Part 10 ❤️

1.6K 184 7
                                    

   ငယ်ငယ်တုန်းကဆို ကျွန်တော်ကလိမ္မာပြီးချစ်ဖို့ကောင်းတဲ့
ကလေးတစ်ယောက်ပါ အဖေရော အမေရော အရမ်းချစ်တဲ့
တစ်ဦးထဲသောသားလေးပါ
Mom : Saint လာ မေမေ့ဆီပြေးခဲ့
အမေ့ကိုအရမ်းချစ်တယ် ဒါပေမယ့် အလယ်တန်းလောက်
ရောကိတော့အမေကနှလုံးရောဂါနဲ့အိပ်ရာထဲလဲနေရတယ်
အဖေ့ဆီကအချစ်ဆိုတာကိုနောက်ဆုံးအချိန်ထိမျှော်လင့်နေတာကိုသားတစ်ယောက်အနေနဲ့သိတာပေါ့ ဒါပေမယ့် အဖေကနေ့တိုင်းအိမ်ပြန်နောက်ကျတယ် အမေနဲ့ကျွန်တော့်အပေါ်
ကိုလည်းအရင်လိုမချစ်တော့ဘူး
Mom : သားအဖေကိုစောင့်နေတာလား အိပ်တော့လေ
Saint : ဖေဖေပြန်လာမှ သားအိပ်လို့ပျော်မှာပေါ့
W : သား အန်တီသားမေမေနားမှာစောင့်နေပါတယ် သား
သွားအိပ်နော်
Mom : မနက်ကျောင်းရှိတယိလေ သားအဖေကအလုပ်တွေ
ရှုပ်နေတာ သားအတွကိပိုက်ဆံရှာနေရတာ နောက်
ကျမှာဆိုတော့ သားအိပ်နှင့်နော်
Saint ကသူ့အမေပါးကိုနမ်းလိုက်တယ်
Saint : ဟုတ် မေမေ
မသိခဲ့ဘူး အမေဘယ်လောက်ဟန်ဆောငိအားမွေးပြီးပြုံး
နေခဲ့လဲဆိုတာမသိခဲ့ဘူး နေ့တိုင်းအဖေ့ကိုမတွေ့ရပေမယ့်
သူ့အတွင်းရေးမှူးကတော့နေ့တိုင်းအိမ်ကိုလာတယ်
G : Saint ကခငိဖို့ကောင်းသားပဲ မမတို့သူငယ်ချင်းလုပ်မယ်
နော်
ကျွန်တော်သူ့ကိုအမလိုကိုခင်တွယ်ခဲ့တယ် လူငယ်အရွယ်မှစသိလိုက်ရတာကလူတွေကဟန်ဆောင်ကောင်းတယ် သူ
တို့လိုတာရဖို့ ချမ်းသာကြဖို့ဘာမဆိုလုပ်ကြတဲ့သူတွေချည်းပဲ
ကျောင်းပြန်ရင်း အဖေနဲ့အဲ့မိန်းမကိုအတူလက်ချင်းတွဲပြီးမြင်
လိုက်ထဲကလူတွေကအကုန်လုံးယုံချင်စရာမရှိဘူး မြေခွေးလို
အကျင့်မကောင်းတာကိုသိလိုက်ရတယ်
  အဖေဆိုတာကိုအဲ့နေ့ထဲကသေလူလို့သတ်မှတ်လိုက်ပြီ
ပျော်ရွှင်ခဲ့ရတဲ့အိမ်ကြီးကအခုဆိုအသံတိတ် ခြောက်ကပ်နေ
ပြီ အမေ့ကိုတစ်ယောက်ထဲရအောင်ပြုစုခဲ့တယ် ဒါပေမယ့်
သေကံပါလာတော့လည်းကျွန်တော့်အသက် ၁၆ နှစ်မှာအမေ့
ကိုလက်လွှတ်လိုက်ရပြီ
     ရင်ထဲကိုထိုးဖောက်နေရာယူလိုက်တာက Sunny
Sunny : မငိုနဲ့တော့နော်
  ဘာလို့လဲမသိဘူး အခုမှစတွေ့တဲ့လူတစ်ယောက်ကကျွန်
တော့်ကိုအနွေးထွေးဆုံးဖက်ထားပြီးနှစ်သိမ့်ပေးနေတယ်
ဘယ်သူဘာပြောပြော ကျွန်တော့်နှလုံးသားက Sunny ကိုယုံ
ကြည်တယ် လက်ခံပေးနိုင်တယ် သူမကိုတကယ်ချစ်တာလား
မချစ်တာလား မသိဘူး ဒါပေမယ့် သူငယ်ချင်းကောင်းအနေနဲ့
အနားမှာပဲနေစေချင်တဲ့အတ္တကြောင့် သူ့ကိုပိုင်ဆိုင်ချင်တယ်
