( 13 )

884 141 7
                                    

      " ခွမ်း " လက်ထဲမှသောက်လက်စဖန်ခွက်တောင်လွတ်ကျရလောက်အောင် Saint ပြောလိုက်တဲ့စကားတစ်ခွန်းကရင်ထဲကိုထိစေတယ်
Yuri : နင်အခု ဘာပြောလိုက်တာလဲ
   အခုမှခွဲခန်းကထွက်လာတဲ့ Perth ကမေ့နေတုန်းမို့လို့ သူ
ရှိနေတဲ့နေရာမှာမပြောချင်လို့ Saint လက်ကိုဆွဲခေါ်သွားပြီး
ခေါင်မိုးထပ်ကိုတက်လာခဲ့တယ်
Yuri : ဒီမှာပြောမယ် နင်ခုနက ဘာပြောလိုက်တာလဲ
Saint : ငါတစ်ခြားမိန်းကလေးနဲ့ လက်ထပ်တော့မယ်လို့
Yuri : ဘာ နင် နင်ရူးနေလား
Saint : ငါ့မှာရွေးချယ်စရာမရှိဘူး ငါမဆင်းရဲချင်ဘူး ငါ့အ
            တွက်လိုအပ်တဲ့သူကိုငါလက်ထပ်ရမှာပဲ
Yuri : Irin လား  
    Irin လားလို့မေးလိုက်တဲ့အချိန် Saint မျက်ဝန်းတွေက
ဟုတ်တယ် Irin ပဲလို့ဖြေလိုက်သလိုကို ခံစားမိတယ် သူပြန်မ
ဖြေရင်တောင်သူလက်ထပ်မယ့်သူက Irin ဆိုတာသိနေတယ်
Yuri : ရက်စက်တယ်ဟာ နင့်ကောင်းကျိုးကိုပဲကြည့်ပြီး တစ်
          ခြားသူနဲ့လက်ထပ်မယ်ဆိုတာ နင်သိပ်ရက်စက်လွန်း
        တယ်
Saint : Perth အတွက်လည်းကောင်းဖို့ ငါဆုံးဖြတ်တာ
Yuri : ဒါသူ့အတွက်ကောင်းမယ်ထင်လား ဒီသတင်းကိုသူ
        ကြားရင်ဘယ်လိုတောင်ခံစားနေရမယ်ထင်လဲ
Saint : ဒါကြောင့် နင့်ကိုအကူအညီတောငိးတာပါ Yuri
            Perth ကိုမပြောပါနဲ့ သူတကယ်နေကောင်းလာတဲ့နေ့
          ကျမှသိချင်လည်း သိသွားပါစေ အဲ့ကျရင်ငါ့ကိုသတ်
         လည်းသတ်ပါစေ အခုတော့မပြောပါနဲ့
  " ဖြန်း " Yuri ကသေချာစိုက်ကြည့်နေပြီးတော့မှမျက်ရည်
တွေနဲ့ Saint ပါးကိုရိုက်လိုက်တယ်
Saint : Yuri
Yuri  : နင်သိလား ငါအခုထိနင်တို့နဲ့ရှိနေတာ Perth ကြောင့်
            ငါသူ့ကိုဘယ်လောက်ချစ်ခဲ့လဲသိလား နင်တို့ကြားမှာ
             နှောင့်ယှက်လို့ရပေမယ့် သူတစ်ယောက်ထဲပျော်ရွှင်
         ဖို့ငါဘယ်လိုမျက်ရည်တွေနဲ့ရင်းခဲ့ရလဲသိလား နင့်ကို
          ဘာလို့ငါကကူညီရမှာလဲ
Saint : ရိုက်ပါ နင်ငါ့ကိုရိုက်ရုံတင်မကဘူး သတ်ပစ်လည်းရ
         တယ် ကျေးဇူးပြုပြီး ဒီတစ်ခုလေးပဲကူညီပေးပါ
  Saint က Yuri လက်ကိုကိုင်ဆွဲပြီးဒူးထောက်ချလိုက်တယ်
နှစ်ယောက်လုံးရဲ့ပါးပေါ်မှာလည်း မျက်ရည်တွေကြီးပဲ
Saint : ငါရှိခိုးဆိုရှိခိုးပါ့မယ် Perth အနားမှာငါမရှိရင်တောင်
