တွဲထားတဲ့လက်တွေကို မြဲနေအောင်ဆုပ်က်ိုင်ထား
မိတယ် .....
ဒီလက်နှစ်စံု ပျက်ဆီးသွားမှာကို ကျွန်တော်အရမ်း
ကြောက်နေမိတယ် ....
ထားခဲ့တဲ့သူ ချန်ထားခဲ့တဲ့သူက ကျွန်တော်ဖြစ်ပေမယ့်
ထပ်ပြီးထွက်မသွားဖို့ တောင်းဆိုမိတာလဲ ကျွန်တော်ပဲ
မို့ .... အတ္တများကြီးနေမိနေလား
စကားတစ်ခွန်းမှမပြောပဲ လက်ချင်းလေးပဲတွဲပြီး
အိမ်အပြန်လမ်းကို အတူလျှောက်ပေးတဲ့ အကိုကရော
ထပ်တူ ခံစားရရဲ့လား .....Perth : P ......
Saint : ရှူး ..... ငြိမ်ငြိမ်လေးနေ ဘာမှမပြောနဲ့
ဒီတိုင်းလေး လမ်းလျှောက်ကြရအောင်ဘယ်အချိန်ထိ ငြိမ်သက်နေကြမှာလဲ ......
ဒါပေမယိ့လဲ ကျွန်တော်သဘောကျတယ် .....
ပူလောင်ခြင်းမရှိ အေးချမ်းနေတဲ့ အခုလိုအခြေအနေ
လေး..... အရမ်းသဘောကျတယ်Saint : ဟိုမှာ မင်းအိမ်ရောက်ပြီမလား ....
Perth : အကို ကျွန်တော့်အိမ်ကိုဘယ်လိုသိလဲ ....
Saint : Yuri လိပ်စာပေးထားတယ်လေ ....
Perth : အာ .... ဟုတ်သားပဲနှစ်ယောက်လံုးပြန်ပြီး ငြိမ်သက်သွားကြပြန်တယ်
ကျွန်တော်တွေးနေတာက .... အကို့ကိုအိမ်ထဲဝင်ဖို့ဖိတ်
ခေါ်ချင်ပေမယ့် သူမလိုက်ချင်ဘူးထင်တယ်
ကျွန်တော်တို့တိတ်ဆိတ်နေပေမယ့်လဲ တစ်ယောက်ကို
တစ်ယောက် အကောင်းဆံုးနားလည်နိုင်တဲ့ အချစ်
တွေရှိကြပါတယ် .....Saint : အိမ်ထဲဝင်တော့နော် .... မနက်ဖြန်မင်းသီချင်း
ဆိုတာကို လာကြည့်မယ်
ပန်းစည်းလဲ ယူလာမယ် ....အမောပြေသောက်
ဖို့ အအေးလဲယူလာမယ်
Perth : အကို ဒီမှာနေဦးမှာပေါ့ ......
Saint : အင်း အကိုအလုပ်ကိစ္စလဲရှိလို့ နေရင်းနဲ့ပေါ့
အိမ်ပြန်လာပါလား .... အိမ်ပြန်လိုက်ခဲ့ပါလား
အရင်လိုအတူနေဖို့ ..... အကိုတစ်ခွန်းမှမပြောခဲ့ဘူး
ဒါပေမယ့် အဲ့လိုအတ္တကင်းစင်နေမှုကို အရမ်းသဘော
ကျတာပဲSaint : အကိုပြန်တော့မယ်နော် .....
Perth : အကို ...... အဆင်ပြေတဲ့အချိန်အိမ်ကိုလာခဲ့
ပါအကို့ဆီက အပြံုးလေးနဲ့ ခေါင်းတစ်ချက်ငြိမ့်
လိုက်တာလေးကိုပဲ ကျေနပ်ပါတယ်
အကို့ရဲ့အရိပ်ကို မပျောက်မချင်း အဲ့နေရာကနေ
ရပ်ပြီးစောင့်ကြည့်နေမိဆဲပဲ ......
ကျွန်တော်တော့ ဒီညလွမ်းနေမိတော့မှာပဲ
![](https://img.wattpad.com/cover/180397295-288-k606827.jpg)