Part 13 ❤️

1.7K 202 7
                                    

Sunny ကခြံရှေ့မှာ Perth နဲ့ Saint ကိုထွက်ရှာနေတယ်
ကားလည်းမတွေ့ဘူး သူတို့ဘယ်သွားနေတာလဲ
Mean : Sunny ကလေးတွေမှမဟုတ်တာ ပြန်လာမှာပေါ့
Sunny : သိပါတယ် မပြောမဆိုဘဲသွားလို့စောင့်နေတာ
Mean : ဒါဆိုလည်းထိုင်စောင့်စမ်းပါ အော် ပြန်လာကြပြီ
Perth နဲ့ Saint ကကားပေါ်ကနေဆင်းလာကြတယ်
Sunny : နင်တို့ဘယ်သွားနေတာလဲ
Saint : Perth လေ အပြင်သွားတာမပြောသွားလို့ ငါသူ့ကို
လိုက်ရှာနေတာ
Mean : ထူးထူးဆန်းဆန်း မင်းကဘယ်တုန်းကစိတ်ပူဖူးလို့
လဲ
Perth : ကျွန်တော့်အမှားပါ ကျွန်တော်ရေသွားချိုးလိုက်ဦး
မယ်နော်
Saint က Perth ကိုပဲလိုက်ကြည့်နေတော့ Sunny နဲ့ Mean
ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တယ်
Saint ဒီရက်ထဲထူးဆန်းနေတာသူတို့နှစ်ယောက်လုံးသတိထားမိတယ်လေ
Sunny : Perth
Perth ကအဝတ်အစားလဲပြီးအခန်းထဲကထွက်လာတယ်
Perth : အမ တစ်ယောက်ထဲလား P Saint နဲ့ P Mean ရော
Sunny : သူတို့ဈေးသွားဝယ်တယ် coffee ဖျော်ထားတယ်
ခြံထဲဆင်းပြီးခဏလောက်စကားပြောမလား
Sunny ကိုကြည့်ရတာ Perth ကိုအရေးတကြီးပြောစရာရှိ
နေပုံပဲ
Sunny : ရော့ Coffee အမကိုယ်တိုင်ဖျော်ထားတာ
Perth : ကျေးဇူးပါ ဘာပြောစရာရှိလို့လဲ အမ
Sunny : Perth အမကိုအမှန်တိုင်းပြောနော် Saint နဲ့ မင်း
ကြားမှာတစ်ခုခုရှိနေလား
Sunny ရိပ်မိနေလောက်ပြီ သူဒီလိုမေးတာသိနေလို့မေးတာ
Perth သိတာပေါ့
Perth : အမ ဘာကိုပြောချင်တာလဲ ကျွန်တော်နားမလည်ဘူး
Sunny : Saint ကိုသိပ်ဂရုမစိုက်နဲ့ ဒါကအကြံပေးတာ
Perth : ဘာလို့လဲ သူကမေတ္တာငတ်နေတာ
Sunny : ဟုတ်တယ် သူကသနားဖို့ကောင်းတယ် ဒါကြောင့်
သူ့ကိုနှစ်သိမ့်ပြီးအနားမှာနေပေးနေတာ ဒါပေမယ့်
ကြာလာတော့ သူ့အကြောင်းကိုသိလာတယ် သူက
အတ္တကြီးတယ် စိုးရိမ်စိတ်လွန်ကဲတယ် တဇွတ်ထိုး
နိုင်တယ် သူကလွဲလို့တစ်ခြားဘယ်ကောင်လေးကိုမှ
ပတ်သတ်ခွင့်မပေးဘူး စကားပြောဖို့မပြောနဲ့လှည့်
ကြည့်တာတောင်မကြိုက်ဘူး အဲ့လောက်ထိသဝန်
တိုတယ်
Perth လည်းဒီမနက်ကိစ္စကြောင့် Sunny ပြောတာကိုမှန်
တယ်လို့လက်ခံတယ်
Sunny : မင်းကျောင်းသွားတက်ဖို့အန်တီကအမကိုတိုက်
တွန်းခိုင်းတယ်
Perth : အမေကလား
Sunny : မင်းတက်ဖို့ငြင်းဆန်နေတယ်ဆို ဒါကမင်းအိမ်မက်
လေ မင်းအရမ်းဖြစ်ချင်နေတာမလား ဘာလို့ငြင်းရ
တာလဲ
Sunny မေးတဲ့မေးခွန်းကိုကြားတာနဲ့ ဘာပြန်ဖြေရမလဲမသိ
တော့ဘူး ဘာကိုအကြောင်းပြရမလဲမသိတော့ဘူး
Sunny : Saint ကြောင့်မလား
Perth : အမ