            နင်ကသူ့အပေါ်နှစ်သိမ့်မှုပေးနိုင်တဲ့ သူပါ ငါ့ထက်ပိုပြီး
          တောင် နင်ကနှစ်သိမ့်ပေးနိုင်တယ်
Yuri : Perth ငါ့ကိုအကူအညီတောင်းခဲ့တုန်းကလေ နင့်အ
        တွက်သူ့ကိုသူစတေးဖို့အကူအညီတောင်းခဲ့တုန်းက
        သူ့မျက်နှာလေးကို အခုထိမြင်ယောင်နေဆဲပဲ ဘယ်
        လောက်တောင်သူနင့်ကိုချစ်ပြီး ကာကွယ်ချင်လဲဆိုတာ
        ငါအဲ့နေ့က သေချာမြင်လိုက်ရတယ် အခုတော့ နင်က
        ကာကွယ်ပေးရမယ့် အချိန်ရောက်လာမှ သူ့ကိုထားခဲ့
        တော့မှာပေါ့
   Yuri ငါအခုလုပ်နေတာအားလုံးက Perth ကိုကာကွယ်ဖို့
ဆိုတာနင်မသိပါဘူး နင်ငါ့ကိုအပြစ်မြင်ရင်တောင် အမှန်တရားကိုငါမပြောနိုင်ဘူး
Yuri : ရပါတယ် နင်မရှိလည်း Perth ကိုပျော်အောင်ငါထား
        နိုင်တယ် Saint အခုကစပြီး နင်နဲ့ငါတို့ကမသက်ဆိုင်
          တော့တဲ့ သူတွေဖြစ်သွားပြီ
    Yuri က Saint ကိုင်ဆွဲထားတဲ့ လက်ကိုဖြုတ်ချပြီးလှည့်
ထွက်သွားလိုက်တယ် Yuri ထွက်သွားတော့မှ ရင်ထဲမှာခံစားရသမျှကို ဒူးထောက်ခေါင်းငုံ့ပြီးပဲငိုကြွေးနေခဲ့တယ်
သူ့ရင်ဘတ်ကိုလက်သီးနဲ့ ထုထုပြီးကိုငိုကြွေးနေခဲ့တယ်
Sunny : ဘာ Mean နင်ပြောတာ တကယ်တွေလား
Mean  : အင်း သူအဲ့ကောင်မလေးကိုလက်ထပ်ရလိမ့်မယ်
            Company ကို Perth လက်ထဲပြန်ထည့်ပေးပြီး
                Perth တစ်ဘဝလုံးကိုသူနောက်ကွယ်ကနေဖြည့်
             ဆည်းပေးနေတော့မှာ
  Sunny လည်းနားထောင်နေရာကနေ ဆက်နားထောင်ဖို့
အင်အားမရှ်တော့ဘူး သူမဖုန်းကိုလွှတ်ချလိုက်တာနဲ့မျက်
ရည်တွေကကျဆင်းလာခဲ့တယ်
Sunny : Perth Perth ကိုဘယ်လိုလုပ်ရမလဲ
Mom : သမီး ဒါဘာလုပ်နေတာလဲ
   Sunny က Luggage ထဲအဝတ်အစားတွေကိုထည့်နေ
တယ်
Sunny : အမေ သမီးထိုင်းကိုခဏပြန်ဦးမယ်
Mom  : ဘာဖြစ်လို့လဲ ရုတ်တရက်
Sunny : နောက်မှရှင်းပြတော့မယ် သမီးဟိုရောက်မှဖုန်း
           ဆက်လိုက်တော့မယ် စိတ်မပူပါနဲ့ အမေ
  Saint နဲ့ Irinကညစာကိုအတူစားနေကြရင်း Irin ကတော့
Saint ကိုပဲပြုံးပြီးငေးကြည့်နေခဲ့တယ်
Irin : ဒီလိုနေ့ရောက်လာမယ် မထင်ခဲ့ဘူး ရှင်ကျွန်မကိုအ
          ရမ်းစိတ်ဆိုးနေမယ်ပဲထင်ခဲ့တာ  
  သူစကားတွေပြောနေပေမယ့်လည်း Saint ရဲ့စိတ်ကဘယ်
နေရာကိုရောက်နေတာလဲမသိ ကျောက်ရုပ်တစ်ရုပ်လိုပဲ
မျက်နှာကလည်း အသက်မပါ အပြုံးတွေမတွေ့ရဘူး
Irin : Saint Saint
