Zawgyi
Hello My Brother 🖤 Season3 ( 7 )
မနေ့ကတစ်နေကုန်ပင်ပန်းလာလို့ အိပ်ပျော်သွားလိုက်
တာ အိပ်ရာထတောင်နောက်ကျသွားလို့ နိုးတာနဲ့ကမန်းကတန်းအောက်ထပ်ကိုဆင်းလာလိုက်တယ်
Nan : သား
မီးဖိုချောင်ထဲက Saint ကိုတွေ့လိုက်တာနဲ့ သူထအော်လိုက်မိတယ် Saint တောင်လန့်သွားမိတယ် Aunt Nan ဘာလို့
အော်လိုက်တာလဲ
Saint : ဒေါ်လေး ဘာဖြစ်တာလဲ
Nan : မင်းဘာတွေလုပ်နေတာလဲ ဟမ်
Saint : ကျွန်တော်မနက်စာ ပြင်နေတာလေ
သူ့အဒေါ်ရဲ့ဟာခနဲဖြစ်ရလောက်အောင်စိတ်ပျက်သွားတဲ့
မျက်နှာထားကို ကောင်းကောင်းသတိထားမိလိုက်တယ်
Nan : သား ဘာလို့ဒါတွေလုပ်နေရတာလဲ မဟုတ်မှလွဲရော
နေ့တိုင်းလုပ်နေတာလား
Saint : အိမ်အကူအဒေါ်ကြီးက နေ့ခင်းလောက်မှချက်ပြုတ်
ပြီးသန့်ရှင်းရေးလာလုပ်ပေးတာ သားဒါလုပ်တာဘာ
ဖြစ်လို့လဲ
Nan : မင်းကဒီအိမ်ရဲ့တစ်ဦးထဲသောသားလေ မင်းကသူဌေး
မင်းကဒီအိမ်ရဲ့သခင် ဒါတွေမင်းလုပ်နေစရာလား
ဟိုကောင်လေးရော Perth ဘယ်မှာလဲ
Saint သူ့အဒေါ်ရဲ့မာန်မာနကိုကြည့်ပြီး သက်ပြင်းချလိုက်
မိတယ်
Saint : ဒေါ်လေး Perth ကသားထပ်ပိုပင်ပန်းတယ် သားက
ဒီမနက်ခင်းလေးပဲ လုပ်ပေးရတာ ပင်ပန်းတာမှမ
ဟုတ်တာ
Nan : သူက ဘာတွေများပင်ပန်းရလို့လဲ မင်းဘာလို့ သွေးမ
တော်သားမစပ် ကောင်လေးကိုပိုလွန်းနေရတာလဲ
Saint : အလုပ်တွေအားလုံး သူပဲလုပ်ရတာ ညဆိုလည်း အ
လုပ်တွေပိနေရှာတာ
Nan : နေဦး နေပါဦး မင်းဘာပြောလိုက်တယ် အလုပ်တွေ
ပြောချင်တာက မင်းအလုပ်မသွားဘူးလား
Saint : ဟုတ်တယ် ကျွန်တော်သူ့လက်ထဲအကုန်အပ်ထား
တယ် သူပဲဒီစီးပွားရေးကိုဦးဆောင်တယ်
Nan : ဘုရားရေ ...... Saint မင်းရူးနေပြီလား ဘယ်လိုယုံ
ကြည်ပြီးသူ့လက်ထဲကိုပုံအပ်ထားရတာလဲ သူကမင်း
ရဲ့ညီအရင်းမဟုတ်ဘူး ပြီးတော့ သူ့အမေလုပ်ထား
တာတွေ ငါကြားသင့်သလောက်ကြားထားတယ် ဒါကို
မင်းသိရဲ့သားနဲ့ ဘယ်လိုပုံအပ်ထားတာလဲ
Saint : သူ့ကိုယုံကြည်တယ် သူကကျွန်တော့်ထပ်အရာတိုင်း
မှာသာတယ် တော်လွန်းတယ် သူ့ကိုရှယ်ယာရှင်တွေ
အားလုံးကအလိုရှိကြတယ် သူ့ရဲ့ဦးဆောင်မှုကကျွန်
တော်ထပ်ပိုသာလွန်တယ် ဒေါ်လေး
Nan : Saint
Saint : ဒေါ်လေး ဒါကျွန်တော်တို့နှစ်ယောကိရဲ့နေထိုင်မှုပဲ
ကျွန်တော်ရှင်းရှင်းပဲပြောပြမယ် ဒါကကျွန်တော့်ရဲ့