Sunny : ငါကမင်းထက်အရင်သူ့ကိုသိလာတာ သူခင်တွယ်
တဲ့သူကိုသူ့အနားကထွက်သွားခွင့်မပေးတာသူ့အတ္တ
သူငါ့ကိုချစ်နေတာမင်းသိလား
တစ်ခြားအကြောင်းအရာတွေကိုလက်ခံနားထောင်ပေးနိုင်
တယ် ဒါပေမယ့် P Saint က Sunny ကိုချစ်တယ်တဲ့လား
အဲ့ဒါကိုဘယ်လိုလက်ခံပေးနိုင်မလဲ
Perth : အကိုက အမကိုချစ်တာလား
Sunny : မင်းမသိဘူးလား အားလုံးသိတယ်လေ သူ့အဖေ
တောင်သိထားတယ် Perth အမဘဝကိုသူ့လက်ထဲ
မပုံအပ်နိုင်ဘူး ဒါကြောင့် သူ့ကိုပြန်မချစ်နိုင်တာ
Perth : အမ အဓိကကဘာကိုပြောချင်တာလဲ
Sunny : မင်းဘဝအတွက်တက်လမ်းကို Saint ကြောင့်မ
ပိတ်စေချင်တာ အမအဓိကပြောချင်တဲ့အရာပဲ မင်း
တစ်နေ့အမပြောတာကိုနားလည်လာလိမ့်မယ်
Sunny က Perth ပခုံးကိုကိုင်ပြီးပြုံးပြလိုက်ပြီးတော့အိမ်ထဲ
ပြန်ဝင်သွားတယ် Perth တစ်ယောက်ထဲအတွေးတွေပေါင်းစုံနဲ့ကျန်နေခဲ့တယ် သူဘာလုပ်သင့်လဲ P Saint ကသူ့ကိုတ
ကယ်ရောချစ်တာဟုတ်ရဲ့လား ဆိုတဲ့အတွေးတွေကခေါင်းထဲ
ချာချာလည်နေပြီ ကားကခြံဝင်းထဲကိုပြန်ဝင်လာတယ်
Mean : Perth လာဝိုင်းသယ်ပါဦး
Perth ကပြေးပြီးကူသယ်ပေးဖို့ Mean အနားကိုလာလိုက်
တယ်
Mean : ဒါလေး
Saint : ပေးပါ ငါသယ်လိုက်မယ် မင်းဒါသယ်
Saint ကအလေးဆုံးအထုပ်ကိုသယ်ပြီး Perth လက်ထဲအ
ပေါ့ဆုံးအထုပ်ကိုပေးလိုက်တယ်
Saint : လူကြည့်တော့ လေတိုက်ရင်လဲမယ့်ပုံနဲ့ အလေးကြီး
ကိုသယ်ချင်သေးတယ်
Saint ကစနောက်လိုက်တော့ Perth လည်းပြုံးလိုက်မိတယ်
All : cheer
Sunny : Perth မနေ့ကမသောက်ဘဲထွက်သွားတယ် ဒီည
တော့မရဘူး သောက်ရမယ်
Perth : အမ ကျွန်တော်မသောက်တတ်ပါဘူး
Sunny : မရဘူး မရဘူး
Sunny ကအတင်းခွက်ကိုပေးလိုက်တော့ Saint ကဆွဲယူ
ပြီးအကုန်မော့ချလိုက်တယ်
Perth : P saint ဘာလို့အကုန်သောက်လိုက်တာလဲ
Saint : မင်းမှမသောက်နိုင်တာ Sunny ဘာလို့အတင်းတိုက်
နေတာလဲ
Mean : တစ်ခါတစ်လေ ဒီလိုဆုံရတာသောက်သင့်တယ်လေ
Sunny : ဟုတ်တယ်လေ ခဏလေး
Sunny ကအိမ်ထဲကနေဂစ်တာတစ်လက်ကိုယူလာပြီး
Perth လက်ထဲထည့်ပေးလိုက်တယ်
Sunny : တို့တွေကိုသီချင်းတစ်ပုဒ်လောက်တော့တီးပြသင့်
တယ်
Mean : ဟုတ်တယ် ဟုတ်တယ် Sunny ကမင်းကိုအရမ်းချီး
ကျူးတာ ငါတို့လည်းနားထောင်ချင်တယ်
Saint : တီးမှာလား
Saint မျကိလုံးတွေကိုကြည့်ရတာ သူ့သဘောမပါဘဲအားနာ
ပြီးလုပ်တာမျိုးကိုမလိုချင်ဘူးထင်တယ်
Perth : တီးပြမှာပေါ့
Perth ဆီကလုပ်ချင်တယ်ဆိုတဲ့ဆန္ဒကိုကြားမှသူလည်း
ခေါင်းညိမ့်ပြလိုက်တယ်
Perth ကဂစ်တာကိုကိုင်ပြီးစတီးလိုက်တယ် အသံကအရမ်းနားထောင်ကောင်းတယ် စတာနဲ့သူကိုယ်တိုင်သီချင်းကိုစဆိုလိုက်တယ် Saint က Perth ကိုကြည့်ပြီးသူ့အသံကိုနား
