( 16 )

1.1K 138 7
                                    

     Perth ရုံးခန်းထဲဝင်လာတာနဲ့ အားလုံးကသူ့ကိုအရိုအသေ
ပြုကြတယ်
Perth : မင်းကအရင်ဒါရိုက်တာရဲ့ အတွင်းရေးမှူးမလား
Girl : ဟုတ်ပါတယ်
Perth : အရင်ဒါရိုက်တာရဲ့ လုပ်ငန်းဖိုင်အားလုံးကိုပြန်ရှာလာ
             ခဲ့ပါ
Girl :  ရှင်
Perth : ငါရှာစရာရှိတယ် ကူညီပေးလို့ရတယ်မလား
   အဲ့နေ့ညက အကိုအခန်းထဲဝင်လာထဲကကျွန်တော့်ကိုလုံးဝ
မကြည့်ခဲ့ဘူး အဲ့ထဲကအကို့ကိုမသကာင်္ခဲ့ဘူး တစ်ခုခုအကြောင်းအရင်းရှိလို့ သူဒီလိုလုပ်ခဲ့တာပဲဖြစ်မယ် အဲ့အကြောင်းအရင်းကရော ဘာလဲ လုပ်ငန်းစပ်တူလုပ်တဲ့သူရဲ့သမီးနဲ့ချက်ချင်း
လက်ထပ်ရအောင် သူ့အခက်အခဲတွေကဘာတွေရှိနေတာလဲ အခုချိန်ကငါငိုနေရမှာမဟုတ်ဘူး အကို့ကိုပြန်ကယ်တင်ရမယ့်အချိန်ရောက်နေပြီ အကိုကသေချာပေါက်ငါ့ကိုမချစ်တာမဟုတ်ဘူး သူ့မှာကြုံတွေ့နေရတဲ့ပြသနာဆိုတာသေချာပေါက်ရှိနေရမယ် အဲ့ဒါကိုငါရအောင်ရှာဖွေရမယ်
Sunny : Yuri နင်ငြိမ်ငြိမ်ထိုင်နေပါလား
Yuri : Perth ဘာတွေလုပ်နေတာလဲ စေ့စပ်ပွဲကပြန်လာထဲ
        ကတစ်ပတ်လုံးရုံးမှာပဲအချိန်ကုန်နေတယ် မဖြစ်ဘူး
        သူကငါတို့ကိုလိုက်မလာနဲ့လို့ပြောပေမယ့် ငါသွားမှရ
        မယ်
Sunny : နေဦး သူ့ကိုလွှတ်ထားတာမကောင်းဘူးလား
Yuri : မကောင်းဘူး သူ့စိတ်ထဲမှာဘယ်လောက်မွန်းကြပ်နေ
           လဲဆိုတာ ငါတို့မှမတိုင်းတာနိုင်တာ သူတစ်ခုခုကိုမြို
           သိပ်ထားရင်း စိတ်ဒဏ်ရာရမှာစိုးရိမ်မိတယ် ငါသွားမှ
           ဖြစ်မယ်
Sunny : Hey Yuri
    Yuri ကရုံးခန်းထဲကိုဝင်လာတော့ Perth ကစာရင်းစာရွက်
တွေနဲ့ ပြည့်နှက်ပြီးအလုပ်ရှုပ်နေတယ်
Perth : Aww Yuri
Yuri : နင်ဘာတွေလုပ်နေတာလဲဟာ တစ်ပတ်လောက်အိမ်
        မပြန်လာဘဲဘာလုပ်နေတာလဲလို့
Perth : ငါ့မှာအချိန်မကျန်တော့ဘူး နှစ်ရက်နေရင်အကိုက
           လက်ထပ်တော့မယ် ငါ့မှာအချိန်မရှိတော့ဘူး
Yuri : နင်ဘာတွေလုပ်ဦးမလဲ ပထမတစ်ခါလိုတော့နင့်ကိုနင်
        မစတေးဘူးမလား ဟမ် Perth ငါမေးတာဖြေလေ
Perth : Yuri ငါမိုက်မဲတာမျိုးထပ်မလုပ်ပါဘူး အကိုလက်
