Zawgyi
Hello My Brother 🖤 Season3 ( 8 )
ဒေါက် ဒေါက် .......
Perth : ဝင်လာခဲ့ပါ
အလုပ်တွေရှုပ်နေတာ ဘယ်သူဝင်လာလို့ဝင်လာမှန်းမသိလိုက်ဘူး
Yuri : Perth အဲ့လောက်တောင်အလုပ်ရှုပ်နေလား
Perth : Yuri
Yuri ကိုမြင်တာနဲ့ ပြေးဖက်လိုက်မိတယ်
Perth : ပြန်လာတာ ငါ့ကိုလည်းမပြောဘူး
Yuri : ဒီိလိုပါပဲ ငါနင့်ကိုအကူအညီတောင်းစရာရှိလို့
Perth : ထူးထူးဆန်းဆန်းစကားပလ္လင်ခံလို့ပါလား ဘာများလဲ
ထိုင်လေ အေးဆေးပြောကြမယ်
Yuri : ငါ့လုပ်ငန်းရှယ်ယာဈေးတွေကျသွားတာ အခုလုပ်ငန်း
ကအခြေအနေမကောင်းဘူး ငါတို့ငွေနည်းနည်းလိုနေ
လို့ နင်တို့ကူညီပေးနိုင်မလား
Perth : ဘယ်လောက်တောင်လဲ
Yuri : 5 သန်းလောက်လိုနေတာ
Perth : 5 သန်းလား
5 သန်းဆိုတဲ့ပမာဏက ကူညီနိုင်တဲ့အခြေအနေမှာဆိုပေ
မယ့် ထင်ထားတာထပ်တော့များတယ်လေ
Perth : Yuri အချိန်ရသေးတယ်မှတ်လား ငါကိုပိုင်သဘော
နဲ့မလုပ်ချင်ဘူး P Saint ကိုပြောလိုက်ဦးမယ်
Yuri : ရတယ် ငါ့မှာသုံးရက်လောက်အချိန်ရသေးတယ်
Perth : P Saint နင့်ကိုကူညီမှာပါ အိမ်လိုက်ဦးမလား
Yuri : မလိုက်တော့ဘူး ငါနောက်နေ့မှလာခဲ့မယ်
တီ တီ .......
Perth : ခဏနော် ဟယ်လို P Saint ရောက်နေပြီလား
ဟုတ်ကဲ့ ဆင်းလာပြီ
Yuri ငါလိုက်မပို့တော့ဘူးနော် ဒီနေ့ချိန်းထားတာရှိ
လို့သွားနှင့်မယ်
Perth ကသူ့အိတ်တွေယူပြီး ကမန်းကတန်းပြေးထွက်သွား
လိုက်တယ်
Perth : P Saint စောင့်ရတာကြာသွားလား
Saint : မကြာဘူး ကားသော့ပေး အကိုမောင်းမယ်
P Saint ဘယ်ကိုမောင်းနေတာလဲ သူမောင်းနေတာမြို့ပြင်
ရောက်တော့မယ် အခုကဈေးဝယ်ထွက်ဖို့သွားနေတာမဟုတ်
ဘူးလား
Perth : P ကျွန်တော်တို့ဘယ်ကိုသွားနေတာလဲ
Saint : သွားစရာရှိတယ် ငြိမ်ငြိမ်လေးလိုက်ခဲ့ပါ
အခ်ျိန်နည်းနည်းကြာမောင်းပြီးတော့မှ တောင်ကုန်းပေါ်
ကအိမ်လေးကိုရောက်လာတယ်
Perth : ဒီနေရာက ...... Sunny ရဲ့အိမ်မဟုတ်ဘူးလား
Saint : ဟိုတစ်ခေါက် Sunny ပြန်လာတုန်းက အကို့ကိုအိမ်
သော့ပေးခဲ့တယ် လာပါ
ဒီအိမ်လေးကိုပြန်လာရတာပျော်တယ် အချိန်တွေကနောက်ပြန်ရောက်သွားသလိုပဲ အဲ့အချိန်တုန်းကဒီအိမ်လေးကိုလာတဲ့အချိန်မှာ P Saint ကိုအဖြေပေးပြီးပြန်ချစ်ခဲ့တယ်
P Saint ကျွန်တော့်ကိုစိတ်ပူပန်ခဲ့တယ် ဘာပဲဖြစ်ဖြစ် ဒီနေရာ
လေးက ကျွန်တော်တို့အမှတ်တရတွေကိုသိမ်းပိုက်ထားတဲ့
ပထမဆုံးနေရာလေးပဲ
Saint : ဘာတွေကြည့်နေတာလဲ
