Part 16 ❤️

1.4K 182 16
                                    

      အရာရာတိုင်းမှာကျွန်တော်ကပျော့ညံ့တယ် သတ္တိမရှိဘူး
ကြောက်လန့်ပြီးအတွေးတွေများတတ်တယ် ဒါတွေရဲ့နောက်
ဆုံးရလဒ်က P Saint ကိုတစ်ယောက်ထဲထားခဲ့ရတာပဲ တောင်းပန်ပါတယ် မချစ်လို့မဟုတ်ပါဘူး ထပ်ပြီးချစ်မိသွားရင်နောက်ဆုတ်လို့မရတော့မှာစိုးလို့ပါ အဲ့ဒါကြောင့်ထားခဲ့ရတာတောင်းပန်ပါတယ် အားအပေးနိုင်ဆုံး Sunny ကလည်းကျွန်တော့်
ဘေးမှာ
   Perth ကဘေးခုံမှာအိပ်နေတဲ့ Sunny ကိုကြည့်ပြီးတွေးလိုက်တယ် Sunny ပါသူနဲ့ပါလာတော့ Saint ကအခုဆိုတစ်
ယောက်ထဲဖြစ်နေတော့မှာပဲ
  Perth ရဲ့အတွေးကတကယ်မှန်ပါတယ် အခု Saint ကတစ်
ယောက်ထဲ Perth ရဲ့အခန်းကိုယိုင်တိုင်တိုင်နဲ့ခြေတောင်မခိုင်တော့ဘူး ဝင်ပြီးတံခါးကိုလော့ချလိုက်တယ်
Saint : တကယ်ထွက်သွားတာပဲ တကယ်ကြီးကိုထားခဲ့တာပဲ
         ဘယ်လိုများ ဘယ်လိုတောင်လုပ်ရက်ခဲ့တာလဲ
    အခုထိလက်မခံချင်သေးဘူး Perth သူ့ကိုထားခဲ့တယ်ဆို
တာကို အခုထိသူ့အခန်းကိုကြည့်နေမိတုန်းပဲ မယုံချင်သေး
ဘူး
Saint : ငါ့ဘဝမှာတကယ်ချစ်ခဲ့တာ မင်းပါ ငါ့ကိုပျော်စေချင် 
         တယ်ဆို ဘာလို့ဒီလိုကြီးထားခဲ့ရတာလဲ
   Saint ရဲ့တစ်ခါမှမတွေ့ရတဲ့မျက်ရည်တွေကနောက်ဆုံး
တော့ Perth ကိုဆုံးရှုံးလိုက်ရလို့ကျဆင်းနေခဲ့ပြီ
တောင်းပန်ပါတယ် P Saint ရယ် ကျွန်တော့်ကိုမေ့ပြီးဘဝသစ်နဲ့နေပါတော့ ကျွန်တော်ကအချစ်ကိုရင်မဆိုင်ရဲလို့ရှောင်ပြေး
နေသူပါ အဲ့လိုလူအတွက် အကို့ရဲ့အချစ်တွေကမတန်ပါဘူး
    မင်းကိုမှချစ်မိသွားတာဘယ်လိုလုပ်ရမလဲ Perth ငါ့ညီကိုမှ
ယောကျာ်းချင်းကိုမှ ချစ်မိသွားတဲ့ငါဘယ်လိုလုပ်ရမလဲ
မင်းကတော့ထားပြီးထွက်သွားနိုင်တယ် ငါကတော့မင်းထား
ခဲ့ရက်လို့တစ်ယောက်ထဲကျန်နေခဲ့ရပြီ
    တစ်ယောက်ထဲလို့မတွေးဘဲ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်
သန်းနိုင်ရင်အရမ်းကောင်းမှာပဲ အဲ့လိုဖြစ်ပါစေလို့လည်းတ
ကယ်ဆုတောင်းနေမိပါတယ်
   လက်မလျော့ချင်ဘူး လက်မလွှတ်နိုင်သေးဘူး Perth ဆိုတာငါချစ်တဲ့သူ ငါ့အတွက်အဓိပ္ပာယ်တွေအများကြီးရှိတဲ့သူ
ဒါကြောင့်သူ့ကိုပြန်ခေါ်မယ် ငါ့ဆီပြန်လာအောင်ပြန်ခေါ်ရမယ်
ဟုတ်တယ် ငါသူ့နောက်လိုက်သွားရမယ်
Saint ကသူ့မျက်ရည်ကိုသုတ်ပြီးအောက်ထပ်ကိုပြေးဆင်း
သွားလိုက်တယ်
Saint : အဖေ အဖေ
ရုံးသွားဖို့ပြင်နေတဲ့သူ့အဖေကိုအမြန်ပြေးတားလိုက်တယ်
Dad : မင်းဘာဖြစ်လာတာလဲ
  Saint ကသူ့အဖေလက်ကိုဆွဲထားပြီးဒူးထောက်ချလိုက်တယ် Saint လုပ်လိုက်တဲ့အပြုအမူက သူ့အဖေကိုအံ့သြသွားစေတယ် ဘယ်တုန်းက Saint ကဒီလိုလုပ်ခဲ့ဖူးလို့လဲ