          ထပ်တာကိုဖျက်ဆီးဖို့ငါနည်းလမ်းရှာနေတာ
Yuri : ဘာကိုလဲ
Perth : ဟိုနေ့ကတင် ငါအကုန်သိလိုက်ရတယ် Company
          ကို Irin အဖေချုပ်ကိုင်ထားတယ်ဆိုတာ
  Yuri က Perth လှမ်းပေးလိုက်တဲ့ဖိုင်ကိုယူကြည့်လိုက်တယ်
Yuri : ဒါဆို Saint ကိုမတရားလုပ်ထားတာပေါ့
Perth : ဟုတ်တယ် သူ့လက်ထဲကရုန်းနိုင်မယ့်နည်းကိုငါရှာ
          နေတာ အကို့ကိုပြန်ကယ်ဖို့ငါအတတ်နိုင်ဆုံးလုပ်ရ
             မယ် ငါခံစားနေဖို့အချိန်မဟုတ်ဘူး ကြိုးစားရမယ့်အ
             ချိန် ငါ့ကိုကူညီပါဦး
    Saint ကအိမ်ထဲမှာဟိုလျှောက် ဒီလျှောက်နဲ့စဉ်းစားနေမိ
တယ်
Saint : Perth ငါ့ဆီကိုဒီတိုင်းလာခဲ့တာမယုံနိုင်ဘူး သူဘာ
            တွေကြံနေပြန်ပြီလဲ ပထမတစ်ခါလိုတော့ဖြစ်လို့မရ
         ဘူး
   Irin ကသူ့ဆီဝင်လာတဲ့ ဖုန်းကိုကိုင်လိုက်တယ်
Perth : Irin မလား ငါနဲ့ခဏတွေ့လို့ရမလား ငါ Perth ပါ
Irin : ရတယ်လေ ဒါပေမယ့် ကျွန်မကအခုဟိုတယ်တစ်ခုက
          Bar မှာ ရှင်လာမှရမယ်
   ခဏလောက်ကြာတော့ perth ကတစ်ယောက်ထဲရောက်
လာခဲ့တယ်
Irin : ထိုင်ပါဦး ဘာပြောစရာရှိလို့လဲ
Perth : မင်းနဲ့ညှိနှိုင်းစရာရှိလို့ မင်းသိနေခဲ့တာလား မင်းအ
          ဖေက မင်းအတွက် P Saint ကိုဝယ်ယူခဲ့တာကို
Irin : ဘာ အခုဘယ်လိုစကားမျိုးလာပြောနေတာလဲ
Perth : ဒီမှာ ကြည့်
Irin : ဒါတွေက ဒါတွေကဘာလဲ မဖြစ်နိုင်တာ
Perth : ဒူးထောက်ပြီးတောင်းပန်ဆိုလညိးတောင်းပန်ပါ့မယ်
          သူမှမင်းကိုမချစ်နိုင်တာ သူ့ကိုလက်လွှတ်ပေးလိုက်ပါ
Irin : မလုပ်နိုင်ဘူး
Perth : Irin
Irin : မလုပ်နိုင်ဘူးလို့ ပြောနေတယ်မလား ကျွန်မကိုနောက်
          ထပ်လာမရှာပါနဲ့ 
   Irin ကအမြန်ကားပါကင်မှာရပ်ထားတဲ့ကားဆီ အမြန်ပြေး
သွားပေမယ့် Perth ကအနောက်ကတောက်လျှောက်လိုက်
လာခဲ့တယ်
Irin : ဘာလုပ်တာလဲ ဖယ်ပါ
Perth : တောင်းပန်ပါတယ် ငါမင်းနဲ့စကားပြောမှရမယ်
  Perth က Irin ကိုကောက်ချီပြီးကားထဲထည့်လိုက်တယ်
ပြီးတာနဲ့ Lock ကိုအပြင်ကပိတ်ချလိုက်တယ်
Irin : ဘာလုပ်တာလဲ Perth နင်ဘာလုပ်တာလဲ င့ါကိုလွှတ်
Perth : တောင်းပန်ပါတယ် ငါကားမောင်းရင်းစကားပြောကြ
