( 14 )

840 135 9
                                    

Yuri : ဖြည်းဖြည်း လျှောက် ဖြည်းဖြည်း အဆင်ပြေလား
        နာနေလား
Perth : ပြေတယ် နင်တွဲထားရတာလေးနေပြီလား
Yuri : ငါ့ကိုမပူပါနဲ့ နင့်သာနာရင်ခဏနားလိုက်
   အကိုပြန်လာရင်ပြန်ကောင်းနေရမယ်ဆိုတဲ့ အသိကစိတ်
ထဲမှာပြည့်နှက်နေတယ် အဲ့ဇွဲကြောင့်ပဲ ကျွန်တော့်ခြေထောက်တွေကလမ်းဖြည်းဖြည်းချင်းလျှောက်ဖို့လောက်ထိကျင့်နိုင်
နေပြီ
Yuri : Mean ဘာလို့ကင်မရာတကိုင်ကိုင်နဲ့ရိုက်နေတာလဲ
Mean : ဒါတွေပြန်ကြည့်ရင် အမှတ်တရလေ
   အမှန်တော့ Mean ဗီဒီယိုရိုက်ထားတယ်ဆိုတာ Saint ဆီ
ပြန်ပြန်ပို့ပေးဖို့ပါ
Saint ကရုံးခန်းကနေ Mean ပို့လိုက်တဲ့ဗီဒီယိုလေးတွေကို
ပြုံးပြီး ကြည့်နေမိတယ် ဗီဒ်ီယိုထဲက Perth ရဲ့အပြုံးလေးတွေ
ကိုလက်တွေ့မမြင်နိုင်ပေမယ့် သူလမ်းပြန်လျှောက်နိုင်လို့အ
ရမ်းပျော်နေတာကိုတော့ စိတ်ထဲကအလိုလိုခံစားနိုင်မိတယ်
သူပြုံးတာလေးကို ကြည့်ပြီးလိုက်ပြုံးမိပေမယ့် ဘာလို့မျက်
ရည်တွေကျနေမိတာလဲ
    " ဒေါက် ဒေါက် " တံခါးခေါက်သံကြောင့် သူ Laptop ကို
ပိတ်ချလိုက်ပြီးကျဆင်းလာတဲ့မျက်ရည်တွေကိုအမြန်သုတ်
လိုက်တယ်
Saint : ဘယ်သူလဲ
Girl : ဒါရိုက်တာရဲ့ ဧည့်သည်ရောက်နေပါတယ် Sunny လို့
        ပြောပါတယ်
    Sunny ပြန်ရောက်လာတာလား
Saint : ဝင်ခိုင်းလိုက်
          Sunny နင်ဘယ်လိုပြန်ရောက်လာတာလဲ
Sunny : နင့်ကိုကူညီဖို့နဲ့ Perth စိတ်ချမ်းသာဖို့လေ
Saint : အားလုံးသိနေတယ်မလား ထိုင်လေ
Sunny : နင့်လုပ်ရပ်တွေမှားတယ် Saint နင်အရမ်းမှားတယ်
            Perth သိရင်ဘယ်လိုလုပ်မလဲ
Saint : Sunny ငါ့မှာရွေးချယ်စရာမရှိတော့ဘူး ငါသာသူ့ကို
          လက်မထပ်ရင် Perth အတွက်လည်းတစ်ဘဝလုံးစာ
           ပြည့်စုံအောင်ထားပေးနိုင်မှာမဟုတ်ဘူး
Sunny : သူကချမ်းသာချင်တာမဟုတ်ဘူး နင့်ကိုပဲလိုချင်တာ
           နင့်ကိုချစ်တာသူ့ရဲ့ချမ်းသာမှုပဲဆိုတာ ငါတောင်သိ
           နိုင်တယ် နင်မသိဘူးလား
Saint : ငါသိတယ် သိပ်သိတာပေါ့ ဒါပေမယ့် Sunny ငါ့မှာ
          လမ်းဆုံးနေပြီ ငါလည်းဒီလိုဖြစ်ချင်မယ်လို့နင်ထင်နေ  
             တာလား ငါ့အဖေသွေးနဲ့တည်ဆောက်ထားတဲ့ဒီလုပ်
          ငန်းကိုငါမဆုံးရှူံးချင်ဘူး Perth အတွက်တစ်ဘဝလုံး
          ပူဆွေးနေတာမျိုးလည်းမလိုချင်ဘူး ငါသူ့ကိုနောက်  
           ကွယ်ကနေအတတ်နိုင်ဆုံးထောက်ပံ့ပေးချင်တယ်
Sunny : နင့်ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလား တစ်ခြား