Perth : ညနေစောင်းတော့မယ်ဆိုတော့ ဒီပေါ်ကနေကြည့်ရ
တာအရမ်းလှတာပဲ
Saint : ကိုနဲ့အတူရှိနေတော့ ပိုလှတယ်မလား
နှစိယောက်လုံးရဲ့မျက်နှာမှာ အပြုံးတွေဝေဆာလာရော
Perth : အိမ်ထဲဝင်ရအောင်လေ ဒါနဲ့ ဘာလို့ဒီကိုရုတ်တရက်
ကြီးလာရတာလဲ အိမ်မှာမုန့်လုပ်စားမယ်ဆိုပြီးတော့
Saint : ပျင်းဖို့ကောင်းတယ်လေ အခုတော့ ဒီအိမ်လေးက
Hotel ကိုတို့တွေကလက်ထပ်ပြီးခါစ ချစ်သူအတွဲ
Honeymoon ထွက်လာတယ်ဆိုပါတော့
ဟားဟား....... P Saint ကရုပ်တည်ကြီးနဲ့နောက်နေသလိုပဲ
ရီချင်စိတ်ကမထိန်းချုပ်နိုင်တော့ဘူး
Saint : ရီတယ်ပေါ့ မရပ်သေးဘူးလား
Saint က Perth ကိုဖမ်းချုပ်ပြီးခါးကိုလိုက်ပြီးကလိထိုး
လိုက်တယ်
Perth : ယားတယ် မလုပ်နဲ့နော်
Saint : မရပါဘူးနော်
Saint ကအတင်းလိုက်နေတော့ Perth လည်းအိမ်တစ်
ပတ်ကိုပတ်ပြေးတော့တာပဲ
Perth : P Saint မလုပ်ပါနဲ့ တကယ်ယားတယ်
Saint : အင်းပါ မလုပ်တော့ဘူး ဒီကိုလာ
Saint ကသူ့လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီးရင်ခွင်တံခါးကို
ဖွင့်ပေးထားလိုက်တာနဲ့ Perth ကပြေးပြီးကိုဖက်ထားလိုက်
တယ်
Saint : ohhhhh ချစ်ဖို့ကောင်းလိုက်တဲ့ကလေး အကိုတို့စား
သောက်ဖို့ သွားဝယ်ကြမလား
Perth : အင်း သွားကြမယ်လေ ဒါပေမယ့် ငါးမိနစ်လောက်
ဖက်ထားပေးဦး နေချင်သေးတယ်
Saint : ငါးမိနစ်ပဲလား တော်ပြီလား ငါးရက်လောက်ဖက်ထား
ပေးရမလား
Perth : မလုပ်ပါနဲ့နော် ဗိုက်ဆာနေပြီ အကိုချက်ကျွေးမယ်မ
လား
အိမ်ဆိုတဲ့နေရာက ပျော်ရွှင်စရာအကောင်းဆုံးနေရာတဲ့
ကျွန်တော့်အတွက်တော့မဟုတ်ဘူး ဘာလို့လဲဆိုတော့ အိမ်မှာဆို Perth ဆီကဒီလိုပွင့်လင်းလွန်းတဲ့အပြုံးမျိုးမတွေ့ရ
ဘူး သူမပျော်တဲ့နေရာမှာကျွန်တော်မပျော်ဘူး
သူကသိမ်ငယ်တတ်တယ် အားငယ်တတ်တယ် တစ်ခုခုကို
တွေးပူနေတတ်တယ် ဒါပေမယ့် အပူအပင်မရှိတဲ့ဒီလိုနေရာ
လေးတွေမှာဆိုရင်သူစိတ်လွတ်လပ်တယ် ဒါကြောင့် ဒီနေရာ
ကိုတမင်ခေါ်လာခဲ့တာ
Perth : ဒါဝယ်မလား
Saint : အကုန်သာထည့်
Perth : မဟုတ်သေးဘူးလေ လိုသာပဲယူလေ ဘာလို့ကျွန်
တော်လိုချင်တာကိုလျှောက်ထည့်နေတာလဲ
ဒုတ် ဒုတ် ...... Saint ကသူ့ရှေ့တဲ့တွန်းတဲ့ခြင်းကိုပုတ်ပြီးပြုံး
ပြလိုက်တယ်
Perth : ဘာလဲ
ဘယ်ဟုတ်မလဲ Perth ကိုခြင်းထဲဝင်ထိုင်ခိုင်းပြီး သူကတွန်းလာတာ
Perth : တော်သေးတယ် ဒီမှာလူရှင်းနေလို့ ရှက်လိုက်တာ