             တာပေါ့
Irin : ဘာ
  Perth ရဲ့ကားနောက်ကနေ Sunny တို့ကားကလိုက်မောင်း
လာခဲ့တယ်
Perth : အကို့ကိုငါ့လက်ထဲပြန်ပေးပါ
Irin : ရူးနေတာလား ကားကိုရပ် အခုချက်ချင်းရပ်လိုက်
Perth : ငါ High way လမ်းထိဆက်မောင်းမှာ မင်းအဖြေမရ
          မချင်းငါမောင်းနေမှာပဲ
Irin : ဘာ
Perth : ငါကငါလိုချငိတာကို ရအောင်ပြန်ယူမှာပဲ
Irin : ရပ်လိုက် ရပ်လိုက်တော့ အရှိန်များလာပြီ
Perth : အကို့ကို ငါ့ကိုပြန်ပေး
   Irin ကိုလှည့်ကြည့်လိုက်တော့ သူ့ပုံစံကတော်တော်ကြောက်တဲ့ပုံမျိုးဖြစ်နေခဲ့ပြီ Perth လည်းကားကိုရပ်ပေးဖို့ဘရိတ်ကို
နင်းလိုက်ပေမယ့် သူမျက်နှာချက်ချင်းပျက်သွားခဲ့တယ်
Perth : မရတော့ဘူး ဘာလို့မရတာလဲ
Irin : ဘာဖြစ်တာလဲ ဘာဖြစ်တာလဲလို့
Perth : ခုနကထိဘရိတ်နင်းလို့ရနေသေးတယ် အခုဘရိတ်
          ကအလုပ်မလုပ်တော့ဘူး
Irin : ဘာ ကျွန်မတို့ သေတော့မှာလား မဖြစ်ဘူး အဖေ
        အဖေ
  Irin ကကလေးတစ်ယောက်လိုအကျယ်ကြီးထငိုတော့
Perth ကအာရုံစိုက်နေရာကနေ စိတ်တွေရျုပ်လာတယ်
Perth : ငြိမ်ငြိမ်နေစမ်းပါ
Irin : အဲ့ဒါ့ရှင့်ကြောင့် မသေချင်သေးဘူး ကယ်ကြပါ
Perth : Irin
   Perth ကအကျယ်ကြီးအော်လိုက်တော့မှသူငိုတာရပ်သွား
တယ်
Perth : မကြောက်နဲ့ ငါမင်းကိုကာကွယ်ပေးမယ် ငါရှိနေတယ်
  မင်းကြောက်ဖို့မလိုဘူး
   ဒီအသံ ဒီစကားလုံး ရှင်သန်ဖို့လမ်းစရှာနေတဲ့ဒီမျက်လုံးတွေ
ကိုငါကျိန်းသေမြင်ဖူးနေတယ် သူက မဟုတ်မှလွဲရော ငယ်ငယ်ကကလေးလေးလား မဖြစ်နိုင်ပါဘူး မဟုတ်လောက်ဘူး
ဒါပေမယ့် သူ့ကိုစတွေ့ထဲကဘာလို့ရင်းနှီးသလိုခံစားနေရတာလဲ
Perth : မင်းငါ့ကိုအဲ့လိုကြည့်မနေနဲ့ မျက်လုံးမှိတ်ထား
Irin : ရှင်
Perth : ငါတို့မှာလမ်းမရှိတော့ဘူး မျက်လုံးမှိတ်ထား ငါ့လက်
           ကိုကိုင်ထား
  Perth က Irin လက်ကိုဆုပ်ကိုင်ထားလိုက်တယ်
Perth : မကြောက်နဲ့ ငါရှိတယ်
  Perth ကသူ့လက်ကိုIrin ရင်ဘတ်ပေါ်ဖိပြီးကာထားပေး
လိုက်ပြီးတာနဲ့ ဘေးကသစ်ပင်ကြီးရှိရာကိုကားကိုလှည့်ပြီးဝင်
တိုက်လိုက်တယ်
Irin : မဖြစ်ဘူး မဖြစ်ဘူး ကြောက်တယ်
Pe : သမီး သမီးလေး
