံကိုပဲမြင်
လိုက်ရတာ အခုကြားယောင်နေတဲ့အသံက Perth ရဲ့အသံ
လား
လွန်ခဲ့သောခြောက်လ............
Dad : သား Saint နိုးလာပြီလား
    Saint ကနာကျင်နေတဲ့ဒဏ်တွေကြောင့်ဖြည်းဖြည်းချင်း
ထထိုင်လိုက်တယ်
Saint : မီး မီးတွေလောင်နေတာ
Dad : အဖေသိပါတယ် သားဘာမှတွေးမနေနဲ့တော့ အခု
        အားလုံးအဆင်ပြေသွားပြီ စိတ်ကိုအေးအေးထားလိုက်
Saint : ကျွန်တော့်ကိုဘယ်သူကယ်ခဲ့တာလဲ ဘာမှမမှတ်မိ
            တော့ဘူး
Dad : သားကိုကယ်ခဲ့တဲ့သူကို ရှာမတွေ့သေးဘူး
Saint : သူတစ်ခုခုဖြစ်လို့လား
Dad : မဟုတ်ပါဘူး သူသားကိုကယ်ပြီးထွက်သွားပုံရတယ်
Saint : သူ့ကိုကျေးဇူးတောင်မတင်လိုက်ရဘူး သူ့ကိုရှာပေးပါ
            လား အနည်းဆုံးကျေးဇူးတော့ဆပ်ရမှာပေါ့
   အခန်းထဲကိုရဲတွေကဝင်လာခဲ့တယ်
P   : ဒါကမနေ့ကဂိုဒေါင်ရှေ့မှာတွေ့ခဲ့တာ
   ရဲတစ်ယောက်က Saint လက်ထဲကိုဆွဲကြိုးလေးထည့်ပေး
လိုက်တယ် ဆွဲသီးက P တစ်လုံးထဲ
   ဒါဆို အဲ့ဆွဲသီးရဲ့ဆိုလိုချင်တာက Perth လား အဲ့နေ့ကငါ့ကိုကယ်ထုတ်ခဲ့တာ Perth လား မဖြစ်နိုင်ပါဘူး သူကဘယ်
လိုလုပ်ထိုင်းကိုရောက်လာမှာလဲ
   " လွန်ခဲ့တဲ့ခြောက်လက သူလေးရက်လောက်ပျောက်သွား
ခဲ့တာ " Sunny ပြောခဲ့တဲ့စကားအတိုင်းဆို Perth ပျောက်
သွားခဲ့တဲ့လေးရက်ကအဲ့ညအပါအဝင်လား 
သူငါ့ကိုကယ်ခဲ့တာလား
Saint : ပခုံးကဒဏ်ရာက ဘယ်လိုရလာတာလဲ
Perth : အားကစားလုပ်ရင်းခိုက်မိတာပါ
    အဲ့ဒဏ်ရာကအားကစား လုပ်လို့ထိထားတာမဟုတ်ဘူးပေါ့
သူငါ့ကိုကယ်ခဲ့ရာကနေရလာတာပဲ ဒါပေမယ့် ဘာလို့အမှန်
ကိုမပြောဘဲဖုံးကွယ်နေခဲ့တာလဲ ဘာလို့အမှန်ကိုမပြောနိုင်ဘဲ
ဘဝကိုလူသစ်တစ်ယောက်လိုပြောင်းလဲနေထိုင်နေရတာလဲ
Saint သူ့ရင်ဘတ်ကိုဖိပြီးအသက်ကိုပြင်းပြင်းရှူလိုက်တယ်
Saint : ဖုံးကွယ်ထားရလောက်အောင် Perth မှာဘာအ
            ကြောင်းအရင်းတွေရှိနေခဲ့တာလဲ    
     Perth လေဆိပ်ထိလည်းနှံ့နေပြီ Saint ကိုလုံးဝရှာမတွေ့
ခဲ့ဘူး ရူးချင်လွန်းလို့ထိုင်တောင်ငိုချလိုက်ချင်ပြီ
Perth ဘယ်မှာလဲ ငါမင်းဆီအရောက်ပြန်လာနေပြီ တောင်း
ပန်ပါတယ် မင်းကိုအထင်လွဲခဲ့မိတာအတွက်တောင်းပန်ပါ
တယ် ဘာအကြောင်းတရားတွေရှိနေလည်းမသိပေမယ့်
လောလောဆယ်တော့ Perth ဆီကိုအပြေးသွားချင်တာပဲသိ
တော့တယ်
    Perth ကအိမ်ကိုပြန်လာတာတောင် အားမရှိတော့ဘူး
Saint ကိုဘယ်မှာမှလည်းရှာမတွေ့ဘူး
Saint : Perth
   Saint ကိုအိမ်ရှေ့မှာရပ်နေတာမြင်တော့ခဏတောင်မှင်
သက်မိသွားတယ် မျက်ရည်ကျရုံကလွဲရင်ဘာမှမပြောနိုင်ဘူး
Saint က Perth ကိုပြေးပြီးဖက်ထားလိုက်တယ်
Saint : ဘာလို့လဲ ဘာလို့တစ်ချိန်လုံးဖုံးကွယ်နေရတာလဲ
            မင်းအရူးလား ငါ့ကိုကယ်ခဲ့တာမင်းလို့ဘာလို့မပြော
            နိုင်ရတာလဲ
    P Saint အားလုံးကိုသိသွားတာလား
Saint : မင်းကိုစိတ်မဆိုးနိုင်တော့ဘူး မမုန်းနိုင်တော့ပါဘူး
             မင်းဘာပဲလုပ်လုပ်ငါမင်းကိုပိုချစ်မိနေတာပါ
   Perth ကလည်း Saint ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်
ထားလိုက်တယ်
Perth : တောင်းပန်ပါတယ် တောင်းပန်ပါတယ် အရမ်းချစ်
            တယ် ကျွန်တော်အကို့ကိုသိပ်ချစ်ပါတယ်
                                  Part 28 ( the end )

Hello, My Brother(completed)Where stories live. Discover now