Saint : အင်း
Irin : ကျွန်မပြောတာကိုနားထောင်နေရဲ့လား မနက်ဖြန်စေ့
        စပ်ပွဲအတွက် ဝတ်စုံအတူသွားရွေးမယ်မလား
Saint : Irin ငါသန့်စင်ခန်းခဏသွားဦးမယ်
Irin : Saint Saint
   သူခေါ်လည်းတစ်ချက်လှည့်မကြည့်ဘဲ Saint ကထွက်
သွားလိုက်တယ်
ဘေစင်မှာရေနဲ့မျက်နှာကိုကောက်ပတ်ပြီးသစ်လိုက်တယ်
သူအခုစိုးရိမ်နေတာဘာလဲ Perth ဆီကအခုထိသတိရတယ်
ဆိုတဲ့သတင်းကိုမကြားရသေးဘူး
    " တီ တီ " ဖုန်းက Message အသံကြောင့်ချက်ချင်းထုတ်
ကြည့်လိုက်တယ် Mean ဆီက Message ပဲ
  " Perth သတိရလာပြီ သူ့ခွဲစိတ်မှုကအောင်မြင်သွားပြီ
မင်းပျော်တယ်မလား Saint "
ဘယ်လိုမေးလိုက်တာလဲ ပျော်တာပေါ့ ပျော်လွန်းလို့ရီနေရင်း
နဲ့တောင်ဝမ်းသာမျက်ရည်တွေကျမိတယ်
ဒါပေမယ့် သူကိုယ်တိုင် Perth ဆီမသွားနိုင်တဲ့အတွက်
ရင်ထဲမှာသေလောက်အောင် ခံစားနေရတယ်
Perth : အကိုက ဘာလို့ရုတ်တရက်ခရီးထွက်သွားရတာလဲ
           ငါနိုးတဲ့ထိ အနားမှာနေပေးမယ်ပြောပြီး ဘာလို့သွား
              တာလဲ
  Yuriကပြုံးပြီးတော့ Perth လက်ကိုကိုင်ထားပေးလိုက်တယ်
Yuri : သူအရမ်းအရေးကြီးလို့သွားတာပါ ငါလည်းသွားခိုင်း
           လိုက်တယ်လေ တကယ်သာအရေးမကြီးရင်ငါသူ့ကို
            ဆွဲထားမှာပေါ့
Perth : ဟုတ်ပါတယ် ဒါပေမယ့် ငါနိုးလာတော့သူ့ကိုမြင်ချင်
           တာပေါ့ အခုကတော့
Yuri : Saint ကမှာခဲ့တယ်
Perth : ဘာမှာခဲ့တာလဲ
Yuri : သူပြန်လာရင် နင်ကိုယ်တိုင်လမ်းလျှောက်ပြီးသူ့ဆီ
         လာတာမြင်ချင်တယ်တဲ့ သူကတော့နင့်ဆီမလာတော့
         ဘူးတဲ့ ဒါကြောင့် သူ့ဆီသွားဖို့နင့်ခြေထောက်တွေကို
            လမ်းလျှောက်ကျင့်ရမယ်နော်
   Perth ကပြုံးပြီးတော့ ခေါင်းညိမ့်ပြလိုက်တယ်
Perth : ဟုတ်တယ် အကိုပြန်လာရင် ငါသူ့ဆီရအောင်သွား
          မယ် ငါကြိုးစားမယ် သူပြန်မလာခင်လမ်းကောင်း
             ကောင်းလျှောက်နိုင်အောင်
Yuri : Perth ကအရမ်းတော်တာပဲ
    နင့်ရှေ့မှာပြုံးပြနေပေမယ့် ငါ့ရင်ထဲမှာဘယ်လောက်ထိငို
ချင်နေလဲနင်မသိပါဘူး ဘယ်လိုအင်အားတွေနဲ့ နင့်ကိုဖြစ်
သွားတဲ့အကြောင်းအရာကိုပြောနိုင်မှာလဲ နင်ထပ်ပြီးပြိုလဲသွားမှာကိုငါအရမ်းကြောက်တယ် Perth
                              Part 13 ( the end )

Hello, My Brother(completed)Where stories live. Discover now