" မင်းသမီးလေး .... ဒီကိုလာပါဦး "
ရင်ခွင်ထဲပြေးဝင်လာတဲ့ ကလေးသေးသေးလေးက််ို
Saint ကတင်းကျပ်နေအောင် ထွေးပွေ့ထားလိုက်တယ်
" မင်းသမီးလေး .... မျက်နှာလဲမကောင်းပါလား
ဘာလို့လဲ .... အတန်းထဲမှာစာမလိုက်နိုင်လို့လား "
ကလေးငယ်လေးက ခေါင်းကိုအောက်စိုက်ထားပြီး
ဖြည်းဖြည်းချင်း ခါလိုက်တယ်
လက်သေးသေးလေးကို ပိုပြီးတင်းကျပ်စွာဆုပ်ကိုင်
ထားမိတယ်" အတန်းထဲကသူငယ်ချင်းတွေက .... သမီးကို
စကြတယ် .... ပါး ..... "
" သူငယ်ချင်းတွေက ချစ်လို့စတာပေါ့ "
" မဟုတ်ဘူး .... သူတို့က Noon မှာအမေလဲမရှိဘူး .... အဖေကလဲဘယ်သူလဲဆိုပြီးနောက်ကြတယ်
တခြားကလေးတွေကလဲ အဖေကနှစ်ယောက်တောင်
မလား ..... အဲ့လိုပြောကြတယ်
Noon ကျောင်းမတက်ချင်ဘူး ပါး ..... "ဒီလောက်ငယ်သေးတဲ့ကလေးတွေမှာလဲ ခံစားချက်
ပြင်းထန်ကြတာပါလား ......" ဒါဆို နောက်ဆို Noon ကိုမစရဲအောင်ပြန်ပြောရမယ် .... အဖေနှစ်ယောက်တောင်ရှိလို့ Noon ကပိုပြီး
ပျော်တယ်လို့ .... ပါးတို့နှစ်ယောက်လံုးကချောပြီး
ငယ်တယ် .... ချမ်းသာပြီးတော်တယ်လို့ ပြန်ကြွားရ
မယ် ..... နေ့တိုင်းအရုပ်တွေမုန့်တွေအပြည့်နဲ့နေရတာ
လို့ပြောလိုက် .... ကြားလား မင်းသမီးလေး "
" ဟုတ်ကဲ့ .... ဒါဆို အခုရေခဲမုန့်စားလို့ရလား "
" ရတာပေါ့ဗျ ..... လာ ... ချီသွားမယ် "Perth လိုပဲ ..... ရေခဲမုန့်ကိုအရမ်းကြိုက်တာပဲ
" ကောင်းလား ..... သမီးကိုဖွားဖွားက အိမ်ပြန်ခေါ်
သွားလိမ့်မယ် .... ပါးခဏလောက်အရေးကြီးသွားဖို့ရှိ
လို့ရတယ်မလား "
" ဟုတ်ကဲ့ .... မြန်မြန်ပြန်လာနော် "
" ဒါပေါ့ .... မုန့်တွေထပ်ဝယ်လာမယ် နော် "" Suppapong မိသားစုက ကျောင်းကိုအများကြီးပံ့ပိုး
ထားတာသိပါတယ် ..... ဒါပေမယ့် ကလေးချင်းဖြစ်ကြတဲ့ ပြသနာသေးသေးလေးဆိုတော့လေ "စူးရှတဲ့အကြည့်နဲ့ ကျောင်းအုပ်ဆရာမကြီးကိုကြည့်
လိုက်မိတယ် ....." ဘာလို့ပြောလိုက်တာလဲ ..... ပြသနာသေးသေး
လေးလား .... ကလေးကငယ်သေးလို့မသိသေးဘူးလို့
ပြောချင်တာလား ..... "
" မဟုတ်ရပါဘူး ..... "
