Perth အခန်းတံခါးကိုလာခေါက်တော့ ဖွင့်ကြည့်လိုက်
တော့ Saint ဖြစ်နေတယ်
Saint : ကျောင်းပိတ်ချိန်ဆိုတော့ တစ်နေရာရာသွားရအောင်
Perth : P Saint ကဘယ်သွားချင်လို့လဲ
Saint : အင်း မင်းရော ဘယ်သွားချင်လဲ
Perth : သွားချင်တဲ့နေရာတော့ရှိတယ်
Saint ထိုင်ခုံမှာထိုင်ပြီးသက်ပြင်းတချချနဲ့ ဘေးက Perth ကိုပဲလှည့်လှည့်ကြည့်နေတယ် ဒါပေမယ့် စကားလည်းပြောမ
ရ Perth ကလည်းသူ့ကိုလှည့်မကြည့်ဘဲ စာအုပ်ပဲထိုင်ဖတ်
နေတယ်
Saint : Perth Perth
စာကြည့်တိုက်ဆိုတော့လည်းလေသံတိုးတိုးလေးနဲ့ပဲအနား
ကပ်ပြောနိုင်တယ်
Saint : ဘာလို့ဒီကိုလာတာလဲ တစ်ခြားနေရာသွားရအောင်
Perth : တိုးတိုးပြောပါ P Saint ကလည်း ကျွန်တော်ဒါလေး
ဖတ်ပြီးတာနဲ့ပြီးပါပြီနော် ခဏလေးပါ
Saint ကသူ့ခေါင်းကိုခုံပေါ်မှောက်ပြီးတော့သာစိတ်ပျက်
လက်ပျက်အိပ်နေတော့တယ် ငါကအေးဆေးလေးကြည်နူး
ချင်လို့အပြင်ထွက်ဖို့မေးတာလေ မင်းလာတော့စာကြည့်တိုက်
တဲ့လား သေပါတော့ Perth ရာ
Saint : မင်းစာဖတ်တာတစ်နာရီခွဲတောင်ကြာရလား
Perth : ဒါတောင်အကို့ကိုအားနာလို့ အမြန်ဖတ်လာတာကို
Saint : ရပါတယ် ချစ်တော့လည်းခွင့်လွှတ်ရမှာပေါ့
Saint က Perth ခါးကိုဖက်ပြီးသူ့အနားကိုဆွဲကပ်လိုက်
တယ်
Perth : P Saint လူတွေအများကြီးရှိနေတာကို
Saint : ကို့ချစ်သူကို ချစ်လို့ဖက်တာလေ ကြည့်တော့ဘာဖြစ်
လဲ
အကိုကလေ ကျွန်တော်ကကြောက်တတ်မှန်းသိရဲ့သားနဲ့
လူကြားထဲလည်းနောက်နေတာပဲ
Perth : အိမ်ပြန်တော့မှာလား
Saint : Perth အခုမှမင်းစာကြည့်နေတာကိုငါစောင့်ပေးတ
ယ်လေ ငါလုပ်ချင်တာလည်းလိုက်လုပ်ပေးမှမျှတမှာ
ပေါ့
Perth : ဘာလုပ်ချင်လို့လဲ
Saint : သူများချစ်သူတွေလို ပန်းခြံထဲလက်တွဲပြီးလမ်းလျှော
က်တာတို့ စက်ဘီးနင်းတာတို့လုပ်ချင်တာ
Perth နဲ့ Saint အတူလက်တွဲထားတာကို Perth အမေက
မြင်သွားတယ်
Mom : ကားရပ်စမ်း Perth ဘာတွေလုပ်နေတာလဲ
" တီ တီ တီ " အိတ်ကပ်ထဲကဖုန်းကို Perth ကထုတ်လိုက်တယ် သူ့အမေဆက်တာပဲ
Perth : P Saint ခဏလေးနော် တိုးတိုးနေ
Mom : Perth သားဘယ်မှာလဲ
Perth : အမေ သားစာကြည့်တိုက်ကနေပြန်လာနေတာ
ခဏနေအိမ်ရောက်တော့မယ်
Mom : ဟုတ်လား အမေဝင်ကြိုမယ်လေ
Perth : နေပါစေ အမေ အခုပဲရောက်တော့မှာပါ ဟုတ်
ဒီကလေးကတစ်ခါမှအမေကိုလိမ်မပြောပါဘူး ညီအကို
တွေတွေ့လို့အိမ်အတူပြန်လာတာပဲဖြစ်မှာပါ ဘာတွေကိုတွေးပူနေမိပါလိမ့်
