"ဒါဆိုခဏနေ မခွန်းတို့စိုက်ခင်းသွားကြည့်ကြမယ်လေ""နေအေးမှပဲသွားကြတာပေါ့..မဟုတ်ရင်အရမ်းပူလိုက်မယ်"
"အင်းအင်း"
နှစ်ဦးသားအလုပ်ကိစ္စများပြောဆိုကြပြီး ညနေစိုက်ခင်းဘက်သို့သွားရန်ဆုံးဖြတ်လိုက်ကြသည်...
အမရာအခန်းတံခါးဖွင့်ကာ အခန်းထဲသို့ဝင်လာ၏...အိပ်ပျော်နေသော အလိမ္မာမနိုးသေးချေ...
အမရာနေ့လည်နေ့ခင်းတစ်ရေးတစ်မောအိပ်ရန်ကုတင်ပေါ်တွင်လှဲလိုက်သည်. ကုတင်ဘေးရှိပြတင်းပေါက်မှလေတဖြူးဖြူးနှင့်တိုက်ခတ်လာ၏...သဘာဝလေအေးအေးလေးဖြင့် air con ပင်ဖွင့်မစရာမလိုအေးမြလှသည် ...တဖြည်းဖြည်းနှင့် အမရာလည်းအိပ်ပျော်သွားတော့သည်....နေ့လည်နှစ်နာရီခွဲ အလိမ္မာနိုးလာ၏...ကုတင်ပေါ်တွင်အိပ်နေသော အမရာ၏အနားသို့သူမထသွားလိုက်သည်...မဝံ့ရဲဝံံ့ရဲဖြင့် အလိမ္မာ အမရာ၏လက်ကလေးအားထိလိုက်သည်...
<*စီနီယာကခုလိုအိပ်နေရင်အရမ်းကြည့်ကောင်းတာပဲ...ဘာလို့အလိမ္မာကိုငြိုးမာန်ဖွဲ့အပြစ်တင်ရက်စက်ခြင်းတွေမပယ်ရသေးတာလည်းစီနီယာရယ်...ဒါပေမဲ့လည်းစီနီယာကို အလိမ္မာအပြစ်မတင်ပါဘူး..အလိမ္မာရဲ့ကံပဲလေ...သုံးနှစ်ကျော်အချိန်အတွင်းစီနီယာ အလိမ္မာကိုခွင့်မလွှတ်နိုင်သေးတာကို အလိမ္မာလက်ခံနိုင်ပါတယ်..အလိမ္မာဘယ်လောက်ဖြစ်ဖြစ်စောင့်နိုင်တယ်..အခုမခွန်းချိုခပေါ်မလာခင်အချိန်ထိပေါ့....စီနီယာ မခွန်းချိူခကိုသဘောကျနေပြီလားဟင်...ခတ်တာနဲ့တူတော့စီနီယာရင်တွေခုန်နေပြီလားဟင်...အလိမ္မာ့ကိုသနားလှည့်ပါအုံးစီနီယာ....အပြစ်ကြွေးတွေကိုစီနီယာခြေရင်းထက်အကြိမ်ကြိမ်ဆပ်ပါ့မယ်..ဒါပေမဲ့အခြားတစ်ယောက်နဲ့တော့မချစ်လိုက်ပါနဲ့စီနီယာရယ်....တားပိုင်ခွင့်လေးမရှိသောလည်းတားချင်မိတယ်..အလိမ္မာလေစီနီယာအနားမှာပဲနေချင်တယ် အခြားလူတစ်ယောက်ဝင်လာရင် အလိမ္မာ့အပေါ်စီနီယာဒီထက်သွေးအေးသွားမှာကိုကြောက်တယ်...*
အလိမ္မာတစ်ယောက်မျက်ရည်ချောင်းကလေးစီးရှာပြန်လေတော့သည်......သူမအမရာအနားမှထကာ ရေချိူးရန်ပြင်ဆင်ပြီးရေချိူးခန်းထဲဝင်သွား၏...ခြေထောက်မှဒဏ်ရာအရှင်းပျောက်သည်မဟုတ်သေးအနည်းငယ်နာနာကျင်ကျင်ရှိသေး၏..အလိမ္မာရေချိူးခေါင်းလျှော်ပြီးရေချိူးခန်းတွင်းမှထွက်လာ၏...
ဘာမှမလိမ်းချယ်ထားသော ရွှေဝါရောင်အသားအရေလေးဝင်းဝင်းပနေသည်..ကျော့ရှင်းလှသောဆံသားလေးများမဲနက်မှောင်ကာတင့်တယ်နေသည်...ထဘီရင်လျားဖြင့်မြန်မာဆန်သူအမျိူးသမီးလေး၏ယဥ်တစ်ကိုယ်အလှနှစ်ခါပြန်ငေးကြည့်ရလောက်သည်...
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်