မနက်ဖြန် company ၏နှစ်ပတ်လည်နေ့ဂုဏ်ပြုပွဲ အမရာတစ်ယောက်အရာရာတိကျစွာစိစစ်ပြီးစီစဥ်၏
အလိမ္မာတစ်ယောက်အိမ်ကထွက်သွားသည်မှာ တစ်ရက်ကျော်ကြာခဲ့ပြီ။ကျေးကျေးအား မိခင်ဆီဆင်းသွားကြောင်း မိမိသည်လည်းဆန္ဒရှိလျှင်လိုက်သွားနိုင်ကြောင်း မလိုက်သွားချင်လျှင်လည်း minzy နှင့်အတူနေနိုင်ကြောင်း သူမပြောထားသည်။"အင်းအကုန်ကတော့အဆင်ပြေပါတယ် ရှန်ပိန်နဲ့ဝိုင်တွေရော"
"အကုန်အဆင်သင့်ပါ"
"ပန်းတွေကိုလည်းပိုးမွှားမပါအောင်သေချာဂရုစိုက်ပေး"
"ဟုတ်"
အမရာမှာကြားစရာရှိသည်များကို သေချာမှာကြားပြီးသော သူမရုံးခန်းသို့ပြန်ဝင်သွားတော့သည်။
ဒေါက် ဒေါက်
"ဝင်လာခဲ့ပါ "
တံခါးခေါက်ပြီးဝင်လာသည်မှာ ခွန်းချိုခ
"ဟို မခွန်းပြောစရာလေးရှိလို့ပါ"
"ဟုတ်ပြောပါမခွန်း"
"မခွန်းပြောရမှာလည်းနည်းနည်းတော့ရှက်ပေမဲ့ ကူညီနိုင်တာအမရာတစ်ယောက်ထဲရှိလို့ပါ"
"ဟုတ်"
"ဟိုမခွန်းလေ အမရာအိမ်မှာသုံးရက်လောက်လိုက်နေလို့ရမလားဟင် မခွန်းရဲ့အိမ်မှာ အမျိူးတွေရောက်နေကြတော့ မခွန်းအလုပ်လုပ်ရတာအဆင်မပြေလို့ပါ ဟိုအမရာအဆင်မပြေလည်းရပါတယ် မခွန်း Hotel မှာပဲနေလိုက်ပါ့မယ်"
"အိမ်မှာလိုက်နေဖို့ကအဆင်ပြေပါတယ်"
"တကယ်ပြောတာလား"
"တကယ်ပြောတာပါ မခွန်းအဆင်ပြေသလောက်လာနေလို့ရတယ်"
"ကျေးဇူးပါနော် "
"မလိုပါဘူးမခွန်းရယ် ကိုယ့်ဝန်ထမ်းပဲကူညီရမှာပေါ့"
ထိုနေ့ညနေ ခွန်းချိုခအိမ်သို့လိုက်လာ၏။အိမ်တွင်လည်း အသက်၃၅အရွယ်အိမ်ဖော်အမျိူးသမီးတစ်ယောက်ရောက်နေသည်။minzy အလိမ္မာထွက်သွားသည့်ကိစ္စအားလုံးဝမကျေနပ်ချေ။အခန်းထဲတွင်လည်းသူမပစ္စည်းများရှိသေး၏။အမရာ၏ပယောဂကြောင့် အလိမ္မာထွက်သွားသည်ဟု minzyတစ်ထစ်ချယုံကြည်သည်။
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်