မနက် ၆ နာရီဝန်းကျင်လောက်မှ အိမ်ကိုစိတ်အေးအေး
ထားပြီးပြန်လာနိုင်ခဲ့တယ် Perth ကိုတွေ့ဖို့တောင်အင်အားမ
ရှိလောက်အောင်ကိုသူ့အပေါ်ကိုအားနာမိပါတယ်
W : သား ဘယ်တွေသွားနေတာလဲ
Saint : ဒေါ်လေး မအိပ်ဘဲစောင့်နေတာလား
W : ဒါပေါ့ သားထွက်သွားတော့စိတ်ပူပြီးစောင့်နေရတာပေါ့
Perth ရောဘာဖြစ်နေတာလဲ
Saint : ဘာလို့လဲ သူတစ်ခုခုဖြစ်လို့လား
W : ခုနကအခန်းထဲမှာငိုသံကြားတယ် ဒေါ်လေးသွားရင်ပို
ဆိုးနေမှာစိုးလို့ သွားကြည့်လိုက်ပါဦး သားရယ်
အခုမှသတိရတယ် Perth ကိုသူကုတင်ပေါ်ချီပြီးမတင်ခဲ့ရ
ဘူးပဲ ဒုက္ခပါပဲ သူတစ်ညလုံးအဲ့တိုင်းထိုင်နေခဲ့တာလား
Saint ပူပန်နေတဲ့စိတ်ကိုမထိန်းနိုင်တော့ဘူး သူချက်ချင်း
အပေါ်ကိုပြေးတက်သွားလိုက်တယ် တကယ်လည်း Perth
အခုထိမနေ့ကအတိုင်းထိုင်နေတုန်းပဲ
ငါမှားပြီ ငါသူ့ကိုမေ့ပြီးထားခဲ့သလိုဖြစ်နေပြီ Perth ကိုအခုလို
မြင်နေရတဲ့ပူလောင်မှုကတစ်နေ့တစ်ခြားကိုကြီးထွားလာတာပါ
Saint : Perth
Saint အသံကြားတာနဲ့ Perth ကသက်ပြင်းချလိုက်တယ်
Saint လည်း Perth ဆီကစကားသံကိုမစောင့်နိုင်တော့ဘူး
Perth ရှေ့မှာဒူးထောက်ချလိုက်တယ်
Saint : အကိုတောင်းပန်ပါတယ် Perth အကို့ကိုခွင့်လွှတ်ပါ
အကို မနေ့ညကပူထူနေလို့ မင်းကိုပြစ်ထားခဲ့မိသလို
ဖြစ်သွားတယ်
Perth : ထားလိုက်တော့ ပြီးခဲ့တာတွေကိုပြန်မတွေးချင်ဘူး
Saint : Perth
Perth : အကို့ကိုတစ်ခုပဲမေးချင်တယ် ကျွန်တော့်ကိုအမြဲဒီလို
ပြစ်ထားခဲ့မှာလား
Saint ကချက်ချင်း Perth ကိုထဖက်လိုက်တယ်
Saint : ဘယ်လိုမေးလိုက်တာလဲ အကို့ရင်ထဲမှာနာကျင်နေ
ရတယ် မင်းကိုအကိုကဘာလို့ပြစ်ထားရမှာလဲ အဲ့လို
မတွေးပါနဲ့နော်
Perth လည်း Saint ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်ထား
လိုက်တယ်
Perth : အကိုမရှိဘဲ ကျွန်တော်မနေနိုင်ဘူး ကျွန်တော်တစ်
ညလုံးအကို့ကိုတောင့်တနေခဲ့တာ အကိုပြန်မလာခဲ့
ဘူး
Saint : မဟုတ်ပါဘူး အကိုကမင်းငိုနေတာကိုမကြည့်ရက်လို့
ရှောင်ပြေးနေခဲ့တာပါ နောက်မဖြစ်စေရဘူးနော် က
တိပေးတယ် မနေ့ကအတွက်လည်းတောင်းပန်ပါတ
ယ်နော်
Perth ကပြုံးနေမိတယ်
Perth : ကျွန်တော်ပြောတာကလွန်သွားတာပါ အကိုမမှားဘူး
Saint : မဟုတ်ဘူး မင်းမွေးနေ့မှာရှိမနေနိုင်တာငါမှားတာပါ
Perth : ထားလိုက်ပါတော့ မေ့ထားကြရအောင် ရှိနေတဲ့အ
ချိန်လေးကိုတန်ဖိုးရှိရှိပဲဖြတ်သန်းချင်တယ် စိတ်ညစ်