             လမ်းကိုမရှာချင်တော့ဘူးလား
Saint : ငါပြောထားသလိုပဲ ဒါငါ့အတွက်လမ်းဆုံးနေပြီ
    Sunny ကခေါင်းနှစ်ခါလောက်ညိမ့်လိုက်ပြီး ထိုင်နေရာက
နေထလိုက်တယ်
Sunny : ကောင်းပြီလေ နင့်တစ်ဘဝလုံး ပျော်ရွှင်မှုဆိုတာကို
            ပြန်ရမယ်မထင်နဲ့တော့
  Irin ကမင်္ဂလာဝတ်စုံရောင်းတဲ့ဆိုင်မှာ အကြာကြီးထိုင်
စောင့်နေခဲ့တယ် နာရီကိုကြည့်လိုက် ဆိုင်ရှေ့ကိုကြည့်လိုက်
နဲ့ သက်ပြင်းတွေပဲခဏခဏချနေမိတယ်
Girl : ညီမလေး စမ်းဝတ်ကြည့်ထားမလား
Irin : ခဏလေးပါ ညီမကောင်လေးလာမှအတူရွေးလိုက်ပါ့
        မယ် သူလာတော့မှာပါ အလုပ်ကရှူပ်နေတော့
Girl : ဟုတ်ကဲ့
   Perth ကထမင်းစားနေရင်းဘေးက Yuri ကထိုင်ကြည့်နေ
တော့ရှက်ကိုးရှက်ကန်းတောင်ဖြစ်မိတယ်
Perth : Yuri အဲ့လောက်မကြည့်နဲ့လေ ငါရှက်လာပြီ
Yuri : နင်အများကြီးစားတော့ သဘောကျလို့ပါ စားပါ ငါ့ကို
           စိတ်ထဲထားမနေနဲ့
   အခန်းတံခါးကိုဖွင့်ပြီးဝင်လာတဲ့ Sunny ကိုတွေ့လိုက်တာနဲ့
Perth ကပျော်နေမိတယ်
Perth : Sunny ဘယ်လိုရောက်လာတာလဲ
Sunny : aww နင့်သတင်းကြားလို့လာကြည့်တာလေ နေ
           ကောင်းပြီဆိုတော့ပျော်နေတယ်မလား
Perth : ဒါပေါ့ အခုဆို P Saint နောက်ကိုတကောက်ကောက်
          လိုက်လို့ရပြီလေ
   သူကတော့ပြုံးပြုံးလေးပြောနေခဲ့ပေမယ့် သိနေတဲ့သူတွေ
အတွက်ကြားလိုက်ရတဲ့စကားလေးက စိတ်မကောင်းဖြစ်စေ
တယ်
Sunny : ဟုတ်တယ်နော် နင်ပျော်နေတာဝမ်းသာမိတယ်
Perth : P Saint ကတော့မရှိဘူး Sunny သူအရေးကြီးအ
           လုပ်နဲ့ခရီးသွားနေတယ်
Sunny : ဟုတ်လား ရပါတယ် ပြန်လာမှတွေ့တာပေါ့ ငါက
            နင့်အခြေအနေကိုပိုပြီးစိုးရိမ်နေတာ
Perth : ကျွန်တော်အဆင်ပြေပါတယ် အခုဆိုလမ်းတောင်စ
          လျှောက်လို့ရနေပြီ
Sunny : ဝမ်းသာလိုက်တာ
Perth : Yuri
Yuri : inn ပြောလေ ဘာလိုချင်လို့လဲ
Perth : P Saint ဆီကဖုန်းလေးတောင်မလာဘူးလား သူ
           ဘယ်တော့ပြန်လာမယ်တဲ့လဲ
    Yuri ဆီကအဖြေကိုတော်တော်နဲ့မကြားနိုင်ခဲ့ဘူး မျက်နှာကလည်းချက်ချင်းပျက်သွားတယ်
Yuri : သူ သူပြန်ဆက်မယ်တဲ့ မနက်ကနင်ဆေးသွင်းနေ
         တုန်းဖုန်းလာသေးတယ် ငါ့ကိုမပြောဘဲနင့်ကိုပဲပြော
         ချင်တယ်နဲ့တူတယ် နင့်ကိုနောက်မှဆက်မယ်ပြော   
          တယ်
Perth : ဟုတ်လား Yuri ရယ် ငါဆေးသွင်းထားလို့အိပ်ပျော်
           နေတယ်ဆိုရင်တောင် နှိုးလိုက်တာမဟုတ်ဘူး ငါသူ့
           ဖုန်းကိုမျှော်နေတာ နောက်တစ်ခါငါ့ကိုနှိုးနော်
