Perth : အကို မနက်စာစားပါဦး
Saint ကအပေါ်ထပ်ကနေကျောင်းလွယ်အိတ်ယူပြီးဆင်း
လာတယ်
Saint : အဖေရော
Perth : အမေနဲ့အရေးကြီးအလုပ်ရှိလို့ ခုနကပဲထွက်သွား
တယ်
Saint ကထမင်းစားခန်းကိုမလာဘဲထွက်သွားဖို့လုပ်လိုက်
တယ်
Perth : အကို အတူတူသွားမယ်လေ ခဏနေပါဦး
Saint က Perth ကိုမစောင့်ဘဲအမြန်ထွက်သွားလိုက်တယ်
Perth : စောင့်ပါဆို မစောင့်ဘူး
Saint ဆိုင်ကယ်ကကျောင်းအဝင်ဝမှာရပ်လိုက်တယ် မနီးမ
ဝေးနေရာကနေ Sunny ကို လူတစ်ယောက်ကဆွဲလားရမ်း
လားလုပ်နေတာမြင်လိုက်တယ်
Saint : Sunny
သူ Sunny ဆီထွက်ပြေးသွားပြီး သူ့လက်ကိုအတင်းဆွဲထားတဲ့လူကိုဆွဲထိုးလိုက်တယ်
Saint : မင်းဘယ်ကကောင်လဲ
B : မင်းကဘယ်ကလဲ ငါ့ကိုထိုးရအောင်မင်းကဘာလဲ
တစ်ဖက်ကကောင်လေးကလည်း Saint ကိုထိုးဖို့ရွယ်လိုက်တဲ့အချိန်မှာ Sunny က Saint အရှေ့ကနေဝင်ကာလိုက်
တယ်
Sunny : ငါ့သူငယ်ချင်းကိုနင်လက်နဲ့ရွယ်ဖို့မလိုဘူး နင်လွန်
တာလေ ချက်ချင်းရှေ့ကထွက်သွား
ကောင်လေးက Saint ကိုမကျေနပ်သလိုကြည့်ပြီး တောက်
ခေါက်ပြီးထွက်သွားလိုက်တယ်
Mean : Saint ဘာဖြစ်ကြတာလဲ
Saint : အဲ့ကောင်ကဘာလဲ ဘာလို့နင့်ကိုဆွဲလားရမ်းလား
လုပ်ရတာလဲ
Sunny : ငါ့ပွဲကိုစီစဉ်သူရဲ့သားပါ ငါ့ကိုကြိုက်လို့အတင်းလိုက်
နေတာ
Saint : နင် တစ်ခုခုဆိုတစ်ယောက်ထဲမရှင်းနဲ့ ငါ့ကိုပြော
Mean : ထားလိုက်ပါတော့ အခုအဆင်ပြေပြီမလား ဒါနဲ့
Perth ရော မတွေ့ပါလား
Saint ဘာတစ်ခွန်းမှပြန်မပြောထဲကသူ Perth ကိုထားခဲ့
တာကျိန်းသေတယ်
Sunny : နင် နင့်ညီကိုတစ်ယောက်ထဲထားခဲ့ပြန်ပြီမလား
Saint အဲ့လိုမလုပ်ပါနဲ့
Saint : ငါကဘယ်တုန်းကလူတစ်ယောက်ကိုဂရုစိုက်လို့လဲ
Sunny : ဟုတ်လား ရပါတယ် ဒါဆိုလည်းနောက်နေ့ကစပြီး
ငါဘဲသူ့ကိုဝင်ခေါ်လိုက်မယ်လေ
Saint : Sunny
Sunny : အတန်းတက်တော့မယ် bye
Saint ကသူ့ခေါင်းကိုကုတ်ပြီးဖွလိုက်တယ် စိတ်ရှုပ်အောင်
Sunny ကလုပ်သွားပြန်ပြီ သူတို့နှစ်ယောက်အတူကျောင်း
လာတာကိုဘယ်လိုကြည့်နေနိုင်မှာလဲ