စရာတွေဆက်မတွေးကြရအောင်
Saint : inn ကတိပေးတယ်နော် ကျေးဇူးပါပဲ ခွင့်လွှတ်ပေးလို့
ကျေးဇူးတင်ပါတယ်
တကယ်လည်း အကိုမရှိဘဲကျွန်တော်အသက်မရှင်နိုင်ပါဘူး သူကကျွန်တော့်ဘဝရဲ့ဖြစ်တည်ရာပါ သူရှိနေတာကိုက
ပျော်ရွှင်မှုပါပဲ ဒါကြောင့် သူထွက်သွားမှာကိုသေမတတ်ကြောက်မိပါတယ်
Saint : ဒါဆို ခွဲစိတ်တာကဘယ်တော့လောက်စမလဲ
Doctor : ကားအက်ဆီးဒင့်က ပြင်းထန်တယ်လေ သူ့ခြေ
ထောက်ကအမြန်ပြန်ကောင်းသွားနိုင်တဲ့အရာမဟု
တ်ဘူးလေ
Saint : နားလည်ပါတယ် ဒါပေမယ့် ပထမတစ်ခါလည်းခွဲစိတ်
ထားတော့ ဒီတစ်ခါမှမအောင်မြင်ရင်သူခံနိုင်ရည်မရှိ
တော့မှာကိုစိုးရိမ်မိတယ် အခုတောင် Perth ကလော
ကကြီးကိုအရှုံးပေးထားတဲ့ပုံဖြစ်နေတာ
Doctor : ၅၀ - ၅၀ ပဲ သေချာတယိလည်းမပြောနိုင်ဘူး စွန့်
စားကြည့်ရမှာ ငွေကြေးကလည်းတတ်နိုင်မှလေ
Saint : ကျွန်တော်ပိုက်ဆံဘယ်လောက်ကုန်ကုန် စည်းစိမ်
တစ်ခုလုံးပဲပုံပေးရပါစေ သူသာပျောက်ကင်းမယ်ဆို
အားလုံးလုပ်ပေးနိုင်ပါတယ်
Irin ကရုံးခန်းထဲဝင်ဖို့ လျှောက်လာချိန်မှာအတွင်းရေးမှူးမ
လေးကသူ့ရှေ့မှာဆီးကာလိုက်တယ်
Girl : ဘယ်သူနဲ့တွေ့ချင်လို့လဲ
Irin : Saint နဲ့
Girl : ဒါရိုက်တာအရေးကြီးဧည့်သည်နဲ့စကားပြောနေပါ
တယ် ခဏလောက်စောင့်ပေးပါ
Irin : ဘာလို့ငါကစောင့်ရမှာလဲ သွားပြောလိုက် Irin ရောက်
နေတယ်လို့
Girl : ခဏလေးစောင့်ပေးပါ
Yuri ကလည်းအနောက်ကနေ အခန်းထဲဝင်လာလိုက်တယ် Yuri ကိုမြင်တာနဲ့ အတွင်းရေးမှူးမလေးကအရိုအသေပြု
ခေါင်းညိမ့်ပြလိုက်တယ်
Girl : မင်္ဂလာပါ ရောက်လာပြီလား
Yuri : Saint အထဲမှာမလား
Yuri ကိုအခန်းထဲဝင်ခွင့်ပြုလိုက်တော့ Irin ဒေါသကပိုပြင်း
လာတယ် ဘာလို့ဒီလိုမိန်းကလေးကဝင်ခွင့်ရပြီး သူကမရတာ
လဲဆိုပြီးဒေါသထွက်မိတယ် သူ့ဒေါသကိုမထိန်းနိုင်လို့ Irin ကအခန်းထဲအတင်းဝင်လိုက်တယ်
Saint : Irin
Irin : Saint ဒါရှင့်အတွင်းရေးမှူးလား နည်းနည်းပါးပါးပြော
ထားပါဦး ကျွန်မလမ်းကိုပိတ်ထားတယ်
Irin ပုံစံကသူ့ကိုသူသူဌေးသမီးဆိုပြီး မာန်တက်နေတဲ့ပုံ
ပေါ်လွင်တယ် မိန်းကလေးအချင်းချင်းဆိုတော့ Yuri ကသူ့ပုံစံကိုကြည့်လိုက်တာနဲ့ခန့်မှန်းနိုင်တယ် ဒါပေမယ့် ခန့်မှန်းလို့မရတာက သူကဘာလို့ Saint ကိုပိုင်စိုးပိုင်နက်ပြောနေရ
တာလဲ
Yuri : သူကဘယ်သူလဲ Saint
Irin : အဲ့လိုမေးနေတဲ့ နင်ကရော ဘယ်သူလဲ