ရွေးချယ်မှု Perth ဆိုတာကျွန်တော့်ရဲ့တစ်ခုထဲသော
ရွေးချယ်မှုပဲ သူ့ကိုရွေးမိလို့ကျွန်တော့်မှာနောင်တရစ
ရာမရှိဘူး ဒေါ်လေး ဒါကြောင့် ကျွန်တော့်ရဲ့နေထိုင်မှု
ဘဝမှာ မပိတ်ပင်ပါနဲ့
Nan : ကောင်းတယ် ကောင်းတယ် မင်းကြိုက်တာသာလုပ်
နောက်မှသစ္စာအဖောက်ခံရတာမျိုး မရှိပါစေနဲ့
ဒေါ်လေးကစိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတော့တာပဲ
ကျွန်တော်လည်းဘာလုပ်ရမယ်မသိတော့ဘူး ဒေါ်လေးက
စိုးရိမ်လို့ပြောတာ သူ Perth အကြောင်းမသိသေးလို့ပြောတာ
ကျွန်တော်သိတယ် နားလည်တယ် ဒါပေမယ့် ကျွန်တော်က
တော့ Perth နဲ့ပတ်သတ်လာရင်အထိခိုက်မခံနိုင်တဲ့ စိတ်မျိုး
တော့ရှိတယ်
ဟာ ...... Saint အဲ့ဒါတွေလျှောက်တွေးမနေစမ်းနဲ့ နေတာအ
ချိန်ကြာလာရင်အားလုံးအဆင်ပြေသွားလိမ့်မယ်
ကို့ကိုယ်ကိုစိတ်ဖြေဖျောက်ပြီးလှည့်ကြည့်လိုက်မိတော့ မနက်
ကိုးနာရီတောင်ထိုးတော့မယ် Perth အခုထိမဆင်းလာသေး
ဘူးလား
Saint လည်းအခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့ Perth ကသူ့ဆံပင်တွေကိုဖြီးနေတာ
Saint : Perth ..... ဒီနေ့ဘာလို့နောက်ကျတာလဲ အကိုစိုးရိမ်
လို့တောင်လာကြည့်ရတယ်
မှန်တင်ခုံရှေ့ထိုင်နေတဲ့ Perth ရဲ့ပခုံးကနေ Saint ကသိုင်းဖက်ပြီး ခေါင်းလေးပေါ်သူ့မေးစေ့လေးကိုတင်ထားလိုက်
တယ်
Saint : Perth အကိုမေးတာကြားရဲ့လား
Perth : ကြားပါတယ် အကိုဒီလိုချစ်ဖို့ကောင်းအောင်လုပ်နေ
လို့ကြည့်နေမိတာ
သူ့ပခုံးပေါ်က Saint ရဲ့လက်လေးတွေကိုသူ့လက်တွေနဲ့
ပွတ်သပ်ပေးလိုက်တယ်
Saint : အကိုကစိုးရိမ်ပြီးလာကြည့်တာ Perth အိပ်ရာထ
နောက်ကျနေတာလား
Perth : ဟုတ်တယ် နောက်ကျသွားတယ် တောင်းပန်ပါ
တယ်နော် နောက်ဆိုအကိုနဲ့အတူထပြီးဝိုင်းလုပ်ပေး
ပါ့မယ် အကိုပင်ပန်းတယ်မလား
Saint ချက်ချင်းပြုံးနေရာကနေ မျက်နှာပျက်သွားတယ်
သူ့ရဲ့ဖက်ထားတဲ့လက်တွေကို Perth ပခုံးပေါ်ကတစ်ဖြည်း
ဖြည်းဖယ်ချလိုက်တယ်
Saint : Perth မင်း
Perth : ဘာဖြစ်တာလဲ P Saint
Saint : မင်း ကြားလိုက်တာလား ကြားသွားတာလား
Perth ကခေါင်းကိုအောက်ချထားပြီးမှ အပြုံးလေးနဲ့သူ့အကိုကိုမော့ကြည့်လိုက်တယ်
Perth : ဘာကိုလဲ ကျွန်တော်ဘာကိုကြားရမှာလဲ
