Saint ကအခန်းထဲကိုမှိုင်တွေတွေနဲ့ဝင်လာခဲ့တယ်
Perth : အကို နေမကောင်းဘူးလား မျက်နှာမကောင်းဘူး
ကျွန်တော်တစ်ခုခုဖြစ်တိုင်းကြိုသိနေတဲ့ ဒီကောင်လေးရှေ့
မှာ ဘာပဲဖြစ်ဖြစ် ဟန်ဆောင်ပြုံးပြနေမှ အဆင်ပြေမယ်
Saint : အကို အဆင်ပြေပါတယ် Perth
Saint က Perth ဘေးနားမှာ လာထိုင်ပြီး Perth လက်ကို
ကိုင်ထားလိုက်တယ်
Saint : အကိုသိချငိတာလေး ရှိတယ်
Perth : ဘာသိချင်လို့လဲ
Saint : အမေ့ဆီကကြားဖူးတယ် မင်းငယ်ငယ်ကပြန်ပေးဆွဲ
ခံရဖူးတယ်ဆို အဲ့အကြောင်းကိုအကိုတို့တစ်ခါမှမ
ပြောဖူးသလိုပဲနော်
Perth : ဘာလို့ထူးထူးဆန်းဆန်းအဲ့ဒါကိုမေးရတာလဲ
Saint : သိချငိလို့ပါ အကိုတို့ကြားမှာဘာမှဖုံးကွယ်ထားတာ
မရှိစေချင်ဘူး မင်းအကြောင်းအကိုအားလုံးသိပေ
မယ့် အဲ့အကြောင်းကိုတော့တစ်ခါမှမမေးခဲ့ဖူးဘူးလေ
Perth : ပြောပြလို့ရပါတယ် အဲ့တုန်းက
ကျွန်တော်ကငယ်ငယ်တုန်းကအခုလိုကြောက်လန့်နေ
တတ်တဲ့သူမျိုးမဟုတ်ခဲ့ဘူး အသက်10 နှစ်လောက်ပဲရှိဦးမယ်
အဲ့အဖြစ်အပျက်ကြီးကိုကြုံတွေ့ခဲ့တာ
နေ့တိုင်းကျူရှင်ကိုတစ်ယောက်ထဲသွားနေကြ ကျူရှင်ကလည်းသိပ်မလှမ်းတော့ အမေ့ကိုမပို့ခိုင်းတော့ဘူး
အဲ့နေ့ကလည်း ညနေငါးနာရီလောက်ကျူရှင်ကနေပြန်လာတဲ့နေ့မှာ အမှတ်မထင် ကလေးမလေးနဲ့တစ်ယာက်နဲ့ဆုံတယ် သူအလောတကြီးနဲ့ပြေးပြီး ကျွန်တော့်ကိုဝင်တိုက်မိတယ်
Perth : ဘာလို့အဲ့လိုလျှောက်ပြေးနေတာလဲ ချော်လဲတာ
နာလိုက်တာ
အဲ့အချိန်မှာလည်းမျက်နှာအုပ်ထားတဲ့ လူကြီးနှစ်ယောက်က
ကလေးမလေးကိုကောက်ချီပြီးချုပ်ထားလိုက်တယ်
Irin : လွှတ် ကြောက်တယ် လွှတ်ပါ
ဒါသာမန် ကိစ္စမှမဟုတ်တာ ကျွန်တော်လည်းငယ်ငယ်ထဲကကူညီချငိတဲ့စိတ်ကရှိနေတော့ အဲ့လူနှစ်ယောက်ကိုဆွဲပြီး
ကလေးကိုကယ်ဖို့လုပ်ခဲ့တယ်
Perth : ဒါဘာလုပ်တာလဲ ကလေးကိုလွှတ် လွှတ်
သူတို့တစ်ယောက်ကိုတစ်ယောက်ကိုကြည့်ပြီး ကျွန်တော့်
ကိုပါချုပ်ထားလိုက်တယ် လက်ကိုင်ပဝါတစ်ထည်နဲ့ကျွန်တော့်နှာခေါင်းကိုအုပ်လိုက်ထဲက နောက်ဖြစ်တဲ့အရာတွေကို
မသိတော့ဘူး နိုးလာတော့မျက်လုံးဖွင့်လိုက်တာနဲ့ ကျွန်တော်
နဲ့ဘေးမှာရှိနေတဲ့ ကလေးကိုမလှုပ်နိုင်အောင်ကြိုးနဲ့တုပ်ထား
ကြတယ် အခန်းကြီးကလည်းမှောင်မဲပြီးအိုဟောင်းနေတာ
အရမ်းကြောက်စရာကောင်းတယ် ဖုန်တွေဆိုတာလည်းနေရာ
တိုင်းပဲ အဆောက်အအုံပျက်လိုမျိုးတစ်ခုခုဖြစ်မယ်
