S4 ( 1: Wedding day )

89 2 0
                                    

" ဒါကတကယ် လှလို့လား ..... "
ဂါဝန်အဖြူကိုဝတ်ပြီးရှေ့လှည့်လိုက် နောက်လှည့်လိုက်လုပ်နေတဲ့ နှစ်ယောက်ကိုကြည့်ရတာ တော်တော်
သည်းမခံနိုင်တော့ဘူး

" ဒီတစ်ထည်စမ်းဝတ်ကြည့်ကြမလား .... Yuri "
    " ဟုတ်တယိနော် ဒါပိုလှမယ် .... sunny "

    " နေကြပါဦး .... နှစ်ယောက်လံုး "
ကြားထဲကအတင်းလက်ကာပြီး ဝင်တားလိုက်တော့လဲ
နှစ်ယောက်သား သူတို့မဟုတ်တဲ့အတိုင်းပဲ ....
ခပ်တည်တည်ပါလား

      " ဒါကနင်တို့မဂ်လာဆောငိလား .... ငါတို့မဂ်လာ
ဆောင်လား "
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြံုးစိစိကလုပ်နေကြသေးတယ်

     " သူငယ်ချင်း .... ငါတို့ကအသိသက်သေလဲလုပ်ရ
မယ် .... အရံလဲလုပ်ရမယ် .... ငါတို့လှနေဖို့လိုသေး
တယ်လေ "
    " ထောက်ခံတယ် Sunny "
    " Perth နဲ့ငါ့အတွက်နင်တို့ကို ဝိုင်းရွေးပေးဖို့ခေါ်
လာတာနော် "
    " သူတောင်မလာသေးပဲနဲ့ ..... ဒါနဲ့ သူအခုတလော
ဘာလုပ်နေတာလဲ .... ပျောက်နေလိုက်တာ "
     " ငါတို့သတင်းကအရမ်းနာမည်ကြီးသွားတာလေ
သူ media တွေနဲ့အလုပ်များနေတာ .... စီးပွါးရေးအရ
လေ .... ရှယ်ယာစျေးတွေကျသွားမှာစိုးလို့ ....  "
     " Saint .... အဲ့ဒါအကြီးတစ်ယောက်အနေနဲ့ နင်လုပ်
ရမှာမဟုတ်ဘူးလား "
      " ငါကနာမည်မကြီးချင်ဘူးလေ ခေါင်းလဲရှုပ်တယ်
Perth ကလဲသူမပင်ပန်းဘူး ... လုပ်နိုင်တယ်ဆိုလို့ပါ "

ရုတ်တရက်တံခါးဖွင့်ပြီး အမောတကြီးသူပြေးဝင်
လာတော့တာပဲ .....

     " Perth .... နောက်ကျလိုက်တာဟာ "
     " တောင်းပန်ပါတယ်ဟာ .... သတင်းထောက်တွေ
ကိုမနည်းရှောင်လာရတာ "
     " ရေသောက်မလား .... ခဏနော် .... ယူခိုင်းလိုက်
မယ် "

လက်ထပ်ခါနီးအသစ်စက်စက် စံုတွဲတွေကြည့်ရတာ
ပျာယာကိုခက်နေတာပဲ ......
မောနေလဲ Perth ရဲ့မျက်နှာကအပြံုးတွေကို မြင်လိုက်ရတယ် .....

     " ကျေးဇူးပါ .... P
ဒါနဲ့ဘယ်လိုလဲ စိတ်ကြိုက်ဝတ်စံုတွေ့လား "
     " သေချာတောင်မစမ်းရသေးဘူး .... စောင့်နေတာ
အတူကြည့်ရအောင်လို့ "

ဘဝမှာပျောိဖို့အကောင်းဆံုးဖြစ်ခဲ့တယ်ထင်တယ်
လောကမှာအချစ်ရဆံုးလူ ၃ ယောက်နဲ့ တန်ဖိုးရှိတဲ့
ပွဲတစ်ခုအတွက် ရင်ခုန်နေရတယ်
တစ်ပတ်ဆိုတဲ့အချိန်ကို အရမ်းကျော်ချလိုက်ချင်ပြီ
အခုရွေးထားတဲ့ အဖြူရောင်Suit အပြည့်နဲ့ကောင်လေးကို မြင်ချင်နေပြီ  .....
အကုန်လံုးနီးပါး ပြင်ဆင်ပြီး Hotel dinner ကိုပျော်
ပျော်ကြီးစားသောက်ခဲ့တယ် ....

Hello, My Brother(completed)Where stories live. Discover now