Part 33 ❤️

1.4K 189 26
                                    

Perth ပေးထားတဲ့ Shirt လေးဝတ်ပြီးမှန်အရှေ့မှာတစ်
ယောက်ထဲပြုံးကြည့်နေမိတယ် ကျေးဇူးအရမ်းတင်တာပဲ
Perth ကို
Saint ကတစ်ယောက်ထဲအောက်ထပ်ကိုဆင်းလာခဲ့တယ်
W : သား ဘယ်သွားဖို့လဲ
Saint : ချိန်းထားတာလေးရှိလို့ပါ သွားပြီနော်
အရင်ကမှိုင်တွေနေတဲ့ဒီကလေးကအခုတော့ တက်ကြွနေ
ပါလား
Saint ကကားပေါ်ကိုတက်လိုက်တယ် နှစ်ယောက်လုံးအင်္ကျီ
ဆင်တူလေးနဲ့ဆိုတော့လိုက်ဖက်နေတာပဲ
Saint : ဘယ်သွားကြမလဲ
Perth : ဘာလုပ်ချင်လဲ
Saint က Perth လက်မောင်းလေးကိုချိတ်ပြီးပခုံးလေးပေါ်
မှီထားလိုက်တယ်
Saint : ဘာမှမလုပ်ချင်ဘူး ဒီတိုင်းလေးဖက်ထားပြီးပဲနေချင်
တယ် ရလား
Perth : မရတာရှိလို့လား အကိုဖြစ်ချင်တာအကုန်ဖြစ်တယ်
Saint : ဒီနေ့တစ်မျိုးကြီးဖြစ်နေသလိုပဲ
Perth : ဘာဖြစ်လို့လဲ
Saint : အရင်လိုမပျော်ဘဲ နေရတာတစ်ခုခုကိုကြေကွဲနေသ
လိုပဲ စိတ်ထဲလေးပင်နေသလိုပဲ ဘယ်လိုဖြစ်နေမှန်းမသိ
         ဘူး
   Perth ကဘာမှမပြောဘဲသူ့ကိုပဲငေးကြည့်နေမိတယ်
Saint : ဘာလို့အဲ့လိုကြည့်နေရတာလဲ
Perth : မဟုတ်ပါဘူး သွားကြမယ်လေ အကို့ကိုခေါ်သွားစရာ
တစ်နေရာရှိတယ်
Saint ရဲ့လက်ကိုကိုင်ဆွဲပြီး ဘုရားအရှေ့မှာမတ်တပ်ရပ်
လိုက်တယ်
Saint : ဘုရားလာဖူးချင်တာလား
Perth ကဒူးထောက်လိုက်ပြီး Saint ကိုအိတ်ကပ်ထဲက
လက်စွပ်ကိုထုတ်ပေးလိုက်တယ်
Perth : ဒါကအကို့အတွက် ဘုရားကိုတိုင်တည်ပြီးပေးတဲ့
လက်ဆောင်ပါ
Saint : Perth
Perth : တိုင်တည်ပါတယ် ကျွန်တော့်အသက်ရှင်နေသရွေ့
အကို့ကိုစောင့်ရှောက်ပါ့မယ် အကို့အနားမှာထာဝရ
နေပါ့မယ်
Saint လည်း Perth လိုပဲဒူးထောက်ချလိုက်တယ်
Saint : ကျွန်တော်လည်းတိုင်တည်ပါတယ် ဒီလက်စွပ်ကိုရတဲ့
နေ့ကစပြီး Perth တစ်ယောက်ထဲကိုပဲချစ်ပါမယ်လို့
Yuri နဲ့ Perth အမေကရုံးခန်းထဲကနေအတူထွက်လာ
ခဲ့တယ် သူတို့ဘာလုပ်ကြမှာလဲ
" တီ တီ " Sunny ကဖုန်း message ဝင်လာလို့ကြည့်လိုက်
တယ် Perth ဆီက Message ပါလား
တွေ့တွေ့ချင်းပဲချက်ချင်းအိမ်ကနေကားမောင်းပြီးထွက်သွား
လိုက်တယ်
Saint : Wow
Saint ကအခန်းထဲဝင်လိုက်တာနဲ့မွေ့ရာပေါ်မှာဖြန့်ကျဲ
ထားတဲ့နှင်းဆီပွင့်ဖက်တွေ စားပွဲပေါ်ကဝိုင်ခွက်တွေ
ဖယောင်းတိုင်မီးလေးတွေကြောင့် ပျော်ရွှင်ပြီးငိုမိမလားတောင်အောက်မေ့ရတယ်
Saint : ဘာလို့ဟိုတယ်အခန်းငှားပြီး ဒီလိုပြင်ဆင်
Perth ကချက်ချင်း Saint ကိုဆွဲဖက်လိုက်တာနဲ့ သူတို့ရဲ့
မျက်နှာကနီးကပ်သွားတယ် Perth ရဲ့မျက်ဝန်းတွေကချစ်ခြင်းတရားတွေနဲ့ပြည့်နေတယ်
Perth : ဒီနှုတ်ခမ်းတွေကို
   saint ရဲ့နှုတ်ခမ်းလေးကိုလက်နဲ့ပွတ်သပ်လိုက်တယ်
Perth : နမ်းလို့ရမလား
   Saint ကပြုံးပြီးကြည့်လိုက်တယ် ဒီကလေးဘာအထူးအဆန်းတွေလာပြောနေတာလဲ အရင်ကဆိုသူခွင့်မပြုရင်တောင်နမ်းတဲ့ကလေးက အခုမှဘာလို့ထူးထူးဆန်းဆန်းခွင့်တောင်းနေရတာလဲ 
    Saint ကစကားပြန်တောင်မပြောဘဲ  Perth ကိုစပြီးတော့