Saint : မဟုတ်သေးဘူး ဘာလို့ အခုလိုတွေပြောနေတာလဲ
အကို့ကိုတစ်ခါမှ အခုလိုမပြောဖူးဘူးလေ
Perth : ကျွနိတော်ဘာပြောလိုက်မိလို့လဲ P Saint ကျွန်တော်
ပြောတဲ့စကားသေးသေးလေးကအစ ဂရုမစိုက်ပါနဲ့
စကားဆိုတာဒီလိုပဲစိတ်ထဲရှိတာ ထွက်သွားတတ်
တယ်လေ
Saint : ဒါပေမယ့် အကို့စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရတယ်
Perth ကမတ်တပ်ရပ်ပြီးသူ့အကိုလက်လေးကိုဆုပ်ကိုင်
လိုက်တယ်
Perth : အကိုဘာဖြစ်နေတာလဲ ကျွန်တော်ဗိုက်ဆာနေပြီ
တစ်ခုခုမကျွေးတော့ဘူးလား
Perth က Saint ကိုအတင်းဆွဲခေါ်သွားလိုက်တယ်
Perth : လာပါ ဗိုက်ဆာနေပြီ
Saint : စားလို့ကောင်းလား
Perth : inn ဒါနဲ့ ဒေါ်လေးရော လာမစားဘူးလား
Saint : အင်း ပင်ပန်းပြီးမနိုးသေးတာထင်တယ် အကိုလိုက်
ပို့ပေးရမလား
Perth : ကျွန်တော့်ဘာသာသွားလိုက်မယ် ဒါနဲ့ ညနေဘာမှမ
ပြင်ထားနဲ့နော်
Saint : ဘာလို့လဲ အဒေါ်ကြီးရှိနေတာပဲ စားချင်တာချက်ခိုင်း
လိုက်မယ်လေ
Perth : ကျွန်တော်ဒီနေ့စောစောပြန်လာခဲ့မှာ တစ်ခုခုလုပ်စား
ကြမလားလို့လေ ဈေးဝယ်ပြီးပြန်လာခဲ့မယ်လေ
Saint : အတူဝယ်ရအောင် အကိုနေ့ခင်းရုံးကိုလာလိုက်မယ်
နော် အတူတူဝယ်ကြမယ်နော်
Perth : ဟုတ်ပြီ ကျွန်တော်စောင့်နေမယ် ဒါဆိုသွားတော့မယ်
နော် နောက်ကျနေပြီ
Saint ကိုနှုတ်ဆက်ပြီး အိမ်ကနေထွက်လာခဲ့တယ် ဒါပေမယ့် ကားကိုလမ်းတစ်ဝက်မှာရပ်တန့်လိုက်မိတယ်
ကားခုံကိုမှီထိုင်ပြီး မျက်လုံးတစ်စုံကိုမှိတ်ပြီးတစ်ယောက်ထဲ
သက်ပြင်းတွေချနေမိတယ်
တကယ်ပဲ ကျွန်တော်ရှိနေတာအကို့ကိုပင်ပန်းစေတာလား
ဒေါ်လေးပြောတာမှန်တယ် အကိုကကျွန်တော်ထပ်ပိုကောင်း
တဲ့နေရာမှာရှိနေရမှာ အခုနေရာမှာရှိနေရမှာသူ ကျွန်တော်မ
ဟုတ်ဘူး ဒါပေမယ့် ဒါတွေကပြသနာကြီးကြီးမားမားဖြစ်စေ
လို့လား ကျွန်တော်တို့အရမ်းချစ်ကြတယ် စည်းစိမ်ဥစ္စာဆိုတာ
လိုအပ်နေတာမျိုးမှမဟုတ်တာ နေရာရာထူးဆိုတာလည်း အကိုသာလိုချင်ရင်အချိန်မရွေးဖယ်ပေးနိုင်တယ် ဒီအရာတွေ
ကကျွန်တော်တို့အချစ်တွေကိုတစ်စက်လေးတောင်လျော့
သွားစေတာမှ မဟုတ်တာ ဘာလို့ကျွန်တော်တို့ဂရုစိုက်နေဖို့
လိုအပ်မှာလဲ အဓိကကကျွနိတော်တို့မှာနားလည်မှုနဲ့တည်
ဆောက်ထားတဲ့ အချစ်ရှိရင်ပြည့်စုံနေပြီပဲမလား
Part 7 ( the end )