"ငယ်လေးဘာတွေချက်နေတာလည်း"
အမရာမီးဖိုချောင်ထဲတွင်အလုပ်ရူပ်နေသော အလိမ္မာ၏နောက်မှပွေ့ဖက်ထားကာ မေး၏
"ဒီနေ့ နေ့လည်စာမေမေတို့ကိုအိမ်မှာလာစားဖို့ခေါ်ထားတယ်လေ မမလည်းခဏနိုင်ငံခြားပြန်တော့မှာဆိုတော့သူ့ကိုနူတ်ဆက်တဲ့အနေနဲ့ပေါ့"
"ဒါများဆိုင်မှာပဲကျွေးလည်းရတာကိုခုငယ်လေးပင်ပန်းတော့မှာပေါ့"
"မပင်ပန်းပါဘူး စီနီယာရယ် "
"ကြည့် ဒီစီနီယာ စီနီယာခေါ်ပြန်ပြီ"
အမရာဖက်ထားသောလက်အားချက်ချင်းလွှတ်ချ မျက်မှောင်ကြီးကျုံကာစိတ်ကောင်နေသယောင်
"နူတ်ကျိူးနေလို့ပါ ကိုကိုရယ် ကိုကို ကိုကို ကိုကိုဟုတ်ပြီလား"
"ဟင့်"
"ပြန်ဖက်ထားပါအုံး အလိမ္မာလေးအားတွေလိုလို့"
"ငယ်လေးပြန်ဖက်ခိုင်းလို့ဖက်တာနော်"
"အင်းပါ"
အလိမ္မာအလွန်အလုပ်ရူပ်နေခဲ့၏ ဘေးတွင်အမရာတစ်ယောက်မိမိတက်နိုင်သည့်ဘက်မှကူလုပ်ပေးရှာ၏
"ညောင်းသွားပြီလားငယ်လေး"
"ရပါတယ် ကိုကိုရဲ့"
အလိမ္မာ၏ဘယ်ဘက်လက်သန်းကြွယ်တွင်လက်စွပ်မရှိသည်ကို အမရာမြင်လိုက်၏
"ငယ်လေးမင်္ဂလာလက်စွပ်ရော"
အလိမ္မာပြာပြာသလဲ့လက်အားကြည့်ကာ
"ဟင် လက်စွပ်ဝတ်ထားပါတယ်ခုဘယ်လိုလုပ်ပြီး"
အမရာခေါင်းကျိန်းလေပြီ။တစ်မနက်လုံးမီးဖိုချောင်ထဲတွင် အလုပ်ရူပ်နေသော အလိမ္မာ သူမလက်တွင်ဝတ်ထားသောလက်စွပ်အားသတိမထားမိလေသလား
"ဘယ်နားကျသွားလည်းမသိဘူး လက်စွပ်လေး"
အလိမ္မာဟိုရှာဒီရှာဖြင့်
"ငယ်လေးကတော့နော်လုပ်လိုက်ရင်နမော်နမဲ့နဲ့"
"ဟင်းချက်နေတော့သတိမထားမိလိုက်လို့ပါကိုကိုရယ်"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်