Perth : P Saint ပြန်ရအောင် အမေကခေါ်နေပြီ
Saint : မင်းဘာတွေကိုကြောက်နေတာလဲ မင်းကအရွယ်
ရောက်နေပြီလေ အမေ့ကိုမလွန်ဆန်နိုင်သေးဘူးလား
Perth : မဟုတ်ပါဘူး အမေ့ကိုစိတ်ချမ်းသာစေချင်တာပါ
Saint : မင်းကိုအဲ့ဒါတွေမကြိုက်တာ Perth ငါမင်းကိုအပြင်
ခေါ်လာတာအေးဆေးတွေ့ချင်လို့ စကားတွေပြော
ချင်လို့ မင်းဘာလို့အမြဲရှက်ကြောက်နေတာလဲ
Perth : P Saint လူတိုင်းကသူ့ဗီဇနဲ့သူလာတာလေ ကျွန်
တော်လည်းဒီလိုဘယ်ဖြစ်ချင်မလဲ ဒါပေမယ့် ဒါအ
ကျင့်လေ
Saint : တော်တော့ Perth မင်းငါ့အတွက်ဒီအချိန်လေး
တောင်မပေးချင်ဘူး အဲ့ဒါငါ့ကိုချစ်တာတဲ့လား
Perth : အဲ့လိုမပြောနဲ့ အခုထိကျွန်တော်ကျောင်းသွားတက်
ဖို့ငြင်းဆန်နေတာအကို့ကြောင့် အဲ့ဒါကကျွန်တော့်ရဲ့
အဖြစ်ချင်ဆုံးဆန္ဒ အဲ့ဒါကိုတောင်အကို့အတွက်ငြင်း
ဆန်ထားတာ
Saint : Perth
Perth : ဒီအချိန်လေးမဟုတ်ဘူး ကျွန်တော့်ပညာရေးအတွ
က်ကုန်ဆုံးမယ့်အချိန်တွေကိုပါပေးထားပြီးသား
Perth တကယ်စိတ်ရှုပ်သွားတဲ့ပုံပဲ သူ့ကိုငါစိတ်ညစ်အောင်
ထပ်လုပိမိပြန်ပြီလား Saint က Perth ရဲ့လက်ကိုကိုင်
လိုက်တယ်
Saint : တောင်းပန်ပါတယ် ငါ့ကိုစိတ်မဆိုးပါနဲ့နော် မင်းကို
ချစ်လို့ဖြစ်ရတာပါ တောင်းပန်ပါတယ် Perth
P Saint ကအဲ့လိုမျက်နှာလေးနဲ့ပြောလိုက်ပြန်ရင်လည်း
ကျွန်တော့်မှာစိတ်ဆိုးဖို့အင်အားတောင်မရှိတော့ပါဘူး
Perth : နောက်ဆို အဲ့လိုမအော်ပါနဲ့
Saint : တောင်းပန်ပါတယ် Perth နော်
Saint က Perth ပါးလေးကိုကိုင်လိုက်တော့ Perth လည်း
အလိုလိုပြုံးမိသွားတယ်
Perth အမေကဖိုင်တစ်ခုကို Perth ကုတင်ပေါ်ပြစ်ချလိုက်
တယ်
Perth : ဘာလဲ အမေ
ဖိုင်ထဲမှာလေယာဉ်လက်မှတ် ကျောင်းနေခွင့် နဲ့တစ်ခြား
စာရွက်စာတမ်းတွေကိုတွေ့လိုက်တယ်
Perth : အမေ ဒါတွေကဘာတွေလဲ
Mom : ကျောင်းသွားတက်ဖို့ပြင်တော့ ဒီတစ်ပတ်စနေကို
သွားရမယ်
Perth : သားကိုမတိုင်ပင်ဘဲဘာလို့လုပ်ရတာလဲ သားစဉ်းစား
မယ်ပြောထားတာကို
Mom : ဘာတွေကိုစဉ်းစားနေတာလဲ ဒါအခွင့်အရေးလေ
အမေဆိုသားကိုဒီလိုထားနိုင်မှာမဟုတ်ဘူး အခုချိန်မှာ
သားမိသားစုအသစ်ရဲ့ဂုဏ်ကိုသားပဲဆောင်ရမှာ
Perth : ဒါပေမယ့်
Mom : Perth မင်းဘယ်တုန်းကအမေ့ကိုလွန်ဆန်ဖူးလို့လဲ
မင်း Saint ကြောင့်သွားဖို့စဉ်းစားနေတာလား
Perth : မဟုတ်ပါဘူး အမေရယ် မဟုတ်တာ
Saint : ဟုတ်တယ် သူကျွန်တော့်ကြောင့်မသွားတာ
