မီးဖိုခန်းတွင်းရှိသောအရာလေးများဖြင့် အလိမ္မာ မမောမပန်းဟင်းများချက်ပြီး ပန်းကန်ထဲသို့ထည့် စားပွဲပေါ်တွင်သေသေချာချာခင်းကျင်းပေးပြီး...
"ဟိုစီနီယာ...အလိမ္မာထမင်းပွဲပြင်ပြီးသွားပါပြီ"
လုပ်လက်စအလုပ်များအားခဏရပ်လိုက်ပြီး အမရာထမင်းစားခန်းထဲသို့ဝင်သွားလိုက်သည်..
"မခွန်းလာလေတစ်ခါထဲစားလိုက်ဗိုက်ဆာနေရောပေါ့"
"ရပါတယ် အမရာစားပြီးမှပဲစားလိုက်တော့မယ်"
"မဟုတ်တာလာပါ.."
ခွန်းချိူခစားပွဲတွင်နေရာတစ်ခုဝင်ယူလိုက်သည်...
"စားထားနှင့်နော် အမရာဟိုတစ်ယောက်ကိုနေရာပြပေးလိုက်အုံးမယ်"
"အိမ်မှာအခန်းကနှစ်ခန်းပဲရှိတာဆိုတော့သူ့ကိုဘယ်မှာအိပ်ခိုင်းမလို့လည်းဟိုမခွန်းအခန်းထဲနှစ်ယောက်နေခိုင်းလည်းရတယ်နော်"
"ရပါတယ်မခွန်းအမရာစီစဥ်ပြီးသားပါ"
အမရာအိမ်ရှေ့ခန်းသို့ပြန်ထွက်လာ၍
"ထ..နင်အိပ်ရမဲ့နေရာလိုက်ပြမယ်"
"ဟုတ်စီနီယာ"
အမရာမိမိအိပ်ခန်းတွင်းသို့ အလိမ္မာအားခေါ်သွား၏...အခန်းတံခါးဖွင့်ဖွင့်ချင်းညာဘက်ထောင့်တစ်နေရာတွင်ထားသောစားပွဲအားအမရာမိမိကုတင်နားရွှေ့ထားပြီးထိုနေရာတွင်စောင်တစ်ထည်ခေါင်းအုံးတစ်လုံးနှင့်ချထားပေး၏
"အဲ့ဒါအိပ်...ခုနင်နားချင်ရင်နား ငါ့ကုတင်ပေါ်ယောင်လို့တောင်မတတ်နဲ့နော်"
"ဟုတ်.စီနီယာ"
အမရာအခန်းထဲမှပြန်ထွက်သွားကာ ထမင်းစားခန်းတွင်းသို့ပြန်သွား၏..သူမခံတွင်းတွေ့သော အလိမ္မာ၏ဟင်းများနှင့်ထမင်းအားရပါးရစားသောက်နေတော့သည်။
မိမိတစ်ခါမျှမမြင်ဖူးသော ဓာတ်ပုံလေးတစ်ချပ်အမရာ၏ဘေးရှိစာပွဲပေါ်တွင်တင်ထား၏..အလိမ္မာထိုပုံ၏အနားကပ်ကာယူကြည့်လိုက်သည်...အမရာ၏ငယ်စဥ်ကလေးဘဝသူမ၏မိခင်နှင့်ရိုက်ထားသောပုံကလေးဖြစ်သည်။
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်