   အခုတော့ဘာလို့ ကို့ညီကို ပိုပြီးချစ်နေမိတာလဲ စတွေ့ထဲ
ကဒီကောင်လေးကရိုးသားမှန်းသိတယ် သူကတော့ငါ့အပေါ်
သစ္စာမဖောက်လောက်ဘူးဆိုတဲ့အတွေးဝင်မိတယ် ဒါပေမယ့်
သူ့ကိုအနိုင်ကျင့်နေရတာကိုပျော်ခဲ့တယ် အခုတော့ ကျွန်တော်နှိပ်စက်တဲ့ဒဏ်ကြောင့် သူထွက်သွားမှာကိုသေမလောက်ကြောက်မိတယ် အနားမှာချစ်ပေးမယ့်သူ တစ်သက်လုံးခင်
တွယ်အားကိုးရမယ့်လူတစ်ယောက်ကိုလိုချင်တဲ့အတ္တက
အခုတော့ Sunny ထက် Perth ကိုပဲအားသာနေတယ်လေ
Saint : အန်တီ Perth ရော
W  : သား ချွေးတွေနဲ့ ပြေးလာတာလား
Saint : Perth Perth
W  : Perth ကသူ့အမေနဲ့ နယ်ကအမျိုးတွေအိမ်ကိုသွားတယ်
      ညနေထဲကသားကိုသူစောင့်နေတာထင်ပါတယ် ခြံထဲမှာ
      ပဲနေနေတာ
Saint : ဘယ်တော့ပြန်လာမယ်ပြောလဲ
W  : နှစ်ရက်လောက်ပါပဲ သားရဲ့
   Saint ကအပေါ်ထပ်အခန်းကိုပြေးတက်သွားတယ် လွယ်
အိတ်ထဲကစာအုပ်တွေအားလုံးကိုထုတ်လိုက်တယ်
Saint : Arr ရူးချင်လာပြီ အခုမှဒီစာတွေဘယ်လိုစကြည့်မလဲ  
   Saint ကမနက်ဖြန်စာမေးပွဲကိုဖြေဖို့ ကြိုးစားနေတာညလုံး
ပေါက်ပဲ အဖေနဲ့အမေကြားမှာသူမနေချင်ဘူး သူ့အတွက်
Sunny ရော Perth ရောမရှိတော့ရင်ဘယ်လိုနေရမလဲ ဒါ
ကြောင့် သူလည်းကြိုးစားဖို့လိုတယ်
W   : ဒီကလေး ထူးထူးဆန်းဆန်းပါလား
   အဒေါ်ကြီးကတံခါးလေးဖွင့်ပြီး တိုးတိုးလေးပြောပြီးပြန်ပိတ်
လိုက်တယ်
Perth : ကျောင်းသွားတက်ရင် P Saint မပါဘူးတဲ့လား
Mom : သား တစ်ယောက်ထဲဘာတွေစဉ်းစားနေတာလဲ
Perth : ဘာမှမဟုတ်ပါဘူး မေမေ
Mom : သားလေးကျောင်းသွားတက်ရင်အကြာကြီးခွဲရမှာ
            မေမေ့သားလေးကိုသတိရနေမှာပဲ
Perth : သား မတက်ချင်တော့ဘူး
   သူ့အမေကချက်ချင်းမျက်နှာပျက်သွားတယ်
Mom : Perth သားဘာအရူးထတာလဲ ဒီလိုဖြစ်လာဖို့အမေ
         ပြောထားပေးရတာ သားအဖေကိုမျက်နှာပျက်မယ့်
         ကိစ္စလုပ်ဖို့လုံးဝစိတ်မကူးနဲ့
  အမေ့ကိုကြည့်ရတာတကယ်စိတ်ဆိုးနေတဲ့ပုံပဲ အမေစိတ်
ပျက်မှာကိုလည်းမလိုချင်ဘူးလေ
Perth : ဟုတ်ကဲ့ပါ စိတ်မဆိုးပါနဲ့နော် မေမေ
   Perth ကသူ့အမေကိုဖက်ထားလိုက်တယ်
Perth : သားကြိုးစားပါ့မယ်  မေမေ့အတွက် သားအကောင်း
          ဆုံးကြိုးစားပါ့မယ်
  Saint ကတစ်လမ်းလုံးစာအုပ်နဲ့မျက်နှာမခွာဘဲကြည့်လာ
တယ်
Sunny : hae လာစမ်းပါဦး ဒါကဘယ်လိုဖြစ်လာတာလဲ
Saint : စာကြည့်နေတာလေ
Sunny : ဟယ်