Saint ကအခန်းတံခါးကိုဖွင့်ပြီးအတင်းဝင်ပြောလို့ Perth
ထိတ်လန့်မိတယ်
Saint : သူ့ကိုပြောထားတာ မင်းသွားရင်ငါနဲ့အတွေ့ပဲလို့လေ
အန်တီ့သားကကြောက်တက်တာကို
Mom : ဘာ မင်းကများ
" ဖြန်း " Mom က Saint ပါးကိုတစ်ချက်ရိုက်လိုက်တယ်
Perth : အမေ
Mom : မင်းဝင်မပါနဲ့ Saint မင်းကိုသားတစ်ယောက်လိုသ
ဘောထားခဲ့တာ ဒါပေမယ့် မင်းကမတန်ဘူး လူဆိုး
ငါ့သားလမ်းကိုပိတ်ခွင့်မပေးနိုင်ဘူး
Saint : ဒါကျွန်တော့်အဖေရဲ့ပိုက်ဆံတွေလေ
Mom : ဘာ
Perth : အမေ တော်ပါတော့ P Saint ထွက်သွားပေးပါ
Perth ကသူ့ကိုထွက်သွားဖို့ပြောတော့ သူလှည့်မကြည့်ဘဲ
ထွက်သွားခဲ့တယ် ဝရန်တာမှာတစ်ယောက်ထဲရပ်ပြီးစဉ်းစား
နေတယ်
Perth : P Saint
Saint က Perth ကိုပြေးဖက်လိုက်တယ်
Saint : မင်းအမေနဲ့ပြောပြီးပြီလား ငါ့အနားကထွက်မသွားဘူး
မလား
Perth : အရင်လွှတ်ပါ ဒါအိမ်မှာနော်
Saint : Perth ဘာလို့ငါ့ကိုတွန်းထုတ်တာလဲ
Perth : ကြောက်တယ် အကို့အချစ်တွေကိုလန့်နေတယ်
ကျွန်တော်ပြောရင်ရရဲ့သားနဲ့ ဘာလို့ဒေါသကိုမထိန်း
ဘဲဝင်ပြောရတာလဲ
Saint : တောင်းပန်ပါတယ်
Perth : တောင်းပန်ပါတယ် စကားကိုထပ်မပြောပါနဲ့လား
P Saint ကျွန်တော်တို့ညီအကိုလိုပဲနေကြရအောင်
Saint နဲ့ Perth နှစ်ယောက်လုံးမျက်ရည်တွေဝဲလာတယ်
Saint : မနေနိုင်ဘူး ငါမင်းကိုချစ်တာ ညီအကိုလိုမဟုတ်ဘူး
Perth : အကို့အချစ်တွေကိုလက်မခံချင်တော့ဘူး
Saint : Perth ခုနကအတွက်တောင်းပန်ပါတယ်
Perth : တော်ပါတော့ P Saint ကိုချစ်တယ် ဒါပေမယ့် မချစ်ရဲ
တော့ဘူး
Saint :မင်းကသတ္တိနည်းလွန်းတယ် အချစ်အတွက်တောင်
မင်းမှာသတ္တိမရှိတာအံ့သြမိတယ်
Perth : အကိုကကျွန်တော့်အကို ကျွန်တော်ကလည်းအကို့ရဲ့
ညီ ဒါကိုပဲ ထာဝရမှတ်ထားလိုက်ရအောင်
Perth ကခံစားနေရပေမယ့် အနောက်ကိုလှည့်ပြီးပြန်ထွက်
သွားတယ်
Saint : မင်းသိရဲ့လား ငါမင်းကိုဘယ်လောက်ချစ်လဲသိရဲ့
လား မထားခဲ့ပါနဲ့ ငါ့အနားမှာရှိနေပေးပါ Perth
အချစ်ဆိုတာပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေမယ် သိမ်မွေ့တဲ့
စကားလုံးလေးတွေကိုအမြဲကြားနေရမယ်လို့ထင်ခဲ့မိတာ
ဒါပေမယ့် P Saint ရဲ့အချစ်ကဘာလို့ကြောက်ဖို့ကောင်းနေ
တာလဲ သံယောဇဉ်တွေပိုမတွယ်မိခင် အားလုံးကိုမေ့ထား
လိုက်တာအကောင်းဆုံးပါ pSaint
The End
![](https://img.wattpad.com/cover/180397295-288-k606827.jpg)