Saint : Perth အိမ်ကထွက်သွားထဲကအဆင်ပြေရဲ့လား
Perth ဆီကစကားပြန်ကတော်တော်ကြာတဲ့ထိမရခဲ့ဘူး
Saint ကသူ့အိတ်ထဲကနေစာရွက်လေးတစ်ခုကိုထုတ်ပြီးကိုင်
ထားလိုက်တယ် မီးပွိုင့်မီးနီတာနဲ့ Perth ကိုအဲ့စာရွက်လေးပေးလိုက်တယ်
Perth : ဒါကဘာလဲ
Perth ကဖွင့်ကြည့်လိုက်တော့ အောင်လက်မှတ်ဖြစ်နေတယ်
မနေ့ညကသူ့လွယ်အိတ်ကိုပြန်လိုချင်နေတာဒီအောင်လက်
မှတ်လေးကြောင့်လား
Saint : မင်းငါ့ကိုစာမေးပွဲအောင်စေချင်တာမလား ငါမင်းဖြစ်
စေချင်သလိုဖြစ်ခဲ့ပြီ ဝမ်းမသာဘူးလား Perth
အရင်ကဆိုရင် ပျော်လို့သူရီနေမှာမြင်ယောင်မိတယ် ဒါပေ
မယ့်အခုတော့သူ့ကြည့်ရတာ ဘာမှမခံစားရသလိုပဲ Perth ကိုပျော်စေချင်လို့ဒါလေးကိုရအောင်ကြိုးစားခဲ့ရတာ အခုတော့စာရွက်သာသာပဲလား Saint လက်ထဲကိုပြန်ထည့်ပေး
လိုက်တယ်
Perth : ဂုဏ်ပြုပါတယ်
အဲ့စကားတစ်ခွန်းပဲလား မင်းပြောနိုင်တာအဲ့တစ်ခွန်းထဲလား
Saint : ဘယ်အရာတွေကမင်းကိုပြောင်းလဲစေတာလဲ
သည်းမခံနိုင်တော့ဘူး သူဘာလို့ကျွန်တော့်ကိုဥပေက္ခာပြု
ထားရတာလဲ နောက်ဆုံးတော့သိချင်တာကိုမေးမှကျေနပ်နိုင်
တော့မယ်
Saint : ကားရပ်လိုက် Perth ကားရပ်လို့ပြောနေတယ်လေ
Perth ကဆက်မောင်းနေတော့ကားဟန်းဘရိတ်ကို Saint
ကဆွဲလိုက်တော့မှကားရပ်သွားတယ်
Perth : ဘာလုပ်တာလဲ
Saint : ကားကိုဘေးကပ်လိုက် စကားပြောရမှဖြစ်တော့မယ်
Saint က Perth ကိုပန်းခြံအတွင်းထဲကထိုင်ခုံကိုခေါ်သွား
လိုက်တယ်
Perth : ဘာပြောချင်တာလဲ
Saint က Perth မျက်နှာကိုကြည့်ပြီးမပြောရဲဘူး သူငိုမိမှာစိုး
တယ် Perth ရှေ့မှာသူကပျော့ညံ့တဲ့သူဆိုတာပြဖို့ခက်ခဲနေ
တယ်
Saint : မင်းဘာတွေဖြစ်နေတာလဲ မင်းနဲ့ငါမတွေ့တာတစ်နှစ်
ပဲရှိသေးတယ် ဒီကြားမှာမင်းဘာတွေဖြစ်နေတာလဲ
Perth : ကျွန်တော်ဘာလုပ်နေလို့လဲ
Saint : မင်းအများကြီးပြောင်းလဲလာတယ် ငါသိတဲ့ Perth ဆို
တာအခုလိုရှုပ်ပွေပြီး ခက်ထန်တဲ့သူမဟုတ်ဘူး အရင်
က Perth ကကြင်နာတတ်တယ် သနားတတ်တယ်
စကားပြောရင်တောင်ခပ်အေးအေးလေးပြောတတ်
တာ စာကလွဲရင်ဘာမှမသိတဲ့ကလေး
Saint ထိန်းချုပ်ထားဖို့ခက်တယ် သူ့မျက်ရည်တွေကထိန်း
ထားလည်းကျလာတာပဲ Perth ကဘာမှပြန်မပြောဘဲသူပြော
တာကိုပဲမျက်လုံးစုံမှိတ်ပြီးနားထောင်နေတယ်
Saint : မင်းဘာလို့ငြိမ်နေရတာလဲ တစ်ခုခုပြန်ပြောလေ