" ကျွန်တော့်သမီးကို စနောက်တာမကြိုက်ပါဘူး
အဓိက မိဘနဲ့ပတ်သတ်ပြီးမကြိုက်လို့ သေချာထိန်း
ပေးဖို့လာပြောတာပါ ... ဒိကျောင်းကိုထောက်ပံ့ပေး
ထားတာ Noon ကြောင့်ဆိုတာသိတယ်မလား "
" ဟုတ်ကဲ့ .... Noon လေးကအရမ်းတော်ပြီး
စိတ်ဓာတ်ပြင်းပြတဲ့ကလေးပါ .... အတတ်နိုင်ဆံုး
မဖြစ်အောင် ထိန်းပါမယ် "ပင်ပင်ပန်းပန်းနဲ့ ပြန်လာပေမယ့်လဲ ....ဒီအရွယ်ကြီးက
အဆူခံရသေးတာပဲ" Saint !!!! နင်ဘာလို့ဆရာမကြီးကိုခြိမ်းခြောက်
သလိုပြောခဲ့ရတာလဲ ... ဒေါသအဲ့လောက်ကြီးဖို့လိုတာ
မှမဟုတ်တာဟာ ... "
" Sunny ..... ဒါကလေးအတွက်အများကြီးလိုအပ်
တယ် .... Noon စိတ်ဒဏ်ရာရမှာကို ငါမကြည့်နေနိုင်
ဘူး "
" Saint ..... နင်မေ့နေတာလား .... Noon ကနင့်က
လေးမှမဟုတ်တာ .... သူက Perth ရဲ့ "စကားကိုဆံုးအောင်နားမထောင်ချင်မိလို့ ရှောင်ပြေး
ချင်မိတယ် ....." တော်တော့ .... ငါတို့နှစ်ယောက်အရမ်းချစ်ကြ
တယ် .... Perth လဲငါ့ကိုချစ်တယ် "
" သိပေမယိ့ ... Noon ကမတူဘူးလေ .... သူကြီး
လာရင်လဲ နင်ကသူနဲ့ဘာမှမဆိုင်တာကိုသိလာမှာပဲ
အဲ့ကျ သူနင့်ကိုဒိလောက်ချစ်တော့မယ်ထင်လို့လား "ထိန်းမထားနိုင်တော့ပဲ မျက်ရည်တစ်စက်ကကျလာခဲ့
တယ် ..." Perth ကငါ့ဘဝကိုပြောင်းလဲပေးခဲ့တာ .....
ငါတို့အများကြီးဖြတ်ကျော်ပြီးပြီ .... ငါဆံုးဖြတ်ထား
တယ် .... Noon ကငါတို့သမီးလေးပဲ .....
ငါတို့အတူတူ ကျန်တဲ့ဘဝကိုနေသွားမှာ ... "
" Saint .... ငါမထင်ထားလောက်အောင်ကို နင်က
ကလေးအပေါ်မေတ္တာရှိနေတာပဲ ....
ငါသိတဲ့ Saint ဆိုရင် .... ဒီလိုမနေနိင်လောက်ဘူး
Perth ကိုလဲခွင့်လွှတ်နိုင်မယ်မထင်ဘူး "
" Perth ကိုငါယံုတယ် ..... အချိန်ကြာလာလေ
ပိုယံုကြည်ချင်လာလေပဲ ....
Noon ကငါတို့နဲ့သွေးတော်တာဖြစ်စေ မဖြစ်စေ ....
ငါ့ကလေးပဲ .... "Are u ready For Last Chapter?????
မိသားစု .... နွေးထွေးမှု ..... ချစ်ခြင်းတရားတွေကို
ဘက်စံုရသခံစားစေရမယ့် Last Chapter of Life ( HMB Season 4 )
လွန်ခဲ့တဲ့ 7 နှစ်ကို နောက်နေ့အတူပြန်သွားခံစားရ
အောင် ..... 😘