She. Her👸👰ep5

4.3K 315 0
                                    

ခတ်တာ ဆုံးသွားသည့်အချိန်မှစ အမရာ ဟာစကားနည်းသွားပြီမျက်နှာတည်တည်နဲ့သာနေတော့သည်။အလိမ္မာ အား စကားပြောဆိုခြင်းလုံးဝမရှိတော့ချေ။

"မမ...မနက်ဖြန် ကျေးကျေးမွေးနေ့အဲ့တာသူငယ်ချင်းတွေကိုအိမ်ဖိတ်ချင်လို့ မမ ဖေဖေ့ကိုပြောပေးပါလား"

ကုတင်ကြီးပေါ်တွင် လှဲနေသော အမရာ အား ပူဆာ၏

"ကျေးကျေးမွေးနေ့ဆို..သူ့မွေးနေ့ကိုသူ့အိမ်ဖိတ်ရမှာမဟုတ်ဘူးလား minzy "

"ဟို..သူ့အိမ်က minzy တို့လောက်အဆင်မပြေဘူးတဲ့ minzy အိမ်ပဲခေါ်ချင်တယ်..ဖေဖေကိုပြောပေးပါနော်..နော်.."

"အင်းအင်း..ဒီညဖေဖေပြန်လာရင်ပြောပေးမယ်"

အမရာ ၏စကားအားငြင်းဆန်သည်ဆိုမှာ ဦးကောင်းစံ မရှိပါ။ဘာပြောပြောအကုန်လိုက်လျောပေးသည်။
ထိုနေ့ည minzy ကိစ္စပြောပြီး

"သမီး..ဖေဖေပြောစရာရှိတယ်"

"ဟုတ်. ဖေဖေပြောပါ"

"ဖေဖေအလုပ်တွေကိုသမီးကိုပဲလက်လွဲယူစေချင်တယ်..မူယာ အပိုင်စီးမှာကိုဖေဖေမလိုလားဘူး"

"သမီးလည်းဖေဖေကိုအဲ့အကြောင်းပြောမလို့ပါပဲ ဒါပေမဲ..ဖေဖေစိတ်ဆိုးသွားမှာစိုးလို့"

"မစိုးပါဘူး...ဖေဖေသမီးကြီးကအားကိုးရမှန်းသိပြီးသား..တကယ်လိုဖေဖေမရှိတော့ရင်လည်း minzy လေးကိုစောင့်ရှောက်နော်"

"စိတ်ချပါ ဖေဖေ"

ကျယ်ဝန်းလှသော ခြံဝန်းကြီးထဲLEDမီးလုံးရောင်စုံနှင့်တောက်ပနေ၏..minzy နှင့် ဆည်းဆာ ကျောင်းမှသူငယ်ချင်းများအားအကုန်လုံးဖိတ်ထားသည်။အမရာ... ကျေးကျေးတို့အားမိမိအိမ်မှကားသမားကိုခေါ်ကာ သွားခေါ်စေခဲ့သည်။
ကျေးကျေး တို့၏အိမ်မှာ အမရာ တို့အိမ်ရှေ့ခြံဝန်းလောက်သာရှိသည်။အမရာ ခြံတံခါးတွင်ချိတ်ဆွဲထားသော ခေါင်းလောင်းလေးအားလှုပ်ရမ်းကာလူခေါ်လိုက်၏...အိမ်ထဲမှကျေးကျေးထွက်လာကာ

"မမ ကျေးကျေးကိုလာခေါ်တာလား"

"အင်း..လာသွားမယ်"

"မမ ကျေးကျေးကိုကူညီပါလားဟင်"

ကျေးကျေးမျက်ဝန်းမှမျက်ရည်များအား အမရာ သတိထားမိသွားသည်

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGOù les histoires vivent. Découvrez maintenant