   သူ့အဖေရဲ့အသံကြောငိ့ Irin မျက်လုံးတွေကိုဖွင့်ကြည့်
လိုက်တယ် သူအိမ်မက်မက်နေတာလား သူဘယ်ကိုရောက်
နေတာလဲ
Doctor : သူထိခိုက်တာသိပ်မပြင်းထန်ပါဘူး ခေါင်းလေး
            နည်းနည်းထိသွားတာပါ
Irin : ဒီနေရာက
Pe  : သမီးလေး Accident ကြောင့်ဆေးရုံရောက်နေတာ
        အဖေဘယ်လောက်စိတ်ပူနေလဲသိရဲ့လား
Irin : Perth ဟုတ်တယ် Perth သမီးနဲ့အတူတွေ့တဲ့ကောင်
       လေးရော သူဘယ်မှာလဲ
Pe  : Irin မသွားနဲ့ သူအဆင်ပြေတယ် သမီးကြည့်ဖို့မလိုဘူး
         မနက်ဖြန်သမီးလေး မင်္ဂလာဆောင်လေ သမီးလေးနေ
       ကောင်းအောင်နေမှရမှာပေါ့
  သူ့အဖေကို မသကာင်္စိတ်တွေဝင်လာမိတယ် အဲ့အတွက်
သူငြိမ်ငြိမ်လေးပဲနေခဲ့လိုက်တော့တယ် ညသန်းခေါင်ကျမှ
အခန်းထဲကဖြေးဖြေးလေး ထွက်သွားလိုက်တယ်
Irin : ဒီမှာ ကျွန်မနဲ့အတူပါလာတဲ့လူနာအခန်းက ဘယ်အ
        ခန်းလဲ
   Perth မျက်နှာတစ်ပြင်လုံး ဒဏ်ရာတွေနဲ့ သူသတိမေ့နေ
ဆဲပဲလား Yuri နဲ့ Sunny တို့သူ့အကြောင်းမကြားရသေးတာပဲဖြစ်မယ် ကြားရင်သူတို့နေနိုင်မှာမဟုတ်ဘူး ချက်ချင်းရောက်လာကြမှာ Irin ကမဝံ့မရဲအနားကိုသွားလိုက်ပြီး Perth နားရွက်အောက်လေးကိုလှန်ကြည့်လိုက်တယ်
Irin : မဖြစ်နိုင်ဘူး ဒါဆို သူက ငယ်ငယ်ကငါ့ကိုကယ်ခဲ့တဲ့သူ
          ပေါ့ မဖြစ်နိုင်ဘူး
   ငယ်ငယ်ကကလေးကိုသူမြင်လိုက်တုန်းက မဲ့နီလေးမျိုး
Perth ဆီမှာလညိးရှိနေခဲ့တယ် 
Girl : သတို့သမီးလေး မျက်နှာကမသာမယာဖြစ်နေပါလား
        အရမ်းလှနေတာကို
Irin : ကျွန်မတစ်ယောက်ထဲနေချင်လို့ ခဏလောက်အပြင်
       ထွက်ပေးနိုင်မလား
   မိတ်ကပ်ပြင်ပေးတဲ့ကောင်မလေးထွက်သွားတာနဲ့ Irin က
မတ်တပ်ရပ်ပြီး သူ့ကိုသူမှန်ထဲမှာကြည့်နေလိုက်တယ်
သူဝတ်ထားတဲ့ဂါဝန်အဖြူရောင်ကိုကိုင်ကြည့်နေရင်းမျက်ရည်
တွေကျလာခဲ့တယ်
Irin : ဘာလုပ်ရမလဲ Saint ကိုလက်လွှတ်ပေးရမလား ဒါမှ
       မဟုတ် ငါတစ်ကိုယ်ကောင်းဆန်သင့်လား မစဉ်းစား
       နိုင်တော့ဘူး ငါဘာလုပ်ရမလဲ
                                Part 16 ( the end )
        Final Episode is coming tomorrow night

Hello, My Brother(completed)Where stories live. Discover now