" Suppapong မိသားစုရဲ့ တစ်ဦးထဲသောဆက်ခံသူ
အစစ်က လူအများကြားမှာ တော်တော်လေးရေပန်း
စားနေတာပါ "
" ဟုတ်တယ်နော် .... အရမ်းချောပြီးအရမ်းတော်လို့
မိန်းကလေးအများကြားရေပန်းစားတယ်လို့လဲ သိရ
တယ် .... "
" အခုလဲ သူချဲ့ထွင်မယ့် နောက်ထပ် project က
နိုင်ငံခြား company တွေကပါစိတ်ဝင်စားမှုရှိလို့
Project အကြီးကြီးဖြစ်ဖို့ မျှော်လင့်ရတယ်ရှင့်
ဒီနေ့သတင်းအတွက် ပထမဆံုးဧည့်သည် Saint Suppapong ကိုကြိုဆိုပေးကြပါဦး "Saint : မဂ်လာပါ ......
" မဂ်လာပါ .... Khon Saint .... မအားလပ်တဲ့ကြား
ကအစီအစဉ်မှာပါဝင်ပေးတာ အရမ်းကျေးဇူးတင်ပါ
တယ် ... "
Saint : ကျေးဇူးပါ .... ကျွန်တော်အလုပ်စလုပ်တာ
၁ နှစ်လောက်ပဲရှိသေးပေမယ့် အခုလိုအားပေး
မှုရထားတာ မယံုနိုင်စရာပါပဲ
" အလုပ်စလုပ်တာ ၁ နှစ်ဆိုတော့ .... ကြားရတဲ့
သတင်းလေးတွေအရပေါ့နော် အရင်ကဦးဆောင်သူက Saint ရဲ့ညီလေးလို့သိရပါတယ် ....
ဒါပေမယ့် Saint ကတစ်ဦးထဲသောသားမလား "
Saint : ဟုတ်ပါတယ် .... ကျွန်တော်အဖေကနောက်
အိမ်ထောင်ပြုခဲ့တာပါ .....
ကျွန်တော်ကျန်းမာရေးကြောင့် အလုပ်အားလံုး
ညီလေးကိုလွှဲပြောင်းခဲ့တာပါ
အခုတော့ ကျွန်တော်ကပဲဆက်လုပ်မှာပါ
" Suppapong မိသားစုက အရမ်းလျို့ဝှက်တတ်
တော့ သတင်းစကားလေးတွေကအနည်းကျဉ်းလောက်ပဲ သိရတယ်ရှင့် ..... "စီးလက်စ စက်ဘီးကိုရပ်ပြီး..... ပြသနေတဲ့သတင်းရှိ
ရာကိုမျက်နှာမူကြည့်လိုက်မိတယ် .....
P Saint ကိုဖန်သားပြင်ပေါ်မှာ မြင်ရမယ်မထင်ခဲ့ဘူး
တစ်နှစ်လောက်လွမ်းဆွတ်တမ်းတခဲ့ရတဲ့ အကိုရဲ့
မျက်နှာလေး .....
Linn : Hey ..... Tanapon
ဘာရပ်လုပ်နေတာလဲ ....
Perth : အာ .... ဒီတိုင်းစက်ဘီးစီးရင်းခြေထောက်နာ
လာလို့ ရပ်လိုက်တာ
Linn : ဒီနေ့နင်လေ့ကျင့်ရမယ့်နေ့လေ ... မြန်မြန်သွား
ရမယ် ..... လာ ဒီနေ့ညဧည့်သည်များမှာ
Perth : ခဏနေအမြန်လိုက်လာပါမယ် .....
သွားနှင့်ပါ P Linn" ဟုတ်ကဲ့ ဒီနေ့လုပ်ငန်းအကြောင်းတွေကို တော်
တော်သိလိုက်ရပါတယ် .... နောက်ဆံုးတစ်ခုအနေနဲ့
Khon Saint ရဲ့အချစ်ရေးလေးကို အနည်းကျဉ်း
လောက်ပြောပြနိုင်မလားရှင့်
အားလံုးလဲသိချင်နေတဲ့ မေးခွန်းမို့ပါ "