ကလေးလေးကလည်း ဘေးမှာပဲကြောက်ပြီးထိုင်ငိုနေတယ်
Perth : ဟေ့ မငိုပါနဲ့
Irin : ကြောက်တယ် သမီးကြောကိတယ်
Perth : မကြောက်နဲ့ ငါမင်းကိုကာကွယ်ပေးမယ် ငါရှိနေတယ်
မင်းကြောက်ဖို့မလိုဘူး
Perth ကငိုနေတဲ့ကလေးလေးကို ဖက်ထားလိုက်တယ်
Saint : အဲ့တော့ ဘာဆက်ဖြစ်သေးလဲ
Perth : ခဏနေတော့ အဲ့ကလေးလေးကိုခေါ်ထုတ်သွားကြ
တယ် သူသေလားရှင်လားမသိဘူး ကျွန်တော်တစ်
ယောက်ထဲကျန်နေခဲ့တယ် တစ်ယောက်ထဲဆိုတော့
စိတ်ကပိုခြောက်ခြားစေတယ် သုံးရက်လောက်ထိအဲ့
အခန်းထဲမှာ မစားမသောက်နေခဲ့ရတယ် အဲ့ထဲက
ကြောက်စိတ်ဝင်နေခဲ့တာ အမေကရဲတွေနဲ့ရောက်လာ
လို့လွတ်ခဲ့ရတာ
Saint : ဒါဆို အဲ့တုန်းကကလေးက ဘယ်သူလဲမသိဘူးပေါ့
Perth : မသိဘူး နာမည်လေးတောင်မသိလိုက်ပါဘူး ဘာဖြစ်
လို့လဲ အကို
Saint : မဖြစ်ပါဘူး တကယ်ခက်ခဲတဲ့အတိတ်ကိုဖြတ်သန်းခဲ့
တာပဲ Perth မင်းအရမ်းတော်ပါတယ်
Saint က Perth ရဲ့ခေါင်းလေးကိုပွတ်သပ်ပေးလိုက်တော့
Perth ကသူ့အကိုရဲ့ပခုံးလေးပေါ်မှာ ခေါင်းလေးတင်ပြီးမှေး
စက်လိုက်တယ်
Perth : အဲ့လိုခက်ခဲတဲ့အတိတ်ကိုမေ့နိုင်အောင် လုပ်ပေးခဲ့တဲ့
အကိုကလည်း အရမ်းတော်ပါတယ် ချစ်တယ်
မင်းကိုချစ်တယ်လို့တောင် ပြန်ပြောဖို့အင်အားတွေမရှိ
တော့ပါဘူး Perth ရယ် အကိုအရမ်းချစ်ပါတယ် အရမ်းချစ်
လွန်းလို့အခုအကို့မှာ ခက်ခဲလွန်းတဲ့လမ်းနှစ်လမ်းကိုဘယ်လို
ရွေးချယ်ရမလဲ အကိုဘယ်ဆီသွားရမယ်မှန်းမသိအောင်ကို
လမ်းပျောက်နေခဲ့ပြီ ဒါပေမယ့် မင်းခြေထောက်တွေတော့
ကျိန်းသေပြန်ကောင်းလာရမယ် ငါ့ကိုယ်ငါရင်းနှီးရင်တောင်
မင်းခြေထောက်တွေပြန်ကောင်းလာရမယ် ဘယိသူမှမင်းကို
မနှိမ့်ချနိုင်အောင် ဘယ်သူမှမင်းကိုဒုက္ခိတလို့မပြောနိုင်အောင် ဘယ်သူမှမင်းကိုမသနားနိုင်အောင် အကိုကအားလုံးလုပ်
ပေးမယ် တစ်ခုခုမှားယွင်းသွားမယ်ဆိုရင်တောင်အဲ့ဒါမင်းအ
တွက်မှားမယ့်အမှားပဲ Perth
Mean : ငါမရှိတဲ့အချိန်တွင်းမှာ ဘာလို့ဒီလောက်ဖြစ်သွားရ
တာလဲ
Saint : မသိတော့ဘူးကွာ Perth ပြောတာမှန်တယ် သူ့စကား
ကိုနားမထောင်ခဲ့တာ ငါသိပ်မှားသွားတယ်
Mean : Perth မငိးကိုဘာပြောခဲ့လဲ
Saint : အစထဲကစပ်တူလုပ်ငန်းမလုပ်စေချင်ခဲ့ဘူး သူတား
ထဲကဘယ်လောက်ပဲခက်ခဲနေပါစေ ငါတစ်ယောက်
ထဲရုန်းကန်သင့်တာ
Mean : အဲ့လိုလည်းမဟုတ်ပါဘူး မင်းလုပ်သမျှကသူ့အတွက်
ကြီးပဲလေ သူ့ကိုကောင်းကောင်းမွန်မွန်နေနိုင်အောင်
