Yuri : ဒီနေ့ပျော်ရွှင်နေတာလား
Perth : ဘာလို့လဲ .....
Yuri : နင့်မျက်နှာကသိသာလွန်းနေလို့လေ ..... ပြံုး
ဖြီးနေတာကို
Perth : ဒီလိုပါပဲ .... နားလည်မှုလွဲနေတာလေးတစ်ချို့
ကို ငါအရမ်းအကျယ်ချဲ့မိတယ်ထင်လို့
အခုတော့ အဆင်ပြေသွားပြီလေ
Yuri : Perth .... ကျေးဇူးတင်ပါတယ်
နင်ငွေချည်းပေးထားလို့ နည်းနည်းလည်ပတ်
လို့ပြန်ရနေပြီ
Perth : ငါ P Saint ကိုအဲ့ဒါပြောပြရဦးမယ် .....
ညနေပြန်ရောက်ရင် သေချာပြောပြရမယ်
ငါ့ပိုက်ဆံတွေမဟုတ်ဘူးလေ ......အိမ်ထဲကို လူတစ်စံုတစ်ယောက်ဝင်လာတာကို
လဲသတိမပြုမိပဲ သူ့အလုပ်ကိုပဲသူဆက်လုပ်နေတာပဲ
Nan : Saint ......
Saint : ပြောပါ .....
တစ်ချက်လေးတောင် အဒေါ်ဖြစ်သူကိုလှည့်မ
ကြည့်နိုင်ဘူးပဲ ......
Nan : သိထားလား .... Perth ကလုပ်ငန်းထဲကငွေ ၅
သန်းထုတ်သွားတာကို
ဖတ်လက်စ စာအုပ်ကိုဘေးချလိုက်ပြီး အံ့ဩစရာမျက်နှာထားနဲ့ မော်ကြည့်လိုက်တယ် ....
Saint : ၅ သန်းလား ..... ဘာအတွက်လဲ
Nan : ငါမသိသေးဘူး .... မင်းလဲမသိတဲ့ပံုပဲ
Saint : အဲ့ဒါတွေထပ် ဒေါ်လေးက ဘာလို့လုပ်ငန်း
ကိစ္စကိုဝင်ပါနေတာလဲ ......
ဒါဒေါ်လေးနဲ့ မဆိုင်ပါဘူး .....
Nan : ဒါငါ့အကိုရဲ့ သွေးနဲ့ချွေးနဲ့ တည်ထောင်ထားတဲ့
လုပ်ငန်း .... မယားပါသားလက်ထဲအပါမခံနိုင်
ဘူး .... ဒါကြောင့် သူ့ကိုအားလံုးပေးပြစ်ဖို့
လုပ်နေတဲ့ မင်းကိုလဲ ... မယံုကြည်နိုင်တော့ဘူး
ငါဟိုကိုပြန်မယ် ... ဒါပေမယ့် ဒါတွေအားလံုး
ငါ့လက်ထဲရောက်မှ ပြန်မယ်
Saint : အဲ့ဒါဘာကိုဆိုလိုတာလဲ ... အဲ့လိုလုပ်ခွင့်မရှိ
ဘူး ... ကျွန်တော်ကအမွေခံပါ
Nan : စနေနေ့ ဘုတ်အဖွဲ့အစည်းအဝေးရှိတယ် ...
လောလောဆယ် Perth ကိုရာထူးကပယ်ချဖို့
မရဘူး ... ဒေါ်လေးပြောချင်ရာပြောပြီး အဲ့လို
အခန်းထဲသွားလို့မရဘူး
Saint : ဒေါ်လေး ..... ဒေါ်လေး !!!!!
ဘယ်လောက်အော်အော် တစ်ချက်လေးတောင်
ပြန်လှည့်မကြည့်တော့ဘူး .... အဲ့လိုဆိုရင်
Saint : စစ်ပွဲပဲ .....
ချက်ချင်း ဖုန်းစက်ကိုဖွင့်ပြီး နံပတ်တစ်ခုကိုခေါ်
လိုက်တယ် .....
Saint : Perth အခုတလောဘာတွေလုပ်နေလဲဆိုတာ
မသိဘူးလား .... ငါမင်းကိုပိုက်ဆံအများကြီး
ပေးငှါးထားတာ ....
ပိုက်ဆံ ၅ သန်းကဘာအတွက်ထုတ်သွားတာ
လဲ .... ချက်ချင်းရှာလာခဲ့