"ဟို..အမရာတောင်းပန်ပါတယ်...ဒီကမခွန်းချိုခက အမရာရဲ့ဆုံးသွားတဲ့ချစ်ရသူနဲ့သိပ်တူနေတော့ အမရာ စိတ်နည်းနည်းလွတ်သွားမိတယ်"
"ဪ...ရပါတယ်..ဒါဆိုခေါက်ဆွဲစားနှင့်လိုက်လေ မခွန်း အပြင်ပြန်သွားလိုက်မယ်နော်"
"ဟုတ် ကောင်းပါပြီ မခွန်း"
ဦးမြတ်လွင်နှင့်သူ၏သမီးဆည်းဆာတို့နှစ်ဦးစကားအကြီးအကျယ်များကြရလေပြီ
"အမရာအိမ်မှာနေခိုင်းတယ်ဆိုတာ သမီးသူငယ်ချင်းတွေနဲ့ပျော်ပါစေဆိုပြီးထားထားတာ အမရာလိုစိတ်မျိူးဖြစ်လာဖို့ထားထားတာမဟုတ်ဘူး"
"ခုကိစ္စကမမအမရာနဲ့ဘာမှမဆိုင်ဘူးဒယ်ဒီသမီးစိတ်..သမီးသဘော မိန်းခလေးချင်းသဘောကျတာဘာဖြစ်လည်း ပြုသူရောအပြုခံရသူရောကျေနပ်နေတာကိုဘာလို့ပတ်ဝန်းကျင်ကသောက်သဘာဝတရားဆိုတာနဲ့ပဲတိုက်ခိုက်နေကြတာလည်း"
"ဆည်းဆာ"
ဦးမြတ်လွင်လေသံမာမာဖြင့် မိတဆိုးသမီးလေးဆည်းဆာအား အော်ဟစ်လိုက်ချိန် ဆည်းဆာ၏မျက်ဝန်းအိမ်ကလေးမှ မျက်ရည်ကြည်လေးများမို့မို့တက်လာရှာလေပြီ........
"သမီးရယ်ဖေဖေပြောတာကိုနားထောင်ပါနော်..."
ဦးမြတ်လွင် ဆည်းဆာအားမိမိလက်များဖြင့်ဆွဲယူထွေးပိုက်လိုက်သောလည်း ဆည်းဆာဖခင်အားပြန်လည်တွန်းထုတ်လိုက်ကာ
"သဘာဝတရားဆိုတာဖိုမခွဲတာလား ဒါမှမဟုတ်ကလေးတစ်ယောက်မွေးဖွားပေးနိုင်တဲ့အဖိုအမဆက်ဆံရေးကိုပြောတာလား လူတွေဒယ်ဒီရဲ့နှလုံးသားကိုသဘာဝတွေနဲ့လာနှိုင်းယှဥ်နေကြတာ ဟော့ဒီရင်ဘတ်ထဲမှာစက္ကန့်တိုင်းခုန်နေတဲ့နှလုံးသားက သဘာဝတရားတွေနားမလည်ဘူး မဖိုအမတွေနားမလည်ဘူး ဆင်းရဲချမ်းသာနားမလည်ဘူး ရုပ်ချောတာရုပ်ဆိုးတာသူနားမလည်ဘူး သူ့ရင်ခုန်သံကိုပဲသူသိတာ... လူသားအချင်းချင်းမေတ္တာတရားထားရမယ်လို့သမီးတို့ဘုရားကဟောကြားခဲ့တာလေ..ခုလူတွေကဘာလို့လူသားအချင်းချင်းကိုလိုက်တိုက်ခိုက်နေကြရတာလည်း... မိန်းခလေးချင်းသဘောကျတယ် ယောကျာ်းလေးချင်းသဘောကျတယ်...သူတို့နှလုံးသားကိုသူတို့အရှိအတိုင်းလက်ခံနေပေးကြတယ်.. ဘေးကလူတွေဘယ်လောက်အရောင်ဆေးတွေအမျိူးမျိူးခြယ်လှယ်နေလည်း သမီးတို့လိုLGBTကသက်တံရောင်လေးတွေဒယ်ဒီလှပြီးသား.အခြားလူတွေဆိုးပေးနေတဲ့အမဲရောင်ဟာသမီးတို့ထဲမှာမရှိဘူး...သမီးတို့ကလူသားတွေအသွေးအသားနဲ့နှလုံးသားကတောင်းတတာကိုပဲလက်ခံတယ်..ဟုတ်တယ်..သမီး မမမှုံနသာကိုချစ်တယ် ဘယ်သူ့ကြောင့်မှလည်းမဟုတ်ဘူးဘယ်သူ့ပယောဂမှလည်းမပါဘူး..ဟော့ဒီကသမီးရဲ့နှလုံးသားကိုကတမ်းတမ်းတဖြစ်နေတာ..ဒယ်ဒီလက်မခံလည်းသမီးကတော့ မမမှုံနဲ့မရရအောင်လက်ထပ်မယ် ဒီမြန်မာပြည်ကလူတွေဘယ်လိုပဲကဲ့ရဲ့ကဲ့ရဲ့ သမီးရဲ့ချစ်ခြင်းတရားတွေနဲ့သူ့ကိုအလှဆုံးမေတ္တာအိမ်တစ်လုံးထားမယ်..ဒါသမီးဆုံးဖြတ်ချက်ပဲဒယ်ဒီ"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်