ဒီနှစ်အတွင်း မင်းအများကြီးရုန်းကန်ခဲ့တာပဲ
Saint : ငါဘာကိုရွေးရမလဲ မသိတော့ဘူး
Mean : Perth ခွဲစိတ်မယ့်ရက်ကို ရွေ့လိုက်ရအောင်
Saint ကချက်ချင်း မျက်နှာထားကိုပြောင်းလဲလိုက်တယ်
Saint : မဖြစ်ဘူး လုံးဝမဖြစ်ဘူး
Mean : ဘာလို့မဖြစ်တာလဲ အကျိုးသင့်အကြောင်းသင့်ရှငိးပြ
ရင် Perth လည်းနားလည်လာမှာပါ
Saint : သူအခုလိုဖြစ်ခဲ့တာငါ့ကြောင့် ငါ့ကြောင့်သူ့အသက်ကို
တောင်သူစတေးခဲ့တာ ပထမခွဲစိတ်မှုမအောင်မြင်ထဲ
ကသူဘယ်လောက်စိတ်ဓာတ်ကျခဲ့လဲ အခုသူ့ကိုသူ
အားတင်းထားတဲ့အချိန်မှာ မခွဲစိတ်ဖြစိဘူးဆိုရင် သူ
ဆက်ပြီးအားတင်းထားနိုင်တော့မှာမဟုတ်ဘူး
Mean : သန်ဘက်ခါပဲခွဲစိတ်တော့မယ်မလား မင်းဘာလုပ်မှာ
လဲ
Saint : လူတွေက သူ့ကိုလှောင်ရီကြတယ် ဒုက္ခိတ မသန်မ
စွမ်းဆိုပြီးလှောင်ရီတုန်းက သူကျခဲ့တဲ့မျက်ရည်ကိုမြင်
ရတာ ငါ့ကိုသတ်လိုက်သလိုပဲ ငါမခံစားနိုင်ဘူး
Mean : သူငယ်ချင်း မင်းပင်ပန်းနေတယ်ဆိုရင် Perth နဲ့ဝေ
မျှခံစားသင့်တယ် သူလည်းမင်းကိုသိပ်ချစ်တာပဲ
Saint : မဟုတ်ဘူး ငါသူ့အတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး
သူပဲငါ့အတွက်အများကြီးစတေးခဲ့တာ ဒါကြောင့် အခု
ကငါသူ့ကိုအကြွေးဆပ်ရမယ့်အချိန်ပဲ
Perth ခွဲစိတ်ခန်းမဝင်ခင်ထိ Saint က Perth လက်ကိုမ
လွှတ်တမ်းကိုင်ထားပေးခဲ့တယ်
Perth : ကျွန်တော် ပြန်ကောင်းလာမှာပါနော်
Saint : ဘာမှစိတ်မပူနဲ့ မကြောက်နဲ့ ဆရာဝန်ကပြန်ကောင်း
နိုင်ချေအများကြီးရှိတယ်လို့ပြောပြီးသားလေ
Perth : အင်း ကျွန်တော်နိုးလာတဲ့ထိ အကိုဘေးမှာရှိနေပေး
မယ်မလား ဒီလက်ကိုမလွှတ်တမ်းကိုင်ထားပေးမယ်
မလား
Perth ကအားကိုးရာမျက်ဝန်းတစ်စုံနဲ့ ကျွန်တော့်ကိုကြည့်
နေတဲ့အချိန်မှာ ကျွန်တော်ကသူ့အတွက်တံတိုင်းတစ်ခုဖြစ်နေ
ရမယ်လေ ကျွန်တော်ဆကိပြုံးထားတယ် သူနေကောင်းတဲ့ထိ
ကျွန်တော်ဆက်ပြုံးထားတယ်
Saint : ဒါပေါ့ အကိုကဖြစ်နိုင်ရင်လေ ခွဲခန်းထဲထိလက်ကို
ကိုင်ထားချင်တာ မတတ်နိုင်လို့လေ မကြောက်နဲ့
နေကောင်းတာနဲ့အကိုနဲ့ လမ်းအတူလျှောက်ကြမယ်
ခရီးတွေသွားကြမယ်
Perth : အကိုရှိနေသရွေ့ ကျွန်တော့်မှာသတ္တိတွေအပြည့်ပါပဲ
Saint က Perth နဖူးလေးကိုညင်သာစွာနမ်းလိုက်တယ်
မငိးကျိန်းသေနေပြန်ကောင်းလာရမယ် Perth အကိုဘာပဲ
ဖြစ်ဖြစ် မင်းဘဝလေးကအခုကစပြီးလှပနေရမယ်
Part 12 ( the end )