Irin ကိုစတွေ့ထဲကသဘောသိပ်မကျခဲ့ဘူး အခုမှပိုပြီးသူ့ကိုစိတ်ပျက်မိတယ် ဒါပေမယ့် လုပ်ငန်းကိစ္စတွေအတွက်
သူကအရေးပါတော့လည်း အတတ်နိုင်ဆုံးတော့သည်းခံထား
ရမှာပဲ
Saint : Irin ဘာလာလုပ်တာလဲ
Irin : ဒီနေ့ Golf ရိုက်ဖို့မနေ့ညက ချိန်းထားလို့လာခေါ်ပေး
တာ
Yuri က Saint ကိုသေချာစိုက်ကြည့်လိုက်တယ်
Yuri : နင်မနေ့က သူနဲ့ရှိနေခဲ့တာလား
Saint: Yuri
Yuri : ငါမေးတာဖြေ မနေ့ကငါတို့ဆီ မလာနိုင်ခဲ့တာဒါကြော
င့်လား
Saint : Yuri ငါ ငါ
Saint ဖြေဖို့ခက်ခဲနေထဲက သဘောပေါက်လိုက်ပြီ မနေ့
ကPerth ဆီကိုရောက်မလာခဲ့တာ ဘာမဟုတ်တဲ့မိန်းမကြောင့်တဲ့လား
Yuri ချက်ချင်းပဲထိုင်နေရာကထပြီး သူ့အိတ်ကိုကောက်လွယ်
လိုက်တယ်
Saint : ဘယ်သွားမှာလဲ ခဏနေပါဦး
Yuri : Doctor ကျွန်မတို့နောက်ရက်ထပ်ဆွေးနွေးတာပေါ့
ကျွန်မတို့ ဒါရိုက်တာ အရေးကြီးကိစ္စရှိနေတယ်ဆို
တော့
Doctor : ရတယ်လေ သမီးအဆင်ပြေရင်ထပ်ပြောတာပေါ့
Saint : Yuri
Yuri : နင်မအားရင်လည်းစောစောပြောသင့်တယ်
Yuri ကစိတ်တကယ်ဆိုးပြီးထွက်သွားတယ်
Doctor : Saint နောက်ရက်မှဆေးရုံမှာတွေ့ကြတာပေါ့
Saint : ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ
Irin မင်းဘာလို့မပြောမဆိုဝင်လာရတာလဲ
Irin : ကျွန်မက ရှင့်အတွက်အရေးမကြီးဘူးလား ဒါဆိုလည်း
ပြီးတာပဲလေ နောက်ဆိုရှငိ့ခွင့်ပြုချက်ရမှလာမယ်လေ
ဒီနေ့ကတော့ မသိလို့ခွင့်လွှတ်လိုက်ပါတော့ သွားရ
အောင် အဖေကအချိန်နောက်ကျတာကိုမကြိုက်ဘူး
Perth ကနေ့လည်စာစားနေရင်း Yuri ကိုလှမ်းလှမ်းကြည့်
နေလိုက်တယ် သူဘာလို့ဒီနေ့မျက်နှာမကောင်းရတာလဲ
Perth : Yuri Yuri
Yuri : inn Perth ပြောလေ
Perth : ဘာတွေစဉ်းစားနေတာလဲ တစ်ခုခုဖြစ်လို့လား
Yuri : မဟုတ်ဘူး Perth ငါနင့်ကိုမေးစရာရှိလို့ Saint မှာအ
ရင်ကရည်းစားတို့ သူငယ်ချင်းတို့ရှိဖူးလား
Perth ကသေချာစဉ်းစားပြီးမှ ခေါင်းခါလိုက်တယ်
Perth : Sunny ပဲရှိတာ သူ့မှာ ဘာလို့လဲ
Yuri : မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာပါ စားကောင်း
လား ငါသေချာလုပ်ပေးထားတာ
Perth : inn ကောင်းတယ်
Perth မွေးနေ့ကိုတောင်မလာနိုင်ဘဲ သွားတွေ့ရလောက်
အောင်ဒီကောင်မလေးက ဘယ်သူလဲ Perth အတွက်စိတ်ပူ
မိတယ် သူသာသိရင်ဘယ်လောက်ဝမ်းနည်းနေမိမလဲ
ကောင်မလေးပုံစံက Saint ကိုကြိုက်နေတဲ့ပုံပေါက်နေတယ်
သူတို့ကြားမှာ ဆူးညောင့်ခလုတ်ဖြစ်လာနိုင်တယ်
Part 7 ( the end )
