( 10 )

136 11 10
                                    

       Saint ကဘယ်လိုလူမျိုးလဲ ....... ???
သူ့ကိုစသိတဲ့အချိန် ..... ကိုလိုချင်တာကိုရအောင်ယူ
တတ်တဲ့သူမျိုး
Perth ကိုတောင်မရရအောင် ရယူခဲ့တယ်
သူပြောင်းလဲသွားတဲ့အချိန်တွေကရော တကယ့်စိတ်ရင်းလား ......

" ဝုန်း ...... " စားပွဲပေါ်ကရှိတဲ့ပစ္စည်းမှန်သမျှဆွဲချ
လိုက်တယ် ..... စိတ်ထဲမှာလောင်မြိုက်မှုတွေအပြည့်
နဲ့ ..... ဒေါသကလဲမီးဟုန်းဟုန်းတောက်နေပြီ

Saint : ဒေါ်လေး ..... ကျွန်တော့်ဘဝကိုဝင်စွက်ဖက်လို့
မဖြစ်ဘူး ..... Perth နဲ့ကျွန်တော့်ကြားကို ဝင်
ပါခွင့်မရှိဘူး

ဒေါက် ဒေါက် ..... တံခါးလော့ချထားတာလား
Perth : P Saint ..... တံခါးပိတ်ထားတာလား
အရင်ကတစ်ခါမှ ဒီလိုတံခါးမပိတ်ထားပါဘူး
တစ်ခုခုဖြစ်လို့များလား .....
Perth : P .......
  နောက်တစ်ကြိမ်ခေါက်ဖို့လက်ရွယ်လိုက်တဲ့အ
ချိန်မှာပဲ တံခါးတစ်ဖက်က အနည်းကျဉ်းပွင့်ဟလာ
တယ် .....
Saint : Perth ..... အစောကြီးပြန်ရောက်လာတာလား

တံခါးကိုခန္ဓာကိုယ်တစ်ခုလံုးနဲ့ ကာထားတာ
ဘာလို့လဲ ....
Perth : တစ်ခုခုလုပ်နေတာလား ဘာလို့ကွယ်ထားတာ
လဲ .... ကျွန်တော်ပင်ပန်းနေလို့ အဝတ်အစား
လဲချင်ပြီ P
Saint : အာ ..... အကိုရွေးလာပေးမယ် ဟိုဖက်အခန်း
  မှာလဲလိုက်မလား
Perth : ဘာလို့လဲ ....

ဘာလို့အခန်းထဲပေးမဝင်တာလဲ .... တစ်ခုခုကို
ထူးဆန်းနေပါတယ်
Perth : အကို .... ကျွန်တော်ကိုလျို့ဝှက်ထားတာရှိနေ
လား
Saint : ကောင်လေး .... ဘာတွေတွေးနေတာလဲ

ထံုးစံအတိုင်းခေါင်းလေးပုတ်ကာ .....
Saint : ကဲ .... အဲ့လိုမိသွားမှတော့ပြောရတော့မှာပဲ
             အကိုက မင်းပြန်လာရင်အနားယူဖို့ အိပ်ရာခင်း
             လေးခင်းနေတာ ... အသစ်လေးလေ
Perth : အဲ့ဒါကို ဘာလို့အဲ့လောက်ကွယ်နေတာလဲ
Saint  : အော် .... အကိုကိုယ်တိုင်လုပ်ပေးထားတာဆို
             တော့ ပြီးမှပြချင်လို့ပေါ့ ..... လိမ္မာပါတယ်
             လာ ... အကိုအဝတ်အစားရွေးလာပေးမယ်

       Perth ထွက်သွားတာနဲ့ တစ်ပြိုင်နက် အခန်းထဲ
ဝင်ပြေးလိုက်တယ် .....
ဖန်ကွဲစတွေနဲ့ ရှုပ်ပွနေတဲ့ပစ္စည်းတွေကို အမြန်ဆန်
ကောက်ယူသိမ်းလိုက်တော့တာပဲ .....

Hello, My Brother(completed)Where stories live. Discover now