Perth : ဘာပြန်ပြောရမှာလဲ
Perth က Saint မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်လိုက်တယ်
Perth : ယောကျာ်းလေးတစ်ယောက်ကအရွယ်ရောက်လာ
ရင်ပြောင်းလဲတတ်ကြတာပဲမလား မိန်းမရှုပ်မယ်
သောက်စားတတ်မယ် ရင့်ကျက်လာမယ် ဒါသဘာဝ
ပဲလေ တားလို့ရလို့လား
Saint : Perth
Saint က Perth လက်ကိုဆုပ်ကိုင်လိုက်တယ်
Saint : မင်းတစ်ခုခုဖြစ်လို့မလား ဒီကြားထဲမှာတစ်ခုခုဖြစ်ခဲ့
တယ်မလား
Saint ရဲ့လက်လေးတွေကဖွေးပြီးနူးညံ့နေတာပဲ အဲ့လက်တစ်စုံကိုပဲ Perth ငေးကြည့်နေမိတယ် ဒါပေမယ့် သူနဲ့မထိုက်တန်ပါဘူးဆိုတဲ့အသိစိတ်ကြောင့်လက်ကိုအတင်းရုန်းလိုက်
တယ်
Perth : ဘာမှမဖြစ်ဘူး အကိုတစ်ခုပဲမှတ်ထားရမှာကကျွန်
တော်အရင်က Perth မဟုတ်တော့ဘူး
Perth က Saint ကိုကျောခိုင်းပြီးထွက်သွားလိုက်တယ်
သုံးနာရီလောက်ကြာအောင်အဲ့နေရာမှာလူသေတစ်ယောက်
လိုထိုင်နေတုန်းပဲ အရင်အချိန်တွေကိုစဉ်းစားနေတုန်းပဲ နား
မလည်နိုင်ဘူး Perth ဘာလို့များဒီလိုပြောင်းလဲလာရတာလဲ
တစ်ခုတွေးမိတာက Sunny ..... ဟုတ်တယ် သူက Perth နဲ့
ဒီမှာအတူနေခဲ့တာပဲ သူသိမှာပဲ
Perth ကဘားတစ်ခုမှာထိုင်ပြီးအရက်သောက်နေတယ်
အားလုံးကိုမေ့ပြီးမူးသွားတဲ့ထိသောက်လိုက်ချင်တယ် ပြီးတော့ကလေးတစ်ယောက်လိုကိုအော်ငိုလိုက်ချင်တယ်
ရင်ထဲမှာမြိုသိပ်ထားရတာတွေကိုဘယ်သူမှမသိနိုင်ဘူး
ရင်ဖွင့်ချဖို့ဘယ်သူမှမရှိဘူး ဘယ်သူ့ကိုမှမပြောနိုင်ဘူး
Sunny : Saint ဘယ်လိုရောက်လာတာလဲ လာလေ
Sunny က Saint ရှေ့မှာအအေးတစ်ခွက်ချပေးလိုက်တယ်
Sunny : ငါတို့စကားတောင်အေးဆေးမပြောရသေးဘူး
Saint : ငါသိချင်တာရှိလို့ မေးလို့ရနိုင်မလား
Sunny က Saint ကိုကြည့်ပြီးပြုံးလိုက်တယ်
Sunny : ငါသိပါတယ် နင်ငါ့ဆီရောက်လာပြီး Perth အ
ကြောင်းမေးမယ်ဆိုတာ
Sunny ကြိုသိနေတော့လည်း သူပွင့်ပွင့်လင်းလင်းမေးလို့ရ
တာပေါ့
Saint : ဟုတ်တယ် သူဘာတွေဖြစ်နေတာလဲ
Sunny : ငါလည်းအခုထိအဲ့ဒါကိုသိချင်နေတာ
Saint : နင်သူနဲ့တောက်လျှောက်နေလာတာ နင်မသိတာ
ဖြစ်နိုင်လို့လား
Sunny : လွန်ခဲ့တဲ့ခြောက်လထဲက Perth ရုတ်တရက်ပြောင်း
လဲသွားတာ ငါ့အပေါ်စကားပြောပုံလည်းအရင်လိုမ
ဟုတ်တော့ဘူး သူလေးရက်လောက်ကျောင်းမလာ
