လောကမှာအရာရာဟာ ငွေပေးဝယ်လို့ရတယ်...ပိုက်ဆံရှိရင် ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်ဝယ်ချင်တာဝယ်လို့ရတယ်။ကိုယ်မလုပ်ချင်တဲ့အရာကိုလည်းပိုက်ဆံပေးခိုင်းလို့ရတယ်။လူတွေကငွေမျက်နှာပဲကြည့်ကြတာ..လောဘ ဒေါသ.မောဟ..သုံးခုလုံးကိုလည်းပိုက်ဆံကထိန်းချုပ်နိုင်တယ်။အခုတော့ အမရာ တစ်ယောက်အပြောင်းလဲကြီးပြောင်းလဲသွားခဲ့လေပြီ.....
ဦးကောင်းစံ...အမရာ အားမိမိလုပ်ငန်းမှန်သမျှအကုန်လွှဲပေးလိုက်သည်။အသက်ရလာသောကြောင့် ဦးကောင်းစံ အေးအေးချမ်းချမ်းသာနေချင်တော့ပုံရ၏။ဦးကောင်းစံ သည်အမရာ၏ မိခင်ဆုံးပြီးထဲကအရက်များဆိုးဆိုးရွားရွားသောက်ခဲ့သည်။ဦးကောင်းစံ၏အသည်းမှာပျက်စီးနေလေခဲ့ပြီ။ဦးကောင်းစံမိသားစုဝင်များအားအသိမပေးခဲ့ပါ...ယခု သူ၏အခြေအနေအားသူသိ၏ ဒေါ်မူယာအား မိမိနှင့်တောင်ကြီးရှိအပန်းဖြေအိမ်တွင်လိုက်နေနိုင်လားမေးခဲ့သည်။ဒေါ်မူယာမလိုက်သွားပါ....ဦးကောင်းစံ minzy အတွက်လည်းစိတ်မပူခဲ့ပါ...အမရာ အားယုံကြည်သောကြောင့်ပင်။
အမရာ ကျောင်းလည်းဆက်မတတ်တော့ပေ။သူမကျောင်းတတ်ချင်စိတ်လည်းမရှိတော့ပါ...ဖခင်၏လုပ်ငန်းအားလွှဲယူကာ စီးပွားရေးသာလုပ်တော့၏။ဦးကောင်းစံ၏အတွင်းရေးမှူး ဆိုန သည် အမရာ အား အစစအရာရာသင်ကြားပေး၏လမ်းညွှန်ပေး၏...
တစ်ဖက် အလိမ္မာ...
သူမ၏ဖခင်အားစိတ်ကျန်းမာရေးဆေးရုံသို့ပို့လိုက်ရ၏။အမရာသည် အလိမ္မာ အားမိမိအိမ်ရှိ အလုပ်သမားများနေသော အခန်းတွင်ခေါ်ထားခဲ့သည်။ကျေးကျေးလေးအား minzy နှင့်တန်းတူထား၏။ဒေါ်မူယာ တစ်ယောက်မကျေနပ်သောလည်းဘာမှပြောပိုင်ခွင့်မရှိခဲ့ပါ... အမရာ စီမံသမျှသာကြည့်နေရတော့၏..."အေပြော"
"ဟို....စီနီယာ...မနက်ဖြန် ကျောင်းမှာအချိန်ပိုခေါ်လို့အဲ့ဒါ"
"ရတယ်..မင်းဘာသာပြန်လာချင်တဲ့အချိန်မှပြန်လာ...ငါဗိုက်ဆာတဲ့အချိန်ထမင်းစားပွဲပေါ်မှာထမင်းဟင်းအဆင်သင့်မရှိရင်တော့ ငါ့အဆိုးမဆိုနဲ့ "
အလိမ္မာ အိမ်တွင် မီးဖိုချောင်လည်းတာဝန်ယူရ၏။ အိမ်သန့်ရှင်းလေးလည်းလုပ်ရ၏..ကျောင်းစာတစ်ဖက်နှင့် တစ်ခါတစ်လေ ပင်ပန်းပြီ ကျောင်းစာသင်ခန်းထဲတွင်အိပ်ပျော်သွားတတ်သည်။
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်