Irin ကသူ့အခန်းထဲမှာ ဂိမ်းကစားနေရင်းသူ့အခန်းထဲ
အတွင်းရေးမှူးကောင်မလေးကဝင်လာခဲ့တယ်
" မမလေး သူဌေးကထမင်းလာစားဖို့ခေါ်ခိုင်းလိုက်ပါတယ် "
သူ့အဖေခေါ်တယ်ဆိုလို့ သူအောက်ထပ်ကိုဆင်းသွားလိုက်
တယ် ထမင်းစားခန်းမှာထိုင်နေတာက Mr.Pe
Irin : အဖေ သမီးရောက်ပါပြီ
Mr.Pe : ဂိမ်းဆော့နေတာလား ထမင်းကိုပုံမှန်စားမှပေါ့
Irin : ဟုတ်ကဲ့ ဒါနဲ့ သမီးပြောတဲ့တစ်ယောက်ကိုတွေ့ပေးဖို့
အဆင်ပြေပြီလား
Mr.Pe ကသေချာပြန်စဉ်းစားယူရတယ် Irin ဘယ်သူ့ကို
ပြောတာလဲ ခဏကြာတော့မှပြန်သတိရတယ်
Mr.Pe : aww Saint ဆိုတဲ့တစ်ယောက်လား
Irin : ဟုတ်တယ်လေ အဖေကမေ့နေပြန်ပြီ
Mr.Pe : အလုပ်တွေများနေလို့ပါ သမီးခေါ်လာခဲ့လေ အဖေ
တွေ့ပေးမယ်
တကယ်တော့ သူ့ကိုလွန်ခဲ့တဲ့နှစ်ရက်အဖေ့ Company မှာ
ထဲကစတွေ့ခဲ့တာပါ သူတော့သိမယ်မထင်ဘူး
Irin : အဖေ့အတွက် ယူလာတယ်မလား
အဖေ့အတွက် နိုင်ငံခြားကသယ်လာတဲ့လက်ဆောင်ကို
ပေးဖို့ Company ကိုလိုက်လာခဲ့တယ် ပုံမှန်ဆို Company
ကိုလာလေ့မရှိဘူး လုပ်ငန်းကိစ္စတွေကိုသိပ်စိတ်မဝင်စားလို့
ဒါပေမယ့် အဲ့နေ့ကရောက်လာချိန်မှာ အသားဖြူဖြူနဲ့ရုပ်ချော
ချောကောင်လေးကိုတွေ့လိုက်ရတယ်
Saint : ကူညီပေးပါ ခဏလောက်ပဲတွေ့ချင်တာပါ Mr.Pe
ကိုပြောပေးပါ
အဖေ့အတွင်းရေးမှူးဆီကအဖေ့ကိုတွေ့ခွင့်တောင်းနေတာပဲ
သူ့ကြည့်ရတာအသည်းအသန်ကြိုးစားနေပုံပေါက်တယ်
Saint : ဒါကျွန်တော့်ဖုန်းပါ ဆကိသွယ်ပေးပါ
သူထွက်သွားတယ်ထိကြည့်နေခဲ့တယ် သူကတော့သတိထားမိပုံမရဘူး
Irin : အတွင်းရေးမှူး
B : မမလေး မင်္ဂလာပါ
Irin : ခုနကကောင်လေးက ဘယ်သူလဲ
B : Saint Suppapong တဲ့ သူ့လုပ်ငန်းကိစ္စအတွက်သူဌေး
ကြီးကိုတွေ့ချင်နေတာ
Irin : Aww ဟုတ်လား
သူ့ကိုဂိမ်းဆိုင်မှာတွေ့ခဲ့တာဒုတိယအကြိမ်မြောက်ပါ သူက
တော့ Irin ကိုသိမှာမဟုတ်ဘူး စတွေ့ထဲကသူ့ကိုစိတ်ဝင်စား
မိလို့သူ့အခက်အခဲကိုကူညီပေးချင်မိတယ် ဒါကြောင့် အဖေနဲ့
တွေ့ပေးဖို့စီစဉ်ပေးချင်တယ်
Perth : ဒါရုံးကအချက်အလက်တွေလား
Perth ကသူ့လက်ထဲကစာရွက်တွေကို ဖတ်လိုက်တယ်
Yuri : ဟုတ်တယ် ငါအဲ့ဒါကိုကော်ပီလုပ်လာရတာ ဒါနဲ့ နင်
Saint ကိုပွင့်ပွင့်လင်းလင်းပြောလိုက်တာမကောင်းဘူး
လား
Perth : Yuri အကိုကငါ့ကိုချစ်လွန်းလို့ငါအခုလိုတွေနောက်
ကွယ်ကလုပ်နေရတာ သူက ငါ့ကိုစိုးရိမ်လွန်နေတာ
ငါတစ်ခုခုထပ်ဖြစ်မှာကိုစိုးလို့ ငါ့ကိုအိမ်ထဲကတောင်
ပေးမထွက်ဘူးလေ
