"ဟဲ့..ကျေးကျေးမြန်မြန်လုပ်ပါဟနင်လုပ်တာနဲ့နောက်ကျတော့မယ်""အေးပါ..ပြီးပါပြီ"
ကျောင်းစာမေးပွဲဖြေရက်နီးကပ်လေလေ ဆည်းဆာတို့သုံးဦးအလုပ်ရှုပ်လေလေဖြစ်သည်...
"မ နေ့လည်စာကိုသေချာစားနော်"
"အမယ်လေးနော်..ခေါ်တာတောင် မ တဲ့ငါ့နားကြားမြင်ကပ်လိုက်တာ ကျေးရယ်"
"ငါလည်းတူတူပါပဲအေ...မျောက်အုန်းရနေတာလေခုမှ"
"နင်တို့မှမရှိတိုင်းမနာလိုဖြစ်မနေနဲ့"
"ငါတို့ကအေးဆေးနေချင်လို့ကိုအပူမရှာတာ"
"ကယ်..စကားများမနေကြနဲ့တော့လာသွားကြမယ်"
မှုံနသာကိုယ်တိုင်ကားမောင်း၍နေ့စဥ်ကလေးသုံးယောက်အားကျောင်းလိုက်ပို့သည်..
~~~~~~~~~~~
"အမရာ..ဟိုမြေယာကိစ္စကဒီနေ့တော့တစ်ဖက်က boss ရောက်မယ်လို့ပြောတယ်"
"အင်း...မခွန်းခြေထောက်ရောသက်သာရဲ့လား"
"သက်သာသွားပါပြီ"
အလိမ္မာတစ်ယောက်ချွေးတလုံးလုံးဖြင့်မီးဖိုချောင်ထဲတွင် နေ့လည်စာချက်ပြုတ်နေ၏..
"ဒါနဲ့...အလိမ္မာကအမရာရဲ့အမျိူးမဟုတ်ဘူးလား"
"ဘယ်ကသာ...အကျွေးတွေနစ်ပြီးကယ်ရာမဲ့နေလို့အမရာကအကြွေးတွေပေးပြီးငွေနဲ့ဝယ်ထားတာ"
"ဪ..သူ့ကြည့်ရတာချစ်စရာလေးနော်အမြဲအေးဆေးတည်ငြိမ်နေတာ"
"အင်း"
ခွန်းချိုခ..အလိမ္မာအကြောင်းပြောနေသောလည်းအမရာသည်စိတ်ဝင်စားဟန်မပေါ်ပေ...
"ဟို..စီနီယာနေ့လည်စာတွေကျက်ပါပြီထမင်းစားတော့မယ်ဆို အလိမ္မာတစ်ခုထဲခူးပေးထားပါ့မယ်"
မိမိလက်တွင်ပတ်ထားသောနာရီအားတစ်ချက်ကြည့်လိုက်ပြီး...
"၁၁နာရီတောင်ခွဲနေပြီ... အေ..ခူးထားလိုက်တော့ မခွန်းရောစားတော့မလား"
"အင်း..စားမယ်လေ"
"နှစ်ယောက်ဆာခူးထာလိုက်"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်