Dad : မင်းဘာလုပ်တာလဲ
Saint : ဒီနေ့ကစပြီးအဖေမျှော်လင့်ထားသလိုသားကောင်း
            တစ်ယောက်ဖြစ်အောင်ကြိုးစားပါ့မယ် ကျွန်တော့်ကို
          လည်း Perth လိုအခွင့်အရေးပေးပါ ကျွန်တော်လည်း
           ကျောင်းသွားတက်ပြီးစာကြိုးစားပါ့မယ်
   Saint ကအရင်လိုပြက်ချော်ချော်ပုံမဟုတ်ဘဲ သူ့ရင်ထဲကအမှန်တရားတွေကိုပြောနေတာကို သတိထားမိစေလောက်
အောင်သိသာလွန်းတယ်
Dad : မင်းတစ်သက်လုံးဆိုးခဲ့ပြီးမှ အခုညီလုပ်သူကိုအားကျ
       နေတာလား
  အဖေဘယ်လိုပဲထင်ထင် ကျွန်တော့်ရည်ရွယ်ချက်က Perth
ဆီအရောက်သွားဖို့ပါ
Saint : ယုံကြည်ပေးပါ အကောင်းဆုံးလုပ်ပြပါ့မယ်
Dad : မင်း Sunny ကိုမခွဲချင်တာမလား ငါမင်းကိုဘယ်လိုယုံ
        ကြည်ရမလဲ မင်းကချစ်သူကိုတွေ့ဖို့သွားချင်တာလေ
Saint :ကျွန်တော်ကတိမတည်ရင်ကြိုက်သာလုပ်ပါ ကျွန်
         တော့်ကိုလိုက်သွားခွင့်ပဲပေးပါ
  Saint ရဲ့သနားစရာမျက်နှာလေးကိုမြင်တော့လည်း အဖေ
တစ်ယောက်အနေနဲ့မခံစားနိုင်ပါဘူး ဒါပေမယ့် Saint ကတိကိုလည်းယုံကြည်ဖို့ခက်ခဲနေတယ်
Dad : သားအရမ်းသွားချင်ရင် အဖေကခွင့်ပြုနိုင်တယ်
    Saint ကပြုံးလိုက်တယ်
Dad : ဒါပေမယ့် အချိန်တစ်နှစ်အတွင်းမှာမင်းကိုမင်းပြောင်း
       လဲလာကြောင်းသက်သေပြရမယ် နောက်နေ့ကစပြီး
         Company ကအလုပ်တွေဝိုင်းကူနိုင်ရင် တိုးတက်
      အောင်လုပ်ပေးနိုင်ရင် သားဖြစ်ချင်တာအကုန်လုပ်ပေး
      မယ်
   Saint အဖေကကတိတစ်ခုပေးပြီးသူ့ကားပေါ်ကိုတက်ပြီး
ထွက်သွားလိုက်တယ် အချိန်တစ်နှစ်တဲ့လား တစ်နှစ်တောင်
တဲ့လား ဒါပေမယ့် ကိစ္စမရှိပါဘူး အချိန်ဆိုတာခဏလေးကုန်
သွားမှာပါ ငါမင်းဆီကိုအရောက်ပြေးလာနိုင်အောင်ကြိုးစားပါ့
မယ် Perth
တစ်နှစ်ကြာတော့ Perth ပြောင်းလဲနေပြီဆိုတာဘယ်သူထင်
မိမှာလဲ
   Perth က Gym ကစားနေတဲ့အချိန် နိုင်ငံခြားသူလေးတစ်
ယောက်ကသူ့ကိုသဘက်တစ်ထည်ကမ်းပေးလိုက်တယ်
Perth : For me ?? Thanks
G   : So Handsome boy
   Perth အဓိကပြောင်းလဲလာတာကသူ့အကြည့်တွေနဲ့ပြောပုံဆိုပုံတွေ
Sunny : Perth
Perth : ဘာလို့လိုက်လာတာလဲ ဒီနေ့ဈေးဝယ်ထွက်မလို့ဆို
Sunny : သွားချင်စိတ်မရှိတော့ဘူး
   Sunny က Perth ရဲ့ဘေးနားကစက်ပေါ်မှာလမ်းလျှောက်
လိုက်တယ် Sunny လာတော့ Perth ကထသွားလိုက်တယ်
Sunny : ဘယ်သွားဖို့လဲ
Perth :  ခုနကကောင်မလေးလန်းတယ်လေ ဖုန်းနံပတ်လိုက်
         တောင်းရမှာပေါ့ သူကငါ့ကိုအထာတွေလာပေးနေတာ
   Perth ကချက်ချင်းထထွက်သွားလိုက်တယ် တစ်နှစ်ဆိုတဲ့