ဘူး အခန်းမှာလည်းမရှိဘူး အဲ့လေးရက်လုံးသူဘယိ
သွားနေလည်းငါမသိဘူး ဒါပေမယ့် ပြန်လာတော့
သူစပြောင်းလဲနေပြီ
လွန်ခဲ့တဲ့ခြောက်လတဲ့လား လွန်ခဲ့တဲ့ခြောက်လကဆိုရင်
Saint ကစဉ်းစားရင်းနဲ့သူ့ခြေထောက်ကိုကိုင်လိုက်တယ်
Sunny : ဘာဖြစ်လို့လဲ နင့်ခြေထောက်ဘာဖြစ်လို့လဲ
Saint : ဘာမှမဖြစ်ပါဘူး
Sunny : Saint နင်ဘာဖြစ်နေတာလဲ နင့်ကြည့်ရတာအရင်
နဲ့လည်းမတူဘူး
Saint : ငါအရင်လိုလူဆိုးမဟုတ်တော့လို့နင်ကြည့်ရတာတစ်
မျိုးဖြစ်နေမှာပေါ့
Saint ကဖြည်းဖြည်းချင်းထလိုက်တယ်
Sunny : ပြန်တော့မှာလား အေးဆေးနေပါဦး
Saint : ငါသွားစရာရှိသေးလို့ နောက်မှတွေ့ကြမယ်လေ
Sunny : အင်းပါ နင်ဟိုတယ်မှာနေရတာအဆင်မပြေရင်ငါ့
အခန်းမှာလာနေလည်းရတယ်နော်
Saint : အင်း ငါအဆင်ပြေပါတယ် စိတ်မပူပါနဲ့
ဓာတ်လှေကားကလည်းအရေးထဲမီးပျက်နေတယ် သူ Perth ဆီသွားမှဖြစ်မယ် Perth ကိုမေးစရာတွေအများကြီးရှိ
နေတယ် မတတ်နိုင်ဘူး လေးလွှာထဲပဲ လှေကားကနေဆင်းရ
တော့မှာပေါ့ Sunny က Saint အနောက်ကနေဖြည်းဖြည်းချင်းလိုက်ကြည့်နေခဲ့တယ်
Saint : Arr
နှစ်လွှာလောက်ပဲဆင်းရသေးတယ် သူ့ခြေထောက်ကထပ်
မလျှောက်နိုင်တော့ဘူး လှေကားထစ်မှာထိုင်ပြီးခဏနားလိုက်တယ်
Sunny : သူ့ခြေထောက်ကဘာဖြစ်နေတာလဲ Saint ဘာတွေ
ဖြစ်ခဲ့တာလဲ
ဟိုနေ့က Perth တံခါးဖွင့်တုန်းက Password ကိုသူမှတ်
ထားပြီးအဲ့အတိုင်းပဲပြန်ဖွင့်လိုက်တယ် အထဲကနေ Perth ပြန်လာတာကိုထိုင်စောင့်နေဖို့ပဲရှိတော့တယ် သူ့လွယ်အိတ်
ထဲကဆေးကိုထုတ်ပြီးသောက်လိုက်တယ် Perth အခုထိပြန်
မလာသေးပါလား
Perth ကနည်းနည်းမူးနေတော့သူအမူးပြေမှအိမ်ကိုပြန်
ရောက်လာတယ် နောက်တောင်ကျနေပြီလေ အခန်းတံခါးကို
ဖွင့်လိုက်တာနဲ့မထင်ထားတာက Saint ကသူ့အခန်းထဲက
ဆိုဖာပေါ်မှာအိပ်ပျော်နေတာပဲ
Saint ဆီကိုသူ့ခြေလှမ်းတွေကလျှောက်လာခဲ့တယ် Saint
မျက်နှာကိုအနီးကပ်မြင်နိုင်တဲ့နားမှာသူထိုင်ချလိုက်တယ်
Saint မျက်နှာလေးကိုကိုင်ချင်ပေမယ့် သူ့လက်ကိုပြန်ပြီးရုတ်
သိမ်းထားလိုက်တယ် Saint ကိုကြည့်နေရင်းနဲ့ကိုအသံမ
ထွက်အောင်ကြိတ်ငိုနေခဲ့တယ်
Perth : လွမ်းနေတာပါ အကို့ကိုအရမ်းသတိရနေခဲ့တာပါ
ဒါပေမယ့် ကျွန်တော်ကအကို့အတွက်မထိုက်တန်
ဘူး တောင်းပန်ပါတယ် တောင်းပန်ပါတယ် အကို
Part 18 ( the end )