ထောင်ရင်းပျော်နေမိတယ် ဒါပေမယ့် Perth ဆိုနေတာစုံတွဲ
သီချင်းလေ မိန်းကလေးနေရာရောက်တာနဲ့ Sunny ကသူ့
အကြိုက်ဆုံးသီချင်းမို့လို့ဝင်ဆိုလိုက်တယ်
သူတို့အသံတွေကလိုက်ဖက်ပြီးအရမ်းနားထောင်ကောင်း
တယ် Perth ကလည်းသီချင်းအပေါ်စီးမြောသွားတော့ Sunny ကိုကြည့်ပြီးပဲ နှစ်ယောက်လုံးအလှဆုံးအပြုံးနဲ့သီချင်း
ကိုဆိုကြတယ်
ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့အကြည့်တွေကို Saint လုံးဝ
မကြိုက်ဘူး သူ့ရင်ထဲမှာပူလောင်ပြီးဒေါသတွေကြီးစိုးနေတယ် Perth ရဲ့အကြင်နာအကြည့်ကသူ့တစ်ယောက်ထဲအတွက်ပဲဖြစ်ချင်တယ်
သီချင်းပြီးသွားတော့ Mean ကလက်ခုပ်ထတီးလိုက်တယ်
Mean : Woo မိုက်ချက်ပဲ မင်းဒီလိုတော်မယ်မထင်ခဲ့ဘူး
Sunny : အဲ့သီချငိးကိုအမအရမ်းကြိုက်တာ ဒါကြောင့် ဝင်ဆို
မိတာ
Perth : အမအသံကအရမ်းကောင်းတော့ပိုနားထောင်
ကောင်းသွားတာပါ
အားလုံးကပျော်ပျော်ရွှင်ရွှင် စကားတွေပြောနေပေမယ့်
Saint ကတော့ခေါင်းကိုအောက်ငုံ့ပြီးပဲနေတယိ ဘာမှလည်း
ဝင်မပြောဘူး
Mean : Saint မင်းမူးနေပြီလား
Saint : ဒီလောက်နဲ့မူးစရာလား
Sain ကသူ့ရှေ့ကခွက်တစ်ခွက်လုံးကိုထပ်မော့သောက်
လိုက်တယ်
Perth : P Saint များနေပြီနော်
Saint : မင်းနဲ့ဆိုင်လို့လား ငါသောက်တာက
P Saint အတွက်စိုးရိမ်လို့ပြောတာကို သူ့ကိုဘာလို့စိတ်မ
ချမ်းသာတဲ့အဖြေမျိုးပြန်ပြောရတာလဲ အဲ့လိုအော်မယ့်အစား
အင်း ငါသိပါတယ် လို့လေးပြောမယ်ဆိုရင်တောင်ကျေနပ်မိ
ပါတယ် အခုတော့ကျွန်တော်က P Saint နဲ့ဘာမှမသက်ဆိုင်
တော့သလိုခံစားရတယ်
Perth : ကျွန်တော် ပန်းကန်တွေသွားဆေးလိုက်ဦးမယ်
Perth ကမရွှင်မပြမျက်နှာနဲ့ ပန်းကန်တွေယူသွားလိုက်တယ် သူအနောက်မှာပန်းကန်တွေဆေးနေတုန်း Saint ကအ
နောက်ကနေသူ့ခါးကိုလာဖက်လိုက်တယ်
Perth : P Saint ဘာလုပ်တာလဲ သူများတွေမြင်ကုန်မယ်
Perth ကအတင်းရုန်းပေမယ့် Saint ကပိုပြီးဖက်ထားလိုက်
တယ်
Saint : ဂရုမစိုက်ဘူးကွာ ငါအော်လိုက်လို့မင်းစိတ်ဆိုးမှာကိုပဲ
ဂရုစိုက်တယ် တောင်းပန်ပါတယ် ခုနကငါ့စိတ်တွေ
လွတ်သွားလို့ပါ ငါ့ကိုခွင့်လွှတ်ပါနော်
Perth ကလည်းအားလုံးကိုမေ့လိုက်တာကောင်းပါတယ်ဆို
တဲ့အတွေးနဲ့ သူ့ကိုဖက်ထားတဲ့ Saint ရဲ့လက်ကိုကိုင်လိုက်
ပြီးတော့
Perth : P Saint ကိုကျွန်တော်ချစ်တာပဲ ခွင့်လွှတ်ပြီးသားပါ
Saint : ငါကမင်းကိုပိုချစ်တာပါ ကျေးဇူးပါပဲ Perth
နှစ်ယောက်လုံးဖက်ထားရင်းနဲ့ပဲကြည်နူးနေမိကြတယ်
The End

Hello, My Brother(completed)Where stories live. Discover now