အချိန်လေးကဘာလို့ဒီကောင်လေးကိုဒီလိုပြောင်းလဲစေနိုငတာလဲ
Sunny : ဒီညငါနင့်အခန်းကိုလာမှာနော် Perth စာမေးပွဲနီးပြီ
   Sunny က Perth ကြားအောင်အော်ပြောလိုက်တယ်
လက်ထဲမှာ luggage ကိုဆွဲပြီးတက်ကြွနေအောင်အပြုံးတွေ
နဲ့လမ်းလျှောက်လာတာက Saint လေ
ကျောပိုးအိတ်လေးကိုလွယ် Passport လေးကိုကိုင်ပြီး Luggage လေးကိုဆွဲရင်းလျှောက်လာတဲ့ခြေလှမ်းတွေကပေါ့
ပါးနေတယ် Perth ရဲ့အခန်းလိပ်စာကိုလည်းသူရလာပြီလေ
အဲ့ကိုတန်းသွားဖို့ပဲရှိတော့တယ်
Saint : Taxi ဒီလိပ်စာကိုပို့ပေးပါ
   ညနေနေဝင်ချိန်လေးကိုငေးကြည့်နေရတာဒီလောက်အရသာရှိခဲ့မှန်းအခုမှသိရတော့တယ် ဘယ်လောက်လှလိုက်တဲ့
မြင်ကွင်းလေးလဲ
Perth : Cheer
G  : Cheer မင်းက Uni မှာအရမ်းနာမည်ကြီးကြောင်းသိပြီး
       သားပါ အာရှသားလေးတွေချောရင်အရမ်းမိုက်တာ
  Perth ကသူ့ရှေ့ကအရက်ခွက်ကိုမော့လိုက်ပြီး ပြုံးလိုက်
တယ်
Perth : ကို့အခန်းကိုလိုက်ချင်လား Pretty
    Saint က Perth အခန်းရှေ့က bell ကိုနှိပ်လိုက်တယ်
တစ်ချက်နှိပ်လည်းထွက်မလာ နှစ်ချက်နှိပ်လည်းမလာတော့
သူ့လွယ်အိတ်ကိုအောက်ချထားလိုက်တယ်
Saint : ညနေတောင်စောင်းနေပြီ စာလုပ်နေတုန်းမို့လို့လား
            ထိုင်စောင့်ကြတာပေါ့
   Saint ကအခန်းရှေ့မှာခေါင်းလေးမှီပြီးထိုင်စောင့်နေလိုက်
တယ် အသံလေးကြားရင်တောင် perth များပြန်လာတာလား
ခေါင်းလေးမျှော်ကြည့်ရတာအမော ဒါပေမယ့် သူစောင့်နေတာတစ်နာရီကျော်နေတဲ့ထိ Perth ကိုအရိပ်ယောင်တောင်မ
မြင်ရဘူး
Sunny : Saint လား
  သူမျှော်နေတဲ့သူမဟုတ်ဘဲ Sunny ဖြစ်နေတော့အနည်းငယ်တော့စိတ်ပျက်မိတယ် ဒါပေမယ့် Sunny ကသူ့ကိုပြေးဖက်
လိုက်တယ်
Sunny : ဘယ်တုန်းကရောက်လာတာလဲ မတွေ့တာဘယ်     
           လောက်ကြာပြီလဲ 
   Sunny ဖက်ထားတဲ့ပခုံးထက်ကနေပဲ Perth ကဓာတ်လှေ
ကားကနေထွက်လာတာကိုတွေ့လိုက်တော့ Sunny ဖက်
ထားရာကနေရုန်းထွက်လိုက်တယ် ဒါပေမယ့် လုံးဝမထင်
ထားခဲ့တဲ့မြင်ကွင်းက Saint ကိုခြောက်လှန့်လိုက်သလိုပဲ သူ
တန်ဖိုးထားခဲ့တဲ့လက်တစ်စုံကတစ်ခြားမိန်းကလေးတစ်ယောက်ရဲ့လက်ကိုကိုင်ထားတယ်
   ဘာတွေဖြစ်ကုန်တာလဲ အချိန်တစ်နှစ်အတွင်းမှာ Perth ကဘယ်လိုဖြစ်သွားရတာလဲ   သူ့မျက်လုံးကိုဖောက်ထုတ်လိုက်ချင်တယ် ဒီမျက်လုံးတွေနဲ့အခုမြင်ကွင်းကိုမြင်ရတာသေ
တာထက်ပိုနာကျင်မိတယ်..........
                                 Part 16 ( the end )
                            

Hello, My Brother(completed)Where stories live. Discover now