ကျွန်တော်ဆင်းတော့မယ်
Saint : မဆင်းနဲ့ ထိုင်နေ
Perth : P Saint
Saint : အကိုကိုးရီးယားကားတွေထဲကလိုလုပ်ကြည့်တာ
ပျော်ဖို့ကောင်းသားပဲ ထိုင်နေစမ်းပါ တစ်ချို့ကောင်မ
လေးတွေဆိုဒီလိုအတွန်းခံချင်ရင်တောင် အကိုတို့ကို
ကြည့်ပြီးအားကျနေရမှာ သူတို့မှာအကို့လိုချစ်တတ်
တဲ့သူမှမရှိတာ
Perth : P Saint ကလေ တကယ်ကိုရွှတ်နောက်နောက်ပြော
တတ်လွန်းတယ် ပျော်သလိုသာလုပ်ပါတော့ အဲ့ဒါယူ
သောက်ချင်တယ်
Saint : ဒါလား ဘယ်ဟာလဲ ဒါလား ဒါလား
ခြံလေးရှေ့မှာထိုင်ပြီး ကောင်းကင်ပေါ်ကကြယ်တွေကိုငေးကြည့်နေရတာလှတယ် ဒါပေမယ့် ဘေးက P Saint ကို
ကြည့်နေရတာ ပိုလှပါတယ်
Saint ကအိမ်ထဲကနေ ဂစ်တာယူပြီးထွက်လာခဲ့တယ်
Perth : ဂစ်တာလား
Saint : မင်းမတီးရတာကြာပြီမလား တီးပြ
Perth : မတီးတာကြာပြီ အရင်လိုတီးနိုင်ပါ့မလားပဲ မတီး
တော့ပါဘူး
Saint : ဘာလဲ မင်းအဲ့တုန်းက Sunny တီးခိုင်းတုန်းကကျ
တော့ တီးပြီးသီချင်းတောင်အတူဆိုလိုက်သေးတယ်
အကိုအဲ့တုန်းက သဝန်တိုလိုက်တာဆိုတာ
Perth : ဟင် ဒါဆို အဲ့တုန်းကအကိုထထွက်သွားတာ သဝန်
တိုလို့လား
Saint : ဟမ် မင်းမသိဘူးလား
Perth ကကြောင်တောင်တောင်လေးနဲ့ခေါင်းခါပြလိုက်တယ်
Saint : Perth မင်းဘာလို့မသိတာလဲ
Perth : အကိုမှမပြောတာ ဘယ်လိုသိမှာလဲ အခုမှသိတာ
Saint : မဟုတ်သေးဘူးလေ မင်းအနည်းငယ်တောင်မရိပ်မိ
ဘူးပေါ့
Perth ကနောက်တစ်ကြိမ် ကြောင်တောင်တောင်ပဲ ခေါင်းခါပြလိုက်တယ်
Saint : သေလိုက်ပါတော့လား
သူ့ဘာသာပြောပြီး သူ့ဘာသာတစ်ယောက်ထဲရီနေမိရော
Saint : ထားလိုက်ပါတော့ အခုမှသတိထားမိတယ် အကို
ကြိုက်ခဲ့မိတာ ကြောင်တောင်တောင်ကောင်လေးပဲ
ဒီလောက်တော့ရှိမှာပေါ့လေ
Perth : P Saint နော် တော်ပြီ မဆိုပြတော့ဘူး
Saint : မရဘူး မရဘူး တီးပြပါ နော် အကိုမပြောတော့ဘူး
နော် လိမ္မာပါတယ် ငယ်လေးက
Perth : ပြီးရော
Perth ကဂစ်တာကြိုးလေးကိုစပြီးလှုပ်ခတ်လိုက်တယ်
Perth တီးပြနေလို့လားမသိဘူး နားထောင်ရတာနားဝင်ချို
လိုက်တာ အဲ့ကြားထဲမှာမှ သူ့ရဲ့သာယာတဲ့သီချင်းသံလေးက
ပါထပ်ပြီးပေါင်းစပ်လိုက်တော့ ကျွန်တော်ဒီနေရာကနေတောင်မခွာချင်တော့ဘူး ဆွဲဆောင်လွန်းတယ်
အမြဲတမ်း အမြဲတမ်း ဒီကောင်လေးဖန်တီးလိုက်သမျှက
ကျွန်တော့်ရင်ကိုလှုပ်ခတ်ယိမ်းယိုင်စေတယ် သူကအဲ့လောက်ထိကျွနိတော့်ကိုဖမ်းစားနိုင်ခဲ့သူပါ
Part 8 ( the end )
