She. Her 👸👰intro

21.1K 579 7
                                    

ယနေ့ည၈နာရီခန့်တွင်နာမည်ကြီးကုမ္ပဏီတစ်ခုဒေဝါလီခံလိုက်ရပြီး ကုမ္ပဏီ အရူံးလုံးလုံးပေါ်ခဲ့သည်။

"TVကိုပိတ်လိုက်စမ်းပါ....ကျေးကျေး. ."

"ဘာလို့လဲ မမ "

သတင်းတွင်မြင်လိုက်ရ​သော ကုမ္ပဏီ မှာမိမိဖခင်၏ ကုမ္ပဏီ ဆိုသည်မှာ ကျေးကျေး တစ်ယောက်မသိပါ..အသက်၃နှစ်အရွယ် ကျေးကျေး ယနေ့ညပင်မိမိ၏မိခင်နှင့်ခွဲရမည်ကိုလည်းမသိခဲ့ပေ။

"မင်းဆုံးဖြတ်တာသေချာပြီလား"

"သေချာတယ်:. .သမီးအကြီးဆုံးကိုငါခေါ်သွားမယ်"

"ဟုတ်ပြီမင်းသဘောပဲလေ..ဒီမှာကွာရှင်းစာချုပ်ငါလတ်မှတ်ထိုးပြီးပြီ"

​​မိဘနှစ်ပါးနှစ်ဦးသဘောတူကွာရှင်းကြပြီ အကြီးဆုံးသမီးအား ကျေးကျေး မိခင်ခေါ်သွားပြီ ထွက်သွားကြသည်။

ကံတရားသည် ကျေးကျေး နှင့်အတူကျန်ခဲ့သောဒုတိယအမ အလိမ္မာ တို့အတွက် တစ်ခါမျက်နှာသာပေးခဲ့၏..အလိမ္မာ ထိုးသောထီပေါက်ပြီး...ဖခင်အား ကုမ္ပဏီ ပြန်ထောင်စေခဲ့၏..ဖခင်၏ ကြိုးစားမှုကြောင့် ယခင်လိုပြန်လည်အောင်မြင်လာခဲ့၏...

"မမ သမီးဒီနေ့ကျောင်းမှ မေမေတွေနဲ့လုပ်ရှားမှုလုပ်ရမှာမို့ ဆရာမက မေမေခေါ်ခဲ့တဲ့"

အလိမ္မာ .. ကျေးကျေး ၏ခေါင်းလေးအားပုတ်လိုက်ပြီ..

"မနက်ဖြန် မမကျောင်းကိုလာခဲ့မယ်လေ..ဟုတ်ပြီလား"

"ဒါပေမဲ့ဆရာမကမေမေခေါ်ခိုင်းတာလေ"

ကျေးကျေး မှာမူလတန်းအရွယ်ကျောင်းသူ ဖြစ်ပြီး အလိမ္မာအလယ်တန်းကျောင်းသူဖြစ်၏..ထိုနေ့ ကျောင်းမှခိုးထွက်လာပြီး..ညီမဖြစ်သူရှိရာကျောင်းသို့ အလိမ္မာ လာခဲ့၏

"ကယ်..ခလေးတို့ရေ..မေမေတွေနဲ့ရောက်နေကြပြီဆိုတော့ ဆရာမတို့ activity စလိုက်ကြရအောင်"

ဆရာမ၏အကျီစအား ကျေးကျေး လှမ်းဆွဲလိုက်ပြီး

"ဆရာမ သမီးမှာကမေမေမရှိတော့ဘူး"

ဆရာမ ​ ​ကျေးကျေးအားချီလိုက်ပြီ

"မေမေမရှိလည်းဆရာမနဲ့တူတူလုပ်မယ်လေဟုတ်ပြီလား"

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGWhere stories live. Discover now