She. Her👸👰epep31🔞

7.8K 326 11
                                    

အလိမ္မာ အမရာနှင့်ဖုန်းပြောပြီးသော မိခင်နှင့်အမဖြစ်သူတို့်အားချက်ချင်းနူတ်ဆက်ပြီးပြန်လာခဲ့သည်။သူမအားအမရာဘာစကားပြောမှန်း မည်သူမျှမသိသကဲ့သို့ပင်မည်သူမျှမမေးကြပေ။နောက်မှအေးဆေးထပ်တွေ့ပါမည်ဟု မိခင်နှင့်အမအား​ပြောခဲ့ပြီး သူမminzyတို့အားခေါ်ကာ အိမ်သို့ပြန်လာခဲ့သည်။

Hope company အမရာ၏ရုံးခန်းထဲတွင် ခွန်းချိုခဆေးသွင်းပြီးအိပ်ပျော်နေ၏

"အမရာရုံးဆင်းတော့မယ် မခွန်းနိုးလာရင်သူ့ကိုသေချာအိမ်ပြန်ပို့ပေးလိုက်ပါ"

"ဟုတ်မမလေးဟိုပြီးတော့နှစ်ပတ်လည်နေ့အတွက်suitကရပါပြီမမလေးတစ်ခါထဲယူသွားမလား"

"အင်းယူသွားမယ်လေ"

ဒီဇိုင်နာဖြင့်ကိုယ်တိုင်အတိအကျသေချာချုပ်ထားသော သေသပ်လှသည့် suite အားယူကာ အမရာအိမ်သို့ပြန်လာခဲ့သည်။

"minzyရေချိူးအုံးမယ်"

"ငါလည်းချိူးမယ်တော့မယ်"

"နှစ်ယောက်အားမြန်မြန်ချိူးနော်ဆော့မနေကြနဲ့"

"ဟုတ်ကဲ့ပါမမအလိမ္မာ"

ခြံတွင်းသို့ တက္ကစီတစ်စီးဝင်လာ၏ တက္ကစီပေါ်မှဒေါ်မူယာတစ်ယောက် ခပ်ဟော့ဟော့အဝတ်အစားများဖြင့်ဆင်းလာသည်။

"အလိမ္မာရေဟဲ့အလိမ္မာ"

ဒေါ်မူယာ၏အသံသည် အိမ်တစ်အိမ်လုံးဟိန်းနေသည်။အလိမ္မာတစ်ယောက် ဒေါ်မူယာထံသို့ ရောက်နေသောနေရာမှအပြေးသွား၏

"minzyရော"

"ရေချိူးနေပါတယ်အန်တီ"

"ငါဗိုက်ဆာတယ်ထမင်းကျက်ပြီမှတ်လားငါ့အတွက်ထမင်းခူးပေး"

ထိုစဥ် ကျယ်လောင်လောင်အသံတစ်ခုအား တံခါးဝမှကြားလိုက်ရသည်။

"စားချင်ရင်ကိုယ့်ဘာသာခူးစား အခြားလူကိုခိုင်းစရာမလိုဘူးဒေါ်မူယာ"

အမရာအိမ်ပြန်ရောက်လာခြင်းဖြစ်သည်။

"စီနီယာပြန်ရောက်လာပြီလား "

"အေ."

အိမ်ရှေ့ခန်းရှိဆိုဖာပေါ်တွင်ထိုင်ကာ

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGWhere stories live. Discover now