Saint Saint ငါအဲ့လိုပြောလိုက်ရင်နောက်နေ့နင် perth ကို
ကျောင်းခေါ်လာမယ်ဆိုတာသေချာသိနေတယ်လေ
Sunny : Hey Perth ပြန်တော့မလို့လား
Perth : ဟုတ်
Sunny : တစ်ယောက်ထဲဆို အတူပြန်မလား
Saint : မဟုတ်ဘူး သူငါနဲ့အတူပြန်မှာ
Saint က Perth ပခုံးပေါ်သူ့လက်ကိုတင်ထားလိုက်တယ်
Saint : ငါ့ညီကငါနဲ့အတူပြန်ရမှာပေါ့ တစ်အိမ်ထဲလေ
Sunny : ဟုတ်လား ငါကနင်တစ်ယောက်ထဲပြန်မယ်ထင်နေ
တာ
Saint : မဟုတ်တာ အတူသွားအတူပြန်ရမှာပေါ့
အကိုကနောက်ဆုံးတော့သူ့နဲ့အတူကျောင်းသွားကျောင်းပြန်လုပ်တော့မယ်ပေါ့
Saint : သွားမယ်
Saint ကအတင်းပခုံးကိုဆွဲဖက်ပြီးခေါ်သွားလိုက်တယ်
Mean : Sunny နင်တမင်ပြောတာမလား
Sunny : ဒါပေါ့ အဲ့ကောင်အကြောင်းနင်လည်းသိတဲ့အတိုင်း
ပဲ
Mean : လူမိုက်လိုလိုနဲ့တကယ်တော့ ကလေးကြီးပါ
" ဟား ဟား " နှစ်ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးရီလိုက်တယ်
Sunny : ပြန်ကြမယ်
Perth : အကို အကို့ Shirt ကကြယ်သီးတစ်လုံးပြုတ်နေ
တယ်
Saint : ကျပျောက်လာတာနေမှာပေါ့ ထားလိုက်
Perth ကနောက်ဖေးမီးဖိုချောင်ထဲကိုမသိမသာဝင်သွား
လိုက်တယ်
Perth : ဒေါ်ကြီး
W : သား ဘာလိုတာရှိလို့လဲ ပြောလေ
Perth : P Saint ဒီနေ့ကျောင်းဝတ်စုံကိုခဏပေးပါလား
W : မလျှော်ရသေးဘူး သား ဘာလုပ်ဖို့လဲ
Perth : ခဏလေးပါ ပြီးရင် ပြန်လာပေးမယ် သူ့ကိုမပြောနဲ့
Perth ကအခန်းထဲဝင်ပြီးသူ့အကိုရဲ့ Shirt ကြယ်သီးကိုအ
သစ်ပြန်ချုပ်ပေးနေတယ် ဒါပေမယ့် သူမှဒါမျိုးမလုပ်တတ်တာ
Perth : ထင်သလောက်မလွယ်ပါလား
Perth ကသူ့ဖုန်းထဲက video ကိုကြည့်ရင်းဖြည်းဖြည်းချင်း
ချုပ်လိုက်တယ်
Saint : ဟဲ့ကောင်
Perth : Arr
Saint ကရုတ်တရက်အော်လိုက်တော့လန့်ပြီးသူ့လက်ကို
အပ်နဲ့ထိုးမိသွားလို့ သွေးစလေးတောင်ထွက်သွားတယ်
Saint : မင်းသတိမထားဘဲလုပ်ပြန်ပြီ
Saint ကသူ့လက်ကိုကိုင်ပြီးဘေးကတစ်သျူးကိုယူပြီး
သွေးစလေးကိုသေချာသုတ်ပေးလိုက်တယ် ဒီလိုအချိန်အနီး
ကပ်မြင်လိုက်ရတဲ့ P Saint ရဲ့မျက်နှာကအရမ်းကြည့်ကောင်း
