နယ်မြို့လေးမှအလုပ်ကိစ္စများ အဆင်ပြေချောမွေ့စွာပြီးခဲ့သော အမရာတို့ရန်ကုန်မြို့သို့ပြန်လာခဲ့ကြသည်...
"မနက်ဖြန်စာမေးပွဲဆိုတော့ဒီနေ့စောစောအိပ်ပြီးမနက်စိတ်ကြည်အောင်နေ"
"ဟုတ်မမ"
"စာမေးပွဲပြီးရင်အကုန်လုံးကိုငပလီလိုက်ပို့ပေးမယ်"
"တကယ်နော်"
"အင်းအဲ့တော့minzyလည်းစာကိုသေချာအာရုံစိုက်ကျေးကျေးနဲ့ဆည်းဆာကိုလည်းပြောလိုက်"
"ဟုတ်"
အမဖြစ်သူနှင့်စကားပြောပြီး minzy အမရာ၏အခန်းတွင်းမှထွက်လာ၏..
"ခြေထောက်ကခုထိယောင်နေတုန်းသက်သာရဲ့လား"
"သက်သာပါတယ်ညီမလေးရယ်မမကိုဘာမှစိတ်မပူနဲ့ကိုယ့်စာကိုအာရုံစိုက်"
"ဟုတ်"
ဗုဒ္ဓဟူးနေ့မနက်....ဆည်းဆာတို့စာမေးပွဲဖြေဆိုရန်အရာရာအဆင်သင့်ပြင်ဆင်ကြပြီးသောအမရာကိုယ်တိုင်ကျောင်းလိုက်ပို့၏..သို့သော်ကလေးသုံးယောက်သည် အမရာနှင့်အလိမ္မာအားတူတူလိုက်စောင့်ပေးရန်ပူဆာကြသည်...မှုံနသာမှဦးဆောင်ကာအကုန်လုံးကလေးသုံးယောက်အားလိုက်စောင့်ပေးရန်ပြော၏....အမရာတစ်ယောက်ကလေးများ၏ဆန္ဒအားလိုက်လျောရတော့သည်....အိမ်စီးအန်စာတုံးအားဖြင့်တစ်ဖွဲ့လိုက်ကျောင်းသို့ထွက်ခွာလာကြသည်..
ကျောင်းကားပါကင်တစ်နေရာ...
"စိတ်ကိုအေးအေးထားနော်သုံးယောက်လုံးအေးဆေးဖြေနိုင်မှာပါ"
"ဟုတ်မမှုံ"
စာမေးပွဲခန်းတွင်းသို့ဆယ်မိနစ်အလိုတွင်သုံးယောက်လုံးဝင်သွားကြသည်...ကျောင်းဝန်းကြီးထဲကျောင်းသားမိဘများနှင့်ပြည့်နှက်နေ၏...အသံတစ်ဆုံတစ်ရာဆူညံခြင်းမရှိတိတ်ဆိတ်နေသည်....
"ဟာ..ညီမလေး..တွေ့ကြပြန်ပြီနော်"
အလိမ္မာ၏ရှေ့တည့်တည့်လူတစ်ယောက်မတ်တပ်ရပ်လျက်...
"ဪ...အကိုပါလား"
"တော်သေးတာပေါ့..မှတ်မိသေးလို့...ဟို..ခြေထောက်ရောသက်သာရဲ့လား"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်