Yuri : ဟုတ်ပါတယ် သူသိရင်စိတ်ဆိုးနေဦးမယ်
အိမ်အကူအဒေါ်ကြီးက အခန်းတံခါးကိုလာဖွင့်လိုက်တယ်
W : သားရေ Saint ပြန်လာပြီ
Perth ကချက်ချင်းစာရွက်စာတမ်းတွေကိုခေါင်းအုံးအောက်ထဲမှာဖွက်သိမ်းလိုက်တယ် မသိမသာပုံမှန်တိုင်းပြန်နေ
လိုက်တယ်
Yuri : Saint ပြန်လာပြီလား
Saint : အင်း ဒါနဲ့ နှစ်ယောက်ကဘာလုပ်နေတာလဲ
Perth : Yuri ကမနက်ဖြန်ကျွန်တော့်မွေးနေ့အတွက်လာမေး
နေတာ ကျွန်တော်လုပ်ချင်တာများရှိမလားလို့လေ
Yuri : ဟုတ်တယ် မနက်ဖြန် Perth မွေးနေ့လေ
Saint ကသူ့အိတ်ကိုချပြီး Perth ဘေးနားမှာသွားထိုင်
လိုက်တယ်
Saint : Perth ဘာလိုချင်လဲ မနက်ဖြန်မွေးနေ့ဆိုတော့
အကို့အပေါ်ကိုစိတ်ပျက်မိတာအဲ့လိုမေးခွန်းတွေကြောင့်ပါ
ဘာလိုချင်လဲ ဘာလုပ်ချင်လဲ အကိုကအကုန်လုပ်ပေးမယ်
လို့ပြောနေမယ့်အစား ကျွန်တော့်ကိုချစ်ပါတယ်ဆိုတာလေးပဲ
ပြောပေးပါလား အချိန်လေးတစ်ခုလောက်ပဲပေးပေးပါလား
Saint : ဘာတွေကြည့်နေတာလဲ ဘာလိုချင်လဲလို့
Perth : မလိုချင်ပါဘူး အကိုကအကုန်ဖြည့်ဆည်းပေးထား
တာပဲ ဘာလိုအပ်မှာလဲ ဟုတ်တယ်မလား
Yuri : ငါပြန်တော့မယ် မနက်ဖြန်ညနေ ၆ နာရီလောက်ပါတီ
လုပ်ကြမယ်လေ ဖြစ်တယ်မလား
Saint : ရတာပေါ့
Yuri : ဒါဆို ငါ Cake ယူခဲ့မယ် အခုတော့ပြန်ဦးမယ် နင်တို့
အေးဆေးစကားပြောကြဦး
Yuri ကအလိုက်တသိထွက်သွားပေးလိုက်တယ်
Saint : Perth မျက်နှာလည်းမကောင်းဘူး နေမကောင်းဘူး
လား အကိုကို့ကြည့်ဦးလေ
Perth : ကောင်းပါတယ်
Saint : ဒါဆို ဘာကိုအလိုမကျဖြစ်နေတာလဲ
Perth : ကျွန်တော့်မွေးနေ့ကိုရော သတိရရဲ့လား
Saint : ရတာပေါ့ မသိဘဲနေမလား ဘယ်လိုမေးလိုက်တာလဲ
Perth : အလုပ်များပြီး မေ့နေမှာစိုးလို့ပါ
Saint က Perth ကိုသူ့ရင်ခွင်ထဲထည့်ပြီးဖက်ထားလိုက်
တယ်
Saint : အကိုဘယ်လောက်အလုပ်များများလေ ဒီနေ့လေးကို
မမေ့ပါဘူး Perth ရဲ့
Saint ဆီကအဲ့လိုချိုသာတဲ့စကားလေးတွေကိုပဲကြားချင်ခဲ့
တာလေ အခုကြားရတော့မှ Perth လည်းပြုံးနိုင်တော့တယ်
Perth : မနက်ဖြန်စောစောပြန်လာနော်
Saint : ဒါပေါ့ အစောဆုံးပြန်ခဲ့မယ် မနက်ဖြန်အစည်းအဝေး
ရှိလို့ မဟုတ်ရင် အကိုကအိမ်မှာပဲနေတော့မလို့
Perth : တကယ်လား
Saint : တကယ်ပေါ့ မင်းအတွက်အချိန်ပေးမှာ
သူ့ကိုပြုံးကြည့်နေတဲ့ perth နဖူးလေးကို Saint ကနမ်း
လိုက်တယ်
" စုံတွဲလက်စွပ်လား ဒီဇိုင်းကအစုံပါပဲ ကြည့်ပါ "