Yuri : အင်းပါဟာ နှို့းပါ့မယ်
    Sunny ကစိတ်ထဲမှာတင်းခံမထားနိုင်တဲ့အဆုံး သူ့အောက်နှုတ်ခမ်းတွေကိုဖိကိုက်ထားလိုက်တယ်
Sunny : Perth ငါကိစ္စလေးရှိလို့ပြန်လိုက်ဦးမယ်
   ကားပေါ်မှာထိုင်နေပြီးတော့ အကြိမ်ကြိမ်စဉ်းစားတယ်
အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲ Saint ကိုပြောလို့လဲ
မရသလို Perth ကိုပြောဖို့လည်း သူ့ကျန်းမာရေးကိုစိတ်ပူရ
တယ် အဲ့တော့ ဒီဇာတ်လမ်းကိုဖြေရှင်းဖို့အကောင်းဆုံးအဖြေ
ကဘာဖြစ်မလဲ
Girl : မမလေး ဧည့်သည်ရောက်နေပါတယ်
Irin : ဘယ်သူလဲ ငါစိတ်မကြည်လင်ဘူး နောက်မှတွေ့မယ်
        ပြောလိုက်
Girl : Saint ရဲ့ငယ်သူငယ်ချင်းလို့ပြောပါတယ် Saint အ
        ကြောင်းပြောချင်တယ်လို့ပြောနေပါတယ်
  လက်ထပ်ဝတ်စုံရွေးဖို့တောင် မလာနိုင်လို့စိတ်ညစ်နေခဲ့တာ
အခုလည်းဘယ်သူကသူ့ဆီရောကိလာပြန်ပြီလဲ
Irin : ဝင်လာခိုင်းလိုက်
   လှပကျော့ရှင်းလွန်းတဲ့ Sunny ကသူ့ရှေ့ကိုတည့်တည့်လာ
ပြီးစိုက်ကြည့်နေတယ် ဘာလို့လဲ ဘာလို့သူ့ကိုအဲ့လိုလာကြည့်
နေတာလဲ
Irin : ရှင်ကဘယ်သူလဲ
Sunny : Sunny Saint ရဲ့ငယ်သူငယ်ချင်း မင်းဆီလာတာငါ
               ပြောသင့်တာလာပြောတာ
Irin : ရှင်က အကျောကြီးပါလား သူများအိမ်ထဲလာပြီးမျက်
          နှာကမာလိုက်တာ
Sunny : Saint ကိုလက်လွှတ်လိုက်
Irin : ဘာ
   တစ်ခါမှမတွေ့ဖူးတဲ့မိန်းကလေးက Saint ကိုလက်လွှတ်ဖို့
လာပြောနေတော့ Irin ကထရီလိုက်တယ်
Irin : ရှင်ကဘာလဲ Saint ကိုကြိတ်ကြွေနေတာလား
Sunny : ငါ့အတွက်မဟုတ်ဘူး Perth အတွက် နင်သိရဲ့လား
               Saint က Perth ကိုအရမ်းချစ်တယ်ဆိုတာ
Irin : Perth ကသူ့ညီလေးမို့လို့ အရမ်းချစ်တာဘာဆန်းလို့
          လဲ
Sunny : သိပ်ဆန်းတာပေါ့ သူတို့ကညီအကိုအရင်းမဟုတ်
              ဘူး ပြီးတော့ အဲ့ထက်ပိုဆန်းတာက
  Sunny က Irin အနားကိုကပ်ပြီးတိုးတိုးလေးကပ်ပြောလိုက်
တယ်
Sunny : Saint က Perth ကိုစလိုက်ခဲ့ပြီးတော့ သူတို့ကချစ်
               သူတွေပဲ
Irin : ဘာ နင်ရူးနေလား
Sunny : ဟုတ်မဟုတ် သိချင်ရင် အားလုံးစုံပြီးစမ်းသပ်မလား
               Perth နဲ့ Saint ရှေ့မှာလေ
    ဒါစိန်ခေါ်မှုပဲ Irin ဒါကနင့်ကိုအလဲထိုးနိုင်တဲ့အကောင်းဆုံး
အချက်ပဲ နင်အခုလောက်ဆိုသဘောပေါက်သင့်ပြီ Saint က
ငါတို့ရဲ့ Perth တစ်ယောက်ထဲပိုင်ဆိုင်ခွင့်ရှိတယ်
                                     Part 14 ( the end )

Hello, My Brother(completed)Where stories live. Discover now