Mean : Saint မင်းဆေးမှားစားထားလား ဒါမှမဟုတ် ရူးသွား
             တာလား
Saint : ငါ့ကိုလာရှုပ်မနေနဲ့ ငါစာမရသေးဘူး
Saint ကစာအုပ်ကိုပဲကြည့်ပြီးလမ်းဆက်လျှောက်လိုက်တယ်
Mean : ဟဲ့ နင်နိုင်ငံခြားသွားမယ်ဆိုလို့အသေကြိုးစားနေတာ
            ပဲ ထင်တောင်မထင်ထားဘူး love power
   Sunny က Mean ရဲ့ခေါင်းကိုထုလိုက်တယ်
Mean : နာတယ်ဟ ဘာလုပ်တာလဲ
Sunny : ခဏနေ စာမေးပွဲကဖြေတော့မယ် အခုထိမသိသေး
            ဘူး Power of love အရူးရဲ့
Mean : aww အဲ့လိုလား သွားမယ်လေ စာမေးပွဲစတော့မယ်
    P Saint စာမေးပွဲမှကောင်းကောင်းဖြေရဲ့လား စိုးရိမ်နေမိ
တယ် သူသာအတူလိုက်မယ်ဆိုဘယ်လောက်ကောင်းလိုက်
မလဲ ဒါပေမယ့် မဖြစ်နိုင်ပါဘူး P Saint ကစာတောင်ပြန်
ကျက်ရဲ့လားမသိဘူး
Mom : သား သွားမယ်လေ သားအဒေါ်တွေကိုနှုတ်ဆက်
          လိုက်ဦး
Perth : ဟုတ် မေမေ
   မေးခွန်းလွှာတွေကိုကြည့်ရတာ ခေါင်းတောင်မူးချင်ချင် ဘာလို့များအရင်ကစာမလုပ်ခဲ့မိတာလဲ ဒါပေမယ့် စိတ်ကိုပိုင်း
ဖြတ်ပြီးရသလောက်တော့ဖြေရမှာပဲ ကံတရားကိုသာပုံအပ်
ထားရတော့မှာပဲ
Sunny : ဘယ်လိုလဲ
   Mean ကလက်မှိုင်ချပြီးအခန်းထဲကထွက်လာတယ်
Mean : ငါတော့ကျမှာပဲ ၁ ၂ ၃ ရေတယ် ကျတဲ့နံပတ်ကိုအ
          မှန်ခြစ်တယ်
Sunny : နင့်အကြောင်းကိုငါသိတယ် မမေးဘူး Saint
Saint : ရသလောက်တော့ဖြေတာပဲလေ
Perth : P Saint
    Perth အသံကြောင့်သူခေါင်းမော့ကြည့်လိုက်တယ် Perth
သူ့ဆီရောက်နေတာပဲ သူပြုံးချင်ပေမယ့်လည်းတင်းခံပြီးခပ်
တည်တည်မျက်နှာလုပ်လိုက်တယ်
Saint : မင်းက ဘာလာလုပ်တာလဲ
Sunny : နင်ကလုပ်ပြန်ပြီ အော်မယ်ဆိုတာကြီးပဲ
Perth : P Saint ကိုလာခေါ်တာပါ မေမေလည်းပါတယ်  အ
          ပြန်လမ်းကြုံတာနဲ့
Saint : ဒါဆိုလည်းသွားမယ်လေ မြန်မြန်လာ
   Saint က Perth ကိုအတင်းဆွဲလိုက်တယ်
Perth : Arr
Saint : နာသွားတာလား တောင်းပန်ပါတယ်
Perth : ရပါတယ် P Saint
   ကော်ရစ်တာတစ်လျှောက်လမ်းအတူလျှောက်လာခဲ့တယ်
Saint : ငါမင်းကိုပြောစရာရှိတယ်
   Perth ကလည်းပြောတာနားထောင်ဖို့လှညိ့ကြည့်လိုက်ချိန်
မှာသူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားတယ် နှစ်ယောက်လုံးရဲ့ရင်ခုန်သံကထိန်းမရနိုင်တော့ဘူး
                               The end

Hello, My Brother(completed)Where stories live. Discover now