Saint ကရတနာဆိုင်တစ်ဆိုင်မှာ လက်စွပ်တွေကိုရွေးနေလိုက်တယ် Perth ကိုလက်ဆောင်အနေနဲ့ပေးရင်း ဒီနေ့မှာအမှတ်တရဖြစ်အောင်လက်ထပ်ခွင့်လေးတောင်းမယ်ဆိုပြီး စိတ်
ကူးလေးနဲ့စုံတွဲလက်စွပ်လေးကိုသွားကြည့်ခဲ့တယ်
Saint : ဒါလေး ပြပေးပါ စာထိုးလို့ရတယ်မလား
Girl : ဟုတ်ကဲ့ ရပါတယ် စာထိုးချင်တာလား
Saint : ဟုတ်တယ် PS ဆိုတဲ့စာလေးထိုးပေးပါ
Girl : ရပါတယ်
Saint ကသူ့အိတ်လေးကိုယူပြီးဆိုင်ထဲကထွက်လာတယ်
Irin : Saint
Saint : မင်းကို ဒါနဲ့ငါ့နာမည်သိလို့လား
Irin : ဒါပေါ့ ရှင်နဲ့ညှိနှိုင်းစရာရှိတယ်
Saint : ငါမအားဘူး
Saint ကတမင်ရှောင်ထွက်သွားဖို့ လုပ်လိုက်တယ်
Irin : Mr.Pe နဲ့တွေ့ချင်တယ်ဆို
Mr.Pe ဆိုတဲ့နာမည်ကြောင့် သူ Irin ကိုပြန်လှည့်ကြည့်လိုက်တယ် ဒီကောင်မလေးကဘယ်သူလဲဆိုတဲ့အတွေးကဝင်
သွားတယ်
Irin : ကျွန်မက သူ့ရဲ့ တစ်ဦးထဲသောသမီးလေ ရှင်တွေ့ချင်
ရင်ကျွန်မကိုအကူအညီတောင်းသင့်တယ်မထင်ဘူး
လား
ဒီအခွင့်အရေးကရခဲတာမို့လို့ Saint က Irin နဲ့အတူလိုက်
သွားခဲ့တယ် ကားပေါ်ရောက်တာနဲ့သူနာရီကိုကြည့်လိုက်တော့ 4 နာရီထိုးနေပြီ
Saint : ခဏ အခုသူ့ကိုတွေ့ဖို့သွားနေတာလား
Irin : ဒါပေါ့ ဘာဖြစ်လို့လဲ
Saint : ရပ်လိုက် ကားကိုရပ်လိုက်
Irin ကကားကိုရပ်ခိုင်းတဲ့ Saint ကိုထူးထူးဆန်းဆန်းကြညိ့
နေလိုက်တယ်
Saint : တောင်းပန်ပါတယ် ဒါပေမယ့် ဒီနေ့တော့မတွေ့နိုင်
ဘူး ငါအိမ်ပြန်မှဖြစ်မယ်
Saint ကကားတံခါးကိုဖွင့်ပြီးဆင်းဖို့လုပ်လိုက်ပေမယ့်
Irin ကသူ့လက်ကိုဆွဲထားလိုက်တယ်
Irin : အဖေကရှင့်ကိုအခုတွေ့ချင်နေတယ် အဲ့လိုတွေ့ရဖို့
လွယ်ကူတယ်ထင်နေတာလား ဒါကအခွင့်အရေးနော်
လက်လွှတ်လိုက်တော့မှာလား
Yuri က Cake ကိုစားပွဲပေါ်တင်ပြီး Perth ရဲ့တစ်ခန်းလုံးကိုဖယောင်းတိုင်တွေ ပန်းတွေ ဘောလုံးတွေနဲ့အလှဆင်ပေး
ထားတယ်
Perth : တော်ပါတော့ Yuri အဲ့လောက်မလိုပါဘူး
Yuri : မရဘူး ငါကလုပ်မှာပဲ
Perth နဲ့ Yuri ညနေငါးနာရီလောက်ဆို Saint ပြန်လာ
လောက်ပြီဆိုပြီးစောင့်နေခဲ့တယ် သူတို့နှစ်ယောက်လုံးစိတ်
ရှည်ရှည်နဲ့စောင့်နေတာညနေ ၆ နာရီဖြစ်သွားပြီ Perth ရဲ့
မျက်နှာကတစ်ဖြည်းဖြည်းမကောင်းတော့ဘူးဆိုတာ Yuri
ရိပ်မိလာတယ် သူ Saint ဆီဖုန်းဆက်လည်းဖုန်းမကိုင်ဘူး
Yuri : သူကားတွေပိတ်နေလို့ထင်ပါတယ်
Perth : နောက်ဆုံးတော့လည်း သူငါ့ကိုလျစ်လျူရှုထားပြန်ပြီ
အကိုဘာလို့ ပြန်မလာတာလဲ ဘာလို့ဒီနေ့လေးကိုတောင်
ကျွန်တော့်ဘက်လှည့်မကြည့်ရတာလဲ
Part 4 ( the end )