တာပဲ သူကအရမ်းချောတယ် အသားအရည်ကအစအပြစ်ဆို
စရာမရှိဘူး
Saint : မင်းအားနဲ့ထိုးမိတာလား အပ်ကလည်းသံချေးတက်
နေတာပဲ မင်းပိုးဝင်တော့မှာပဲ
P Saint ရုတ်တရက်ဘာလုပ်လိုက်တာလဲ သူ့ရင်ခုန်သံ
တွေကအရမ်းမြန်နေတာ P Saint တောင်ကြားနိုင်မလားမသိ
ဘူး သူကျွန်တော့်လက်ကိုသူ့နှုတ်ခမ်းဖျားလေးနဲ့စုပ်ပေးလိုက်
တယ် ဘာမှမသိနိုင်တော့အောင်ကိုရင်ခုန်နေမိတယ် သူ့အကိုအပေါ်ဘယ်လိုခံစားချက်မျိုးဖြစ်နေတာလဲ ဒါမဖြစ်
သင့်တာသိတယ် ဒါပေမယ့် နှလုံးသားကဖြစ်လာတဲ့ခံစား
ချက်ကိုထိန်းချုပ်ဖို့ကခက်ခဲတယ်လေ
ငါဘာလုပ်နေမိတာလဲ ဒီလောက်လုပ်ဖို့မှမလိုတာ
Saint ကချက်ချင်း Perth ရဲ့လက်ကိုလွှတ်ပြီးမက်တပ်ရပ်လိုက်တယ်
Saint : မင်း မင်းငါ့ကိုအဲ့လိုကြောင်ကြည့်မနေနဲ့ ငါ့အတွက်
လုပ်ပေးရင်းဖြစ်တယ်ပြောမှာစိုးလို့ ကြားလား
Perth ကဘာမှပြောမပြောနိုင်ဘဲ မျက်လုံးလေးပုတ်ခတ်
ပုတ်ခတ်နဲ့... အဲ့လိုကြည့်တော့ Saint နေရခက်လာတော့
တာပေါ့
Saint : ကြားလားလို့
Perth : ဟုတ် ဟုတ်
Perth ရဲ့လက်ထဲက Shirt ကိုသူဆွဲယူလိုက်တယ်
Saint : ဘယ်လိုကောင်လဲကိုမသိဘူး နောက်ငါ့ပစ္စည်းတွေ
ယူမကိုင်နဲ့
Saint အခန်းတံခါးကိုဆောင့်ပိတ်ပြီးထွက်သွားတဲ့အထိ
Perth ကကြောင်တောင်တောင်နဲ့ငြိမ်ပြီးသူ့လက်ကိုပဲစိုက်
ကြည့်နေတော့တယ်
Perth : အကို ဘာလုပ်သွားတာလဲ
Saint ကလည်းသူ့အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်မှာလှဲ
အိပ်လိုက်တယ် သူခုနက perth ကိုလုပ်ပေးခဲ့တာကိုအခုထိ
မျက်လုံးထဲကမထွက်သေးဘူး ငါဘာလုပ်လိုက်တာလဲ ဘယ်
လိုဖြစ်လို့လဲ အတွေးတွေနဲ့ချာချာလည်နေဆဲ
Perth ကလည်းသူ့ရင်ဘတ်ကိုဖိထားပြီး ရင်ခုန်သံတွေရယ်
ရပ်ပါတော့လို့သတိပေးနေရှာတယ် သူကအကိုတစ်ယောက်
လေ အဲ့လိုခံစားနေလို့ဘယ်ဖြစ်မလဲဆိုပြီးပဲစိတ်ကိုဖြေသိမ့်
နေရရှာတယ်
Perth : ငါ့အကိုပေါ်ကို ချစ်မိနေတာလား
Saint : Perth အပေါ်ကို အရင်ထက်သံယောဇဉ်ပိုမိနေတာ
လား
Part 7 ( the end )
![](https://img.wattpad.com/cover/180397295-288-k606827.jpg)