နမ်းလိုက်တယ် ဒီအနမ်းကိုအမြဲလိုချင်ပါတယ်
Mom : Saint ဆီဆက်သွယ်ပြီးပြီလား
Yuri : Perth အကြောင်းအရေးကြီးပြောစရာရှိတယ်ဆိုပြီး
        ချိန်းထားတာပါ သူမလာစရာအကြောင်းမရှိပါဘူး
Mom : တော်တယ် ပြီးတာနဲ့ ငါ့သားကမင်းအပိုင်ပဲဖြစ်မှာ
   Perth နဲ့ Saint ကဖန်ခွက်ချင်းတိုက်လိုက်တယ်
Saint : ဝိုင်ကအရသာရှိလိုက်တာ
Perth : အကို့အကြိုက်ကိုမှာထားတာလေ
Saint : ဘာလို့ငါ့အကြိုက်ပဲလိုက်နေရတာလဲ မင်းကြိုက်တာ
            လည်းတစ်ခုလောက်လုပ်သင့်တာပေါ့
Perth : ကျွန်တော်ကြိုက်တာကကျွန်တော့်ရှေ့မှာထိုင်နေ
          တယ်လေ
   Saint ကကျေနပ်ပြီးခိုးရီလိုက်တယ် Perth အဲ့လိုပြောရင်
သိပ်ချစ်ဖို့ကောင်းတာပဲ
Saint : ချစ်ဖို့ကောင်းတယ်
Perth : ကျွန်တော်ကလား
Saint : inn အရမ်းချစ်တယ်
   Perth က Saint ထိုင်နေတဲ့ခုံရဲ့ဘေးဘောင်မှာသွားထိုင်
ပြီး Saint ကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်တယ်
Saint : ရုတ်တရက် ဘာဖြစ်တာလဲ
Perth : အကို့လိုပဲ ကျွန်တော်လည်းချစ်လို့ပါ
  Perth ရဲ့ဖုန်းထဲကို Sunny ရဲ့ Message ဝင်လာတယ်
" ငါရောက်နေပြီ နင်ဘယ်မှာလဲ "
Sunny ကကားပါကင်မှာ Perth ကိုစောငိ့နေခဲ့တယ်
Sunny : ဒီကောင်လေး ဘာလို့ရုတ်တရက်လှမ်းခေါ်ရတာလဲ
               တစ်ခုခုဖြစ်လို့လား
    Yuri ဆီကို Saint နာမည်နဲ့ဖုန်းဝင်လာခဲ့တယ်
Yuri : Saint ငါရောက်နေပြီ နင်ဘယ်မှာလဲ
Saint : ငါရောက်တော့မယ် ခဏလေးစောင့်နော်
   ဘေးပတ်ဝန်းကျင်ကမှောင်မိုက်နေပြီး လမ်းကလည်းလူရှင်းတယ် သူတို့ကားတစ်စီးကလွဲရင်ဘာမှမတွေ့နိုင်ဘူး
Yuri ကကားခေါင်းခန်းမှာ Perth အမေနဲ့ဘေးချင်းကပ်ထိုင်
နေတယ်
Yuri : သူလာတော့မယ်
    Perth ရဲ့အမေကကားကိုအရှိန်ကြိုတင်ထားလိုက်တယ်
သူမမျက်လုံးထဲမှာရက်စက်ကြမ်းကြုတ်မှုတွေကိုကျိန်းသေ
မြင်တွေ့နိုင်တယ်
Mom : Saint သေဆုံးသွားမှငါ့သားဘဝ အမြဲကောင်းစားမှာ
            ငါ့သားလေးအရင်ကလို သာမန်ဘဝလေးနဲ့နေစရာမ
         လိုတော့ဘူး သူသေရင်
   Saint ကမှောင်မဲနေတဲ့နေရာမှာဟိုဟိုဒီဒီလျှောက်ကြည့်ပြီး
Yuri ကိုရှာနေပုံရတယ် ချက်ချင်းပဲ Perth အမေကကားကို
အရှိန်နဲ့မောင်းပြီးအနောက်ကနေဝင်တိုက်လိုက်တယ်
" ဝုန်း " ကြားလိုက်ရတဲ့အသံကကြောက်ဖို့တောင်ကောင်း
တယ် ကားဘက်မှန်ကနေကြည့်လိုက်တော့ Saint ကလှုပ်
တောင်မလှုပ်နိုင်တော့ဘူး ဘေးမှာလည်းသွေးတွေအပြည့်ပဲ
ကောင်းတယ် အရမ်းကောင်းတယ် သူသေသွားတာအကောင်းဆုံးပဲ.............
                            Part 33 ( the end )
         Final Episode is coming tonight .......
ပြီးခါနီးဆိုတော့ဇာတ်သိမ်းရေးဖို့ Cmt လေးတွေနဲ့ဒီဇာတ်လမ်းလေးကိုဝေဖန်ပေးကြပါ အားလုံးသဘောကျရဲ့လားမသိဘူး  အင်အားတွေပေးကြပါ❤️❤️❤️❤️❤️

Hello, My Brother(completed)Where stories live. Discover now